အခန်း (၆၂၁)
Vol. 40 Ch. 621
“ဒီမွေးကင်းစအကောင်တွေက အယ်လီနာနဲ့ အန်ဂျယ်လာတို့ကို သူတို့ရဲအမေလို့ထင်သွားတာလား...” ဖှေးသည် တစ်စုံတစ်ခုကို နားလည်သွားသလိုခံစားလိုက်ရသည်။
သတ္တ၀ါများစွာသည် သူတို့ပထမဆုံးမြင်တွေ့ဖူးသည့် အရာများကို သူတို့၏မိဘအဖြစ်သက်မှတ်တတ်ကြောင်းကို ကြားဖူးသည့်အတွက်ပင်။
ဤအကောင်များသည် ဥထဲမှထွက်ထွက်လာခြင်းပင် အန်ဂျယ်လာနှင့် အယ်လီနာတို့ကို မြင်တွေ့ခဲ့သည့်အတွက်ကြောင့် သူတို့၏ မိဘများအဖြစ်သက်မှတ်လိုက်သည့်ပုံပင်။
ဖှေး ဥများကို ရရှိခဲ့သည့်အချိန်မှစတင်၍ အန်ဂျယ်လာသည် သူတို့အား ဂရုစိုက်ပေးလာခဲ့သည်။ သူမသည် ဥများကို အနွေးဓာတ်ပေးရန်အတွက် အထူးစီစဥ်ထားသည့် မှော်သေတ္တာများကိုပင် ပြုလုပ်ခဲ့သည်။
အကယ်၍ ဤအကောင်များသာ ဖြစ်ပျက်နေသည့်အရာများကို အာရုံခံခဲ့နိုင်ပါက သူတို့သည် ဥထဲမှ မထွက်ခင်မှာပင် အန်ဂျယ်လာသည် သူတို့၏မိခင်ဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည်ဖြစ်သည်။ ဤအတွက်ကြောင့် သူတို့သည် ကောင်မလေးနှစ်ယောက်တို့ကို ကာကွယ်ပေးနေကြခြင်းဖြစ်နိုင်၏။
“အံ့ဩစရာပဲ...”
ဖှေး ဖြှေးညှင်းစွာဖြင့် စိတ်တည်ငြိမ်အောင်ကြိုးစားကာ အပန်းဖြေလိုက်သည်။ သူသည် ဤအကောင်သုံးကောင်အတွက် အန္တရာယ်မရှိသည့်ပုံပေါက်စေလို၍ဖြစ်ပြီး ကျောက်ကုတင်ထံသို့ ဖြည်းညှင်းစွာဖြင့် ချဉ်းကပ်လိုက်၏။ လက်ရှိတွင်အရေးကြီးဆုံးအရာသည် ကမ္ဘာကျောက်တုံးကိုအသုံးပြု၍ ဤကောင်မလေးနှစ်ယောက်ကို သတိပြန်ရအောင် ပြုလုပ်ရန်ဖြစ်၏။ ပို၍ကြာရှည်လာပါက အန္တရာယ်ပိုရှိလာနိုင်သည့်အတွက်ပင်။
“ဟစ်စ်စ်စ်စ် ...” အနီရောင်မကောင်းဆိုး၀ါးသည် နက်ရှိုင်းသည့် ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်၏။
ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင်များ သူ၏မျက်လုံးများထဲတွင်ပေါ်လာပြီး အပြာရောင်မျက်လုံးသည်လည်း အနီရောင်သို့ပြောင်းလဲသွားတော့သည်။ သူ၏ပါးစပ်ထဲတွင်ရှိသော ချွန်ထက်နေသည့် သွားများသည် ကြောက်မက်ဖွယ်ကောင်းနေပြီး မြွေကဲ့သို့ေသာ နှစ်ခြမ်းကွဲနေသည့်လျှာသည် ထူးခြားသည့် ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်ပေးနေလျှက်ရှိသည်။
“မစိုးရိမ်ပါနဲ့ အကောင်လေး ငါက မင်းအမေရဲ့ ရည်းစားပါ ဟုတ်တယ် မစိုးရိမ်နဲ့ ငါကမင်းအမေကို ကယ်ဖို့လာတာ။ ဒီမှာပဲ ကုပေးမလို့ ဟုတ်တယ် မစိုးရိမ်နဲ့ နားထောင် အား မီးနဲ့မမှုတ်နဲ့လေ ငါက မင်းအဖေပဲ...”
