အခန်း (၆၁၈)
Vol. 39 Ch. 618
ဤထူးခြားသည့် ကာစတမ်မာသည် ဘုံဆိုင်အတွင်းသို့ လွန်ခဲ့သည့် သုံးရက်ခန့်က ရောက်လာခဲ့ပြီးဖြစ်ပြီး အသက်၇နှစ်၈နှစ်အရွယ်ခန့်သာရှိသေးသည့်ပုံပင်။
အစပိုင်းတွင် စကိုလာအပါ၀င်လူတိုင်းသည် ဤကောင်လေးသည် မိဘများကိုလိုက်ရှာရင်းဖြင့် ဤဆိုင်ထဲသို့ရောက်လာခဲ့သည်ဟုထင်ခဲ့သည်။ သို့သော် ထိုကဲ့သို့မဟုတ်ပေ။ ဤကောင်လေးသည် ဘုံဆိုင်၏အပြင်ဆင်များနှင့် အလွန်ပင်ရင်းနှီးနေပြီး ကြောက်လန့်နေခြင်းလဲမရှိပေ။ ရွှေဒင်္ဂါးများစွာကို စားပွဲခုံပေါ်သို့ ပစ်တင်လိုက်ပြီး ၀ိတ်တာများထံမှ အကောင်းဆုံးရမ်အား ချပေးရန်ပင် မှာယူလိုက်သေးသည်။ သူသည် ဤနေရာသို့ လာရောက်လေ့ရှိသည့် အရက်သမားတစ်ယောက်ကဲ့သို့ပင်။
လူများသည် ဤကောင်လေးအား မသောက်ရန်အတွက် တားမြစ်ခဲ့ကြသော်လည်း ထိုကောင်လေးသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည်တုန့်ပြန်တတ်သဖြင့် သူ့အား မည်သူမှ တားဆီးရဲခြင်းမရှိကြတော့ပေ။ သူသည် ရပ်ပုလင်း အလုံးလေးဆယ်သောက်ပြီးသည့်တိုင်အောင် မူး၀ေခြင်းမရှိသေးသည့်အတွက် သာမန်လူတစ်ယောက်မဟုတ်သည်ကို လူများရိပ်မိလိုက်ကြ၏။
လွန်ခဲ့သည့်သုံးရက်ခန့်လုံးတွင် ထိုကောင်လေးသည် သောက်စရာများမှ လွဲ၍ မည်သည့်အရာကိုမှ မှာယူခဲ့ခြင်းမရှိပေ။ သူ၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် စည်ပိုင်းများအားလုံးကုန်သည့်အချိန်တွင်မှ အနည်းငယ်မူးလာသည့်ပုံပေါက်လာ၏။ သူ၏မျက်နှာသည် နီရဲလာပြီး ပို၍ပင်ချစ်စရာကောင်းလာတော့သည်။ သူ့အား မြင်လိုက်ရသည့်မည်သူမဆိုပင် သူ့အား ပြေးဖက်လိုစိတ်များပေါ်လာမည်ဖြစ်သည်။
သို့သော် ထိုအရာကို မြင်ပြီးသည့်နောက်တွင် သူ့အား မည်သူမှ ကလေးတစ်ယောက်ဟုမမြင်တော့ပေ။ လွန်ခဲ့သည့်သုံးရက်ခန့်က လူတစ်ရာကျော်ခန်သည့်သူ့အား အရက်မူးအောင် ကြိုးစားခဲ့ကြသော်လည်း ထိုလူများသာ အရှုံးပေးလိုက်ကြရ၏။ မြို့ထဲတွင်နေထိုင်ခဲ့သည့်လူများစွာပင် ဤကောင်လေးကိုကြည့်ရန်အတွက် ဘုံဆိုင်အားလာရောက်လေ့ရှိကြသည်။
“ထပ်ချဦး အမြန်လုပ် ဟားဟား အတော်ကောင်းတယ်...” ထိုကောင်လေးသည် စားပွဲခုံအား ပုတ်ကာအော်ဟစ်လိုက်သည်။ သူ၏အရှေ့တွင် မူးလဲနေသည့် လူကြီးခြောက်ယောက်လဲရှိနေ၏။
