← Chapters

အခန်း (၆၂၇)

Vol. 40 Ch. 627

အခန်း (၆၂၇)

Vol. 40 Ch. 627

“မင်းပဲ အား ချမ်းဘော့ဒ်ဘုရင်င့ါကို လွှတ်ပေးစမ်း...”

ခြေသံများကြားလိုက်သည့်အချိန်တွင် သူတို့ထဲမှတစ်ယောက်သည် မေ့ာကြည့်လိုက်ပြီး ဖှေးကိုမြင်သွား၏။ ဒဏ်ရာရနေသည့် သားရဲကောင်တစ်ကောင်ကဲ့သို့ပင် သူသည် ပြင်းထန်စွာရုန်းကန်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် နောင်တရကာ ကြောက်လန့်သည့်အမူယာဖြင့် သူ၏ခြေလက်များလွတ်မြောက်အောင်ကြိုးစားနေရင်းဖြင့် သတ္တုခြင်းရိုက်ခတ်သည့်အသံများ ကျယ်လောင်စွာထွက်ပေါ်နေ၏။

သူသည် မဟာနှင်းတောင်သိုင်းဆရာ၏ ဒုတိယမြောက်တပည့်တိုနီပင်။

သူ၏ဘေးတွင်ရှိနေသည့်လူမှာ မဟာနှင်းတောင်၏ အုပ်ချုပ်သူ နှင်းတောင်သိုင်းဆရာပင်။ ဤအခိုက်တန့်တွင် သူသည် တိုနီထက်စာလျှင် များစွာပို၍တည်ငြိမ်နေ၏။

“ဖျောင်း ဖျောင်း ဖျောင်း...”

ခပ်ပိန်ပိန်နှင့် ထောင်စောင့်သည် သူ၏ကြာပွတ်ကို ၀ှေ့ရမ်းလိုက်သည်။ တိုနီ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာပေါ်လာ၏။ သူအော်ဟစ်လိုက်သည်။ “ခွေးသား မင်းက ဘုရင်အလတ်ဇန္ဒားရှေ့မှာ မလေးမခန့်ပြုမူရဲတယ်ပေါ့။ မင်းက လအဆင့်သိုင်းဆရာတစ်ယောက်လို့ မင်းကိုယ်မင်းထင်နေတုန်းပဲလား။ ဒီကြာပွတ်က မင်းအခြေအနေကို သိစေမယ်ထင်ပါတယ်။ မင်းက အခုချိန်မှာ အရှင်မင်းကြီးရဲ့ ထောင်သားတစ်ယောက်ပဲ။ ကျေးကျွန်တစ်ယောက်လောက်တောင် အဆင့်မရှိတော့တဲ့ကောင်ပဲ...”

ထောင်သားကိုင်ထားသည့် ကြာပွတ်၏ ထိပ်တွင် ဆူးချွန်များပါရှိသည့်အတွက်ကြောင့် နာကျင်မှုကို အမြင့်ဆုံးတွင်ရှိနေစေသည်။ တိုနီ၏အတွင်းအားစွမ်းအင်များကို မကောင်းဆိုး၀ါး အရိုးနဂါးအာသာမှ ထိန်ုးချုပ်ထားသည့်အတွက်ကြောင့် လက်ရှိအချိန်တွင် တိုနီသည် သာမန်လူတစ်ယောက်သာဖြစ်၏။ ထို့ကြောင့် ထိုကြာပွတ်ချက်များသည် သူ့အား သေလောက်အောင်ပင် နာကျင်နေစေ၏။

“ရပ်လိုက်...။ မင်း.. အလတ်ဇန္ဒား မင်းကလည်း စစ်သည်တစ်ယောက်ပဲ။ မင်းက ဘာလို့ စစ်သည်တစ်ယောက်ရဲ့ ဂုဏ်သရေကိုအရှက်ခွဲနေရတာလဲ။ မင်းက ဒီလိုအဆင့်နိမ့်ထောင်မူးတစ်ယောက်ကို လအဆင့်စစ်သည်တစ်ယောက်ကို နိတ်စက်ခိုင်းထားတာလား...” ဒေါသဖြစ်သွားပုံရ၏။ နှင်းတောင်သိုင်းဆရာသည်လည်း ဆက်လက်၍ တည်ငြိမ်နိုင်စွမ်းမရှိတော့ပေ။ သူသည် ချက်ချင်းပင်အော်ဟစ်လိုက်၏။