ဖှေး၏ အစီစဥ်သည် ဆိုး၀ါးစွာပင် ကျရှုံးသွား၏။
သူသည် အကောင်များအနားသို့ ဖြေးညှင်းစွာချည်းကပ်ရင်းဖြင့် အနီကောင်ကို နှစ်သိမ့်ရန်ကြိုးစားနေခဲ့သည်။
သို့သော် အနီရောင်မကောင်းဆိုး၀ါးသည် လက်ခံခြင်းမရှိပဲ ဖှေး ၂မီတာအကွာဝေးသို့ ရောက်ရှိလာသည့်အချိန်တွင် သူ၏ပါးစပ်ကို ဖွင့်ကာ မီးများဖြင့်မှုတ်လိုက်၏။ ဘေးပတ်၀န်းကျင်တွင်ရှိသည့် အပူရှိန်များသည် သိသိသာသာပင်မြင့်တက်သွားပြီး ဆာလဖာနှံ့များသည်လည်း ပို၍သိပ်သည်းလာတော့၏။ ဖှေးသည် အငိုက်မိသွားသည့်အတွက်ကြောင့် ချက်ချင်းပင် မျက်နှာပေါ်တွင် ပူလောင်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူသည် စူးရှသည့်အနံ့များကို ရှူရှိုက်လိုက်မိပြီး မွန်းကြပ်သွားလုနီးနီးပင်ဖြစ်သွား၏။ ကံကောင်းစွာပင် သူသည် လျှင်မန်စွာတုန့်ပြန်လိုက်သည့်အတွက်ကြောင့် ငွေရောင်စွမ်းအင်စက်လုံးပေါ်လာကာ မြင့်မားသည့် အပူရှိန်ကို ကာရံလိုက်သည်။
“သေစမ်း ဒီမီးတောက်စွမ်းအားက ကြောက်စရာပဲ။ လအဆင့်စစ်သည်တွေရဲ့ မီးဂုဏ်သတ္တိစွမ်းအင်ကိုတောင်မှီတယ်...” ဖှေးသည် အလွန်စိတ်ဆိုးသွားသည့်အတွက်ကြောင့် အနီရောင်မကောင်းဆိုး၀ါးကိုလက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။ “သေစမ်း မင်းက ကိုယ့်အဖေကိုယ်တောင်မမှတ်မိဘူးလား...”
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များရယ်မောလိုက်မိကြသည်။ အခြေအနေသည် လေးလံတင်းမားနေခြင်းမရှိတော့ပေ။
သို့သော် မကောင်းဆိုး၀ါးအရိုးနဂါးအာသာသည် ဤမြင်ကွင်းကို တုန်လှုပ်စွာဖြင့်ကြည့်နေ၏။ အာသာသည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး မသေချာသေးသည့်ပုံပင်။
အနီရောင်အကောင်သည် ဖှေး၏မျက်နှာအား အမဲရောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီးသည့်နောက်တွင် ဂုဏ်ယူစွာဖြင့် အော်ဟစ်ကာ သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ သူသည် အပြာရောင်နှင့် အစိမ်းရောင်မကောင်းဆိုး၀ါတို့ကို ကြွား၀ါနေခြင်းဖြစ်ပြီး သူ၏ ရုပ်သွင်သည် ရက်စက်ကြမ်းကြုတ်သည့်ပုံရှိသော်လည်း အနည်းငယ်ပင်ချစ်စရာကောင်းနေ၏။
“ငါတော့ င့ါရဲ့အမြင့်ဆုံးစွမ်းအားကို အသုံးပြုရတော့မယ်ထင်တယ်...” ဖှေးသည် တွေးကာ ဒရူးဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်တော့၏။
