အခန်း (၆၂၆)
Vol. 40 Ch. 626
“နင်က အဲ့အိမ်မက်ထဲမှာ အန်ဂျယ်လာကို တွေ့ခဲ့တာပေါ့...”
ငါးခုမြောက်မြေပုံဖြစ်သော ဟယ်ရိုဂတ်တွင်ရှိသည့် အေးရိတောင်ထပ်တွင် ဖှေးသည် အယ်လီနာ၏ပခုံးကို ဖက်ထားရင်းဖြင့် တိမ်တိုက်များကိုကြည့်နေခဲ့သည်။ ကြီးမားသည့် တိုက်ကြီး၊ ခမ်းနားသည့် ဟယ်ရိုဂတ်မြို့တော်တို့ကို ကြည့်ရင်းဖြင့် သူတို့သည် ရှားပါးသည့် တည်ငြိမ်အေးချမ်းမှုကို ခံစားနေဥြ၏။ သူ၏ ၀ိဉာဥ်ကပင် ဤအခိုက်တန့်လေးကို နှစ်သက်နေသလိုဖှေးခံစားနေရ၏
ဤတစ်ကြိမ်တွင်မူ ဖှေးသည် လယ်ဗယ်မြှင့်တင်ရန်အတွက် မကောင်းဆိုး၀ါးများကို အလျှင်စလိုသတ်ဖြတ်ခြင်းမရှိပေ။
ပထမဆုံးအနေဖြင့် သူသည် အချိန်ပေးကာ အယ်လီနာနှင့်အတူ ဒိုင်ယာဘလိုကမ္ဘာထဲတွင်လျှောက်သွားနေလျှက်ရှိသည်။ လွန်ခဲ့သည့်နာရီအနည်းငယ်တွင် သူတို့သည် ပတ်ပြေးနေကာ မကောင်းဆိုး၀ါးများ၏ သွေးများဖုံးလွှမ်းနေရင်းဖြင့် အလုပ်များကို ဆောက်ရွက်နေခြင်းမျိုးလုပ်နေခဲ့ခြင်းမရှိပေ။ ထိုအစား ခရီးသွားများကဲ့သို့ပင် သူတိုယခင်က တိုက်ခိုက်ခဲ့ဖူးသည့်နေရာများကိုသွားရောက်ကာ ငေးကြည့်နေလျှက်ရှိကြ၏။
“ဟုတ်တယ်။ ငါမေ့မျောနေတုန်းက အတော်လေးထူးဆန်းတဲ့ အိမ်မက်တစ်ခုကို မက်နေခဲ့တာ။ ငါက အချိန်နဲ့နေရာအကန့်သက်မရှိတဲ့ အာကာသလို ထူးဆန်းတဲ့ကမ္ဘာတစ်ခုထဲကိုရောက်နေခဲ့တာပဲ။ လူတွေရဲ့ ပုံရိပ်ယောင်တွေအများကြီးကိုလည်း အဲ့နေရာမှာ တွေ့ခဲ့ရတယ်။ နင့်ရဲ့ ပုံရိပ်ကိုရောပဲ။ ဒါပေမယ့် အန်ဂျယ်လာတစ်ယောက်ကပဲ တကယ်လူသားတစ်ယောက်ရဲ့ခံစားချက်ကို ပေးတယ်။ သူက ငါ့ကို အဖော်လုပ်ပေးပြီးတော့ ငါတို့နှစ်ယောက်လုံးအတူတူနင့်ကို လိုက်ရှာကြသေးတယ်။ နင်က င့ါတို့ကို လာကယ်မှာပါဆိုပြီးတော့လဲ တစ်ယောက်နဲ့တစ်ယောက်အားပေးခဲ့ကြတာပဲ...” အယ်လီနာသည် ပြုံးကာ ဖှေး၏ ပခုံးပေါ်တွင်မှီလိုက်၏။ သူမ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် သူဆက်ပြောလိုက်သည်။ “ဖှေး နင်ငါတို့ကို အကြာကြီးမစောင့်ခိုင်းလိုက်ရပါဘူး။ ဒီကမ္ဘာပေါ်မှာ နင့်ကို တားဆီးနိုင်တဲ့အရာဘာမှရှိမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ...”
