← Chapters

အခန်း (၆၂၅)

Vol. 40 Ch. 625

အခန်း (၆၂၅)

Vol. 40 Ch. 625

မဟူရာမုန်တိုင်း၏ ခြေလက်လေးချောင်းသည် နန်းတော်၏ ထောက်တိုင်ကြီးများကဲ့သို့ပင်။ သူ၏ လေးမီတာခန့်ရှည်လျားသည့် အမြီးကြီးတွင် အမွေးမျှင်များရှိနေဆဲဖြစ်သော်လည်း အမြှီးထိပ်တွင် ဆူးချွန်များဖြင့်ပြည့်နှက်နေသည့်အရိုးလုံးကြီးတစ်ခုရှိနေ၏။ တူကြီးတစ်ချောင်းလိုပင်ဖြစ်နေပြီး ဒိုင်နိဆောအမြှီးနှင့်တူနေ၏။ မဟူရာမုန်တိုင်းသူ၏ အမြှီးကိုရမ်းလိုက်သည့်အချိန်တိုင်းတွင် လေဗွေတစ်ခုပေါ်လာလိမ့်မည်ဖြစ်သည်။

ထို့အပြင် လည်ပင်းမှ အမွေးများသည်လည်း များစွာရှည်လျားလာပြီး အမဲရောင်မီးတောက်များကဲ့သို့ပင်။ ယခုအချိန်တွင် ခေါင်းပေါ်၌ ၄၀စင်တီမီတာခန့်ရှည်လျားသည့် ဦးချိုကြီးနှစ်ချောင်းပေါက်နေပြီး ချွန်ထက်သည့်အစွယ်များသည် ဓားများကဲ့သို့ပင်။ သူ၏ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်တိုင်းတွင်လည်း မီးထတောက်တော့မလို ဆာလဖာအနံ့များထွက်ပေါ်လာ၏။

ဤအမဲရောင်ခွေးကြီး၏ ခန္ဓာကိုယ်ထဲတွင် မှော်သားရဲတလင်းကျောက်တစ်ခုရှိနေသည်လားဆိုသည်ကို မည်သူမှမသိကြပေ။ ဤအကောင်ကြီးသည် မှော်သားရဲစာရင်း၀င်သွားပြီလားဆိုသည်ကိုလည်း မည်သူမှမသိကြပေ။

သို့သော် ဤအကောင်ကြီး၏ တိုက်ရည်ခိုက်ရည်မှာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိနေကြောင်းကိုမူ လူတိုင်းသိကြ၏။ သန္ဓေပြောင်းလဲထားသည့် လယ်ဗယ်၄မီးမှုတ်သားရဲများသည် ခွေးသာဖြစ်သည့် မဟူရာမုန်တိုင်း၏ အရှေ့တွင်အားနည်းလွန်းနေ၏။ လယ်ဗယ်၈ထက်မြင့်မားသည့် နတ်ဆိုးသားရဲများပင် ဟော့ခ်ဆေးပုလင်းအား အချိန်အတန်ကြာ ပုံမှန်သောက်သုံးထားသည့် ဤခွေးကြီးကို ယှဥ်နိုင်ကြ၏။

ဖှေး ဤခွေးအပေါ်တွင် ဟော့ခ်ဆေးပုလင်းကို စတင်စမ်းသပ်ခဲ့စဥ်က ဤကဲ့သို့သော ရလဒ်ကို ထင်ထားခဲ့ခြင်းမရှိပေ။

“၀ုတ် ၀ုတ်...” မဟူရာမုန်တိုင်း၏ ဟောင်သံများသည် ခင်မင်ရင်းနှီးမှုတို့ဖြင့် ပြည့်နှက်နေ၏။ အန်ဂျယ်လာ၏ အရှေ့တွင်လဲလျောင်းကာ ပျော်ရွှင်သည့်အရိပ်ယောင်များသည် သူ၏မျက်နှာပေါ်တွင်ရှိနေ၏။

မက်တပ်ရပ်နေသည့် အန်ဂျယ်လာသည် သူ၏ခေါင်းထက်ပင် ပို၍နိမ့်နေသော်လည်း ဤမြင်ကွင်းသည် နွေးထွေးလှ၏။