ဒရူးဇာတ်ကောင်သည် လူရိုင်းဇာတ်ကောင်ထက် များစွာပို၍အားနည်းပြီး ထပ်မံ၍ မီးဖြင့် မှုတ်ခံလိုက်ရပါက ဖှေးသည် ပြင်းထန်စွာဒဏ်ရာရရှိသွားနိုင်သည်။ သူသည် လုံခြုံသည့် အကွာအဝေးသို့ ဆုတ်ခွာလိုက်ပြီးသည့်နောက်တွင် အကောင်များနှင့်ဆက်သွယ်ရန်အတွက် ဒရူးဇာတ်ကောင်၏ စွမ်းအားများကိုအသုံးပြုကာ ကြိုးစားကြည့်လိုက်သည်။
ဒရူးဇာတ်ကောင်၏ စွမ်းအားများကိုအသုံးပြုလိုက်ခြင်းဖြင့် ဖှေးသည် ဤအကောင်းများ၏ စိတ်နေစိတ်ထားကို ရှင်းလင်းစွာဖြင့် အာရုံခံလိုက်မိသည်။
သူတိုသည် ပတ်၀န်းကျင်အသစ်အား စူးစမ်းလိုနေကြပြီး အနည်းငယ် သတိထားနေကြသည်။ တိုနီ၏ မီးပေါက်ကွဲခြင်းစွမ်းအားများကြောင့် ဖြစ်ပေလိမ့်မည်ဖြစ်သည်။ သူတို့၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် စွမ်းအားများသည် အနည်းငယ် ဗရမ်းပတာဆန်နေ၏။ သူတို့သည် မိမိကိုယ်မိမိကာကွယ်နိုင်ရန်အတွက် ကြိုးစားနေကြခြင်းပင်။ ထို့အပြင် ဤသုံးကောင်သည် အန်ဂျယ်လာနှင့် အယ်လီတာတို့အပေါ်တွင် အလွန်ခင်မင်ရင်းနှီးသည့် ခံစားချက်တစ်ခုရှိနေသည်ကိုလည်း ဖှေးအာရုံခံလိုက်မိသည်။ အထူးသဖြင့် အန်ဂျယ်လာကိုပင်။ သူမနှင့် အကောင်များကြားတွင်ရှိနေသည့် ဆက်နွယ်မှုသည် မိခင်နှင့် ကလေးတစ်ယောက်ထက်ပင် ပိုနေ၏။
ဒရူးဇာတ်ကောင်၏စွမ်းအားများကိုအသုံးပြု၍ ဖှေးသည်ဤအကောင်သုံးကောင်နှင့် လွယ်ကူစွာပင် ဆက်သွယ်နိုင်သွား၏။
မကြာမှီတွင် မယုံနိုင်စရာကောင်းသည့်အရာတစ်ခုဖြစ်ပျက်သွားတော့၏။
ဖှေးသည် ပတ်၀န်းကျင်တွင်ရှိနေသည့် လူများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကာ ရန်လိုနေကြသည့်အကောင်များနှင့် ပတ်သက်၍ ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကို စဥ်းစားနေကြသော်လည်း အနီကောင်သည် သူ၏ခေါင်းကို စောင်းကာ ဖှေးအားကြည့်လိုက်၏။ ထို့နောက်တွင် ပျော်ရွင်စွာအော်ဟစ်သည့်အသံများစွာထွက်ပေါ်လာပြီး ဖှေးထံသို့ ခြေလေးချောင်းလုံးအသုံးပြုကာ ပြေးလာတော့၏။
ဖှေးသည် အစပိုင်းတွင် အံ့ဩနေ၏။
သို့သော် ရန်လိုခြင်းများကို အာရုံခံနိုင်ခြင်းမရှိသည့်အတွက် စိုးရိမ်မိခြင်းမရှိပေ။ ထိုအစား ဤအနီရောင်ကောင်သည် သူ့အား အချိန်အတော်ကြာသိနေခဲ့သည်ဟု ခံစားမိပြီး သူ့အား ရင်းနှီးစွာဖြင့် ကြည့်နေ၏။
