← Chapters

အခန်း (၆၂၄)

Vol. 40 Ch. 624

အခန်း (၆၂၄)

Vol. 40 Ch. 624

“ဘာတွေဖြစ်ကုန်တာလဲ...” ဖှေးနှင့်အန်ဂျယ်လာတို့နှစ်ယောက်လုံးသည် တုန်လှုပ်သွား၏။

“ဟားဟားကောင်းတယ် ဒါအတော်လေးကောင်းတာပဲ...ကျွန်တော့အကြံကပိုကောင်းတယ်ဆိုတာ ခင်ဗျားမြင်ပြီမလား။ ဟားဟား လခြမ်းပုံလမ်းကြောင်းကိုပဲဆွဲရမှာလေ...ခင်ဗျားမျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတယ်မလား သူတော်စင်။ ခင်ဗျား ငြင်းချင်သေးလား။ ဟားဟား ကြည့်လိုက်သေ ကောင်မလေးနှစ်ယောက်လုံး ပြန်ကောင်းသွားပြီး ခင်ဗျားရှုံးပြီးတော့ ကျွန်တော်နိုင်သွားပြီ ဟားဟား...” ကိန်း၏ ဂုဏ်ယူ၀င့်ကြွားသည့် ရယ်မောသံထွက်ပေါ်လာ၏။

ကိန်းနှင့် အာကာရာတို့သည် နတ်စင်ပေါ်သို့ အမြန်တက်သွားလိုက်ကြသည်။ အာကာရာသည် အရှုံးကို၀န်ခံလိုခြင်းမရှိသည်မှာ ထင်ရှားလှသော်လည်း သူမဘာမှပြန်ပြောလိုခြင်းမရှိပေ။

ဖှေးသူတို့ငြင်းခုန်နေကြသည်ကို ကျယ်လောင်စွာဖြင့် ၀င်ရှုပ်လိုက်၏။ “ကောင်းတယ်ဟုတ်လား။ ကောင်မလေးနှစ်ယောက်လုံး ပြန်ကောင်းသွားပြီဆို။ ဒါဆို အပြာရောင်အလင်းတန်းက ဘာကြီးလဲ...အယ်လီနာကရော...”

“ဟားဟား မစိုးရိမ်ပါနဲ့ မဟာခေါင်းဆောင်ကြီး။ အဲ့အလင်းကို သေချာတွေးကြည့်လိုက်စမ်းပါ ရင်းနှီးသလိုမခံစားရဘူးလား။” ကိန်းသည် ရယ်မောကာမေးလိုက်၏။

ဖှေးပြန်လည်သတိရသွားပြီးခေါင်းငြိမ့်လိုက်သည်။ “အမ်ဟုတ်သာပဲ ခင်ဗျားပြောသလိုပဲ အတော်လေး ရင်းနှီးသလိုခံစားရတယ်။ ဒါက ပေါ်တယ်တစ်ခုရဲ့ခံစားချက်ပဲ ဒါပေမယ့်...”

အာကာရာသည် ကိန်းမရှင်းပြနိုင်ခင်ဖှေးအား ၀င်ရှင်းပြလိုက်၏။ “မင်းထင်သလိုပဲ။ အယ်လီနာက ဒိုင်ယာဘလိုကမ္ဘာရဲ့ လောကနိယာမတွေအရသူပုန်စခန်းထဲကို ပြန်ဆွဲခေါ်ခံလိုက်ရတာပဲ။ ဒိုင်ယာဘလိုကမ္ဘာထဲက လူတွေက ဒီကမ္ဘာပေါ်မှာ အချိန်အကန့်သက်တစ်ခုပဲ နေလို့ရတယ်ဆိုတာကို နင်သိတယ်မလား။ အချိန်ပြည့်ပြီဆိုရင် သူတို့က ဒိုင်ယာဘလိုကမ္ဘာကို ပြန်ရမှာပဲ။ ဒါပေမယ့် အယ်လီနာက သတိလစ်သွားတော့ သူ့ ၀ိဉာဥ်က မပြည့်စုံတော့ဘူး အဲ့တာကြောင့် ဒိုင်ယာဘလိုကမ္ဘာရဲ့ လောကနိယာမတွေကသူ့မကိုရှာမတွေ့နိုင်ပဲ ပြန်ခေါ်လို့မရဖြစ်နေခဲ့တာ။ သူမက ပြန်သတိရလာပြီးဆိုတော့ သူမ၀ိဉာဥ်က ပြန်ကောင်းလာပြီးတော့ ဒိုင်ယာဘလိုကမ္ဘာက သူမကို ပြန်ခေါ်သွားတာပဲ...ဒီကမ္ဘာပေါ်မှာ အချိန်ကြာကြာနေလို့မရတော့ဘူးလေ...”

