← Chapters

အခန်း (၆၁၉)

Vol. 39 Ch. 619

အခန်း (၆၁၉)

Vol. 39 Ch. 619

ဤကောင်လေးသည် ဤမျှစွမ်းအားကြီးမားနေလိမ့်မည်ဟု မည်သူမှ ထင်ခဲ့ခြင်းမရှိပေ။ သူ၏ သေးငယ်သည့် ခန္ဓာကိုယ်သည် နံရံအားလွယ်ကူစွာပင် ထိုးဖောက်သွားနိုင်၏။ နံရံပေါ်တွင်ရှိနေသည့် အပေါက်သည်လည်း ကလေးငယ်၏ ခန္ဓာကိုယ်ပုံဖြစ်နေသောကြောင့် ကျွမ်းကျင်သည့် အနုပညာရှင်တစ်ယောက်မှ ဖန်တီးထားခဲ့သည့်အတိုင်းပင်။

စကိုလာသည် တစ်ဖက်သို့လှည့်ကာ သူ၏ လှပသော ဆိုင်ရှင်အားကြည့်လိုက်၏။ ယခုအချိန်တွင် သူထက်ပို၍ငယ်ရွယ်သောကောင်မလေးသည် အမှန်တကယ်ပင် အသိဉာဏ်ကြွယ်၀ကြောင်းကို သိရှိသွားပြီဖြစ်သည်။

“သူက ဒီကလေးအကြောင်းကို အစကတည်းက ရိပ်မိနေခဲ့တာပဲ။ အဲ့တာကြောင့် ငါတို့ကို လေးလေစားစားဆက်ဆံဖို့ မှာနေခဲ့တာ...” သူတွေးလိုက်မိသည်။

စကိုလာထိုကဲ့သို့ ပြောနေသည့်အချိန်တွင် ဂျက်စီကာသည်လည်း တစ်ခြားအကြောင်းကို တွေးနေမိ၏။

“မန်နေဂျာ အေဘရာက အတော်လေးဉာဏ်ကောင်းတာပဲ။ ဒီကောင်လေးက သာမန်မဟုတ်တာကို ကြိုပြီးတော့ ရိပ်မိခဲ့လို့ င့ါကို ကောင်းကောင်းဆက်ဆံဖို့မှာ ထားခဲ့တာ။ သူက ဆိုရိုကုန်သွယ်ရေးအဖွဲ့က ရမ်ရိက္ခာတစ်၀က်လောက်ကိုတောင် ဒီဘုံဆိုင်ထဲကို ပို့ပေးခဲ့သေးတာပဲ...”

“ဒီကောင်လေးက ရန်သူလား မိတ်ဆွေလား။ အတော်လေးစွမ်းအားကြီးတယ်။ သူက မစ်စတာအလတ်ဇန္ဒားရဲ့ ရန်သူတစ်ယောက်များလား။ အဲ့လိုဆိုရင်တော့ အခြေအနေကောင်းမှာမဟုတ်ဘူးထင်တယ်...နေပါဦး မစ်စတာ အလတ်ဇန္ဒားက မြို့တော်ရဲ့ ကာကွယ်စောင့်ရှောက်သူပဲ သူ့ကို နတ်ဘုရားတွေတောင် အနိင်မယူနိုင်ဘူးဆို့ ပြောကြတယ်။ ဒီကောင်လေးက စွမ်းအားကြီးတယ်ဆိုပေမယ့် မစ်စတာ အလတ်ဇန္ဒားကို မယှဥ်နိုင်ပါဘူး...နောက်ပြီး ဒီကောင်လေးက အတော်လေးချစ်စရာကောင်းတာပဲ...လူဆိုးတစ်ယောက်တော့မဟုတ်လောက်ပါဘူး မစ်စတာ အလတ်ဇန္ဒားရဲ့ မိတ်ဆွေပဲဖြစ်ရမယ်....”