မဟူရာမုန်တိုင်း ခွေးပေါက်လေးဘ၀က အန်ဂျယ်လာသည်သာ ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံမှ ခေါ်လာခဲ့ခြင်းမရှိပါက ဆာလောင်ခြင်း၊ သို့မဟုတ် တစ်ခြားသားရဲများ၏ သတ်ဖြတ်ခြင်းကိုခံရကာ သေဆုံးသွားနိုင်သည်ကို ချမ်းဘော့ဒ်တိုင်းပြည်မှ လူတိုင်းသိရှိကြသည်။ ထိုကောင်သည် ဖှေးနှင့်အဆက်မပြတ်လိုက်နေလေ့ရှိသော်လည်း အန်ဂျယ်လာအပေါ်တွင်ထားရှိသည့် သံယောဇဥ်များသည်လည်း လျှော့ကျသွားခြင်းမရှိပေ။

“နင်ပိုပြီးတော့တောင်ထွားလာတာပဲ ဘလတ်ကီ...” အန်ဂျယ်လာသည် ခြေဖျားထောက်ကာ ခွေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်းဖြင့် ပြောလိုက်၏။

“၀ုတ်...” ဘလတ်ကီသည်လည်း လျှာထုတ်ကာအသံများပြုလုပ်နေ၏။ သိုသော် သူ၏အမြှီးကိုမူ အဆက်မပြတ်ရမ်းကာနေလျှက်ရှိသည်။ ခွေးများသူတို့၏ သခင်ကို မြင်တွေ့ရသည့်အချိန်တွင် လုပ်လေ့ရှိသည့်အပြုမူတစ်ခုပင်။

“ဘုန်း ဘုန်း ဘုန်း...”

ဆူချွန်များဖြည့် ပြည့်နှက်နေသည့် အမြှီးထိပ်မှအရိုးလုံးကြီးသည်လည်း ဘယ်ကြာရမ်းနေသည့်အတွက် မြေပြင်ပေါ်တွင် ချိုင့်ကွက်များပင် ထင်ကျန်ခဲ့၏။

ကျောက်စများ၊ ဖုန်မှုန့်များသည် လေပေါ်သို့ ပျံတက်ကုန်သည့်အတွက် လူများလည်း ရယ်မောရင်းဖြင့် ခုန်ရှောင်လိုက်ရ၏။

နောက်ခြေထောက်များဖြင့် ရပ်နေကာ ဆိုဒ်ကျနေသည့်လူရမ်းကားသည် ဘလက်ကီ၏ အမြှီးကို ရုတ်တရက်စိတ်၀င်စားသွားသည့်ပုံပင်။ အနီးသို့ကပ်ကာ အမြှီးကို ဆွဲကိုင်ကြည့်ချင်နေ၏။ သို့သော် လုံလုံလောက်လောက်လျှင်မြန်ခြင်းမရှိသည့်အတွက် အမြှီးဖြင့် ရိုက်ခြင်းကိုခံလိုက်ရတော့သည်။ လူရမ်းကားသည် နာကျင်စွာအော်ငိုနေရင်းဖြင့် အ၀ေးသို့ လွှင့်ထွက်သွားကာ နံရံတစ်ခုကို ၀င်တိုက်ပြီးမှ ရပ်တန့်သွားတော့သည်။ နံရံပေါ်မှ လျှောကျနေသည့်အချိန်တွင် သူ့အား ကြည့်ရသည်မှာ ကာတွန်းဇာတ်ကောင်တစ်ကောင်လိုပင်။

သို့သော် သူတို့၏ညီဖြစ်သူအနိုင်ကျင့်ခံရသော်လည်း လူမိုက်နှင့်လူဆိုးတို့မှာ ဘာမှမလုပ်ကြပေ။ ထိုအစား ဘလက်ကီ၏အရှေ့ကိုသွား၍ ရင်းနှီးသည့်အသံများကို ပြုလုပ်နေလျှက်ရှိသည်။ သူတို့၏ ဆရာကြီးကို နှုတ်ဆက်ကာ မည်မျှစွမ်းအားကြီးမားကြောင့် ချီးကျူးနေသလိုပင်။