“ဟုတ်တယ် အဲ့လိုဖြစ်ခဲ့တာပဲ...” ဖှေးစိတ်အေးသွား၏။ ဖြစ်ခဲ့သည့်အရာသည် သူမပြန်ကောင်းသွားပြီးဆိုသည်ကို သက်သေပြပြီးဖြစ်၏။ “ဘာပြသနာမှ ရှိမှာမဟုတ်ဘူး...” ကိန်းမှ ထည့်ပြောလိုက်၏။ အာကာရာသည် ဖှေးအား အချက်လက်များရှင်းပြနိုင်သည့်အခွင့်ရေးကို သူ့ထံမှ ခိုးယူသွားခဲ့သည့်အတွက်ကြောင့် သူသည် အချက်လက်အနည်းငယ်ကိုသာ ရှင်းပြခွင့်ရလိုက်၏။

“အော်အဲ့လိုလား...” ဖှေးသည်အခြေအနေကို နားလည်သွားသည့်အချိန်တွင် အခြေအားအနားလည်သွား၏။

အယ်လီနာသတိလစ်သွားသည့်အချိန်တွင် သူမသည် အချိန်အကန့်သက်ပြန့်သွားသော်လည်း ဒိုင်ယာဘလိုကမ္ဘာထဲသို့ မည်သည့်အတွက်ကြောင့်ပြန်မသွားရသေးသည်ဆိုသည်အား သိချင်နေခဲ့သည်။ ဘုရင်သည် ကမ္ဘာကျောက်တုံးအား လိုက်ရှာနေရခြင်း၊ ရရှိသောအခေါတွင်လည်း ကမ္ဘာကျောက်တုံးအားသန့်စင်ရန်အတွက် ဒဏာနီလာနတ်စင်ကို လိုက်ရှာနေရခဲ့သည့်အတွက် ထိုပြသနာကို အာရုံစိုက်နိုင်ခဲ့ခြင်းမရှိပေ။ ယခုအချိန်တွင် သူသည် သိပ္ပံပညာရှင်နှစ်ယောက်၏ ရှင်းပြချက်ကို နားထောင်ပြီးပြီဖြစ်သောကြောင့် ပို၍အဓိပ္ပါယ်ရှိလာပြီးဖြစ်၏။

“မင်း ဒီကမ္ဘာကျောက်တုံးကို သေချာစောင့်ရှောက်မှဖြစ်မယ်။ ဒီကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးအရာတစ်ခုပဲ။ နတ်ဘုရားတွေတောင် ဒီကောင်ကို ရရှိဖို့အတွက် အချင်းချင်းတိုက်ခိုက်ကြလိမ့်မယ်...” ကိန်းသည် နတ်စင်၏ ကိုးထပ်မြောက်အချိုင့်ထဲမှ အပြာရောင်ကျောက်တုံးလေးကို ဆွဲထုတ်လိုက်ရင်းဖြင့် ခနတာခန့်ကြည့်ရှုကာ ဖှေးအားပေးလိုက်၏။ သူသည် ဖှေးအား သတိပေးလိုက်သည်။ “စွမ်းအားတွေအများကြီးသုံးထားတယ်ဆိုပေမယ့် ဒီကျောက်တုံးမှာ ကမ္ဘာငယ်တစ်ခု ဒါမှမဟုတ်ရင် နတ်ဘုရားအဆင့်လက်နက်တစ်ခုကို ထာ၀ရစွမ်းအားပေးနိုင်နေတုန်းပဲ...”