ဂျက်စီကာသည် ရုတ်တရက်စိုးရိမ်လာမိသဖြင့် မြို့တော်၀န်စံအိမ်နေရာသို့ လှမ်းကြည့်ကာ တွေးလိုက်မိ၏။

တစ်ချိန်တည်းမှာပင် အလံနှစ်စုံမြို့တော်၏ လူသူပျက်လက်သည့် အိမ်ခြေတစ်ခုထဲတွင်ဖြစ်သည်။

အရှိန်၀ါကို ဖျောက်ကွယ်ပေးထားသည့် မှော်အစီရင်ထဲတွင် ပြန်လည်ကုသရန်အတွက် ကြိုးစားနေခဲ့သည့် နှင်းတောင်သိုင်းဆရာသည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိ၏။ သူ၏မျက်နှာသည် ချက်ချင်းပင်ပြောင်းလဲသွားပြီး ဒေါသဖြစ်စွာဖြင့် တွေးလိုက်မိသည်။ “တိုနီလား...သေစမ်း..ဒီ တစောက်ကန်းကတော့ ပြသနာတွေပိုပြီးတော့ ရှာနေတာပဲ။ သူက ချမ်းဘော့ဒ်ဘုရင်ဘက်ကို အမြင့်ဆုံး စော်ကားမိသွားပြီ။ သူသေချင်နေတာလား...င့ါမှာ ဘာဖြစ်လို့အဲ့လို...မဟုတ်ဘူး ငါသူ့ကို ခေါ်ပြီးတော့ မဟာနှင်းတောင်ကို အမြန်ဆုံးပြန်မှဖြစ်မယ်။ ချမ်းဘော့ဒ်ဘုရင်က အတော်လေးစဥ်းစားတတ်တဲ့လူပဲ သူ့မှာတစ်ခြားအစီစဥ်တွေရှိနေလိမ့်မယ်...အဲ့တာကြောင့် ငါတို့မြို့ထဲကနေ ချက်ချင်းထွက်ပြေးမှရတော့မယ်...”

ဤလူသည် ချွေးများပင် ပျံလာ၏။ သူသည် ဖှေးအားများစွာကြောက်လန့်နေမိသည့်အတွက်ပင်။

“ဘုန်း...”

မီးဂုဏ်သတ္တိစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင်တောင်လောင်လာတော့၏။ ပြန်လည်ကုသရန်ကိုပင် ဂရုမစိုက်တော့ပဲ စွမ်းအားအကုန်သုံးကာ မြို့တော်၀န်စံအိမ်ထံသို့ လျှင်မြန်စွာပြန်သန်းသွားတော့၏။ ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးအရာမှာ တိုနီကို ချမ်းဘော့ဒ်ဘုရင် ပြန်မရောက်ခင်မြို့ထဲမှ အမြန်ထွက်ပြေးရန်သာဖြစ်တော့သည်။

တောင်လောင်နေသည့် မီးတောက်များသည် ရူးလောက်ဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေလျှက်ရှိ၏။ နေရာတစ်၀ိုက်တွင်ရှိနေသည့် ကျောက်တုံးများပင် ပျော့ပျောင်းကာချော်ရည်များကဲ့သို့ပင် အရည်ပျော်ကျလာတော့သည်။ အမဲရောင်မီးခိုးများသည် ကောင်းကင်ပေါ်သို့ ပျံတက်နေပြီး ထူထပ်သည့် ကန့်မှု့န်နံ့များလည်း ပျံ့နှံ့နေ၏။ ဤမြင်ကွင်းသည် ငရဲပြည်မှ မြင်ကွင်းတစ်ခုလိုပင်။

ဤသည်မှာ မြို့တော်၀န်စံအိမ်အား ဤအခြေအနေတွင် မြင်တွေ့နေရသည့်ပုံဖြစ်၏။

ပင်မနန်းဆောင်သည် လအဆင့်သိုင်းကွက်ဖြစ်သည့် မီးပေါက်ကွဲခြင်းနှင့် အဆက်မပြတ်တိုက်ခိုက်ခံထားခဲ့ရပြီး ရုတ်တရက်ပေါက်ကွဲလာခြင်းတစ်ခုကြောင့် လုံး၀ပင်ပျက်ဆီးသွားပြီဖြစ်သည်။ ထို့အပြင် ပင်မနန်းတော်ဆောင်၏ ဘေးပတ်ပတ်လည်တွင်ရှိသည့် နန်းဆောင်များပင် ပျက်ဆီးသွားခဲ့၏။ ကျိုးပဲ့နေသည့်နံရံများနှင့် ကျောက်ပြား၊ ကျောက်စများသည် နေရာအနှံ့တွင်ပျံ့ကျဲနေကာ စုတ်ပြဲနေသည့် အဖြူရောင်၀တ်ရုံများ၊ ကျိုးပဲ့နေသောခြေပြတ်လက်ပြတ်များနှင့် ခြောက်သွေ့နေသည့်သွေးများကိုလည်း ချမ်းဘော့ဒ်မှ သိုင်းဆရာများမြင်တွေ့လိုက်ရ၏။