ဖှေးသည် သူ၏လက်မောင်းများကို ဆန့်တန်းလိုက်ရာအနီကောင်သည် သူ့ပေါ်သို့ ခုန်တက်လာတော့၏။ မမျှော်လင့်ထားစွာပင် ဖှေးကိုယ်တိုင်ပင် မြေပြင်ပေါ်သို့ ပစ်လဲသွား၏။ အနီရောင်အကောင်သည် ပျော်ရွှင်နေသည့် ဆူညံသံများကို ထုတ်လွှတ်နေဆဲပင်ဖြစ်ပြီး သူ၏အနီရောင်လျှာသည် ဖှေး၏မျက်နှာအား စိတ်လှုပ်ရှားနေသည့် ခွေးလေးတစ်ကောင်ကဲ့သို့လျက်နေ၏။ ခဏကြာပြီးသည့်နောက်တွင် အပြာရောင်နှင့် အစိမ်းရောင်သားရဲကောင်များလည်း စတင်တုန့်ပြန်လာကြပြီး ဖှေးထံသို့ ပြေး၀င်လာကြတော့၏။ အနီရောင်အကောင်ကဲ့သို့ပင် ဖှေး၏မျက်နှာကို ဝိုင်းလျက်နေကြ၏။
“အား ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းတို့ကောင်တွေမှတ်မိရင်ပြီးတာပဲ ဟားဟား မလျက်ပါနဲ့တော့ ထပါရစေဦး...” ဖှေးသည် မြေပေါ်မှ ခုန်ထလိုက်၏။
ဒရူးဇာတ်ကောင်များသည် ခွန်အားကြီးမားခြင်းမရှိပေ။ ဤအကောင်များသည် မွေးကင်းစသာဖြစ်သေးသော်လည်း သူတို့၏ခွန်အာများသည် အလွန်ပင်သန်မာနေပြီဖြစ်သည်။ ထို့ကြောင့် ဖှေးသည် အနိုင်နိုင်ဖြင့်သာ အကောင်းသုံးကောင်ဝိုင်းဖက်နေသည့်ကြားထဲမှ အလူးအလဲထလာရ၏။
အနီကောင်သည် ထင်ရှားစွာပင် မီးဂုဏ်နတ်ဆိုးသားရဲပင်။ သူဖှေး၏မျက်နှာကိုယက်လိုက်သည့်အချိန်တွင် ဖှေးသူ၏ပါးပေါ်တွင် ငရုပ်ရည်ဖြင့် ဖြန်းခံလိုက်ရသကဲ့သို့ ပူလောင်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ တစ်ဖက်တွင် အပြာရောင်ကောင်သည် ရေခဲဂုဏ်သတ္တိနတ်ဆိုးသားရဲပင်။ ဖှေးသည် ရေခဲတုန်းဖြင့် ယက်ခံနေရသလိုခံစားနေရ၏။ အစိမ်းရောင်အကောင်သည် ပို၍သာမန်ဆန်၏။ ဖှေးသူ၏ ဂုဏ်သတ္တိစွမ်းအင်ကို လက်ရှိတွင် ရှာတွေ့ခြင်းမရှိသေးပေ။ သို့သော် သူ၏လျှာသည်အလွန်ကြမ်းတမ်းသလိုခံစားလိုက်မိ၏။
အကောင်များသည် ပျော်ရွှင်စွာဖြင့် အော်ဟစ်နေကြပြီး ဖှေးအောက်တွင် အစာကျွေးမည့်အချိန်ကို စောင့်နေကြသည့် ခွေးလေးများကဲ့သို့ပင် အိပ်နေကြတော့၏။
ဤမြင်ကွင်းသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။
သူတို့သည် ဘုရင်သားရဲကောင်များကို ယဥ်ပါးအောင်ပြုလုပ်လိုက်ခြင်းအား အံ့ဩနေကြခြင်းမဟုတ်ပေ။ ဤသားရဲကောင်များသည် အလွန်ဉာဏ်ရည်မြင့်သည့်အတွက်ကြောင့် အံ့ဩနေကြခြင်းပင်။ ထိုအကောင်များသည် အသက်ကိုးနှစ်အရွယ်ကလေးများ၏ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြ၏။