“ကိန်းပြောတာမှန်တယ်...ကမ္ဘာကျောက်တုံးရဲ့ တန်ဖိုးက အထဲမှာပါတဲ့စွမ်းအင်တွေပဲ။ အဲ့စွမ်းအင်တွေနဲ့ ပြည့်စုံတဲ့ကမ္ဘာတစ်ခုကိုတောင် ဖန်တီးလို့ရတယ်။ ကမ္ဘာပေါ်က မှော်အစီရင်တွေအားလုံးကိုလည်း အလွယ်လေးထောက်ပံ့နိုင်တယ်။ ကြီးမားတဲ့ မြို့ကြီးတစ်ခုကိုတောင် ကောင်းကင်ပေါ်မှာ ပျံ၀ဲနေနိုင်အောင်လုပ်နိုင်တယ်။ တကယ်လို့ သိုင်းဆရာအစစ်မှန်တစ်ယောက်သာ ဒီကမ္ဘာကျောက်တုံးကိုရသွားမယ်ဆိုရင် သေမျိုးလူသားတစ်ယောက်ကတောင် နတ်ဘုရားတစ်ပါးအဖြစ် ကမ္ဘာကျောက်တုံးက ပြောင်းလဲပေးလို့ရနိုင်တယ်...” အာကာရာသည် အပြာရောင်ကျောက်တုံး၏ အရေးကြီးပုံကို ဖှေးအားပြောလိုက်၏။

“ဆိုးတာက ကမ္ဘာကျောက်တုံးကို သန့်စင်လိုက်တော့ အရွယ်စားက သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တာပဲ...” ကိန်းသည် ရှုပ်ထွေးသည့်အမူယာဖြင့် သူ၏ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။ “ဘယ်လိုအရာကများ ကမ္ဘာကျောက်တုံးထဲမှာရှိတဲ့ စွမ်းအင်သုံးပုံနှစ်ပုံလောက်ကို စုပ်ယူသွားနိုင်ရတာလဲ...အတော်လေးကြောက်စရာပဲ...”

“ဟုတ်တယ် ဘာတွေဖြစ်ကုန်တာလဲ။ ကမ္ဘာကျောက်တုံးက အန်ဂျယ်လာနဲ့ အယ်လီနာတို့ရဲ့ ၀ိဉာဥ်ဒဏ်ရာတွေကို ကုသပေးဖို့တောင် စက္ကန့်သုံးဆယ်လောက်ပဲကြာတယ်။ စွမ်းအင်ကလဲ ၁၀၀၀၀ပုံမှတစ်ပုံလောက်ပဲကုန်သားတယ်။ ဘယ်လို အရာက သူ့စွမ်းအားရဲ့ ၃ပုံ၂ပုံကို ၀ါးမျိုလိုက်ရတာလဲ။ နတ်ဘုရားတစ်ပါးတောင် အဲ့လို လုပ်နိုင်မှာမဟုတ်လောက်ဘူး...” အာကာရာသည် ထပ်ပြောလိုက်၏။ သူသည် ကိန်းပြောသည့်အရာနင့် သဘောတူသည့်ပုံရသည်။

ဤကိစ္စပေါ်တွင်မူ အမြဲလိုလိုငြင်းခုန်နေတတ်သည့် ပညာရှင်နှစ်ယောက်တို့သည် သဘောတူညီကြသည့်ပုံပင်။

ဖှေးရယ်မောလိုက်သည်။ ဤနှစ်ယောက်သည် ဖြစ်ခဲ့သည့်အရာများကို သူတို့အား ပြောပြရန်အတွက် ကြံစည်နေကြသည်ကို ဖှေးရိပ်မိသည့်အတွက်ပင်။

သူတို့အား သန့်စင်ခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်လက်များကို ပြောပြခဲ့ခြင်းမရှိသေးပေ။ အထူးသဖြင့် ကောင်းကင်ပေါ်တွင် လွှင့်မြောနေသည့် ကောင်းကင်နန်းတော်ကြီးနင့် လျို့၀ှက်သည့် ကျောက်ပုလ္လင်၏အကြောင်းပင်။

ထိုအရာနှစ်ခုထဲတွင် လျို့၀ှက်ချက်များစွာဖြင့် ပြည့်နှက်နေ၏။

အကယ်၍ သူသည် ထိုလျို့၀ှက်ချက်များကိုနားလည်လိုပါက ဤသိပ္ပံပညာရှင်နှစ်ယောက်ကိုအားကိုးရမည်ဖြစ်သည်။