ဤသားရဲလေးကောင်သည် လွန်ခဲ့သည့်လေးရက်ကတွေ့ခဲ့ကြပြီး သူတို့သည်တစ်ယောက်နှစ်တစ်ယောက်တိုက်ခိုက်ခဲ့ကြသည်။ ဘလတ်ကီသည်သူတို့သုံးကောင်အား လွယ်ကူစွာပင်အနိုင်ယူခဲ့ပြီး သူတို့၏ ဆရာကြီးဖြစ်လာခဲ့၏။

တိရစ္ဆာန်များအခြင်းခြင်းဆက်ဆံကြသည့် ထူးခြားသောနည်းလမ်းတစ်ခုပင်။

အခိုက်တန့်တစ်ခုကြာခန့် ရယ်သံများဖြင့်ဆူညံနေပြီး ချမ်းဘော့ဒ်သားများအတွက် ပင်ပန်းရုန်းကန်ရခြင်းများသည် ပြီးဆုံးသွားပြီဖြစ်ပြီး ငြိမ်းချမ်းမှုနှင့်ပျော်ရွှင်မှုများပြန်လည်ရောက်ရှိလာနေပြီဖြစ်သည်။

ဖှေးသည် အန်ဂျယ်လာနှင့်အတူလိုက်ပါစားသောက်ခဲ့ခြင်းမရှိပေ။ သူသည် အယ်လီနာ၏အခြေအနေအား စိုးရိမ်သည့်အတွက်ပင်။

ထို့ကြောင့် မြို့တော်ထဲတွင်ရှိသည့် တာ၀န်များကို စီစဥ်ပြီးသည့်အချိန်တွင် ဒိုင်ယာဘလိုကမ္ဘာထဲသို့ ၀င်ရောက်ခဲ့တော့၏။

ဤတစ်ကြိမ်တွင်မူ သူသည်ပုံမှန်ခက်ခဲမှုအဆင့်ဖြင့် ၀င်ရောက်လာခဲ့သည်။

“၀ှစ် ၀ှစ် ၀ှစ်...

မြှားပစ်သံများကို သူ၏ နားထဲတွင်ကြားလိုက်ရသည်။

သူပုန်စခန်း၏တဲများဘေး အမျိုးသမီးသူပုန်များလေ့ကျင့်သည့်နေရာတွင် လေးပစ်လေ့ကျင့်နေသည့် အယ်လီနာကို ဖှေးတွေ့လိုက်ရသည်။

ဤအခိုက်တန့်တိုင် သူမသည် ရက်စက်ကြမ်းတမ်းသည့်တိုက်ပွဲမှ လုံး၀ပင်နောက်ဆုတ်လိမ့်မည်မဟုတ်သည့် စစ်နတ်သမီးတစ်ယောက်ဖြစ်နေဆဲပင်။ သူမ၏လက်ထဲတွင် လေးကိုကိုင်ထားရင်းဖြင့် ဆုံးဖြတ်ချက်ပြတ်သားကာ ထက်မြတ်သည့်ပုံရှိနေ၏။ အ၀ေးမှကြည့်ပါက သူမ၏ ပုံရိပ်သည် လှပကာ ယှဥ်ပြိုင်၍မရနိုင်ပေ။

သူမအသုံးပြုနေသည့်လေးသည် သစ်မာသားဖြင့် ပြုလုပ်ထားသည့်လေးတစ်လက်ဖြစ်ပြီးမြှားများသည်လည်း သစ်ကိုင်းများကိုချွန်ထားခြင်းဖြစ်သည်။

သို့သော် မြှားတစ်ချောင်းစီတိုင်းသည် လေထဲတွင် ပုံရိပ်ယောင်များကိုချန်ထားခဲ့ပြီး ဖော်ပြ၍မရနိုင်သည့် အရှိန်၀ါတစ်ခုကို ပြသပေးနေလျှက်ရှိ၏။

