အခန်း (၆၂၂)
Vol. 40 Ch. 622
“နောက်ပြီးတော့ ငါအာကာရာနဲ့ ကိန်းတို့စီသွာပြီးတော့ ကမ္ဘာကျောက်တုံးကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မေးမှရမယ်...”
အရာအားလုံးကို စီစဥ်ထားပြီးသည့်နောက်တွင် ဖှေးသည် အဆောက်ဦး၏အပြင်ဘက်တွင် ရပ်နေရင်းဖြင့် ဘာဆက်လုပ်သင့်ကြောင်းကို စဥ်းစားနေ၏။ ရုတ်တရက်ပင် သူ၏နားထဲတွင် ခင်မင်းရင်းနှီးစွာအော်ဟစ်နေသည့်အသံများကိုကြားလိုက်ရပြီး သူ၏ နဖူးကို အကူညီမဲ့စွာဖြင့် ပွတ်ရင်းဖြင့် သူ့အနောက်မှ အမြဲကပ်၍ လိုက်ပါနေလျှက်ရှိသည့် သားရဲသုံးကောင်ကို ပွတ်ပေးလိုက်သည်။
ဤသုံးကောင်သည် သူ့အားကပ်နေလျှက်ရှိပြီး သွားသည့်နေရာတိုင်းကိုပင် လိုက်ပါနေလျှက်ရှိသည်။
ဖှေးသည် သူ၏ အရှေ့တွင်ရှိနေသည့် လျို့၀ှက်သော သတ္တ၀ါသုံးကောင်နှင့် ပတ်သက်၍ စိတ်၀င်စားနေဆဲပင်။
ဤနတ်ဆိုးသားရဲများသည် ရှေးမျိုးနွယ်များဖြစ်နိုင်၏၊။ သို့မဟုတ်ပါက သူတို့၏ ဥများသည် ရုပ်ကြွင်းများကဲ့သို့ဖြစ်နေလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ဖှေးသည် ဥများကို ဒဏ္ဏာရီလာမြေများထံမှရရှိခဲ့သည့်ပစ္စည်းများကို ရောင်းချနေသည်ဟုဆိုသောလျို့၀ှက်သည့် အဖိုးကြီးတစ်ယောက်ထံမှ ၀ယ်ယူလာခဲ့ခြင်းဖြစ်ပြီး ထိုအဖိုးကြီးသည် ဖှေး၀ယ်ယူပြီးလျှင်၀ယ်ယူလိုက်ခြင်းပင် ပျောက်ကွယ်သွားခဲ့သည်။ အလံနှစ်စုံမြို့တော်ထဲတွင်ရှိနေသည့် မည်သူမှ ဤကဲ့သို့သောအရာများကို မြင်ဖူးခြင်းမရှိကြပေ။
သို့သော် ဤသတ္တ၀ါသုံးကောင်သည် အလွန်ပင် ဉာဏ်ကောင်းလွန်းလှ၏။
တစ်ရက်အတွင်းမှာပင် သူတို့၏ပတ်၀န်းကျင်နှင့် အသားကျနေပြီးဖြစ်ပြီး အသက်ရှစ်နှစ်ကိုးနှစ်အရွယ်ကလေးငယ်များ၏ ဉာဏ်ရည်ကိုပင် ပိုင်ဆိုင်ထားနေပြီးဖြစ်သည်။
ယခုအချိန်တွင် ဤအကောင်များသူ့အား ရင်းနှီးနေရခြင်း၏အကြောင်းရင်းကို ဖှေးနားလည်သွားပြီးဖြစ်သည်။
ဤအကောင်လေးများ ဥမပေါက်စဥ်ကအန်ဂျယ်လာသည် အထဲတွင် သက်ရှိများရှိမရှိကို စုံစမ်းပေးရန်အတွက် ဖှေးကို တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမှ ရှာတွေ့ခဲ့ခြင်းမရှိသော်လည်း ဒရူးဇာတ်ကောင်၏စွမ်းအားများသည် ဥများထဲတွင် ကျန်ရှိနေခဲ့သည့်အတွက်ကြောင့် ဤသတ္တ၀ါများသည် ဖှေးအား သူတို့၏ ဖခင်ဟုသတ်မှတ်လိုက်သည့်ပုံပင်။
“ဟားဟား ငါ့ရဲ့နောက်လိုက်လေးသုံးယောက်..ဟုတ်သားပဲ မင်းတို့မှာ နာမည်တွေမရှိသေးဘူး။ မင်းတို့ကောင်တွေကိုခေါ်လို့ကောင်းသွားအောင်လို့ နာမည်ပေးလိုက်မယ်။ အမ် အနီရောင်ကောင်က မီးမှုတ်ပြီးတိုက်ခိုက်နိုင်တယ်ဆိုတော့ မင်းကို လူမိုက်လို့ခေါ်လိုက်မယ် ဟားဟား အပြာကောင်က တစ်ခြားကောင်တွေထက်ပိုပြီးချစ်ဖို့ကောင်းပြီး ရှက်တတ်တဲ့အမတစ်ကောင်လိုပဲ မင်းကို လူဆိုးလို့ ခေါ်လိုက်မယ်။ ဟီးဟီး အစိမ်းကောင် မင်းက အထာကျကျနေချင်တဲ့ကောင်ဆိုတော့ မင်းကို လူရမ်းကားလို့ခေါ်လိုက်မယ်။ ဒီနာမည်သုံးခုက အတော်လေးကောင်းတာပဲ မင်းတို့တွေကြိုက်မယ်ထင်တယ်...”
