← Chapters

"ပြန်လာခြင်း"

Vol. 40 Ch. 623

"ပြန်လာခြင်း"

Vol. 40 Ch. 623

"ဒီဟာ အလုပ်လုပ်မယ်ဆိုတာကို ခင်ဗျားတို့တွေ သေချာလို့လား။ အန္တရာယ်မရှိဘူးမလား..." ဖှေးသည် နတ်စင်ငယ်အား လှည့်ပတ်ကြည့်ရင်းဖြင့် မေးလိုက်သည်။

"မင်း ဒီမေးခွန်းကို မေးတာ အခါတစ်ရာမကတော့ဘူး။ မင်း စိတ်မရှုပ်သေးဘူးဆိုရင်တော့ အေးသေချာပါတယ်။ အန္တရာယ်မရှီဘူးလို့ မင်းကို တပ်အပ်ပြောလို့ရပါတယ်..." အာကာရာသည် အကူညီကင်းမဲ့စွာဖြင့် ပြောလိုက်၏။ သူမသည် ဖှေး၏ စိတ်အခြေအနေကို နားလည်နိုင်သည်မှာ ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် ဖှေးကိုပင် ဆဲမိတော့မည်ဖြစ်သည်။ မည်သူမဆိုပင် တူညီသည့် မေးခွန်းအား အကြိမ်တစ်ရာမကအောင် မေးမြန်းခြင်းခံရပါက ဒေါသဖြစ်လိမ့်မည်ဖြစ်သည်။

"အမ်ဟုတ်လား ကောင်းပါပြီ..." ဖှေး သူ၏ခေါင်းကို ကုတ်လိုက်သည်။

အန်ဂျယ်လာနှင့် အယ်လီနာတို့သည် နတ်စင်၏ အပေါ်ဆုံးထပ်တွင်ရှိနေကြပြီး ကမ္ဘာကျောက်တုံးအား သူတို့နှစ်ယောက်ကြားထဲတွင်ရှိသည့် အချိုင့်လေးတစ်ခုထဲတွင်ချထား၏။ ဤတန်ဖိုးကြီးသည့် ကျောက်တုံးအား ကြိုတင်စီစဥ်ထားသည့်နေရာတွင် ထား၍ သန့်စင်သည့်စွမ်းအင်များစွာကို ထုတ်လွှတ်ပေးလျှက်ရှိသည်။

မှောင်ထွင်းစာများနှင့် မှော်အစီရင်များစွာကိုလည်း နတ်စင်ပတ်ပတ်လည်တွင်ထားထား၏။

ကိန်းနှင့် အာကာရာတို့သည်လျို့၀ှက်သည့် ကျောက်တုံးအခန်းနံရံပေါ်တွင်ရှိနေသည့် သင်္ကေတများကို လေ့လာရင်းဖြင့် သူတို့သည် စွမ်းအင်များအရှိန်၀ါများကို ဖုံးကွယ်ထားသည့်နေရာတွင် ကျွမ်းကျင်လာကြ၏။ နတ်ဘုရားလှည့်စားခြင်းတံဆိပ်များသည် ဤကဲ့သို့ လေ့လာခြင်းမှဖြစ်ပေါ်လာသည့် အရာများပင်။

ဤနတ်စင်သည် ကမ္ဘာကျောက်တုံးမှ စွမ်းအင်များစွာကို ဆွဲယူမည်ဖြစ်သည့်အတွက်ကြောင့် ကျယ်ပြန့်ကာ သန့်စင်လှသည့်စွမ်းအင်များသည် ဘေးပတ်၀န်းကျင်တွင်ရှိနေသည့် သိုင်းဆရာများ၏ အာရုံစိုက်မှုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် ဤမှော်အစီရင်များကိုအသုံးပြုခြင်းဖြင့် အရာအားလုံးကို ဖုံးကွယ်ထားနိုင်မည်ဖြစ်၏။

"ကောင်းပြီလေ စလိုက်ရအောင်..." နတ်စင်ပါ်တွင်ရှိသည် နောက်ဆုံးမှော်အစီရင်အား ရေးထိုးပြီးသည့်အချိန်တွင် အာကာရာမှ ပြောလိုက်၏။

