အခန်း (၆၂၀)
Vol. 39 Ch. 620
"အရှင်မင်းကြီး..." ဖှေးပြန်ရောက်လာသည်ကို တွေ့သည့်အချိန်တွင် ချမ်းဘော့ဒ်မှစစ်သည်များသည် ငိုကြွေးလိုက်ကြသည်။ သူတို့သည် ဘုရင်လုံလုံခြုံခြုံဖြင့် ပြန်ရောက်လာသည်အား မြင်တွေ့ရသဖြင့် ၀မ်းသာမိသော်လည်း ဖြစ်ပျက်ခဲ့သည့်အရာများအတွက် အရှက်ရမိနေ၏။ သူတို့အားလုံးသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လိုက်ကြပြီးအပေါ်သို့ မော့မကြည့်ရဲကြပေ။
ဖှေးသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးအား တိုးရီစ်ထံသို့ ပစ်ပေးကာ အော်ဟစ်လိုက်သည်။ "သူ့ကို အရင်ကယ်လိုက် အိုလတ်ဂ်ကက အခြအနေမကောင်းဘူး..."
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် သတိလစ်နေကြဆဲဖြစ်သည့် ဂျက်စီကာနှင့် အလန်တို့ကိုလည်း မြေပေါ်သို့ချကာ ဆက်ပြောလိုက်သည်။ "ဒီနှစ်ယောက်ကိုလည်း ဂရုစိုက်လိုက်ကြဦး..."
"၀ှစ်..." သူ၏ ခန္ဓာကိုယ်သည် ငွေရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၂လူရိုင်းဇာတ်ကောင်၏ အစွမ်းများကို အပြည့်၀ ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းစက်လုံးတစ်ခုပေါ်လာပြီး မီးတောက်များထဲသို့ ပြေး၀င်သွားတော့သည်။
တိုးရိစ်သည် လျှင်မြန်စွာပင် ခရမ်းရောင်ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို သေလုမြောပါးဖြစ်နေသည့် အိုလတ်ဂ်၏ ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်၏။
ဆေးပုလင်းသောက်လိုက်ပြီးသည့်နောက်တွင် အိုလတ်ဂ်၏ ဖြူဖက်ဖြူယော်ဖြစ်နေသည့်မျက်နှာသည် ပြန်လည်ကာ အနီရောင်သန်းလာပြီးဖြစ်၏။ သူ၏အသက်ရှူသံများသည်လည်း ပုံမှန်ပြန်ဖြစ်လာနေပြီး ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများသည်လည်း လျှင်မြန်စွာပင် ပြန်လည်ပျောက်ကင်းလာနေ၏။ ကြေမွနေသည့်သူ၏လက်မောင်းများသည်လည်း စတင်၍ တွန့်လိမ်လာတော့သည်။ သို့သော် သူ၏လက်မောင်းများသည် အလွန်ပင်ဒဏ်ရာရရှိထားသည့်အတွက် ပြန်လည်သစ်လွင်ဆေးပုလင်းသည် အပြည့်၀ပြန်လည်ကုသပေးနိုင်ခြင်းမရှိပေ။ အိုလတ်ဂ်သည်လည်း ပြန်လည်သတိရလာခြင်းမရှိပေ။
ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့ကဲ့သို့သောလူများသည် အိုလတ်ဂ်အားကြည့်ပြီးသည့်နောက်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အရှက်ရမိနေ၏။