ဖျေးသူ၏လက်ကို ၀ှေ့ရမ်းကာ ထောင်မှူးအား ရပ်လိုက်ရန်အတွက် အမိန့်ပေးလိုက်သည်။

“အဆင့်နိမ့်ထောင်မှူးဟုတ်လား။ ထောင်မှူးဆိုတဲ့အသက်မွေး၀မ်းကျောင်းက အဆင့်နိမ့်တယ်လို့ငါမထင်ဘူး။ ဒီလူက အလုပ်ကြိုးစားနေတာပဲ။ သူဒီအလုပ်ကို လုပ်တာကလည်း နှစ်ပေါင်းဆယ်ချီနေပြီ။ သူက ကိုယ်တိုင်ကြိုးစားပြီးတော့ အသက်မွေး၀မ်းကြောင်းလုပ်နေတဲ့လူပဲ။ အဆင့်နိမ့်နေတဲ့နေရာမရှိဘူး။၊ င့ါမျက်လုံးထဲမှာဆိုရင် သူကလည်း ဂုဏ်သရေရှိပြီးတော့ ခေါင်းမော့ ရင်ကော့နိုင်တဲ့လူတစ်ယောက်ပဲ...” ဖှေးသည် သားမွေးချပ်တစ်ခုခင်းထားသည့် ကျောက်ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ကာ ပြန်ပြောလိုက်သည်။

“မင်း...”နှင်းတောင်သိုင်းဆရာဘာပြန်ပြောရမလဲမသိဖြစ်သွား၏။

အေဇာရုတိုက်ပေါ်တွင် အဆင့်မြင့်သိုင်းဆရာများသာလျှင် အကန့်သက်မရှိသော ဂုဏ်ရှိန်များ၊ ရပိုင်ခွင့်များကိုခံစားကြရသည်။ သာမန်လူများသည်သူတို့၏မျက်လုံးများထဲတွင် ကျေးကျွန်များကဲ့သို့သာဖြစ်၏။ သာမန်ထောင်စောင့်တစ်ယောက်သည် လအဆင့်သိုင်းဆရာတစ်ဘောက်အား ပြစ်ပေးနေခြင်းသည် ကြီးမားသည့်အရှက်ရဖွယ်တစ်ခုဖြစ်သော်လည်း နှင်းတောင်သိုင်းဆရာသည် ဖှေးအားမည်ကဲ့သို့ ပြန်လည်ချေပရမည်ကို မသိဖြစ်သွား၏။

တစ်ဖက်တွင် ခပ်ပိန်ပိန်နှင့် ထောင်မှူးသည်လည်း ဖှေးပြောလိုက်သည့်အရာကြောင့် ပီတိဖြစ်သွား၏။ သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏မျက်လုံးများထဲတွင် မျက်ရည်စများပင်ပေါ်လာ၏။ သူသည် အလံနှစ်စုံမြို့တော်ထဲတွင်ရှိသည့်အကျဥ်းထောင်တွင် အလုပ်လုပ်လာခဲ့သည်မှာနှစ်ပေါင်းများစွာပင်ရှိပြီဖြစ်ပြီး သူ၏အိမ်မက်များ၊ ရည်မှန်းချက်များသည်လည်း ဘ၀အခြေအနေကြောင့် အလှမ်း၀ေးနေခဲ့သည်။ သူ၏ မိသားစုကို ရှာဖွေကျွေးမွေးကာ အသက်မွေးရန်အတွက် သူသည် ဆယ်ရက်တစ်ကြိမ်သာအိမ်ပြန်ခွင့်ရသည့်လူတစ်ယောက်ပင်။ ဤမဲမောင်ကာ အေးစက်သည့်အကျဥ်းထောင်သည်သူကဲ့သို့ ရည်မှန်းချက်ကြီးမားသည့်လူငယ်တစ်ယောက်ကိုပင် အရိုးခြောက်ကဲ့သို့သော လူတစ်ယောက်အသွင်သို့ ပြောင်းလဲစေခဲ့သည်။ ထောင်သားများသည်သူ့အား ကြောက်လန့်ကြသော်လည်းအပြင်လူများသည်သူ့အား ရွံရှာစက်ဆုပ်ကြ၏။