“အမ် ဘောစိ ကျွန်တော်တို့ သူ့ကို ထပ်ပြီးတော့ ချပေးသင့်သေးလား။ သူက လူအရေခြုံထားတဲ့ မကောင်းဆိုး၀ါးတစ်ကောင်လားတောင်မသိဘူး...ဘယ်သူက ဒီလောက်သောက်နိုင်မှာမို့လို့လဲ...” စကိုလာသည် ဘုံဆိုင်ရှေ့တွင်ရပ်နေရင်းဖြင့် ဂျက်စီကာကို မေးလိုက်၏။
သူသည် စိုးရိမ်နေ၏။ ဘုံတိုင်တွင်အလုပ်လုပ်လာခဲ့သည်မှာ ဆယ်နှစ်ကျော်ပင်ကြာပြီဖြစ်သော်လည်း ဤကောင်လေးလောက်သောက်နိုင်သည့် လူမျိုးအားမမြင်ခဲ့ဖူးသည့်အတွက်ပင်။ သူသောက်သည်၏ ၁၀၀ပုံတစ်ပုံကိုပင်သောက်နိုင်သည့်လူမျိုးအား မမြင်ခဲ့ဖူးသေးပေ။
“အမ်ပေါ့ သူသောက်ချင်သလောက်သာ ထပ်ချပေးလိုက်...” ဂျက်စီကာသည် ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ..” သူ၏ဘောစိပြုံးသည်ကို မြင်သောကြောင့် ကောင်တောမန်နေဂျာသည် စိတ်အားထက်သန်လာ၏။ သူ၏လူများကို လက်၀ှေ့ရမ်းပြလိုက်ပြီးလူများသည်လည်း ၁၀၈လုံးမြောက်ရမ်စီပိုင်းကြီးအား ဤကောင်လေးထံသို့ ယူလာပေးလိုက်ကြ၏။
ဤကောင်လေးသောက်နေသည်ကို ကြည့်နေသည့် ဂျက်စီကာကိုယ်တိုင်ပင် အံ့သြနေ၏။
သို့သော် ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ တာ၀န်တစ်ခုမှာ ထူးခြားသည့်လူများကို ခေါ်ယူစုဆောင်းရန်လဲဖြစ်၏။ ဂျက်စီကာသည် ဆင်းရဲသည့်ပတ်၀န်းကျင်တစ်ခုတွင်ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူမ၏ အကိုဖြစ်သူသည် ကံကောင်းစွာပင် ချမ်းဘော့ဒ်ဘုရင်နှင့် ခင်မင်ခဲ့မိသည့်အတွက် သူမသည်လည်း ဤနေရာသို့ ရောက်လာရခြင်းပင်။
သူမသည် ပေါ်ပျူလာအဖြစ်ဆုံး ငယ်ရွယ်သည့် မန်နေဂျာတစ်ယောက်ဖြစ်လာခဲ့ပြီး သူမသည် အေဘရာထံမှလည်း များစွာကို သင်ယူခဲ့သည်။ ထူးဆန်းသာ ကြောင်တောင်တောင်နိုင်သည့် ဖြစ်ရပ်များကို သိရှိခဲ့ပြီးသည့်နောက်တွင် သူမ၏ အမြင်များသည်လည်း ပို၍ကျယ်ပြန့်လာနေပြီးဖြစ်သည်။
သူမ၏အရှေ့တွင်ရှိနေသည့် ကောင်လေးနှင့်ပတ်သက်၍ သူ့အား စိတ်ကျေနပ်အောင်သာ ၀န်ဆောင်မှုပေးရန်အတွက် မန်နေဂျာ အေဘရာကိုယ်တိုင်ပင် မှာသွားခဲ့သည့်အတွက်ပင်။
ဤကောင်လေးအား ရမ်များထပ်ချပေးရန်အတွက် ၀ိတ်တာများကို ခိုင်းရင်းဖြင့် ကောင်လေးကို သေချာလေ့လာနေခဲ့မိသည်။
အရိုးသားဆုံးပြောရပါက လွန်ခဲသည့် ရက်အနည်းငယ်ကဖြစ်ပျက်ခဲသည့်အရာများသည် သူမအတွက် အိမ်မက်တစ်ခုကဲ့သို့ဖြစ်နေဆဲ၌င်။