သူတို့သည် ဤဖတ်တီးအား ဖြေးဖြေးခြင်းဖြင့် လက်ခံလာခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင် အညိုးတေးတစ်ချို့ရှိနေဆဲပင်။ အိုတ်လတ်ဂ်သည် ယခင်က ၀န်ကြီးချုပ်ဘစ်ဇား၏ လက်အောက်တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ထောင်မှူးအဖြစ်လုပ်ကိုင်ခဲ့ရာ ရလဒ်အနေဖြင့် အပြစ်ကင်းမဲ့သည့်လူများစွာကို ကွပ်မျက်ခဲ့ရသည်။ ထို့ကြောင့် အိုလတ်ဂ်သည် အဖွဲ့၏ အပြင်သို့ အနည်းငယ်ရောက်နေခဲ့ခြင်းဖြစ်ပြီး တစ်ခြားလူများ၏ အနည်းငယ်မနှစ်သက်ခြင်းကိုခံခဲ့နေရခြင်းပင်။
သို့သော် ဘုရင်အား မြှောက်ပင့်ရသည်ကို နှစ်သက်သည့် ဖတ်တီး ယနေ့လုပ်ခဲ့သောအရာသည် မိမိကိုယ်မိမိ ကြမ်းတမ်းသည်ဟုထင်နေကြသည့် တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များကို အရှက်ရစေ၏။
ဤဖတ်တီးပြသခဲ့သည့် တိုက်ခိုက်နိုင်စွမ်းသည်လည်း လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည် သူတို့အတွက်ကြောင့်သာမဟုတ်ပါက တိုနီသည် ယခုအချိန်တွင် ထွက်ပြေးလွတ်မြောက်သွားလောက်ပြီးဖြစ်၏။
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်မှစစ်သည်များအားလုံးသည် ဖတ်တီးအိုလတ်ဂ်အား အသိမှတ်ပြုကာ လက်ခံလာကြတော့၏။ သူတို့အား ချမ်းဘော့ဒ်၏ အဓိက အဖွဲ့၀င်တစ်ယောက်အနေဖြင့် လက်ခံလာကြတော့သည်။
တစ်ဖက်တွင်အာသာသည်လည်း သူ၏အတွင်းပိုင်းအင်္ကျီကိုကိုင်ကာ ကစားနေလျှက်ရှိသည်။ မျက်နှာဖုံးသည် သူ၏မျက်နှာကို ဖုံးကွယ်ထားသော်လည်း မျက်နှာပေါ်တွင် အရှက်ရသည့်အမူယာတစ်ခုရှိနေ၏။ ဖှေးသည် နှင်းတောင်သိုင်းဆရာနှင့် တိုနီတို့အား မြို့တော်ကို အန္တရာယ်ဖြစ်စေမည့်အပြုမူများမလုပ်နိုင်စေရန် စောင့်ကြည့်ထားရန်အတွက် မှာကြားခဲ့သော်လည်း အာသာသည် ဘုံဆိုင်ထဲတွင် အပျော်လွန်နေခဲ့သည့်အတွက်ကြောင့် သူ၏တာ၀န်များလစ်လပ်ခဲ့သည်။
"ငါအလတ်ဇန္ဒားကို ဘယ်လိုမျက်နှာပြရတော့မှာလဲ..." သူတွေးလိုက်မိသည်။
သူသည် ဖှေးအဖွဲ့ထဲသို့ ၀င်သည်မှာ ဆယ်ရက်ခန့်သာရှိသေးသော်လည်း သူတို့ကြားထဲတွင် ထူးဆန်းသည့် ဆက်ဆံရေးတစ်ခုရှိနေပြီဖြစ်ပြီး အာသာသည် ဖှေးအား ဂရုစိုက်သည်။ ထို့အပြင် ခင်မင်မှုထဲတွင် အနည်းငယ်လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့လည်း ရောနှောနေ၏။
ရုတ်တရက်ပင် အာမေဍိတ်သံတစ်ခုထွက်ပေါ်လာတော့သည်။
"ဟမျ...ဒါဘာလဲ.."