သို့သော်ဖြစ်ခဲ့သည့်အရာများကို ပြောလိုက်ပါက ဤနှစ်ယောက်သည် အလွန်စိတ်၀င်စားသွားကာ သူ့အတွက် စိတ်ညစ်စရာတစ်ခုဖြစ်လာနိုင်ကြောင်းကို လည်းဖှေးသိသည်။ ထို့ကြောင့် ဖှေးသည် သူလုပ်စရာရှိသည်များကို လုပ်မပြီးခင်ထိ သူတို့အား ပြောရန်အတွက် စီစဥ်ထားခြင်းမရှိပေ။

“အံ့ဩစရာနဲ့ မယုံနိုင်စရာကောင်းတဲ့ဟာတွေ တော်တော်များများဖြစ်ပျက်ခဲ့တယ်။ ကျွန်တော်လုပ်စရာရှိတာတွေလုပ်ပြီးပြီဆိုရင် ခင်ဗျားတို့ကို အသေးစိတ်ပြောပြပါ့မယ်...”

အာကာရာနှင့်ကိန်းတို့သည်လည်း စိတ်မကျေနပ်စွာဖြင့် အံကြိတ်လိုက်ကြသည်။ ဖှေးသည် အန်ဂျယ်လာအား နတ်စင်ပေါ်မှ ထနိုင်စေရန်အတွက် ကူညီပေးလိုက်သည်။ မိဖုရားလောင်း၏ ခန္ဓာကိုယ်အခြေအနေအား သေချာစစ်ဆေးပြီးသည့်အချိန်တွင် သူစိတ်အေးသွား၏။

အန်ဂျယ်လာသည် အနည်းငယ်အဟာရပျက်နေသည့်ပုံပင်။ အစေခံကောင်မလေးများသည် သူမအား အရည်စားစရာများ နေ့တိုင်းကျွေးသော်လည်းလုံလောက်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။ သို့သော် ထိုအရာသည် ပြင်းထန်သည့်ကိစ္စတစ်ခုမဟုတ်ပေ။ ရက်အနည်းငယ်အတွင်းတွင် ပြန်ကောင်းလာမည်ဖြစ်၏။

လူတိုင်းနတ်စင်ပေါ်မှဆင်းပြီးသည့်အချိန်တွင် အာကာရာနှင့်ကိန်းတို့သည် နတ်စင်ပေါ်တွင်ရှိနေသည့် မှော်အစီရင်များကို စတင်ကာဖျက်ဆီးတော့သည်။ တစ်ခြားလူများလေ့လာမိသွားမည်ကို စိုးရိမ်သည့်အတွက်ပင်။

ဤနတ်စင်အား အလျင်စလိုဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည့်အတွက် သာမန်ပစ္စည်းများကိုသာ အသုံးပြုထားခြင်းဖြစ်ပြီး တစ်ခါအသုံးပြုရန်အတွက်သာဖြစ်သည်။

မှော်အစီရင်များအားလုံးကို ဖျက်ပြီးသွားသည့်အချိန်တွင် ညင်သာသည့်တုန်ခါသံတစ်ခုထွက်ပေါ်လာ၏။ ထို့နောက်တွင် ခြောက်သွေ့သွားသည့် ရုပ်တုတစ်ခုကဲ့သို့ပင် နတ်စင်ကြီးတစ်ခုလုံးသည် သေးငယ်သည့် သဲမုန်လေးများအဖြစ်သို့ ပြောင်းလဲကာ အောက်သို့ ပြိုကျလာတော့သည်။

နတ်စင်ဆောက်လုပ်ထားသည့် ကျောက်တုံးများသည် နတ်စင်စတင်၍ လည်ပတ်နေစင်ကတည်းက ကြေမွနေပြီးဖြစ်သော်လည်း မှော်အစီရင်များ၏ စွမ်းအားများဖြင့် မပျက်စီးပဲရှိနေခြင်းပင်။ မှော်အစီရင်များမရှိတော့သည့်အတွက်ကြောင့် ချက်ချင်းပင် ပြန်လည်ပြိုကျလာခြင်းပင်။

“ချွတ်...”