“အေးပါ နင်င့ါကို ဒီလောက်မြှောက်နေမယ်ဆိုရင် ငါအတော်လေး ဂုဏ်ယူလာလိမ့်မယ်...” ဖှေးသည် ပြုံးကာ ပြန်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အယ်လီနာပြောသည့်အရာကိုစဥ်းစားကြည့်နေ၏။
“မဟုတ်မှလွဲရော...” ဖှေးရုတ်တရက်ဖြစ်နိုင်ခြေတစ်ခုကို စဥ်းစားလိုက်မိသည်။
“အဲ့တာက အိမ်မက်မဟုတ်ဘူးလဲဖြစ်နိုင်တာပဲ။ သူတို့နှစ်ယောက်လုံးရဲ့ ၀ိဉာဥ်တွေဒဏ်ရာရသွားတော့ ဒိုင်မေးရှင်းတစ်ခုထဲကိုရောက်သွားတာပဲ။ အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မြင်နိုင်နေပြီးတော့ ဆက်နွယ်နိုင်နေခဲ့တာပဲ။ အဲ့တာကြောင့်ပဲ သူတို့နှစ်ယောက်လုံးတစ်ယောက်နဲ့ တစ်ယောက်ပြောခဲ့တာတွေကိုမှတ်မိနေတာပဲဖြစ်ရမယ်။ သူတို့ရဲ့ ၀ိဉာဥ်တွေပြန်ကောင်းလာပြီးတော့ အပြင်ကမ္ဘာကို ပြန်ရောက်လာခဲ့ပေမယ့် သူတို့ကဖြစ်ခဲ့သမျှကို မှတ်မိနေတုန်းပဲ...”
ဖှေးအနည်းငယ်အံ့သြသွားကာ မေးလိုက်သည်။ “အော်ဟုတ်သားပဲ နင်နဲ့ အန်ဂျယ်လာတို့ အိမ်မက်ထဲမှာ ဘာတွေပြောကြလဲ...”
“အင်း ငါတို့ အရာအားလုံးအကြောင်းကို ပြောခဲ့ကြတယ်။ အန်ဂျယ်လာကလည်း နင်တဲ့သူနဲ့အကြောင်း ဇာတ်လမ်းတွေကို ပြောပြတယ်။ ချမ်းဘော့ဒ်မှဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း သူက င့ါကို ပ ြောပြတယ်။ ငါနဲ့နင်ဒိုင်ယာဘလိုကမ္ဘာထဲမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း ငါသူ့ကို ပြောပြတယ်လေ။ အဲ့တာက အိမ်မက်ပဲကို ဘယ်သူမသိနိုင်မှာမဟုတ်ဘူးလို့ ယူဆတာလဲ။ နောက်ပြီး ငါ အဲ့ခံစားချက်ကို သဘောကျတယ်လေ။ နင် ငါနဲ့မဆုံခင်က ဇာတ်လမ်းတွေအကြောင်းကိုလည်း ငါနားထောင်ရတာသဘောကျတယ်။ နောက်ပြီး သူများတွေကို နင့်အကြောင်းပြောရတာကိုလည်း ငါသဘောကျတယ်။ နင့်နာမည်ကို ကြားလိုက်ရတဲ့အချိန်တိုင်းမှာ အထီးကျန်နေတာတွေမရှိတော့ပဲနဲ့ အတော်လေးစိတ်တည်ငြိမ်သလိုခံစားရတယ်လေ...”