လေထုသည် အလွန်ပင်သိပ်သည်းနေသည့်အတွက် လေထုတစ်ခုလုံးသည် အေးခဲသွားတော့မည့်အတိုင်းပင်။

ချမ်းဘော့ဒ်မှသိုင်းဆရာများသည် မီတာ၂၀ခန့်အကွာ၀ေးသို့ လွှင့်ထွက်သွားကြပြီး သူတို့၏အရှေ့တွင်ရှိနေသည့် ဖြစ်ရပ်ဆိုးကြီးကို ရင်နှင့်စွာဖြင့် စိုက်ကြည့်နေကြရ၏။

တိုနီသည် သူ၏လအဆင့်သိုင်းကွက်ကို အကြိမ်ပေါင်းများစွာအသုံးပြုခဲ့ခြင်း၊ ပေါက်ကွဲမှုမှဖြစ်ပေါ်လာသည့် စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကိုခံလိုက်ရခြင်း၊ ချမ်းဘော့ဒ်မှစစ်သည်များ၏ သိုင်းကွက်များတွင်ပါ၀င်သော လျို့၀ှက်သည့် စွမ်းအင်များကြောင့် ရရှိခဲ့သည့်ဒဏ်ရာများ စသည်တို့ကြောင့် သူ၏ အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်ထဲတွင် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းမရှိပဲဖြစ်နေ၏။ ရလဒ်အနေဖြင့် သူသည် ချက်ချင်းပြန်လည်ကာ ဆုတ်ခွာနိုင်ခြင်းမရှိခဲ့ပေ။

တစ်ဖက်တွင်လည်း ချမ်းဘော့ဒ်မှသိုင်းဆရာများသည်လည်းပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိခဲ့သည်။ သို့သော် အများစုမှ ပင်မနန်းတော်ဆောင်နှင့် အတော်၀ေးသည့်နေရာတွင်ရှိနေခဲ့သည့်အတွက်ကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သူမရှိပေ။

လမ်းပါ့ဒ်နှင့် တိုးရီစ်တို့သည် ပင်မနန်းတော်ဆောင်နှင့်အနီးကပ်နေရာတွင်ရှိနေသည့်အတွက်ကြောင့် အများဆုံးဒဏ်ရာရရှိခဲ့၏။ ကံကောင်းစွာပင် လမ်းပါ့ဒ်သည် အသန်မာဆုံးသိုင်းဆရာတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သူ၏ခန္ဓာကိုယ်မှ သေစေနိုင်သောနေရာများကို အတွင်းအားစွမ်းအင်အသုံးပြုကာ ကာကွယ်နိုင်ခဲ့သည်။ သူသည် အ၀ေးသို့ လွှင့်ထွက်သွားခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခဲ့ခြင်းမရှိပေ။ ပင်မနန်းတော်ဆောင်ပေါ်တွင်ရပ်နေသည့်တိုးရီစ်သည်လည်း ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် လေပေါ်သို့ ခုန်တက်ကာ လွှင့်ပျံလာသည့် ကျောက်တုံးများပေါ်မှ ခုန်ကူးကာရှောင်တိမ်းလိုက်သဖြင့် လုံလုံခြုံခြုံပင်မြေပြင်ပေါ်သို့ ပြန်လည်ကာ ဆင်းသက်နိုင်ခဲ့သည်။

ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသည် သူတို့အရှေ့တွင်ရှိသည့် ငရဲပြည်ကဲ့သို့သောမြင်ကွင်းကို ကြည့်ရင်းဖြင့် ကြောရိုးများပင် အေးစိမ့်သွားစေသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။

“ဘုရင်မ အန်ဂျယ်လာနဲ့ အမ အယ်လီနာ သူတို့တွေ သူတို့တွေ...” သူတို့အားလုံးတွေးလိုက်မိကြသည်။