သူမ၏မျက်နှာသည်သာ ဖြူဖက်ဖြူယော်ဖြစ်နေခြင်းမရှိပဲ မောပန်းနေသည့်ပုံမရှိပါက ဤကောင်မလေးသည် ဆယ်ရက်ကြာသတိလစ်နေရာမှ နိုးလာခါစဖြစ်ပြီး သေမင်း၏ လက်မှ လက်မတင်လေးလွတ်လာခဲ့ကြောင်းကို မည်သူမှ သိနိုင်လိမ့်မည်မဟုတ်ပေ။

သူမသည် ရင်းနှီးသည့်ခြေသံများကို ကြားလိုက်ရသည့်အတွက်ကြောင့် အယ်လီနာ၏ခန္ဓာကိုယ်သည် ညင်သာစွာတုန်ခါသွားပြီးတစ်ဖက်သို့လှည့်လာခဲ့၏။

သူမသည် ယုံနိုင်ခြင်းမရှိသလိုပင်ဖြစ်ကာ မေးလိုက်သည်။ “တကယ်နင်ပဲလား...”

သူမသည် ပျော်ရွှင်သွားသော်လည်း ထိုပျော်ရွှင်ခြင်းများသည် စိုးရိမ်ခြင်းများအဖြစ်သို့ပြောင်းလဲသွားကာ ထပ်မေးလိုက်၏။ “ဖှေး တကယ်နင်ဟုတ်ပါတယ်နော်။ ငါ ထူးဆန်းတဲ့အိမ်မက်အရှည်ကြီးတစ်ခုကို မက်နေခဲ့တာ။ ဘယ်သူမှမရှိတဲ့ကမ္ဘာတစ်ခုထဲကိုရောက်နေခဲ့ပြီးတော့ ငါတို့တိုက်ခိုက်ခဲ့ဖူးတဲ့နေရာတွေကို ပြန်သွားနေခဲ့တာ။ ငါနင့်ကို အဲ့ထဲမှာ အကြိမ်ပေါင်းများစွာတွေ့ခဲ့ပေမယ့် နင်ကပုံရိပ်ယောင်တစ်ခုပဲလေ။ ဒီတစ်ခါတော့ တကယ်နင်ပဲမလား။ ကျေးဇူးပြုပြီးတော့ မသွားပါနဲ့ဦး ငါနဲ့ခနလောက်နေပေးပါ...”

ဖှေးသည် အယ်လီနာ၏အားနည်းကာ စွမ်းအားကင်းမဲ့သည့်အသွင်ပြင်ကို မြင်လိုက်ရသည့်အချိန်တွင် အသဲကွဲသလိုခံစားလိုက်ရ၏။

အယ်လီနာသည် သတိရလာခဲ့သည့်အချိန်တွင် ဒိုင်ယာဘလိုကမ္ဘာထဲသို့ ချက်ချင်းပြန်လည်ကာရောက်ရှိသွားသည့်အတွက်ကြောင့် အပြင်ကမ္ဘာတွင်ဖြစ်ပျက်ခဲ့သည့်အရာများကို သိရှိခဲ့ခြင်းမရှိပေ။ သူမအား ကမ္ဘာကျောက်တုံးဖြင့် ကယ်တင်လိုက်ခြင်းဖြစ်သည်ကိုလည်းမသိသေးပေ။ ထို့ကြောင့် သူမသည် အိမ်မက်မက်နေဆဲဟုသာထင်နေပုံရ၏။ ထို့ကြောင့် ဖှေးကိုလည်း လူသားအစစ်မှန်လား၊ ပုံရိပ်ယောင်လားဆိုသည်ကို မသဲကွဲပဲဖြစ်နေ၏။

“တကယ်ငါပါ အယ်လီနာ။ နင်နိုးလာခဲ့ပြီလေ။ ဒါက အိမ်မက်မဟုတ်ပါဘူး။ နင်က ပြန်လည်းသတိရလာရော လောကနိယာမတွေအရ ဒိုင်ယာဘလိုကမ္ဘာထဲကို ချက်ချင်းပြန်ရောက်သွားခဲ့တာပါ...” ဖှေးသည်ည သူမထံသို့ သွားလိုက်ပြီး ပါးများကို ပွတ်သပ်ကာ ပြောလိုက်သည်။ “အကုန်လုံးက ပုံမှန်ပါပဲ။ နင်င့ါရဲ့လက်တွေထဲမှာရှိတဲ့ အပူရှိန်ကို ခံစားနိုင်တယ်မလား။ တကယ်ပဲ ငါပါ...”