ဤနတ်စင်ကြီးအားစွမ်းအားထောက်ပံ့ပေးထားသည့် မှော်တလင်းကျောက်ကိုးလုံးသည်လည်း အစိတ်စိတ်အမွှာမွှာကွဲအက်သွား၏။

ပြီးပြည့်စုံသောအဆင့်ရှိသည့် မှော်တလင်းကျောက်များထဲတွင် စွမ်းအင်များစွာပါ၀င်ကာ ကျင့်ကြံသည့်လူများအားလုံး၏ စိတ်ထဲတွင် ရတနာများပင်။ အကယ်၍ ဖှေးတွင်သာ နတ်ဘုရားအဆင့်ပစ္စည်းဖြစ်သည့် ဟိုလာဒရစ်ကုဗတုံးကို ပိုင်ဆိုင်ထားခြင်းမရှိပါက ဖှေးထံတွင် မှော်တလင်းကျောက်များပေါများနေလိမ့်မည်မဟုတ်ပေ။

ပြီးပြည့်စုံသော အဆင့်ရှိသည့်မှော်တလင်းကျောက်များသည် စွမ်းအားမြင့်မားသော်လည်း အထဲတွင်ပါရှိသည့်စွမ်းအင်များအားလုံးသည် စက္ကန့်သုံးဆယ်အတွင်းမှာပင် ပြောင်တလင်းခါသွား၏။ မှော်စွမ်းအင်အစီရင်များမည်မျှပင် စွမ်းအားမြင့်မားကြောင်းကို ပြသနေ၏။ နတ်စင်အား သုံးနာရီအတွင်းမှာပင် ဆောက်လုပ်ခဲ့သော်လည်း မှော်အစီရင်များကိုမူ နှစ်ရက်ခွဲခန့်အချိန်ယူကာ ရေးဆွဲခဲ့ရ၏။

ဤမှော်အစီရင်များကို ဖန်တီးရခြင်းသည် အတော်လေးပင်ပန်းသည့်အလုပ်တစ်ခုပင်။ အာကာရာနှင့် ကိန်းတို့သည် ကျွမ်းကျင်သူများဖြစ်သော်လည်း သက်လုံဆေးပုလင်းနှင့် ပြန်လည်သစ်လွင်ဆေးပုလင်းတို့ကို အားကိုးကာ အာရုံစိုက်ခဲ့ကြရ၏။ သူတို့သည် အလုပ်အောင်မြင်ရန်အတွက် အရာရာကို တိကျသေချာစွာဆောင်ရွက်ရမည့်အတွက်ပင်။

ခြေရာလက်ရာများကို ဖျက်ဆီးလိုက်ပြီးသည့်နောက်တွင် အာကာရာနှင့် ကိန်းတို့သည် ကိုယ်ယောင်ဖျောက်ခြင်းမှော်အစီရင်ကို ရပ်တန့်လိုက်၏။

“၀ှစ်...”

ဖုံးကာထားသည့် စွမ်းအင်စက်လုံးကြီးသည်ပျောက်ကွယ်သွားပြီး အပြင်တွင်စောင့်နေကြသည့်လူများသည်လည်းအထဲတွင်ဖြစ်နေသည့်အရာများကို မြင်နိုင်လာပြီဖြစ်သည်။

“အန်ဂျယ်လာ...” အန်မာသည် ပထမဆုံးပြေားလာသည့်လူပင်။ သူမသည် အလွန်စိုးရိမ်နေသဖြင့် မျက်ရည်များပင် စီးကျနေ၏။ ထိမျက်ရည်များကို ဖြတ်ကျော်ကာ အလင်းသည် ကွေးညွှတ်သွားပြီး သေးငယ်သည့် သက်တန့်လေးတစ်ခုကို ဖန်တီးနေလျှက်ရှိသည်။ အန်မာသည်လည်း အန်ဂျယ်လာ၏ လက်မောင်းများထဲသို့ ပြေး၀င်ကာ ငိုလိုက်သည်။ “အမ အန်ဂျယ်လာ...နောက်ဆုံးတော့ သတိရလာပြီးပေ့ါ...နင်သတိလစ်နေတာ ဆယ်ရက်ကျော်လို့ ငါအတော်လေးစိုးရိမ်နေခဲ့တာ...”