“သူ့ကို သတ်ပစ်....သတ်ပြီးတော့ ဘုရင်မအတွက်ပြန်ပြီးလက်စားချေကြ...” အတော်တန်ဒဏ်ရာရရှိခဲ့သဖြင့် သွေးများဖြင့် ဖုံးလွှမ်းနေသည့် အိုလတ်ဂ်မှ အော်ဟစ်လိုက်၏။ သူ၏မျက်လုံးများသည် နီရဲနေကာ တိုနီထံသို့ ပြေးသွားတော့သည်။ တိုနီသည် သူ၏အတွင်းအားများကို ကောင်းမွန်စွာပြန်လည်စီးဆင်းစေနိုင်ခြင်းမရှိတော့သဖြင့် ဤလသစ်အဆင့်စစ်သည်သည် အိုလတ်ဂ်၏ ဖမ်းချုပ်ခြင်းကိုခံလိုက်ရ၏။ အိုလတ်ဂ်သည် တိုနီ၏လည်ပင်းအားလက်မောင်းများဖြင့် ဆွဲညှစ်ထားရင်းဖြင့် သူသည် ရန်သူအား လည်ပင်းညှစ်သတ်ရန်အတွက် ကြံစည်နေကြောင်းထင်ရှားလှသည်။

တိုနီ၏ပါးစပ်မှသွေးများစီးကျလာပြီး အမြင်အာရုံများ၀ေ၀ါးသွားသည်။ နံရံများစွာကျိုးပဲ့သွားပြီး သူသည်လည်ပင်းညှစ်ခံနေရသည့်အတွက် စတင်၍ သေဆုံးလာနေပြီးဖြစ်သည်။ သူသည် အရူတစ်ယောက်ကဲ့သို့ပင် ရုန်းကန်နေရင်းဖြင့် အိုလတ်ဂ်၏ လက်မောင်းများကို အားဖြင့် ရိုက်နှက်ကာ အော်လိုက်သည်။ “အား နာလိုက်တာ လစ်စမ်းကွာ မင်းပိုးမွှားကောင် သေချင်လို့လား အား...”

တိုနီသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့်အတွက် အိုလတ်ဂ်၏လက်မောင်းရိုးများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချေမွပစ်လိုက်၏။

“အတူသေကြတာပေါ့...မင်းက အရှင်မကို သတ်ခဲ့တာပဲ။ မင်းက ဘုရင်မအန်ဂျယ်လာကိုသတ်ခဲ့မယ်...မင်းက င့ါအတွက်လူကောင်းတစ်ယောက်ဖြစ်လာနိုင်မယ့်အခွင့်ရေးကိုလည်း သတ်ခဲ့တယ်...” အိုလတ်ဂ်၏ မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်သွားခဲ့ပြီး သူ၏လက်မောင်းရိုးများသည်လည်း အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။ ကြွက်သားများ၊ အရေပြားများကသာ သူ၏လက်မောင်းများတွင်ရှိနေတော့၏။ သို့သော် သူသည် နာကျင်မှုကိုပင် ခံစားရခြင်းမရှိပဲ သူ၏လက်များကို အားဖြင့် ညှစ်ကာ တိုနီအားဆက်လတ်လည်ပင်းညှစ်နေလျှက်ရှိသည်။

ထောင်မှူးအိုလတ်ဂ်သည် သွေးရူးသွေးတန်းဖြစ်နေ၏။

သူသည် တစ်ချိန်က ၀န်ကြီးချုပ်ဟောင်း ဘစ်ဇား၏ လူယုံတစ်ယောက်ဖြစ်ပြီး မကောင်းသည့်အရာများစွာကိုလုပ်ခဲ့ဖူးကာ လူပေါင်းများစွာသည် ဖှေးအား အိုလတ်ဂ်ကို ကွပ်မျက်ပေးရန်အတွက် တောင်းဆိုခဲ့ဖူးသည်။ သို့သော် ဘုရင်သည် ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိပဲ အိုလတ်ကို လူကောင်းတစ်ယောက်ဖြစ်လာနိုင်သည့်အခွင့်ရေးများပေးခဲ့သည်။ အစပိုင်းတွင် အိုလတ်ဂ်သည် မသေချင်သည့်အတွက်သာ ကောင်းသည့်အပြုမူများကို လုပ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ပို၍ အလုပ်ကြိုးစားလာခဲ့ပြီးသည့်နောက်ပိုင်းတွင် လူများသူ့အပေါ်တွင်ထားရှိသည့် အမြင်များသည်လည်း ပြောင်းလဲလာတော့၏။ မနှစ်သက်ရာမှ နှစ်သက်လာတော့၏။ အမုန်းတရားသည်လည်း ခင်မင်ရင်းနှီးခြင်းအဖြစ်သို့ ပြောင်းသွားတော့သည်။ အိုလတ်ဂ်သည် ပထမဆုံးအနေဖြင့် လူကောင်းတစ်ယောက်ဖြစ်ရခြင်း၏ ဂုဏ်သရေတို့ကို ခံစားမိခဲ့သည်။