“ဘုန်း...”

အယ်လီနာ၏ လက်ထဲတွင်ကိုင်ထားသည့် လေးသည်မြေပေါ်သို့ ပြုတ်ကျသွား၏။

တည်ငြိမ်ကာ လက်နက်ကို အမြဲကိုင်ထားတတ်လေ့ရှိသည့်သူမ၏လက်များသည် စတင်၍ တုန်ခါလာတော့သည်။

ဖှေး ဘာမှဆက်ပြောတော့ခြင်းမရှိပေ။ သူသည် ရိုးရှင်းစွာပင် အယ်လီနာအား ပွေ့ဖက်လိုက်၏။

ဤအခိုက်တန့်တွင် သူ၏စိတ်ထဲ၌ စိတ်ရှုပ်စရာအတွေးများရှိနေခြင်းမရှိပဲ။ တစ်ခါမှမကြုံဖူးသေးသော ငြိမ်းချမ်းခြင်းကို ခံစားလိုက်ရ၏။

ဤကြောက်မက်ဖွယ်အဖြစ်ပျက်ကြီး ပြီးသွားသည့်အချိန်တွင် ဤကောင်မလေးနှစ်ယောက်သူ့အတွက် မည်မျှအရေးကြီးကြောင်းကို ဖှေးသိလာခဲ့ပြီဖြစ်သည်။

ယခင်က ဖှေးသည် တွန့်ဆုတ်နေခဲ့သည်။ သူသည် အယ်လီနာနှင့် အန်ဂျယ်လာတို့ကြားထဲတွင် နာကျင်စရာဆုံးဖြတ်ချက်တစ်ခုချရလိမ့်မည်ဟုသာ ခံစားခဲ့ရ၏။ ဤကောင်မလေးနှစ်ယောက်တို့သည် သူအန္တရာယ်ကျရောက်နေခဲ့သည့်အချိန်တွင် အသက်စွန့်ကာရပ်တည်ပေးခဲ့သည့်အတွက် သူတို့ထဲမှတစ်ယောက်ကိုမှ ထားခဲ့လို့မရဟု ခံစားလိုက်မိ၏။

ဤသည်မှာ အတွေ့ကြုံကြီးတစ်ခုပင်။

ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာနှင့် အပြင်ကမ္ဘာနှစ်ခုလုံးတွင် နေထိုင်ခဲ့သည့်အတွက်ကြောင့် ဤအံ့သြစရာကောင်းသည့် ကောင်မလေးနှစ်ယောက်လုံးနှင့် ဆုံတွေ့ခွင့်ရခဲ့သည်။ ထူးခြားသည့် အတွေ့ကြုံများသည် သူ့အား ထူးခြားသည့် ဆက်ဆံရေးနှစ်ခုကို ရရှိခဲ့စေ၏။ ယခုအချိန်တွင် ဘုရင်သည် ဖြစ်ပျက်နေသည်များကိုနားလည်နိုင်လာပြီးဖြစ်၏။ သူသည် ကောင်မလေးနှစ်ယောက်လုံးအား လက်တွဲရန်အတွက် ဆုံးဖြတ်လိုက်ပြီး မည်သူ့ကိုမှ ထွက်သွားခွင့်ပြုတော့မည်မဟုတ်ပေ။

“နင်က အဲ့အိမ်မက်ထဲမှာ အန်ဂျယ်လာကို တွေ့ခဲ့တာပေါ့...”