သူသည် ဘုရင်အလတ်ဇန္ဒားအကြောင်းဇာတ်လမ်းများကို ကြားဖူးခဲ့ပြီးဖြစ်၏။

ဤလူသည် ရန်သူခြောက်သောင်းအား သူတစ်ယောက်ထဲဖြင့်တိုက်ခိုက်ခဲ့ပြီး မစ်စတာ ရစ်ဘရီအား ကယ်တင်ကာ ရန်သူ၏ စစ်ရေးခေါင်းဆောင်ကို တစ်ချက်တည်းဖြင့်အနိုင်ယူခဲ့သည်ကိုသိရှိသည်။ ဂျက်အင်ပါယာမှ သဲတစ္ဆေများဆိုလျှင် သူ့အားအလွန်ပင်ကြောက်လန့်ကြသည့်အတွက်ကြောင့် မြိုတော်အား လ၀က်ခန့်ပင်မသိမ်းပိုက်ရဲပဲဖြစ်နေကြ၏။

သူလဲငယ်စဥ်က ဖှေးကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် အိမ်မက်မက်ခဲ့ဖူးသည်။

သို့သော် သူသည် ယခုအချိန်တွင် အဆင့်နိမ့်သောရာထူးတစ်ခုတွင်ရောက်ရှိနေရ၏။

သူ၏အိမ်မက်များကို တစ်ခြားတစ်ယောက်မှ အကောင်ထည်ဖော်သွားခြင်းသည် ရက်စက်သကဲ့သို့ ကံကောင်းသည်ဟုလည်းဆိုရမည်ဖြစ်သည်။

ဤထောင်မှူးသည် ဖှေးတိုက်ခိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ဖူးခြင်းမရှိသော်လည်း ဖှေးအား စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ်သက်မှတ်ထားခဲ့၏။ သို့သော် သူ၏ နိမ့်ကျသောအသက်မွေး၀မ်းကျောင်းအလုပ်ကိုင်ကြောင့် သူ၏ စံပြပုဂ္ဂိုလ်သည်ဘုရင်အလတ်ဇန္ဒားဖြစ်ကြောင်းကို မည်သူ့ကိုမှ ပြောရဲခြင်းမရှိပေ။ သူသည် မြို့တော်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထောက်တိုင်လည်းဖြစ်သည့် နံပါတ်၁စစ်ရေးခေါင်းဆောင်အား သူ၏ စံပြပုဂ္ဂိုလ်အဖြစ်သက်မှတ်ရန်ကိုပင် အရည်ချင်းမပြည့်မှီသလိုခံစားမိသည့်အတွက်ပင်။

ယနေ့မနက်က ဘုရင်အလတ်ဇန္ဒားသည် ထောင်သားများကို စစ်ဆေးရန်အတွက် ကိုယ်တိုင်လာရောက်မည်ဖြစ်ကြောင်းကို သူကြားလိုက်ရသည့်အချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့ရသည်။

သူ့အတွက်အားကျရသည့်လူအား အ၀ေးမှမြင်တွေ့ရသည့်အခွင့်ရေးကပင် အိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာခြင်းပင်။

သူသည်ဖှေးအားတွေ့ခဲ့ပြီး လမ်းပြအဖြစ်ဆောင်ရွတ်ရသည့်အခွင့်ရေးကိုပင် ရရှိပြီးသည့်နောက်တွင် တစ်ခါမှမကြုံဖူးသေးသည့် တည်ငြိမ်မှုမျိုးကိုခံစားလိုက်ရ၏။ “ဒီလိုနတ်ဘုရားတွေအကုန်လုံးက နှစ်သက်တဲ့ခန့်ညားတဲ့လူငယ်တစ်ယောက်ကပဲ သူရဲကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်...” ဟုလည်းတွေးလိုက်မိ၏။

ထို့ကြောင့် တိုနီသည်ဖှေးအားအော်ဟစ်နေသည်ကို ကြားလိုက်ရသည့်အချိန်တွင် သူ၏ ကြာပွတ်ကို ၀ှေ့ရမ်းကာ အပြစ်ပေးခဲ့ခြင်းပင်။ အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းမှာ သူသည် ဤအလုပ်အား လုပ်ကိုင်နေသည်မှာအချိန်ကြာပြီဖြစ်သောကြောင့် စည်းမျဥ်းများမလိုက်နာသည့် အကျဥ်းသားများကိုအပြစ်ပေးရခြင်းနှင့် အသားကျနေပြီဖြစ်သည်။ ထို့အပြင် သူအားကျရသည့်လူအား ကာကွယ်ပေးရန်အတွက် တတ်နိုင်သလောက်ဆောင်ရွတ်နေခြင်းပင်။