အန်ဂျယ်လာနှင့် အယ်လီနာတို့သည်လည်း သေဆုံးတော့မည်မဟုတ်ပေ။ ကမ္ဘာကျောက်တုံးသည်လည်း သန့်စင်သွားပြီးဖြစ်ပြီး သူသည်လည်း တစ်နည်းတစ်ဖုံဖြင့် စွမ်းအားမြင့်မားသည့် နတ်ဆိုးသားရဲများကိုလည်းရရှိလိုက်သေးသည်။ ထို့ကြောင့်ဖှေးသည် ပျော်ရွှင်နေလေရာ ငြင်းဆန်နေကြသော်လည်း ထိုကဲ့သို့နာမည်များကို စနောက်ကာ ပေးလိုက်၏။
နောက်ဆုံးတွင် သားရဲသုံးကောင်သည်လည်း လက်ခံလိုက်ရတော့သည်။
သို့သော် သူတို့၏ အဖေသည် အရမ်းယုံကြည်၍မရကြောင်းကိုလည်း ထိုသုံးကောင်းစတင်သဘောပေါက်လာသည့်အတိုင်းပင်။
“ကောင်းပြီလေ ဒီလောက်ဆိုရပါပြီ လူမိုက် လူဆိုးနဲ့ လူရမ်းကားကို မင်းအမေစီခေါ်သွားပြီးတော့ သူတို့ကို ကာကွယ်ပေးထားလိုက်...” ဖှေးပြောလိုက်သည်။ သူပြောပြီးလျှင်ပြီးခြင်းပင် ရယ်မောလိုက်မိ၏။
နတ်ဆိုးသားရဲသုံးကောင်သည် ဘုရင်အားနားလည်နိုင်ပြီး လူမိုက်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ်ကာ ကျန်ရှိနေသည့် နှစ်ကောင်နှင့်အတူ အဆောက်ဦးထဲသို့ ပြန်၀င်သွားပြီး အန်ဂျယ်လာနှင့် အယ်လီနာတို့ ဘေးတွင် ၀န်းရံကာ လှဲနေတော့၏။
သူတို့သည် အသက်ငယ်ကြသေးသော်လည်း ဤနတ်ဆိုးသားရဲများသည် အလွန်ပင်စွမ်းအားမြင့်မားလှသည်။ ကောင်မလေးနှစ်ယောက်သည် ပို၍ လုံခြုံသောနေရာသို့ပင်ရောက်ရှိနေပြီဖြစ်သည်။
ဤအခိုက်တန့်တွင် တိုးရိစ်သည် တံခါးပေါက်မှ ၀င်လာကာ အလေးပြုပြီးမေးလိုက်သည်။ “အရှင်မင်းကြီး မဟာနှင်းတောင်က ကျွန်တော်တို့ ဖမ်းဆီးထားတဲ့လူနှစ်ယောက်ကိုရော ဘယ်လိုလုပ်ရမလဲ။ သူတို့ကို အခုချက်ချင်းပဲ စစ်မေးတော့မလား...”
တိုးရိစ်သည် တစ်စက္ကန့်ခန့်ရပ်နားကာ သူ၏မျက်လုံးများဖြင့်အချက်ပြလိုက်သည်။ သူတို့နှစ်ယောက်သည် မြို့တော်၀န်စံအိမ်ကို ဖျက်ဆီးကာ အန်ဂျယ်လာနှင့် အယ်လီနာတို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာခဲ့သည့်အတွက်ကြောင့် ဘုရင်သည် သူတို့အား နှိပ်စက်လိုခြင်းရှိမရှိကိုသိလိုသည့်အတွက်ပင်။ အကယ်၍ ဘုရင်သည်သာ သူတို့အားတားဆီးထားခြင်းမရှိပါက ထောင်မှူးအိုလတ်ဂ်သည် ထိုလူနှစ်ယောက်ကို အရည်ခွံနွှာကာ အစိတ်စိတ်မွှာမွှာဖြစ်အောင်ကိုပင် ပြုလုပ်ပြီးနေလောက်ပြီးဖြစ်၏။
ဖှေးသည် စဥ်းစားကြည့်လိုက်ပြီး သူ၏ခေါင်းကိုခါရမ်းလိုက်သည်။ “ငါ့မှာ သူတို့နဲ့ ပတ်သက်လို့ အချိန်မရှိသေးဘူး။ လောလောဆယ်တော့ ဖမ်းချုပ်ထားလိုက်။ အာသာက သူ့အတွင်းအားစွမ်းအင်ကို သုံးပြီး သူတို့ကို ချုပ်ထားတာဆိုတော့ သူတို့က သာမန်လူတွေလိုပဲဖြစ်နေလိမ့်မယ်။ အရေးကြီးတာတွေကို အရင်လုပ်ပြီးမှ သူတို့ကို ငါကိုယ်တိုင်ကိုင်တွယ်လိုက်မယ်...” သူေပြာလိုက်၏။
လက်ရှိတွင် အရေးကြီးဆုံးအရာမှာ အန်ဂျယ်လာနှင့် အယ်လီနာတို့ကိုသာ ပြန်သတိရအောင်လုပ်ရန်ဖြစ်ပြီး ကျန်သည့်အရာများကို ဖှေးခေါင်းထဲမထည့်သလိုသေးပေ။ အမှန်ပင် ဖှေးသည် နှင်းတောင်သိုင်းဆရာနှင့် တိုနီတို့ကိုလည်း သွားခွင့်ပေးလိမ့်မည်မဟုတ်ပေ။ အချိန်ရှိပါက သင်ခန်းစာပေးဦးမည်လဲဖြစ်သည်။
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...”