သူမသည် ဘုရားသခင်ကဲ့သို့သော ဘုရင်အလတ်ဇန္ဒားနှင့် ကိုယ်တိုင်တွေ့ဆုံခွင့်ရလိမ့်မည်ဟု အိမ်မက်ပင် မက်ခဲ့ခြင်းမရှိပေ။ ဖှေးသည် ထိုညနေက သူ၏ သရုပ်မှန်ကို ပြောပြခဲ့ခြင်းမရှိသော်လည်း သူမအတော်လေးအထင်ကြီးခဲ့မိသည်။ ထို့နောက်တွင် ဖှေးသည် ချမ်းဘော့ဒ်ဘုရင်ဖြစ်ကြောင်းကို သူမ၏ အကိုထံမှကြားခဲ့ရသည့်အချိန်တွင် သူမ၏နားများကိုပင် ယုံကြည်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် အမှန်တရားသည် သူမကိုလည်းစိတ်ပျက်လက်ပျက်ဖြစ်သွားစေသည်။ သူနှင့် ခန့်ညားကာ ထူးခြားသည့်ကောင်လေးတို့ကြားတွင်ရှိသည့် အကွာ၀ေးသည် ပို၍ကြီးမားလာပြီးမြင်တောင်မမြင်နိုင်တော့သည်ကိုလည်း ခံစားလိုက်ရသည့်အတွက်ပင်။
ထို့နောက်တွင်မူ ဖြစ်ပျက်ခဲ့သည့်အရာများသည် ချောချောမွေမွေ့ပင်။
ဟူစကီသည် ဖှေး၏ ကိုယ်ရံတော်ဖြစ်လာခဲ့အပြီးတွင် သူမသည် ဆိုရိုကုန်သွယ်ရေးအဖွဲ့၏ ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ သူမသည် ဉာဏ်ကောင်းသည့် ကောင်မလေးတစ်ယောက်ဖြစ်သောကြောင့် ဖြစ်ပျက်လာသည်များကိုချက်ချင်းပင်သိရှိလိုက်သည်။ ဤကောင်မလေးကို မျှော်လင့်ချက်အရိပ်ယောင်လေးတစ်ခုပေါ်လာစေပြီး သူမသည်လည်း ချက်ချင်းပင် ဖိတ်ခေါ်ခြင်းကို လက်ခံလိုက်။
သူမသည် ငွေကြေးဂုဏ်ရှိန်တို့ကို စိတ်၀င်စားခြင်းမရှိပေ။ ထိုလူနှင့်သာ ပို၍နီးကပ်လိုခြင်းဖြစ်၏။
လွန်ခဲ့သည့်ရက်ပိုင်းတွင် ဂျက်စီကာသည် ကုန်သွယ်ရေးအဖွဲ့တွင်ရှိသည့် အေဘရာကဲ့သို့သော ဆရာကြီးများ၏ အကူညီဖြင့် လောကကြီးနှင့် ပတ်သက်သည့် ဗဟုသုတများကို လေ့လာနေခဲ့သည်။
ထိုကောင်လေးအား လေ့လာရန်မှာ အေဘရာသူမအား ပေးခဲ့သည့် အိမ်စာတစ်ခုပင်။
ဆိုင်အတွင်းတွင် ကာစတမ်မာများစတင်၍လျှော့နည်းလာပြီး အလုပ်များသည့် နေ့တစ်နေ့သည်လည်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ညမထွက်ရအမိန့်များရှိနေဆဲဖြစ်သည့်အတွက်ကြောင့် ဘုံဆိုင်သည် ညဘက်တွင်ပိတ်မည်ဖြစ်သည်။ လွန်ခဲ့သည့်သုံးရက်တွင်ဖြစ်ခဲ့သည်များအရ အကောင်လေးသည် ဘုံဆိုင်မှပေးသည့် အခန်းထဲတွင်အနားယူမည်ဖြစ်ပြီး မနက်ဖြန်တွင် သူ့အား စိန်ခေါ်လာသည့်လူများနှင့် ထက်မံ၍ ပြိုငသောက်ဦးမည်ဖြစ်သည်။
၀ိတ်တာများသည်လည်း ဆိုင်ပိတ်ရန်အတွက်ပြင်ဆင်နေကြ၏။
ဤအခိုက်တန့်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများစွာထွက်ပေါ်လာ၏။ သိုင်းဆရာများတစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေသည့်ပုံပင်။