အိုလတ်ဂ်သည် ဤဂုဏ်သရေအား ဆက်လက်ထိန်းထားမည်ဟု ကျိမ်ဆိုခဲ့ပြီး၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် ပီတာတို့ကဲ့သို့ ဘုရင်အတွက် အဓိကလူယုံတစ်ယောက်ဖြစ်လာအောင် ကြိုးစားမည်ဟုလည်း ကတိပြုခဲ့သည်။

သူ၏ မှောင်မိုက်သည့်အတိတ်ကြောင့် အနည်းငယ် နိမ့်ကျသလိုခံစားရသော်လည်း၊ စိတ်အားထက်သန်မှု များစွာလည်းရရှိခဲ့သည်။

သူသည် ဘုရင်အတွက် သူ၏အသတ်အပါ၀င်အရာအားလုံးကို စွန့်လွှတ်ပေးနိုင်သည့် စိတ်ပင်ရှိနေပြီးဖြစ်သည်။

ယခုအချိန်တွင် သူ၏ရှေ့တွင်ရှိနေသည့်ရန်သူသည် ပင်မနန်းတော်ဆောင်ထဲတွင်ရှိနေသည့် ကောင်မလေးနှစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြင့် သူ၏ဂုဏ်သရေကို ဖျက်ဆီးပစ်ခဲ့၏။

ထိုကောင်းမလေးနှစ်ယောက်သည် ဘုရင်အတွက်မည်မျှအရေးကြီးကြောင်းကိုလည်း အိုလတ်ဂ်သိရှိသည်။ အေဇာရုတိုက်ပေါ်မှ ထုံးစံများအရ သူသည် ဖှေး၏ လူယုံတစ်ယောက်ဖြစ်နေသောလည်း အန်ဂျယ်လာနှင့် အယ်လီနာတို့ကို မကာကွယ်ပေးခဲ့နိုင်သည့်အတွက်ကြောင့် သူ၏ဂုဏ်ကျက်သရေများအားလုံး ဆုံးရှုံးသွားပြီဟု ဆိုနိုင်၏။

ထို့ကြောင့် သူသည် မိမိ၏ အသတ်ဆုံးရှုံးသွားစေကာမူ ဤလူသတ်သမားကို ရအောင် သတ်ဖြတ်မည်ဖြစ်သည်။

“လာကြ သူ့ကို ၀ိုင်းသတ်ကြ င့ါကို မစိုးရိမ်ကြနဲ့...” အိုလတ်ဂ်အော်ဟစ်လိုက်သည်။

အားအနည်းဆုံးသူတော်စင်တပ်ဖွဲ့များပင် သားရိုင်းကောင်များကဲ့သို့ အော်ဟစ်ကာ တိုနီထံသို့ ရူးသွပ်သည့် မျက်လုံးများဖြင့် ပြေး၀င်လာကြတော့သည်။

ချမ်းဘော့ဒ်မှစစ်သည်များ၏ အကြောက်တရားကင်းမဲ့မှုသည် တိုနီအား ထိတ်လန့်သွားစေသည်။ သူယခင်က လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်ပစ်နိုင်သည့် ပိုးမွှားကောင်များသည် ယခုအချိန်တွင်ပြိုင်ဘက်ကင်းမဲ့နေသလို ခံစားလိုက်ရ၏။

တိုနီသည် စတင်၍ နောင်တရလာတော့သည်။ သူသည် ဆရာဖြစ်သူ၏ စကားကိုနားထောင်ခဲ့ခြင်းမရှိပဲ ချမ်းဘော့ဒ်ဘုရင်အား မရှောင်ရှားခဲ့မိခြင်းကို နောင်တရမိနေ၏။ သူသည် မဟာနှင်းတောင်ပေါ်မှ ဆင်းလာခဲ့မိခြင်းကိုပင် နောင်တရလာတော့သည်။ သူသည် ချမ်းဘော့ဒ်ဘုရင်အား တွေ့ဆုံခဲ့ခြင်းမရှိပါက ယခုအချိန်တွင် မဟာနှင်းတောင်ပေါ်တွင် အရှိန်၀ါကြီးမားသည့် လူတစ်ယောက်ဖြစ်နေဦးဖြစ်ဖြစ်သည်။

“၀ှစ်...”

အနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်တွင်ပေါ်လာပြီး ရူးလောက်ဖွယ်ကောင်းသည့် အပူရှိန်များဖြင့် စတင်ကာ ချည်းကပ်လာတော့သည်။

ထိုလူသည် နှင်းတောင်သိုင်းဆရာပင်။

“ဆရာကြီး ဆရာကြီး ကျွန်တော်ဒီမှာပါ ကျွန်တော့ကိုကယ်ပါဦး...” တိုနီသည် ဤနေရာတွင်ရှိနေသည့် ချမ်းဘော့ဒ်စစ်သည်များ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကြောက်လန့်နေ၏။ သူသည် လသစ်စစ်သည်တစ်ယောက်ဖြစ်သည့်အတွက် လက်ရှိအခြေအနေမှ လွယ်လွယ်ကူကူထွက်ပြေးနိုင်သည်။ သို့သော် သူသည် ဖန်သားအိမ်ထဲတွင်သာ ကြီးပြင်းလာခဲ့ရသည့် ပန်းပင်တစ်ပင်ကဲ့သို့ပင်။ အပြင်လက်တွေ့လာကနှင့်တွေ့သည့်အချိန်၌ မည်မျှပင်စွမ်းအားကြီးမားစေကာမူ အလွန်ကြောက်လန့်ကာ အားနည်းနေသလိုခံစားရပြီး ကောင်းမွန်စွာပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိပေ။

“ဖုန်း...”

နှင်းတောင်သိုင်းဆရာသည် သူ၏လက်ဖ၀ါးများဖြင့် အောက်သို့ ရိုက်နှက်လိုက်သည်။

ခုခံ၍မရနိုင်သည့် အပူလှိုင်းတစ်ခုသည် အောက်သို့ ပျံသန်းသွားပြီးချမ်းဘော့ဒ်မှ သိုင်းဆရာများကို ဘေးသို့လွှင့်စင်သွားစေ၏။

အနီရောင်၀တ်ရုံနှင့်လူသည် တိုနီကဲ့သို့ လအဆင့်စစ်သည်အတုတစ်ယောက်မဟုတ်ပေ။ သူသည် အတွေ့ကြုံများသည့် စစ်သည်တစ်ယောက်ဖြစ်သောကြောင့် ချမ်းဘော့ဒ်မှသိုင်းဆရာများကို အ၀ေးသို့ တွန်းထုတ်ကာ တိုနီအား ကယ်တင်လိုက်၏။

ကံကောင်းစွာပင် ထောင်မှူးအိုလတ်ဂ်သည် အ၀ေးသို့သာ တွန်းထုတ်ခြင်းခံလိုက်ရပြီး အသတ်ခံလိုက်ရခြင်းမရှိပေ။ နှင်းတောင်သိုင်းဆရာသည် ချမ်းဘော့ဒ်ဘုရင်နင့် ရန်ညိုးများကို ဆက်လက်မကြီးထွားစေလိုသည့်အတွက်ကြောင့်သာဖြစ်၏။ သို့မဟုတ်ပါက သူသည်ဤနေရာတွင်ရှိနေသည့် လူတိုင်းကို သိုင်းကွက်တစ်ခုတည်းဖြင့်ပင်သတ်ဖြတ်ပစ်နိုင်သည်။

နှင်းတောင်သိုင်းဆရာသည် ချက်ချင်းပင် ခြံ၀န်းအတွင်းသို့ ရောက်လာပြီး တိုနီအား ပခုံးမှကိုင်ဆွဲလိုက်သည်။

“မင်းဒီနေရာကို ဘာလို့ လာခဲ့တာလဲကွ။ သေချင်လို့လား...” သူသည် အော်ဟစ်ကာ ဤနေရာမှ အမြန်ဆုံးထွက်ပြေးရန်ပြင်လိုက်၏။

“မင်းတို့နှစ်ယောက် ဘယ်ထွက်ပြေးဖို့ပြင်နေကြတာလဲ...” ကလေးကဲ့သို့သော အသံတစ်ခုကို ကောင်းကင်ပေါ်မှားကြလိုက်ရပြီး ဒေါသများဖြင့် ပြည့်နှက်နေ၏။