ငါးခုမြောက်မြေပုံဖြစ်သော ဟယ်ရိုဂတ်တွင်ရှိသည့် အေးရိတောင်ထပ်တွင် ဖှေးသည် အယ်လီနာ၏ပခုံးကို ဖက်ထားရင်းဖြင့် တိမ်တိုက်များကိုကြည့်နေခဲ့သည်။ ကြီးမားသည့် တိုက်ကြီး၊ ခမ်းနားသည့် ဟယ်ရိုဂတ်မြို့တော်တို့ကို ကြည့်ရင်းဖြင့် သူတို့သည် ရှားပါးသည့် တည်ငြိမ်အေးချမ်းမှုကို ခံစားနေဥြ၏။ သူ၏ ၀ိဉာဥ်ကပင် ဤအခိုက်တန့်လေးကို နှစ်သက်နေသလိုဖှေးခံစားနေရ၏

ဤတစ်ကြိမ်တွင်မူ ဖှေးသည် လယ်ဗယ်မြှင့်တင်ရန်အတွက် မကောင်းဆိုး၀ါးများကို အလျှင်စလိုသတ်ဖြတ်ခြင်းမရှိပေ။

ပထမဆုံးအနေဖြင့် သူသည် အချိန်ပေးကာ အယ်လီနာနှင့်အတူ ဒိုင်ယာဘလိုကမ္ဘာထဲတွင်လျှောက်သွားနေလျှက်ရှိသည်။ လွန်ခဲ့သည့်နာရီအနည်းငယ်တွင် သူတို့သည် ပတ်ပြေးနေကာ မကောင်းဆိုး၀ါးများ၏ သွေးများဖုံးလွှမ်းနေရင်းဖြင့် အလုပ်များကို ဆောက်ရွက်နေခြင်းမျိုးလုပ်နေခဲ့ခြင်းမရှိပေ။ ထိုအစား ခရီးသွားများကဲ့သို့ပင် သူတိုယခင်က တိုက်ခိုက်ခဲ့ဖူးသည့်နေရာများကိုသွားရောက်ကာ ငေးကြည့်နေလျှက်ရှိကြ၏။

“ဟုတ်တယ်။ ငါမေ့မျောနေတုန်းက အတော်လေးထူးဆန်းတဲ့ အိမ်မက်တစ်ခုကို မက်နေခဲ့တာ။ ငါက အချိန်နဲ့နေရာအကန့်သက်မရှိတဲ့ အာကာသလို ထူးဆန်းတဲ့ကမ္ဘာတစ်ခုထဲကိုရောက်နေခဲ့တာပဲ။ လူတွေရဲ့ ပုံရိပ်ယောင်တွေအများကြီးကိုလည်း အဲ့နေရာမှာ တွေ့ခဲ့ရတယ်။ နင့်ရဲ့ ပုံရိပ်ကိုရောပဲ။ ဒါပေမယ့် အန်ဂျယ်လာတစ်ယောက်ကပဲ တကယ်လူသားတစ်ယောက်ရဲ့ခံစားချက်ကို ပေးတယ်။ သူက ငါ့ကို အဖော်လုပ်ပေးပြီးတော့ ငါတို့နှစ်ယောက်လုံးအတူတူနင့်ကို လိုက်ရှာကြသေးတယ်။ နင်က င့ါတို့ကို လာကယ်မှာပါဆိုပြီးတော့လဲ တစ်ယောက်နဲ့တစ်ယောက်အားပေးခဲ့ကြတာပဲ...” အယ်လီနာသည် ပြုံးကာ ဖှေး၏ ပခုံးပေါ်တွင်မှီလိုက်၏။ သူမ၏မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့် သူဆက်ပြောလိုက်သည်။ “ဖှေး နင်ငါတို့ကို အကြာကြီးမစောင့်ခိုင်းလိုက်ရပါဘူး။ ဒီကမ္ဘာပေါ်မှာ နင့်ကို တားဆီးနိုင်တဲ့အရာဘာမှရှိမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ...”

“အေးပါ နင်င့ါကို ဒီလောက်မြှောက်နေမယ်ဆိုရင် ငါအတော်လေး ဂုဏ်ယူလာလိမ့်မယ်...” ဖှေးသည် ပြုံးကာ ပြန်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အယ်လီနာပြောသည့်အရာကိုစဥ်းစားကြည့်နေ၏။

All Chapters