“အမ်မာ...” အန်ဂျယ်လာသည်လည်း အမ်မာ၏ စိုးရိမ်မှုနှင့် ပျော်ရွှင်မှုတို့ကို အာရုံခံမိနေ၏။

သူသည် ဤကောင်မလေးကို တင်းကြပ်စွာဖြင့် ဖက်ထားလိုက်သည်။ အမှောင်မိုက်ဆုံးအချိန်များထဲတွင် သူမနှင့်အတူ တောင့်ခံခဲ့သူမှ ဤလှပပြီးချစ်စရာကောင်းသည့် ကောင်မလေးပင်။ နောက်ဆုံးတွင် အလတ်ဇန္ဒားသည် ဉာဏ်ရည်မမှီသူမှ ပါရမီရှင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူတို့၏ ဘ၀များသည်လည်း ပို၍အဆင်ပြေလာခဲ့သည်။ ခက်ခဲသည့်အချိန်များကို အတူဖြတ်ကျော်လာခဲ့သည့်အတွက်ကြောင့် သူတို့သည် သွေးသားခြင်းမတော်ဆက်သော်လည်း တစ်ယောက်နှင့်တစ်ယောက် မိသားစုများကဲ့သို့ သဘောထားကြသည်။

“မငိုပါနဲ့တော့ နင့်ကို ကြည့်ရတာ ရုပ်ဆိုးလိုက်တာ။ အန်ဂျယ်လာအတွက် စားစရာလေးလုပ်ပေးလိုက်ဦးလေ...” ဖှေးသည် အမ်မာ၏နှာခေါင်းကို လက်ဖြင့် ညှစ်လိုက်၏။ ဘုရင်သည် သူမြင်လိုက်ရသည့်အရာကြောင့် ၀မ်းနည်းသွားခဲ့ရပြီး သူ၏ဘေးတွင်ရှိသည့် ကောင်မလေးများကို အန္တရာယ်မရှိအောင်ထားတော့မည်ဟု မိမိကိုယ်မိမိ ကတိပြုလိုက်သည်။

“နာတယ်...” အမ်မာသည် ရယ်မောကာ အန်ဂျယ်လာ၏လက်များကို ဆုပ်ကိုင်ပြီးပြောလိုက်သည်။ “ဗစ်တိုးရီးယားနဲ့ ကျန်တဲ့ကောင်မလေးတွေကို နင့်အတွက် စားစရာပြင်ခိုင်းထားတယ်။ လာသွားရအောင် နင်ဗိုက်ဆာနေလောက်ပြီ...”

“အရှင်မ...” ပီးရာ့စ်နှင့် ဒရော့ဂ်ဘာကဲ့သို့သော ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများသည် အန်ဂျယ်လာ၏အရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ကြသည်။ သူတို့၏ ခေါင်းများကို ငုံ့ထားကာ လျှောက်တင်လိုက်၏။ “ကျွန်တော်တို့ကို ကျေးဇူးပြုပြီးတော့ အပြစ်ပေးလိုက်ပါ။ အရှင်မကို ကောင်းကောင်းမကာကွယ်ခဲ့နိုင်ပါဘူး...”

“အမ် ထကြပါ...” အန်ဂျယ်လာသည် လျှင်မြန်စွာပင် ပြောလိုက်သည်။ သူမသည် ဘာဖြစ်ခဲ့သည်ကို မသိသည့်အတွက်ကြောင့်ပင်။

အမ်မာသည် သူမအား အရာအားလုံးကိုရျငးပြလိုက်သည်။ နေ့ခင်းဘက်က အမ်မာ၊ မင်းသမီးဟောင်း ဗစ်တိုးရီးယားနှင့် နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦးအစေခံကောင်မလေးလေးယောက်တို့သည် အတူတကွစျေး၀ယ်ရန်အတွက် ထွက်သွားခဲ့ကြသည်။ သူတို့သည် လူမိုက်၊ လူဆိုး လူရမ်းကားတို့ မွေးဖွားလာခဲ့စဥ်က ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုနှင့် မကြုံလိုက်ရသည်မှာ ကံကောင်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် ယခုအချိန်တွင် သေဆုံးကောင်းသေဆုံးနေလိမ့်မည်ဖြစ်၏။

“ကျွီ...”

“ကွီ...ကွီ...”