အယ်လီနာသည်ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို တွန့်ဆုတ်စွာဖြင့် ဖှေးအားပြောပြလိုက်သည်။
သူမသည် ဤကဲ့သို့ကောင်မလေးတစ်ယောက်ပင်။ သူမသည် စွမ်းအားမြင့်မားကာ တစ်ခြားကောင်မလေးများကဲ့သို့ ရှက်တတ်ပြီး၊ အားနွှဲ့သည့် ကောင်မလေးတစ်ယောက်လဲမဟုတ်ပေ။ ဆက်ဆံရေးအပိုင်းတွင်မူ ဖှေးနှင့် သူမတို့သည် ချစ်သူများဖြစ်ကြသည့်အတွက် ဖှေး၏လက်မောင်းအားဖက်ထားကာ သူမခံစားရသည့်အရာများကို သက်သက်သာသာပင် ပြောပြနေလျှက်ရှိသည်။ သူမအတွက် ဤအရာများအားလုံးသည် ပုံမှန်ဖြစ်သည့်ပုံပင်။
“အယ်လီနာ..တကယ်လို့များ အန်ဂျယ်လာလဲ နင်ပြောတဲ့အရာတွေကို အပြင်ကမ္ဘာမှာ မှတ်မိနေမယ်ဆိုရင်ရော...” ဖှေးမေးလိုက်သည်။ သူစဥ်းစားကြည့်လိုက်ပြီး ဤအရာသည်ကောင်းသည့်အရာတစ်ခုဖြစ်သည်ဟု တွေးလိုက်မိ၏။
“အင်း အန်ဂျယ်လာသိရင်လဲအဆင်ပြေမှာပါ။ ငါသူ့စီကနေဖုံးကွယ်မထားချင်ပါဘူး။ အန်ဂျယ်လာကလည်း အိမ်မက်ထဲမှာ စိတ်မရှိပါဘူးလို့ ငါ့ကို ပြောခဲ့တယ်ဖှေး။ အန်ဂျယ်လာက လူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ်...” အယ်လီနာသည် ပေါ့်ပေါ့ပါးပါးပင်ပြောလိုက်၏။
ဖှေးအနည်းငယ်စိတ်သက်သာသွား၏။
သူ၏ခန့်မှန်းချက်များမှန်ကန်ပါက ဤအရာသည် ကောင်းသည့်အရာတစ်ခုပင်။ ကောင်မလေးနှစ်ယောက်တို့သည် အချိန်အတော်ကြာအတူရှိနေခဲ့ကြသည့်အတွက် တစ်ယော်ကအကြောင်းတစ်ယောက်ပို၍ ကောင်းမွန်စွာသိလာခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးသည်လည်း အိမ်မက်ဟုသာ ထင်ထားခဲ့ကြသည့်အတွက် ကွယ်၀ှက်ထားခြင်းများလည်းမရှိကြပေ။ သူတို့တစ်ယောက်နှင့်တစ်ယောက်ပွင့်ပွင့်လင်းလင်းပြောခဲ့ကြခြင်းသည် ပို၍ပင် ကောင်းမွန်သည်ဟုဆိုနိုင်၏။ ဖှေးကိုယ်တိုင် အန်ဂျယ်လာအား အရာအားလုံးကိုရှင်းပြသည်ထက် ပို၍ကောင်းမွန်သည့်အရာတစ်ခုပင်။
အေးရိတောင်ထိပ်တွင် အချိန်အတန်ကြာနေခဲ့ပြီးသည့်နောက်တွင် အယ်လီနာသည် ဖှေး၏ပခုံးပေါ်မှ ဖုန်မှန်ု့များကို ခါပေးလိုက်ကာ အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။ “နင်ငါနဲ့အတူ နေပေးချင်သေးတယ်ဆိုတာကို ငါသိပါတယ် ဖှေး။ ဒါပေမယ့် ငါတို့တွေ အချိန်ထပ်ပြီးတော့ မဖြုန်းသင့်တော့ဘူး။ မကောင်းဆိုး၀ါးတွေသွားသတ်ရအောင်။ အဲ့တာမှ ငါတို့ ခွန်အားတွေတိုးတက်လာမှာ။ အဲ့တာမှ ငါတို့တွေ အန်ဂျယ်လာကို ကာကွယ်ပေးနိုင်လိမ့်မယ်။ ငါတို့တွေ သာပိုပြီးတော့ သန်မာနေမယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်ရက်ကလို ထပ်ဖြစ်တော့မှာမဟုတ်ဘူး...”