“ကောင်းပြီလေ ငါမင်းတို့အမေကို သွားကြည့်လို့ရပီလား...” ဖှေးသည် အကောင်များနှင့် ဆက်သွယ်ရန်အတွက် ကြိုးစားကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် အကောင်များသည် သူ့အား ဆက်လက်၍ တားဆီးခြင်းမရှိကြတော့ပေ။
ဤအကောင်လေးသုံးကောင်သည် သူတို့၏နောက်ခြေများဖြင့် ဖြောင့်မက်အောင်ရပ်ကာ လမ်းလျှောက်နိုင်ကြပြီး ဖှေး၏ အင်္ကျီစများကို ဆွဲကာ ဖှေးအား ကျောက်ကုတင်ထံသို့ ခေါ်သွားပေးနေကြ၏။ ကျောက်ကုတင်ပေါ်တွင်အိပ်နေသည့် ကောင်မလေးများကို သူတို့၏လက်သည်းများဖြင့် ညွှန်ပြလိုက်ပြီး စိုးရိမ်မှုများသည် သူတို့၏တောက်ပသည့်မျက်လုံးများထဲတွင်ပေါ်လာတော့၏။ ထို့နောက်တွင် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်၏။
“ဟားဟား ဘာမှမဖြစ်ပါဘူး...သူတို့က ငါတို့ဘက်ကပါကွ င့ါကောင်တို့ သူတို့ကိုလာခိုင်းလိုက်ပါ...” ဖှေးသည် ပြုံးကာ သားရဲသုံးကောင်အား ပြောလိုက်၏။
ထို့နောက်တွင် ချမ်းဘော့ဒ်မှ စစ်သည်များကို လက်ဝှေ့ရမ်းပြလိုက်ပြီး ဤနေရာအား သန့်ရှင်းရေးလုပ်ရန်အတွက် အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် မှော်ရထားလုံးတစ်ခုကို ယူလာစေပြီး အန်ဂျယ်လာနှင့် အယ်လီနာတို့ကို အထဲသို့ ဂရုတစိုက်ဖြင့် ထည့်လိုက်သည်။ စူးဆန်းလိုစိတ်ပြင်းထန်နေသည့် သားရဲကောင်များသည် ဖှေး၏ အင်္ကျီစကို ဆွဲလျှက်မြင်ရသည့် အရာရာတိုင်းကို ဖှေးအား မေးနေလျှက်ရှိ၏။ ရထားလုံး၏အနောက်မှ လိုက်ပါနေရင်းဖြင့် ပို၍ လုံခြုံသည် ခြံ၀န်းထဲသို့ ရောက်ရှိသွား၏။
ဖှေးသည် ဤအဆောက်ဦးထဲတွင်ရှိနေသည့်လုံခြုံရေးများကိုလည်း ပြန်လည်ကာ အစီစဥ်ချလိုက်သည်။ ယခုအချိန်တွင် အပြင်ပိုင်းတွင် တင်းကြပ်ခြင်းမရှိပဲ အထဲတွင်သာ တင်းကြပ်သည့်လုံခြံရေးအစီစဥ်ပင်။ အပြင်ပန်းမှကြည့်ပါက ထူးဆန်းသည့်အရာများမရှိသော်လည်း အထဲတွင် ခံတပ်မျှော်စင်များစွာရှိနေ၏။ ထို့အပြင် ဖှေးသည် ခြံ၀န်းထဲတွင် မှော်ထောင်ချောက်များစွာကိုလည်း နေရာချထား၏။ အာသာအား ဆူပြီးသည့်နောက်တွင် နဂါးမကောင်းဆိုး၀ါးအား အပြစ်ပေးသည့်အနေဖြင့် ဤနေရာတွင် လုံခြုံရေးအနေဖြင့် တာ၀န်ပေးထားလိုက်၏။ ထို့ကြောင့် လုံခြုံရေးကို စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။