ဖှေးအသံပင်။
အံ့ဩစရာကောင်းသည်မှာ ဖှေးအသံနေအသံထားသည် ၀မ်းနည်းနေခြင်းမရှိပဲ တုန်လှုပ်ကာ အံ့ဩနေ၏။ သူသည် ထူးဆန်းသည့် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်မှာ ထင်ရှားလှပြီး ကောင်မလေးနှစ်ယောက်တို့သည် ဒဏ်ရာပင်ရရှိခဲ့သည့်ပုံမပေါ်ပေ။
တောက်လောင်နေသည့် မီးတောက်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပတ်၀န်းကျင်တွင်ရှိနေသည့် ကြောက်မက်ဖွယ်အပူရှိန်သည်လည်း ကျဆင်းသွားတော့သည်။ ဆောင်းရာသီ၏ အအေးဓာတ်သည် ပြန်လည်ကာ လွှမ်းမိုးလာပြီး မြို့တော်၀န်စံအိမ်အားလွှမ်းခြုံနေသည့် အမဲရောင်မီးခိုးများသည်လည်း စတင်၍ ကွယ်ပျောက်လာ၏။ သို့သော် လေထုထဲတွင် ဆာလဖာအနှံ့အနည်းငယ်ရှိနေသည့်အတွက်ကြောင့် အတော်တန်ထူးဆန်းနေလျှက်ရှိသည်။
"ဘာတွေဖြစ်ကုန်တာလဲ..." ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည် ပြေးသွားကြ၏။ သူတို့သည် ဒဏ်ရာရနေကြသော်လည်း ဂရုမစိုက်နိုင်ကြပဲ ဘာဖြစ်နေလဲဆိုသည်ကိုသာ သိချင်နေ၏။
သူတို့မြင်လိုက်ရသည့် ပထမဆုံးသောအရာသည် ဘုရင်၏ ပုံရိပ်ပင်။
သူသည် လူတိုင်း၏မြင်ကွင်းအားပိတ်ဆို့ထားပြီး ပြင်းထန်သည့် ခံစားချက်တစ်ခုကို ခံစားနေရသည့်အတိုင်းပင် သူ၏ခန္ဓာကိုယ်သည် တုန်ခါနေလျှက်ရှိ၏။ ချမ်းဘော့ဒ်မှစစ်သည်များအနီးသို့ကပ်လိုက်ပြီး ဖှေးအားကျော်လွန်ကာကြည့်လိုက်သည့်အချိန်မှသာလျှင် အလွန်တုန်လှုပ်ဖွယ်ကောင်းသည့်အရာတစ်ခုကို မြင်လိုက်ရ၏။
အန်ဂျယ်လာနှင့် အယ်လီနာတို့ အိပ်နေကြသည့် ကျောက်ကုတင်အား မမြင်နိုင်သည့်စွမ်းအင်အကာရံတစ်ခုဖြင့် ကာရံထားခြင်းပင်။ ဖြစ်သွားခဲ့သည့် ပေါက်ကွဲမှုကြီးသည် ကောင်မလေးနှစ်ယောက်နှင့် သူတို့အိပ်နေသည့် ကုတင်များကို ထိခိုက်စေခဲ့ခြင်းမရှိပေ။ ကုတင်အား ၀န်းရံထားသည့် အဖြူရောင်ပိတ်စပင် ရှိနေဆဲဖြစ်ပြီး ကောင်လေးနှစ်ယောက်အား အနွေးဓာတ်ပေးနေလျှက်ရှိသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်လေးတစ်ခုပင် ထင်ကျန်နေခဲ့ခြင်းမရှိပေ။၊