နှင်းတောင်သိုင်းဆရာသည်လည်း တုန်လှုပ်သွားပြီး ထူးဆန်းသည့် အမဲရောင်မျက်နှာဖုံးတစ်ခုကို၀တ်ဆင်ထားသည့် ဆံပင်အဖြူရောင်နှင့်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုကောင်လေးသည် လေထဲတွင်ရပ်နေရင်းဖြင့် သူ၏မျက်လုံးများထဲတွင် အရိပ်ယောင်အမျိုးမျိုးဖြင့် ပြည့်နှက်နေလျှက်ရှိ၏။ ဤအခိုက်တန့်တွင် သူ၏မျက်လုံးများသည် ၁၀၀ရာခိုင်နှုန်းမဲမှောင်နေကာ လူသားများ၏ ၀ိဉာဥ်များကို စုပ်ယူနိုင်သည့် တွင်းနက်ကြီနှစ်ခုကဲ့သို့ပင်။ ထို့အပြင် မီးခိုးရောင်စွမ်းအင်တစ်ခုသည်လည်း သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စီးဆင်းနေသည့်အတွက် အနည်းငယ်လှပတင့်တယ်နေ၏။

“မင်းပဲ မင်းကချမ်းဘော့ဒ်ဘုရင်နဲ့တူ ဓာတ်ဂိတ်တံခါးထဲကို ၀င်သွားတာမလား။ မင်းကဘာလို ဒီနေရာမှာရှိနေတာလဲ...” နှင်းတောင်သိုင်းဆရာ တုန်လှုပ်သွား၏။ သူသည် ဤကောင်လေးဓာတ်ဂိတ်တံခါးထဲသို့ ၀င်ရောက်သွားသည်ကို သေချာပေါက်မြင်တွေ့လိုက်ရေသော်လည်း ဤနေရာတွင်ရောက်နေရသည့်အကြောင်းရင်းကိုမူ သိရှိခြင်းမရှိပေ။

“ချမ်းဘော့ဒ်ဘုရင်များ ပြန်ရောက်နေပြီလား...” သူစိုးရိမ်သွား၏။

“အဲ့တာငါပဲ မင်းတို့ကောင်တွေ အလတ်ဇန္ဒားရဲ့ ဒေါသကို ခံစားဖို့အတွက် ဒီနေရာမှာပဲ နေခဲ့မှရမယ်...” အာသာ၏အသံသည်ကောင်းကင်ပေါ်မှ ထွက်ပေါ်လာရင်းဖြင့် သူသည် နှင်းတောင်သိုင်းဆရာ၏ ဘေးသို့ ပင်ရုတ်တရက်ရောက်ရှိလာခဲ့ပြီးဖြစ်၏။

“ဘုန်း...”

နှင်းတောင်သိုင်းဆရာ တုန်လှုပ်သွားပြီး စက္ကန့်၀က်ခန့်ပို၍နှေးကွေးသွားမိသည်။ ရန်သူ၏သိုင်းကွက်အား သူ၏လက်ဖ၀ါးဖြင့်သာ ပြန်လည်တိုက်ခိုက်နိုင်ရုံသာ တတ်နိုင်လိုက်၏။ သို့သော် သူသည် ချက်ချင်းပင် စုပ်အားတစ်ခုကို ခံစားလိုက်ရသည်။ ထိ့နောက်တွင် ထူးဆန်းကာ အေးစက်သည့်စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်သွားကာ သူ၏ မီးဂုဏ်သတ္တိစွမ်းအင်များကို အေးခဲပစ်လိုက်သည်။

“ဒါ...ဒါက မကောင်းဆိုး၀ါးစွမ်းအင်ပဲ..မင်း...” နှင်းတောင်သိုင်းဆရာတုန်လှုပ်သွား၏။ သူအောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ကလေးတစ်ယောက်၏ ပန်းရောင်သန်းနေသော လက်ကို တွေ့ရခြင်းမရှိပဲ နဂါးလက်သည်းတစ်ခုကိုသာ မြင်တွေ့ရသည့်အတွက်ပင်။ သတ္တုကဲ့သို့ပင် ပြောင်လတ်နေပြီး အလွန်ကြောက်မက်ဖွယ်ရာပင်။