သူသည် အာသာမည်သည့်နေရာမှ ရောက်လာသည်ကို မသိသော်လည်း ဤကောင်လေးသည် သိုင်းဆရာတစ်ယောက်ဖြစ်သည်ကို ရိပ်မိပြီးဖြစ်သည်။ အာသာသည် လအဆင့်သိုင်းဆရာနှစ်ယောက်အား လွယ်ကူစွာဖမ်းဆီးနိုင်လိုက်ခြင်းကို ချမ်းဘော့ဒ်စစ်သည်များအခုတိုင်အောင်ပြောနေကြဆဲပင်။
အာသာသည် ဘုရင်၏ သူငယ်ချင်းတစ်ယောက်နှင့် လူယုံတစ်ယောက်လဲဖြစ်ပုံရ၏။ တိုးနီစ်သည် များစွာစိတ်အေးသွား၏။ ဤကဲ့သို့သောစွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်သာမြို့ထဲတွင်ရှိနေပါက ချမ်းဘော့ဒ်တိုင်းပြည်သည် ရန်သူများ၏ အသိမ်းပိုက်ခံရမည်ကို တော်ရုံတန်ရုံစိတ်ပူစရာမလိုတော့သည့်အတွက်ပင်။
ခနတာစဥ်းစားပြီးသည့်နောက်တွင် တိုးရိစ်သည် နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်၏။ “အရှင်မင်းကြီး အရှင်ပြန်သယ်လာတဲ့ မဟာဘုရားကျောင်းမှ အဖွဲ့၀င်နှစ်ယောက်ကိုရော ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ...”
“အေး သူတို့ကို မြို့ထဲမှာရှိတဲ့ဘုရားကျောင်းကို ပို့ပေးလိုက်။ မဟာဘုရားကျောင်းက သူ့တို့ကို ကုပေးလိမ့်မယ်...” အစီစဥ်နှင့် ဗျူဟာတိတိကျကျမရှိသေးမှီတွင် ဖှေးသည် အေဇာရုတိုက်အားကြီးစိုးထားသည့်အဖွဲ့စည်းနှင့် တိုက်ရိုက်ဆက်သွယ်လိုခြင်းမရှိသေးပေ။
ကျန်ရှိနေသည့် ကိစ္စများကို စီစဥ်ပြီးခေါင်းဆောင်များ၊ ဆွေကြီးမျိုးကြီးများ၏ တွေ့ဆုံရန်ခွင့်တောင်းထားသည်များကို လျစ်လျူရှုထားပြီးသည့်နောက်ပိုင်းတွင် ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲသို့ တိုက်ရိုက်ပင် ၀င်ရောက်ခဲ့တော့သည်။
သုံးရက်ခန့်ကြာပြီးသည့်နောက်တွင် နတ်စင်အသစ်တစ်ခုကို ခြံ၀န်းအသစ်တစ်ခုထဲတွင် ဆောက်လုပ်ထားရာ ဆယ်မီတာကျော်ခန့်မြင့်မား၏။
အ၀ါရောင် ကျောက်တုံးများသည် အထပ်တစ်ထပ်ခြင်းစီတိုင်းကို ဖန်တီးထားပြီး တစ်ထပ်ခြင်းစီတိုင်းသည် တစ်မီတာခန့်ရှည်လျားသည့် စက်ဝိုင်းပြားတစ်ခုပင်။ အနီးကပ်ကြည့်ရှုပါက ဤနတ်စင်သည် ဒဏ္ဏာရီလာနတ်စင်ကို လိုက်လံတုပကာ ဆောက်လုပ်ထားခြင်းပင်။
မှော်ထွင်းစာများနည်းပါးသော်လည်း နတ်စင်ပေါ်တွင် မှော်အစီရင်များနှင့်ပြည့်နှက်နေဆဲပင်။
ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် ချမ်းဘော့ဒ်တိုင်းပြည်မှ သူတော်စင်တပ်ဖွဲ့၀င်များသည် ထိုနတ်စင်အောက်တွင် လှည့်လည်စောင့်ကြပ်နေကာ သူတို့၏ သတ်ဖြတ်လိုသည့် ဆန္ဒများကို ပြသထားကြ၏။