ဖှေး မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးကိန်းအနားသို့ ကပ်သွားသည့်အချိန်တွင် အဖိုးကြီးကိုန်းသည် ဖှေးဘာမှမပြောရသေးခင်မှာပင် အော်ဟစ်လိုက်သည်။ "မပြောနဲ့ မင်းဘာမေးချင်လဲဆိုတာကို ငါသိတယ်။ ဒါက ၁၀၀ရာခိုင်နှုန်းလုံခြုံတယ်ဆိုတာ မင်းကို အာမခံပါတယ်..."

ဖှေးဆွံ့အသွား၏။

နောက်ဆုံးကျန်ရှိနေသည့်မှော်အစီရင်အား မှန်ကန်တိကျစွာဖြင့် ရေးထိုးပြီးသည့်အချိန်တွင် အာကာရာနှင့် ကိန်းတို့သည် ကြိုတင်ပြင်ဆင်ထားသည့် မှော်တလင်းကျောက်သုံးလုံးကို အသုံးပြု၍ အပြင်ဘက်ဆုံး ကိုယ်ယောင်ဖျောက်ခြင်းမှော်အစီရင်အား အသက်သွင်းလိုက်သည်။ ပါးလွှာသည့်အလင်းစက်လုံးအလွှာတစ်ခုပေါ်လာကာ နတ်စင်နှင့် ပတ်ပတ်လည်နေရာများကို ၀န်းရံလိုက်၏။

ခံစားချက်များအားလုံးကို ပိတ်ဆို့ထားသောကြောင့် သီးခြားကမ္ဘာငယ်လေးတစ်ခုလိုပင်။

ထို့နောက်တွင် အာကာရာနှင့် ကိန်းတို့သည် မှော်တလင်းကျောက်ကိုးခုကိုအသုံးပြုကာ ဒဏာရီလာနတ်စင်ကို တုပထားသည့် နတ်စင်ငယ်လေးကို အသက်သွင်းလိုက်တော့သည်။

အပေါ်ဆုံးကိုးထပ်မြောက်မှ လွှဲ၍ ကျန်ရှိနေသည့် ရှစ်ထပ်သည် လျှင်မြန်စွာပင် စတင်၍ လည်ပတ်လာကြတော့သည်။ မီးပွားစများထွက်ပေါ်လာပြီး လည်အားကြောင့် လေမုန်တိုင်းအငယ်စားလေးတစ်ခုပင် ထွက်ပေါ်လာ၏။ ကိုးထပ်မြောက်တွင် ကမ္ဘာကျောက်တုံးသည် တောက်ပနေလျှက်ရှိပြီး အပြာရောင်အလင်းတန်းများသည် အန်ဂျယ်လာနှင့် အယ်လီနာတို့၏မျက်နှာများပေါ်သို့ ကျရောက်နေ၏။

ဖှေးဤအရာကို သေချာအာရုံစိုက်ကြည့်နေ၏။

ဖြစ်စဥ်မှာ တိုတောင်းလှသည်။ စက္ကန့်သုံးဆယ်ခန့်ကြာပြီးသည့်နောက်တွင် နတ်စင်သည် စတင်၍ နှေးကွေးလာပြီး အပေါ်တွင်ရှိနေသည့် ကမ္ဘာကျောက်တုံးသည်လည်း ပြန်လည်မှေးမိန်လာကာ အလင်းတန်းများကို ထုတ်လွှတ်ခြင်းမရှိတော့ပေ။ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားတော့၏။

ဖှေးသည် အလွန်ပင်စိုးရိမ်လာ၏။ သူသည် ချွေးများပျံနေသည့် အာကာရာနှင့် ကိန်းတို့ကို ကြည့်ကာ မေးလိုက်၏။ "ဘာတွေဖြစ်ကုန်တာလဲ မြန်လှချည်လား။ မအောင်မြင်လိုက်ဘူးလား..."