လူတိုင်းသည် အံ့သြသွားကြပြီး ဆူညံသံများထွက်ပေါ်လာသည့်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
“မြို့တော်၀န်စံအိမ်မှာ ဘယ်သူက ပြသနာလာရှာနေတာလဲ။ အဲ့နေရာက လက်ရှိမှာ ၀ံပုလွေစွယ်တပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်၊ ဘုရင်အလတ်ဇန္ဒား နားနေတဲ့နေရာပဲ။ တင်းတင်းကြပ်ကြပ်ကာကွယ်ထားတာကို ဘယ်သူက သွားပြသနာရှာနေတာလဲ။ မဟုတ်မှလွဲရော ဂျက်အင်ပါယာက ကန္တာရတစ္ဆေတွေကများ ငါတို့ရဲ့ နံပါတ်၁စစ်ရေးခေါင်းဆောင်ကို လုပ်ကြံဖို့ကြိုးစားနေကြတာလား...” သူတို့အားလုံးစိုးရိမ်စွာဖြင့် တွေးလိုက်မိ၏။
ဂျက်စီကာသည်လည်း တုန်လှုပ်သွား၏။ မြို့တော်၀န်စံအိမ်ထံသို့ လှမ်းကြည့်လိုက်သည့်အချိန်တွင် ကောင်းကင်ပေါ်၌အတွင်းအားစွမ်းအင်အရောင်များတောက်ပနေသည်ကို မြင်တွေ့လိုက်ရ၏။ ထင်ရှားစွာပင် တိုက်ပွဲတစ်ခုဖြစ်ပွားနေခြင်းဖြစ်၏။
“ကောင်းလိုက်တဲ့ အရက်ပဲ ဟားဟား ဒီရက်ပိုင်းမှာ င့ါဘ၀က အတော်လေးချိုမိန်နေတယ်...ဘယ်သူမှ င့ါကို ထိန်းချုပ်နေတာမရှိဘူး ကောင်းတယ်...အမ် ဘာသံတွေလဲကွ...တိုက်ပွဲဖြစ်နေတာလား...အမ် ဒီခံစားချက်ကို ကောင်းကောင်းရင်းနှီးနေသလိုပဲ...ဟာ သေစမ်း...ငါ့ရဲ့ အဓိကတာ၀န်ကို ငါမေ့နေခဲ့တာပဲ...” မြို့တော်၀န်စံအိမ်ထဲတွင်ဖြစ်နေသည့်အရာများကို အာရုံခံလိုက်မိပြီးသည့်အချိန်တွင် အရက်မူးနေသည့် ကောင်လေးသည် ရုတ်တရက်သတိရလာ၏။ သူသည် တစ်စုံတစ်ခုအား အမှတ်ရလိုက်သကဲ့သို့ သူ၏မျက်နှာသည်လည်း ချက်ချင်းပင်အရောင်ပြောင်းလဲသွားပြီး အလင်းရောင်များသည်လည်း မျက်လုံးထဲတွင်ပေါ်လာတော့သည်။ သူသည် ဆက်လက်သောက်သုံးလိုခြင်းမရှိတော့ ချက်ချင်းပင် မြို့တော်၀န်စံအိမ်ထံသို့ ထပြေးသွားတော့၏။
“ဘုန်း...”
ကောင်လေးသည် အလွန်စိုးရိမ်နေသောကြောင့် ဘုံဆိုင်၏ နံရံအား ၀င်တိုက်ကာ ဖောက်ထွက်သွား၏။ နံရံပေါ်တွင် ကလေးပုံအပေါက်ကြီးတစ်ခုကိုလည်းချန်ထားခဲ့သည်။ သူပြေးသွားခဲ့သည့်အရှိန်ကြောင့် လမ်းတွင်ရှိနေသည့် အိမ်ခေါင်မိုးတစ်ချို့ပင် ပျံ၀ဲသွားတော့၏။
ဤမြင်ကွင်းသည် ဂျက်စီကာနှင့် ဘုံဆိုင်ထဲတွင်ရှိနေသည့်လူများအားလုံးကို တုန်လှုပ်သွားစေ၏။
“အတော်...အတော်စွမ်းအားကြီးတာပဲ...” စကိုလာသည် တံတွေးမျိုချကာ ရေရွတ်လိုက်မိ၏။