ဤကောင်မလေးသည် သူ့အတွက် တွေးပေးနေသည်ကို ဖှေးသိလိုက်ပြီး ပီတိဖြစ်သွား၏။ သူခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ “ကောင်းပြီလေအတူသွားရအောင်။ အရင်တုန်းကစည်းမျဥ်းတွေလိုပဲ။ နင်က င့ါနောက်မှာပဲနေရမယ်။ အရှေ့ကို တက်မလာနဲ့ ငါနင့်ကို ကာကွယ်ပေးထားမယ်...”
“အမ်...” အယ်လီနာသည် ဖှေး၏လက်ကို ကိုင်လိုက်၏။
သူတို့နှစ်ယောက်လုံးသည် မြို့ကူးစာလိပ်အသုံးပြုကာ ဖန်တီးထားသည်ပေါ်တယ်အတွင်းသို့ ၀င်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
နောက်အခိုက်တန့်တွင် ဖှေးနှင့် အယ်လီနာတို့သည် အိမ်မက်ဆိုးခက်ခဲမှုအဆင့်ထဲသို့ ရောက်ရှိလာကြ၏။ အယ်လီနာ၏ စွမ်းအားများသည် လွန်ခဲ့သည့်ဆယ်ရက်လုံးတွင် မြင့်မားလာခြင်းမရှိခဲ့သည့်အတွက် ဖှေးသည် သူမအား ဒုတိယမြေပုံဖြစ်သည့် လူ့တ်ဂိုလိမ်သို့ ခေါ်ဆောင်သွားခြင်းမရှိသေးပေ။ ထိုအစား အယ်လီနာဤခက်ခဲမှုအဆင့်နှင့် အသားကျစေရန်အတွက် သူပုန်ုစခန်းမြေပုံသို့သာ သွားလိုက်ကြ၏။
အိမ်မက်ဆိုးခက်ခဲမှုအဆင့်တွင်ရှိသည့် မကောင်းဆိုး၀ါးများသည် အတွေ့ကြုံအမှတ်များစွာပါ၀င်နေသောကြောင့် အယ်လီနာသည် လျှင်မြန်စွာပင် လယ်ဗယ်မြင့်တက်လာခဲ့သည်။
တစ်နာရီတွင်းမှာပင် သူတို့သည် ပထမဆုံအလုပ်သုံးခုကို ပြီးမြောက်သွားပြီဖြစ်ပြီး အယ်လီနာသည် ဖှေးထံမှအကူညီဖြင့် မကောင်းဆိုး၀ါး အကောင်၄၆၀ခန့်ကို သတ်ဖြတ်ခဲ့သည်။ ရွှေစက်လေးများ ၄၆၀စက်သည် သူမ၏ သာမန်ခက်ခဲမှုအဆင့် လယ်ဗယ်၉၁မှ အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၆သို့ ပြောင်းလဲပေးလိုက်၏။ ဤသည်မှာ သိသာသည့်ပြောင်းလဲမှုကြီးတစ်ခုပင်။
တစ်နေ့တာအတွက် ဂိမ်းကစားနိုင်သည့်အချိန်မှာပြည့်တော့မည်ဖြစ်သောကြောင့် ဖှေးသည် ဒိုင်ယာဘလိုကမ္ယာမှ ထွက်ခွာရတော့မည်ဖြစ်သည်။ အယ်လီနာသည် ဒိုင်ယာဘလိုကမ္ဘာမှ ဆယ်ရက်ကြာထွက်ခွာခဲ့သည့်အတွက်ကြောင့် သူမသည် ဆယ်ရက်ပြည့်သည်အထိအပြင်ကမ္ဘာသို့ သွားနိုင်ဦးမည်မဟုတ်သေးပေ။ သူမဒိုင်ယာဘလိုကမ္ဘာထဲတွင် လွတ်ခဲ့သည့်အချိန်များကို ပြန်လည်အစားထိုးပြီးမှသာလျှင် အပြင်ကမ္ဘာသို့ ထွက်နိုင်မည်ဖြစ်သည်။
......