ဖြစ်စဥ်မှာ အလွန်တိုတောင်းကာ ရိုးရှင်းလှသည့်အတွက်ကြောင့် ဖှေးယုံနိုင်ခြင်းမရှိပေ။

"မဟုတ်ပါဘူး အောင်မြင်သင့်ပါတယ်..." ဖှေးသည် သူ၏နှာခေါင်းကိုပွတ်သပ်ရင်းဖြင့် ထူးဆန်းသည့် အမူယာနှင့်အတူ ကြောင်တောင်တောင်အဖြေတစ်ခုကို ပေးလိုက်၏။

"အလုပ်လုပ်သင့်တယ်ဟုတ်လား..." ဖှေးသည် နောက်ကွယ်တွင်ရှိနေသည့် အဓိပ္ပါယ်ကိုနားလည်လိုက်သည့်အတွက်ကြောင့် အနည်းငယ်တုန်လှုပ်သွား၏။ "အလုပ်လုပ်သင့်တယ်ဆိုတော့ ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး မသေချာဘူးဆိုတဲ့သဘောလား..."

"ဒါက...ဒီနည်းလမ်းကို နတ်ဆိုးဘုရင်ရဲ့ အသိပညာစာအုပ်ထဲက ရလာတာလေ။ ငါနဲ့ သူတော်စင်မ တွေ့ခဲ့တာ။ ဒါပေမယ့် တစ်ခါမှတော့ မသုံးဖူးဘူးပေါ့။ အေး မစိုးရိမ်ပါနဲ့ ဒါက ပထမဆုံးကြိမ်ဆိုပေမယ့် ငါဒီနည်းလမ်းကို ထပ်ခါထပ်ခါစမ်းသပ်ထားပြီးသားပါ အန္တရာယ်မရှိပါဘူး..." ဖှေး၏မျက်နှာပေါ်မှ စိုးရိမ်မှုများကို တွေ့လိုက်ရသည့်အတွက်ကြောင့် ကိန်းသည် လျှင်မြန်စွာဖြင့် ရှင်းပြလိုက်သည်။

"မစိုးရိမ်ပါနဲ့ ဖှေး ပြသနာရှိတယ်လို့ ငါမထင်ပါဘူး။" အာကာရာသည် နတ်စင်ကိုးထပ်မြောက်သို့ ငေးကြည့်ရင်းဖြင့် ဖှေးကိုပြောလိုက်သည်။ "ကျွန်မရှင့်ကို ပြောပါတယ် ၁၃၄ခုမြောက်မှော်အစီရင်က မှားနေပါတယ်ဆို အဲ့တာက သုံးခေါက်ကွေးတဲ့ လမ်းကြောင်းပါဆိုနေ ရှင်က လခြမ်းပုံလမ်းကြောင်းနဲ့သွားဆွဲထားတာ တွေ့လား အခုတော့ ပြသနာဖြစ်နေပြီ..."

"ဒါက အဓိပ္ပါယ်မရှိတာပဲ ခင်ဗျားနည်းလမ်းက သက်သေခိုင်ခိုင်လုံလုံမရှိဘူး။ သုံးခေါက်ကွေးတဲ့လမ်းကြောင်းကို သုံးမယ်ဆိုရင် မလိုအပ်ပဲ မှော်စွမ်းအင်တွေအလကားကုန်ကုန်လိမ့်မယ်...လခြမ်းကွေးနဲ့နည်းလမ်းကပဲ အတည်ငြိမ်ဆုံးပဲံ..." ကိန်းသည်လည်း အနည်းငယ်ဒေါသဖြစ်ကာ အော်ဟစ်လိုက်သည်။ နည်းပညာဆိုင်ရာပြသနာတစ်ခုခုကြုံတွေ့ရပါက ဤနှစ်ယောက်သည် ကျယ်လောင်စွာဖြင့် ငြင်းခုန်လေ့ရှိကြ၏။

"ခင်ဗျားတို့..." ဖှေးသည်တစ်ချိန်တည်းမှာပင် ဒေါသဖြစ်ကာ တုန်လှုပ်သွားတော့သည်။

ယခုအချိန်တွင် သိပ္ပံပညာရှင်နှစ်ယောက်သည် သူ၏အသက်ငယ်တာ၀န်အား လက်တွေ့စမ်းသပ်မှုတစ်ခုကဲ့သို့ပင် သဘောထားလျှက်ရှိသည်ကို သိလိုက်ရသည့်အတွက်ပင်။