သို့သော် အချက်ပေါင်းအနည်းငယ်ရိုက်ပြီးသည့်အချိန်တွင် ထောင်မှူးသည် သူ၏ဆုံးဖြတ်ချက်များကို နောင်တရလိုက်မိ၏။

ဘုရင်အလတ်ဇန္ဒား ရက်စက်ကြမ်းကြုတ်သည့်လူတစ်ယောက်မဟုတ်သည်ကို ပြန်လည်ကာ သတိရလိုက်သည့်အတွက်ပင်။

“ငါလုပ်ခဲ့တာက အရှင်မင်းကြီးရဲ့ ဂုဏ်ရှိန်ကို ကာကွယ်ရာမရောက်ပဲ ညစ်နွမ်းစေသလိုပဲဖြစ်သွားမလား။ အရှင်မင်းကြီးက တောက်ပပြီးတော့ ရိုးဖြောင့်တဲ့လူတစ်ယောက်ပဲ။ ငါလုပ်ခဲ့တာက မကောင်းဘူး...” သူတွေးလိုက်မိသည်။

သူ၏ဆုံးဖြတ်ချက်အား နောင်တရနေသည့်အချိန်တွင် ဖှေး၏မှတ်ချက်ကို ကြားလိုက်ရသည်။

ဖှေးပြောလိုက်သည့်စကားသည် မိမိကိုယ်မိမိပြန်လည်သုံးသပ်နေသည့်ထောင်မှူးအား ကျက်သေသေသွားစေခဲ့သည်။ ထို့နောက်တွင် ထက်မံ၍ အလွန်မင်းပျော်ရွှင်လာ၏။ ဤအခိုက်တန့်တွင် သူ၏စိတ်တစ်ခုလုံးလစ်ဟာသွားသလိုပင်ခံစားလိုက်ရပြီး သူခံစားနေရသည့်ခံစားချက်ကိုသာ ဆုပ်ကိုင်ထားချင်နေ၏။ သို့သော် သူသည် လက်ရှိအချိန်တွင်ဖှေးအား နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကိုးကွယ်နေပြီဖြစ်သည်။

အင်္ကျီတစ်ပိုင်းချွတ်ထားသည့် ထောင်စောင့်လေးယောက်သည်လည်း ဖှေးပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် ရင်ထဲနွေးထွေးသွားသလိုခံစားလိုက်ရ၏။

“မင်းက င့ါကိုလှည့်စားဖို့ကြိုးစားနေတာပဲ...” နှင်တောင်သိုင်းဆရာသည် ခနတာတိတ်ဆိတ်ပြီးသည့်အချိန်တွင် ရယ်မောကာအော်ဟစ်လိုက်သည်။ “စစ်သည်တစ်ယောက်ရဲ့ ဂုဏ်သရေကို တိုက်ပွဲတစ်ခုမှာပဲ သိနိုင်လိမ့်မယ်။ မင်းက စစ်သည်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဒီညစ်ပတ်တဲ့ ပစ္စည်းတွေနဲ့ ညစ်နွမ်းအောင်လုပ်လို့မရဘူး။ ဟားဟားချမ်းဘော့ဒ်ဘုရင် မင်းက စစ်သည်တစ်ယောက်ကို ဒီလိုအပြစ်ပေးနေတယ်ဆိုကတည်းက မင်းကအတော်လေးကျရှုံးနေပြီဆိုတာကို ၀န်ခံလိုက်တာပဲ။ မင်းက လေးစားစရာကောင်းတဲ့ သိုင်းဆရာတစ်ယောက်မဟုတ်တော့ဘူးထင်တယ်။ မင်းက ဆွေကြီးမျိုးကြီးအစစ်မှန်တစ်ယောက်တောင်မဟုတ်တော့ဘူး။ ဟားဟား နောက်ပြီးတော့ ငါမင်းရဲ့လျို့၀ှက်ချက်တစ်ခုကိုလည်း ရှာတွေ့သွားပြီ။ မင်းက အောက်လမ်းမှော်ဆရာတွေနဲ့ပတ်သက်နေတာပဲ။ အဲ့ကောင်လေးက လူသားအရေခြုံထားတဲ့ မကောင်းဆိုး၀ါးနဂါးတစ်ကောင်ပဲ။ ဟဟ မင်းတစ်နေ့ကျရင် မဟာဘုရားကျောင်းရဲ့ မြင့်မြတ်တဲ့တောင်ထိပ်မှာ မီးရှို့ကွပ်မျက်ခံရလိမ့်မယ် ဟားဟား...”