သို့သော် သူတို့တုန်လှုပ်သွားခဲ့ရသည့်အကြောင်းရင်းသည် ကျောက်ကုတင်ပတ်လည်တွင် ကြောက်မက်ဖွယ်သတ္တ၀ါကြီး သုံးကောင်ရှိနေသည့်အတွက်ပင်။ ထိုအကောင်များသည် တစ်ကောင်နှင့်တစ်ကောင်တူနေကြပြီး သူတို့၏ခန္ဓာကိုယ်ကြီးများသည်လည်း ကြီးမား၏။ နောက်ခြေများသည် ထူထပ်ကာ သန်မာသော်လည်း ရှေ့ခြေများမှာ အနည်းငယ်ပို၍ ပိန်နေ၏။ ကြေးခွံများသည် သူတို့၏ခန္ဓာကိုယ်များကို ဖုံးလွှမ်းထားပြီး ကျောပေါ်တွင် ဆူးတောင်ကဲ့သို့သော အတောင်ပံငယ်များလည်းရှိနေ၏။ ချွန်ထက်သည့် အရိုးဆူးချွန်များကို သူတို့၏ ဒူးများနှင့် ခေါင်များပေါ်တွင် မြင်တွေ့နေရပြီး သူတို့၏မျက်လုံးများမှာလည်း ကြီးမားလှ၏။
အကောင်ကြီးသုံးကောင်သည် အပြာရောင်၊ အနီရောင်နှင့် အစိမ်းရောင်များရှိနေကြသည်။
အနီရောင်အကောင်ကြီးသည် အကြီးဆုံးပင်။ ဆယ်မီတာကျော်ခန့်ရှည်လျားကာ သူ၏အမြှီးသည် အနည်းဆုံးငါးမီတာခန့်ရှိနေ၏။ သူ၏ခန္ဓာကိုယ်သည် ကျောက်ကုတင်ပတ်ပတ်လည်တွင် ကွေးထားပြီး သူ၏ပါးစပ်ကိုဖွင့်လိုက်သည့်အချိန်တိုင်းတွင် အ၀ါရောင်ဖျော့်ဖျော့ရှိသည့် စွမ်းအင်ထွက်လာမည်ဖြစ်သည်။ ထိုစွမ်းအင်သည် ဆာလဖာနံ့များဖြင့် ပြည့်နှက်နေပြီး အချိန်မရွေးပင် စတင်လောင်ကျွမ်းလာတော့မည့်အတိုငး်ပင်။
အပြာရောင်မကောင်းဆိုး၀ါးသည် သေးငယ်ကာ ခြောက်မီတာခန့်ကာ ရှည်လျားသည်။ ခန္ဓာကိုယ်သည် ထည်၀ါပြီးနှင်းတောင်တစ်ခုလိုပင်။ အေးစက်သည့်စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေလျှက်ရှိပြီး သူသည် ဉာဏ်ရည်မြင့်မားသည့်အတိုင်းပင်။
နောက်ဆုံးအစိမ်းရောင်မကောင်းဆိုး၀ါးသည် လေးမီတာခန့်သာရှည်လျားသော်လည်း အလွန်လျင်မြန်ကာ၊ အန္တရာယ်ကြီးမားပုံရသည်။ အစိမ်းရောင်ကြေးခွံများသည် သတ္တုရောင်သွေးရှိနေပြီး သူ၏အမဲရောင်မျက်လုံးကြီးများသာ လှုပ်ရှားကာ လူများကို လိုက်ကြည့်နေခြင်းမရှိပါက သတ္တုရုပ်တုကြီးတစ်ခုဟုပင်ယူဆမိမည်ဖြစ်သည်။
အကောင်ကြီးသုံးကောင်သည် ကျောက်ကုတင်ကို တင်းကြပ်စွာပင် ကာကွယ်ထားကြပြီး သူတို့၏မျက်လုံးများထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။ နက်ရှိုင်းသည့် ဟိန်းဟောက်သံများစွာထွက်ပေါ်လာနေပြီး မမြင်နိုင်သည့် ဖိအားတစ်ခုလည်းထွက်ပေါ်လာသည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသည် အလွန်စွမ်းအားမြင့်မားသည့် မကောင်းဆိုး၀ါးကြီးများသုံးကောင်နှင့် ရင်ဆိုင်နေရသလိုခံစားနေရ၏။ သူတို့သည် အနီးသို့ကပ်သွားပါက ထိုအကောင်းကြီးသုံးကောင်မှ ရန်ပြုတိုက်ခိုက်မည်ဖြစ်ကြောင်းကိုလည်း သတိထားလိုက်မိသည်။
"ဒါ...ဘယ်လို နတ်ဆိုးသားရဲတွေလား..."