"ဒါဆို သူတို့ အန္တရာယ်ကင်းပါတယ်လို့ ပြောတာတွေက အလကားပေါ့..." သူတွေးလိုက်မိသည်။

သို့သော် ဘုရင်သည် အလွန်စိုးရိမ်နေသည့်အတွက်ကြောင့် သိပ်ပြီးယုံကြည်ရခြင်းမရှိသည့် သက်ကြီးပိုင်းနှစ်ယောက်ကို မဆူချင်သေးပေ။ သူသည် ချက်ချင်းပင်နတ်စင်ပေါ်သို့ ပျံသန်းသွားလိုက်၏။ သူသည် အလွန်စိုးရိမ်နေသဖြင့် သူ၏လက်ချောင်းများပင် တုန်လှုပ်နေသည်။ သူသည် မျက်လုံးများကို ဖွင့်ကာ ကောင်မလေးများ၏မျက်နှာကိုပင် မကြည့်ရဲပေ။ လက်တွေ့စမ်းသပ်မှု မအောင်မြင်သည့်အတွက်ကောင်မလေးနှစ်ယောက်၏ သေဆုံးနေသည့်မျက်နှာများကို မြင်တွေ့ရမည်အား အလွန်ထိတ်လန့်နေသည့်အတွက်ပင်။

"အမ် အား ဒါက..."

ဖှေး၏နားထဲတွင် အားနည်းကာ ရင်းနှီးကျွမ်း၀င်ပြီး မေ့နိုင်ခြင်းမရှိသည့် အသံတစ်ခုကိုကြားလိုက်ရသည်။ အသံသည် တိုးညှင်းလှသော်လည်း ဖှေး၏နားထဲတွင် မိုးခြိမ်းသံတစ်ခုလိုပင်။ ဤအခိုက်တန့်တွင် ဖှေးသည် တုန်ခါနေသည့် ၀ိဉာဥ်ပင် တည်ငြိမ်သွားသလို ဖှေးခံစားလိုက်ရ၏။

အန်ဂျယ်လာ၏အသံဖြစ်သောကြောင့်ပင်။

"သူ သူတကယ်ပဲ သတိရလာပြီလား..." ဖှေး၏နှလုံးခုန်သံများမြန်ဆန်သွား၏။

နတ်စင်၏ ကိုးထပ်မြောက်တွင် အိပ်နေကြသည့် ကောင်မလေးနှစ်ယောက်ထဲမှ တစ်ယောက်သည် သူမ၏လှပသည့်မျက်လုံးများကိုဖွင့်လိုက်၏။ သူမသည် အနည်းငယ်ရှုပ်ထွေးနေသည့်ပုံရပြီး ဤနေရာသို့ မည်ကဲ့သို့ရောက်လာသည်ကို မသိပဲဖြစ်နေ၏။ သို့သော် သူမ၏ အရှေ့တွင်ရှိနေသည့် လူကိုမြင်သည့်အချိန်တွင် သူမမျက်လုံးများထဲတွင်ရှိနေသည့် စိုးရိမ်မှုများသည်လည်း ပျောက်ကွယ်သွားတော့၏။ သမူသည် တောက်ပကာ အသက်ရှူမှားလောက်သည့်အပြုံးဖြင့် ချစ်ရသည့်လူကို နှုတ်ဆက်လိုက်သည်။

"အလတ်ဇန္ဒား...ငါဘာလို့ ဒီကိုရောက်နေတာလဲ။ ငါဘယ်နေရာမှာလည်း ရန်သူတွေရော ရန်သူတွေသွားပြီလား..." အန်ဂျယ်လာသည် သတိမမေ့မှီက အကြောင်းရာများကို လျှင်မြန်စွာပင် ပြန်လည်ကာ သတိရလိုက်၏။ သူမသည် ချက်ချင်းပင် စိုးရိမ်လာပြီး ထရန်အတွက်ပြင်လိုက်၏။