ထူးဆန်းသည့် အော်ဟစ်သံများထွက်ပေါ်လာပြီး လူမိုက်၊ လူဆိုးနှင့် လူရမ်းကားဟူ၍ အမည်ရှိသည့် ထူးဆန်းသည့် သားရဲကောင်များသည် အန်ဂျယ်လာ၏ ဘေးသို့ ရောက်လာကြ၏။

အပြာရောင်ရှိသော လူဆိုးနှင့် အနီရောင်ရှိသော လူမိုက်တို့သည် အန်ဂျယ်လာ၏လက်များကို ခင်မင်ရင်းနှီးစွာဖြင့် ရပ်နေကြ၏။ သူတို့၏ရှေ့ခြေများသည်လည်း အန်ဂျယ်လာ၏ အင်္ကျီစများကိုဆွဲနေကြသည်။ သူတို့သည် ဖြစ်ခဲ့သမျှကို အန်ဂျယ်လာအား ပြောပြနေကြသည့်အတိုင်းပင်။ အစိမ်းရောင်လူရမ်းကားမှာ အထာကျကျနေနေဆဲပင်ဖြစ်ပြီး မျက်နှာပေါ်တွင် နားမလည်နိုင်သည့်အမူယာတစ်ခုဖြင့် ပတ်၀န်းကျင်အား လှည့်ပတ်ကြသည့်နေ၏။ သူသည် တစ်ခါတစ်လေမှ တစ်စုံတစ်ရာကို ၀င်ပြောတတ်သည်။

“သူတို့တွေကအတော်လေးချစ်စရာကောင်းတာပဲ...သူတို့က..” အန်ဂျယ်လာသည် အံ့သြစွာဖြင့် မျက်လုံးများပြူးကျယ်သွား၏။ “သူတို့ပြောနေတာကို ငါနားလည်နိုင်နေသလိုပဲ။ အတော်ထူးဆန်းတယ်။ ဟမ် သူတို့က ဟိုကျောက်တုံးနဲ့တူတဲ့ ဥတွေကနေပေါက်လာတဲ့အကောင်တွေပါလား။ ဟားဟား အလတ်ဇန္ဒား အထဲမှာ သက်ရှိတွေကို အာရုံခံမိနေပါတယ်လို့ ငါနင့်ကို ပြောခဲ့သားပဲ။ နင်အဲ့တုန်းက ငါပြောတာကို မယုံခဲ့ဘူးလေ။ အခုတော့ယုံပြီလား...ဟီးဟီး နင်က အတော်လေး အစနောက်သန်တဲ့လူပဲ အဲ့လို ထူးဆန်းတဲ့နာမည်တွေပေးရတယ်လို့...”

ဤအကောင်များသည် သူမအား မိခင်အဖြစ်ဆက်ဆံသောကြောင့်လဲဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက သူမ၏ မွေးရာပါအစွမ်းဖြစ်သည့် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်ခြင်းကြောင့်လဲဖြစ်ပေလိမ့်မည်။ အန်ဂျယ်လာသည် ဤသုံးကောင်ပြောသည့်အရာများကို နားလည်နိုင်နေ၏။ သူမသည် ဖှေးဒရူးဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲထားသည်ထက်ပင် ပို၍ လွယ်ကူစွာနတ်ဆိုးသားရဲများနှင့် ဆက်သွယ်နိုင်၏။

“၀ုတ် ၀ုတ် ၀ုတ်...” ခွေးဟောင်သံများထွက်ပေါ်လာပြီး လူတိုင်း၏မျက်လုံးများရှေ့တွင် အမဲရောင်အလင်းတစ်ခုရိပ်ကနဲဖြစ်သွား၏။ ထိုအရာသည် အရာအားလုံးကို အာရုံခံလိုက်မိသည့် မဟူရာမုန်တိုင်းပင်။

ဤအမဲရောင်ခွေးကြီးသည် ယခင်ကနှင့်မတူတော့ပေ။ ခြေလေးချောင်းဖြင့်ရပ်နေပါက ခြောက်မီတာခန့်မြင့်မားကာ ၁၆မီတာခန့်ရှည်လျား၏။ အမဲရောင်အမွေးများသည်လည်း ပို၍တိုတောင်းလာပြီး အနည်းငယ်အစိမ်းရောင်သန်းနေသည်။ နေရောင်အောက်တွင် အလွန်ချောမွေ့နေလေရာ ပိုးသားတစ်ခုလိုပင်။ ထို့အပြင် မာကြောသည့်ကြေးခွံများသည်လည်း အမွေးများအောက်တွင်ရှိနေပြီး အလွန်လျို့၀ှက်ကာ စွမ်းအားမြင့်မားသည့်ပုံပေါက်နေ၏။

All Chapters