“မင်း သိတာနောက်ကျသွားပြီး...” သူ၏ သိပ်အားနည်းခြင်းမရှိသည့် ရန်သူအား ချက်ချင်းအနိုင်ယူနိုင်ရန်အတွက် အာသာသည် သူ၏မကောင်းဆိုး၀ါးစွမ်းအင်အနည်းငယ်ကို ထုတ်သုံးလိုက်ပြီး ထူထပ်သည့် မကောင်းဆိုး၀ါးစွမ်းအင်များသည် နှင်းတောင်သိုင်းဆရာ၏ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားခဲ့၏။ နှင်းတောင်သိုင်းဆရာသည် မကောင်းဆိုး၀ါးတစ်ကောင်နှ့င်တိုက်ခိုက်နေရကြောင်းကို ကြိုမသိခဲ့သလို သူ၏ ခန္ဓာကိုယ်သည်လည်း ဒဏ်ရာရရှိနေဆဲပင်။ သို့သော် သူ၏အတွင်းအားစွမ်းအင်လမ်းကြောင်းများသည် ချက်ချင်းပင် ရန်သူ၏ ပိတ်ဆို့ခြင်းကိုခံလိုက်ရတော့၏။

အာသာသည်ချက်ချင်းပင် နှင်းတောင်သိုင်းဆရာနှင့်တိုနီတို့၏ အနောက်သို့ သွားလိုက်ကာ ခေါင်းကိုရိုက်နှက်လိုက်၏။ သူတို့နှစ်ယောက်လုံးသည် ချက်ချင်းပင်သွေးများအန်ထွက်လာပြီး သတိလစ်မေ့မျောသွားကြတော့သည်။

“ချွင်...”

နတ်ဘုရားလှည့်စားခြင်းတံဆိပ်နှစ်ခုအား သူတို့အပေါ်တွင်တင်လိုက်သည်။

မကောင်းဆိုး၀ါးစွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားခဲ့သည့်အတွက်ကြောင့် မဟာဘုရားကျောင်းမှလူများအာရုံခံမိနိုင်မည်ဖြစ်သည်။ သို့သော် နတ်ဘုရားလှည့်စားခြင်းတံဆိပ်များသည် သူတို့ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် မကောင်းဆိုး၀ါးစွမ်းအင်များကို ပိတ်ဆို့ထားပေးနိုင်သည့်အတွက် စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။

အာသာသည် သူတို့အား သတ်ခြင်းမရှိပဲ ဖှေးပြန်ရောက်လာမည့်အချိန်ထိစောင့်နေဦးမည်ဖြစ်သည်။

“မီးလောင်တဲ့ထဲကို သွားကြည့်လိုက်။ အရှင်မအသတ်ရှင်နေနိုင်သေးတယ်...” ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည့် လမ်းပါ့ဒ်မှ အော်ဟစ်လိုက်သည်။ ဤကောင်လေးရုတ်တရက်ရောက်ရှိလာပြီး ရန်သူများကို အနိုင်ယူခဲ့လိုက်သည့်အတွက် ဤကောင်လေးသည် သူတို့ဘက်မှဖြစ်လိမ့်မည်ဟု လမ်းပါ့ဒ်ကောက်ချက်ချလိုက်၏။ သိုင်းဆရာများသာလျှင် မီးများကို ဖြတ်သန်းကာ ကြည့်ရှုနိုင်သည့်အတွက် လမ်းပါ့ဒ်သည် ကောင်မလေးများ အသတ်ရှင်နိုင်သေးလားအား အာသာအားကြည့်ပေးစေလိုခြင်းပင်။

“မလိုဘူး င့ါပါငါပဲလုပ်လိုက်မယ်...” ကျယ်လောင်ကာ ဒေါသဖြစ်နေသည့်အသံတစ်ခုသည် အ၀ေးတစ်နေရာမှ ထွက်ပေါ်လာတော့သည်။ ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး လူတစ်ယောက်သည် သူတို့၏အရှေ့တွင်ရောက်လာတော့သည်။ သူ၏လက်ထဲတွင်ပါလာသည့် လူနှစ်ယောက်ကို အောက်သို့ ချပေးလိုက်ပြီးသည့်နောက်တွင် မီးတောက်များကြားထဲသို့ ပြေး၀င်သွားတော့၏။

အသိပေးနေ၏။

All Chapters