"မလှုပ်သေးနဲ့..." မှေးသည် သူမ၏ ခန္ဓာကိုယ်အနီးသို့ အမြန်ကပ်ကာ ကိုင်ထားလိုက်ရင်းဖြင့် ပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်မှုများပြည့်နှက်နေရင်းဖြင့် သူမေးလိုက်၏။ "တစ်ခုခုမှားနေတာရှိလား။ မစိုးရိမ်ပါနဲ့ ရန်သူတွေအကုန်လုံးကို နှိမ်နင်းပြီးပါပြီ။ ငါသူတို့ကို ဖမ်းထားတယ်။ နင်သူတို့ကို လုပ်ချင်သလိုလုပ်လို့ရတယ်။ နင်အခုဘယ်လိုနေသေးလဲဆိုတာ င့ါကို ပြောပြ..."

ဖှေးသည် ထိုကဲ့သို့ပြောနေသည့်အချိန်တွင် အလွန်ပင်စိုးရိမ်နေလျှက်ရှိ၏။

နတ်စင်သည် စက္ကန့်သုံးဆယ်ခန့်သာ လည်ပတ်ပြီး ရပ်တန့်သွားခဲ့သည်။ ဤသည်မှာ အလွန်ပင်မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် တစ်ခုခုလွဲချော်နေမည်ကို ဖှေးစိုးရိမ်သည့်အတွက်ပင်။

"အမ် ဟုတ်တယ် ငါနည်းနည်း မသက်သာသလိုခံစားနေရတယ်..." အန်ဂျယ်လာသည် စဥ်းစားကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။ သူမသည် နေမကောင်းသည့်ပုံပင်။

မမြင်နိုင်သည့်လက်များကဲ့သို့ပင် သူမ၏ မျက်မှောင်ကြုံ့နေသည့်အမူယာသည် ဖှေး၏နှလုံးသားကို ဆုပ်ကိုင်လိုက်၏။

သို့သော် စနှောက်လိုက်သကဲ့သို့ အပြုံးတစ်ခုသည် သူမမျက်နှာပေါ်တွင်ပေါ်လာကာ ရယ်မောလိုက်၏။ "ဟားဟား နင့်ကို ကြည့်ပါဦးအလတ်ဇန္ဒား ငါက ဗိုက်နည်းနည်းဆာနေရုံပါ..."

"နင်..." ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်နေတတ်သည့် အန်ဂျယ်လာ၏ စနှောက်ခြင်းခံလိုက်ရသည်ကို ဖှေးသဘောပေါက်လိုက်၏။ သို့သော် သူမသည် လုံး၀ပင်ပြန်ကောင်းလာသည့်ပုံရသည့်အတွက် ဖှေး၏ကျောပေါ်တွင်တောင်ကြီးတစ်လုံးထမ်းထားရသလိုခံစားနေရသည့် ဖိအားကြီးသည်လည်း ပျောက်ကွယ်သွားပြီးဖြစ်၏။ သူသည် တစ်ခါမှမကြုံဖူးသေးသည့် စိတ်အေးချမ်းငြိမ်သက်ခြင်းကိုခံစားလိုက်ရ၏။ သူ၏စိတ်သည်လည်းပို၍ ကြည်လင်လာပြီဖြစ်ပြီး စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။ "ဒီလိုအချိန်မှာ နင်င့ါကို မစသင့်ဘူး ငါတော်တော်လန့်သွားတာပဲံ..."

"အေးပါ..." အန်ဂျယ်လာသည် ခေါင်းငြိမ့်ပြလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ချိုသာသည့်အပြုံးတစ်ခုပေါ်လာရင်းဖြင့် ဖှေးအားပြောလိုက်၏။ "နင့်စိုးရိမ်နေတာကို မြင်ရလို့ ငါက ပျော်ပြီးတော့ အချစ်ခံရသလိုခံစားရလို့ပါ။ အလတ်ဇန္ဒား ငါအတော်လေးကြောက်နေခဲ့တာ နင်သိလား။ အလံနှစ်စုံမြို့တော်ရှေ့မှာ နင်သွေးတွေနဲ့ ဖုံးနေတုန်းကဆိုရင် ငါက ကူလဲမညီနိုင်ခဲ့ဘူး။ ငါကအတော်အသုံးမကျတာပဲ...အလတ်ဇန္ဒား ငါတို့ ချမ်းဘော့ဒ်ကို ပြန်လို့ရမလား...ဒီမှာ ဆက်မနေချင်တော့ဘူး..."