အခိုက်တန့်တစ်ခုကြာခန့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းဖြင့် ဘာလုပ်ရမလဲမသိဖြစ်နေ၏။ သူတို့သည် ဤအကောင်ကြီးသုံးကောင် မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုလည်း သိရှိခြင်းမရှိကြပေ။
ထိုမကောင်းဆိုး၀ါးသုံးကောင်သည် အလွန်ပင်ရက်စက်ကြမ်းကြုတ်ပုံရပြီး သူတို့၏အရှိန်၀ါများ၊ လိမ္မာပါးနပ်သည့် မျက်လုံးများသည် စွမ်းအားမြင့်နတ်ဆိုးသားရဲများဖြစ်သည်ကို ဖော်ပြနေ၏။
"မကပ်ကြနဲ့ သူတို့ကို ရန်မစကြနဲ့..." ဖှေး၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအယာတစ်ခုဖြင့် သူ၏လက်ကို ဝေှ့ရမ်းကာ သူ၏လူများကို ပြောလိုက်၏။
ယခုအချိန်တွင် ဖှေးသည် ဤအကောင်များမည်သည့်နေရာမှ လာသည်ကို ခန့်မှန်းမိသွားပြီးဖြစ်သည်။
အန်ဂျယ်လာအမြဲလိုလို ကုတင်ဘေးတွင်ရှိသော စားပွဲပေါ်တွင်ထားသည့် အနီရင့်ရောင် မှော်သေတ္တာလေးသည် ယခုအချိန်တွင် ပွင့်နေ၏။ သို့သော် အထဲတွင်ရှိနေသည့် ဘဲဥပုံဥများကိုမူ မြင်တွေ့ရခြင်းမရှိတော့ပေ။ ဖှေး အနီးကပ်ကြည့်လိုက်သည့်အချိန်၌ စားပွဲပေါ်တွင် ဥခွံများကို မြင်တွေ့လိုက်ရ၏။
"မဖြစ်နိုင်ဘူး ဒါဆို အဲ့ဥသုံးလုံးက အကောင်ပေါက်သွားတာလား။ ဒါပေမယ့် ကျောက်တုံးသုံးတုံးပဲမဟုတ်ဘူးလား။ ကျောက်တုံးတွေက ဘယ်လိုဖြစ်ပြီးတော့ အကောင်ပေါက်မှာလဲ။ ဒီဥတွေက ထူးခြားပြီးတော့ ကျောက်တုံးလို အပြင်ခွံက အထဲက သားလောင်းကိုကာကွယ်ပေးထားတာများလား..."
ဖှေးသည် တုန်လှုပ်သွားပြီး ဤအကောင်ကြီးများရောက်ရှိလာခြင်း၏အကြောင်းပြချက်ကို ရှင်းပြနိုင်သည့် တစ်ခြားနည်းလမ်းလဲရှိပုံမရတော့ပေ။
ခဏအကြာ သေချာလော့လာပြီးသည့်နောက်တွင် ဘုရင်သည် စိတ်၀င်စားစရာကောင်းသည့် အရာတစ်ခုကို သတိထားလိုက်မိ၏။ ဤအကောင်ကြီးများသည် ရက်စက်ကြမ်းကြုတ်သည့်ပုံရကာ ကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့၏မျက်လုံးများသည် ကြင်လင်တောက်ပနေလျှက်ရှိသည်။ မွေးကင်းစကလေးများကဲ့သို့ပင်။ သူတိုသည် အပြင်လောကအား အလွန်ပင်စိတ်၀င်စားကြည့် ကလေးသုံးယောက်ကဲ့သို့ပင်။ ဘေးပတ်ပတ်လည်တွင်ရှိနေသည့်လူများနှင့်ပတ်သက်၍ စိုးရိမ်နေသော်လည် ထူးဆန်းသည့် ကမ္ဘာကြီးကို လိုက်လံလေ့လာနေကြသည့်အတိုင်းပင်။၊
ထို့အပြင် ဤအကောင်သုံးကောင်သည် သတိလစ်နေကြဆဲဖြစ်သည့် ကောင်မလေးနှစ်ယောက်အပေါ်တွင် သူတို့၏ မိခင်ကဲ့သို့ပင် ထူးခြားစွာရင်းနှီးနေကြသည်။ သူတို့သည် ကျောက်ကုတင်အား ပတ်ပတ်လည်၀ိုင်းနေကြခြင်းသည် ကောင်မလေးများကို အန္တရာယ်ပြုလိုသောကြောင့်မဟုတ်ပေ။ ကာကွယ်ပေးနေခြင်းပင်။ ထိုအကောင်သုံးကောင်၏ အော်ဟစ်သံများသည် စိုးရိမ်မှုများဖြင့်ပြည့်နှက်နေပြီး ကောင်မလေးများကို နိုးရန်အတွက် ကြိုးစားနေသည့်အတိုင်းပင်။ သူမတို့အား ဤနေရာတွင် အလွန်အန္တရာယ်ရှိကြောင်း