......
အကျဥ်းထောင်ထဲတွင် မှောင်မိုက်နေ၏။
အေးစက်သည့်လေညှင်းများတိုက်ခတ်လာပြီး ပုပ်သိုးသိုးအနံ့တစ်ခုသည် နေရာတစ်၀ိုက်တွင်ပို၍ပင် ပျံ့နှံ့သွားတော့သည်။
ဤနေရာတွင် မှောက်ပိုက်နေပြီး ရေညှိများ၊ သွေးကွက်များဖြင့်ပြည့်နှက်နေ၏။ နှိပ်စက်ရာတွင်အသုံးပြုသည့် သံမဏိကိရိယာများသည် သွေးများစွန်းထင်းနေကာ၊ သံချေးများတက်နေ၏။ လေညှင်းနှင့်အတူ ၀ှေ့ရမ်းနေသဖြင့် သတ္တုခြင်းရိုက်ခတ်သည့်အသံများ တချွင်ချွင်ဖြင့် ထွက်ပေါ်နေလျှက်ရှိသည်။
ထောင်သားများ၏ အေးစက်သော နာကျင်စွာငိုကြွေးသည့်အသံများကို ရံဖန်ရံခါတွင် ကြားနေရပြီး မီးတောက်တုတ်များမှ ထွက်ပေါ်လာနေသည့် ချိုးချိုးချွတ်ချွတ်အသံများသည် မှောင်မိုက်ခြင်းနှင့် စိုစွတ်ခြင်းတို့ကို ဖျက်ဆီးနေလျှက်ရှိသည်။
“ခြေကြည့်လှမ်းပါ ဆရာ။ ဒီလမ်းပါ...” ခပ်ပိန်ပိန်နှင့်အရုပ်ဆိုးသည့် ထောက်မှူးတစ်ယောက်သည် လေးစားစွာဖြင့် လမ်းပြပေးနေလျှက်ရှိသည်။
အချိုးကွေ့များစွာနှင့် အကျဥ်းခန်းများစွာကိုဖြတ်ကျော်လာပြီးသည့်နောက်တွင် ဖှေးသည် ပို၍ကျယ်၀န်းကာ ခြောက်သွေ့သည့် အကျဥ်းခန်းတစ်ခုထဲသို့ ရောက်လာခဲ့သည်။ ထိုနေရာထဲတွင် တောက်ပနေပြီး မီးသွေးလောင်မြိုက်နေသည့်အနံ့များသည် အကျဥ်းခန်းထဲတွင်ပြည့်နက်နေ၏။ သတ္တုဆူးချွန်များကို မီးကင်ထားရာ နီရဲနေပြီး ထောင်မှူးများသည် ဒူးတစ်ဖက်ထောက်ကာ ဘုရင်အား အရိုသေပေးလိုက်ကြသည်။
ဤအချုပ်ခန်းထဲတွင် လူနှစ်ယောက်အား ထူထပ်သည့် သံချိန်းကြိုးများဖြင့် အထပ်ထပ်ချည်နှောင်ကာ ချုပ်ထား၏။ ထိုချိန်းကြိုးများပေါ်တွင်မှော်အစီရင်များကိုလည်း ထွင်းထားသည့်အတွက်ကြောင့် အရောင်များတောက်ပနေကာ လှုပ်သည့်အချိန်တိုင်းတွင် ပို၍တင်းကြပ်လာနေသည့်အတွက်ကြောင့် ရုန်းထွက်ရန်မှာမဖြစ်နိုင်သလင၉ုောက်ပင်။