ဖှေးပြုံးပြကာ အလွန်ပီတိဖြစ်သည်ကို ခံစားလိုက်ရသည်။ အန်ဂျယ်လာ၏ အဖြူရောင်နဖူးလေးကို နမ်းလိုက်ကာ ပြန်ပြောလိုက်သည်။ "ရတာပေါ့ နင့်နေပြန်ကောင်းလာတဲ့အချိန်က ငါတို့တွေချမ်းဘော့ဒ်တိုင်းပြည်ကို ပြန်ကြမယ်လေ..."

ဤအခိုက်တန့်တွင် တိတ်ဆိတ်သည့်အသံတစ်ခုထွက်ပေါ်လာ၏။

ဖှေး သူ၏ ဘေးတွင်နောက်ထပ်ကောင်မလေးတစ်ယောက်ရှိနေကြောင်းကို ပြန်လည်သတိရလာပြီး တစ်ဖက်သို့လှည့်ကြည့်လိုက်ရာ အနည်းငယ်ပြန်လည်သတိရစပြုလာသည့် စစ်နတ်သမီး အယ်လီနာကို တွေ့လိုက်ရသည်။ သူမသည် မျက်မှောင်ကြုံ့လိုက်ကာ အောက်တွင်ရှိနေသည့် အဖြူရောင်အိပ်ယာခင်းကို ဆုပ်ကိုင်လိုက်ရင်းဖြင့် စိုးရိမ်စွာရေရွတ်လိုက်၏။ "အလတ်ဇန္ဒားထွက်သွားတော့ ငါတို့ သူ့ကို နိုင်မှာမဟုတ်ဘူး။ အမြန်လုပ် အလတ်ဇန္ဒား ငါသူ့ကို အချိန်ဆွဲပေးထားမယ် နင်သွားနှင့်..."

ဖှေး သူ၏နှလုံးသားကို မိုးကြိးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏နှလုံးသား အနူးညံ့အနက်ရှိုင်းဆုံးသောနေရာများထိခိုက်သွား၏။

မျက်ရည်စက်တစ်ခုသည် သူ၏မျက်နှာပေါ်တွင် စီးဆင်းနေလျှက်ရှိသည်။

သူမသတိရလာလျှင်ရခြင်းပင် ပထမဆုံးအနေဖြင့် တွေးလိုက်မိသည့်အရာသည် ဖှေး၏လုံခြုံရေးပင်။ အန်ဂျယ်လာကဲ့သို့ပင် သူမ၏မှတ်ဉာဏ်သည် နှင်းတောင်သိုင်းဆရာနှင့် တိုက်ခိုက်နေသည့်အချိန်တွင် ရပ်တန့်သွားခဲ့၏။

သူမသည် ဖှေး၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်နေဆဲပင်။

"ညီအမ အယ်လီနာ မဟုတ်မှလွဲရော သူရော..." တစ်စုံတစ်ခုကို သတိရသွားသလို ထူးဆန်းသည့်အမူယာတစ်ခုသည် အန်ဂျယ်လာ၏မျက်နှာပေါ်တွင်ပေါ်လာတော့၏။

ဤအခိုက်တန့်၌ နတ်စင်ပေါ်တွင် ကောင်းကင်ပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သတိရနေဆဲဖြစ်သည့် အယ်လီနာကို လွှမ်းခြုံလိုက်သည်။ ဖှေးဘာမှမလုပ်နိုင်သေးခင်မှာပင် အပြည့်၀သတိရသေးခြင်းမရှိသည့် အယ်လီနာသည် ပျောက်ကွယ်သွားတော့၏။

All Chapters