ဖှေး၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာကာ ပြောလိုက်သည်။ “ဟမ် အောက်လမ်းမှော်ပညာဟုတ်လား။ ခင်ဗျားဘာတွေပြောနေတာလဲ။ မကောင်းဆိုး၀ါးနဂါးဟုတ်လား ခင်ဗျား ၀တ္တုတစ်ပုဒ်အကြောင်းးပြောနေတာလား။နေပါဦး...ခင်ဗျားက ကျွန်တော့ကို အပုပ်ချဖို့ကြံနေတာလား...အတော်လေးညစ်ပတ်ပေမယ့် ရိုးရှင်းတဲ့မကောင်းကြံနည်းတစ်ခုပဲ။ ခင်ဗျားအကြံကအသုံး၀င်လာမယ်လို့ ထင်နေတာလား...”

“မကောင်းကြံတယ်ဟုတ်လား၊ အပုပ်ချတယ် ဟားဟား အဲ့သောက်ကလေးသာ မကောင်းဆိုး၀ါးစွမ်းအင်မသုံးခဲ့ဘူးဆိုရင် ငါက ဘယ်လိုလုပ်ပြီးတော့ င့ါအဆင့်မှာပဲရှိတဲ့လူတစ်ယောက်ရဲ့ ဖမ်းဆီးတာကို ခံရမှာလဲ။ သူ့ရဲ့ မကောင်းဆိုး၀ါးစွမ်းအင်က လက်ရှိမှာ င့ါရဲ့အတွင်းအားစွမ်းအင်တွေကို ဖိထားနေတယ်။ အဲ့တာကြောင့် ငါမတိုက်ခိုက်နိုင်တော့တာပဲ။ ဟားဟား ချမ်းဘော့ဒ်ဘုရင် မင်း ဆုတောင်းထားတော့။ တစ်နေ့မှာတော့ မဟာဘုရားကျောင်းက သိုင်းဆရာတွေဒီအကြောင်းကို သတိထားမိသွားလိမ့်မယ်။အဲ့ကျရင် ဒီကိုရောက်လာပြီးတော့ မင်းရဲ့ သရုပ်မှန်ကို ဖော်ထုတ်ကြလိမ့်မဘ်။ အဲ့အချိန်ကျရင် ဇီးနစ်အင်ပါယာကြီးတစ်ခုလုံးလဲ မင်းကြောင့် ပျက်ဆီးသွားလိမ့်မယ်။ ဟားဟား မင်းက ငါတို့ကို ဖမ်းနိုင်ခဲ့ပေမယ့် မင်းကိုယ်မင်းလူသိခံလိုက်တာပဲ။ မင်း သေရမယ့်အချိန်နဲ့ပိုနီးလာတာပေါ့ကွာ...”

“တကယ်ကြီးလား။ ငါတော်လန့်သွားပြီ ငါဘာလုပ်သင့်လဲ...” ဖှေးသည် ကြောက်လန့်နေသည့် အမူယာတစ်ခုဖြင့် ပြောလိုက်၏။

“နည်းလမ်းတစ်ခုပဲရှိတယ်။ မင်းငါတို့ကိုထွက်သွားခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့ကို ဒဏာရီလာနန်းတော်ထဲမှာ အောက်လမ်းမှော်ဆရာတစ်ယောက်က တိုက်ခိုက်လိုက်တာလို့ပဲ မဟာဘုရားကျောင်းကို ပြောလိုက်မယ်။ ဘာလို့လဲဆိုတော့ ငါလဲမဟာဘုရားကျောင်းနဲ့ ဇယားမရှုပ်ချင်ဘူး။ ဒါက မင်းအတွက်အကောင်းဆုံးရွေးချယ်မှုပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဟီးဟီး ငါတို့နှစ်ယောက်အတူသေကြတာပေါ့။ မင်းရဲ့အဆုံးသက်ကလည်း င့ါထက်ပိုကောင်းနိုင်မှာမဟုတ်ဘူး...” နှင်းတောင်သိုင်းဆရာသည် အေးစက်စွာရယ်မောရင်းဖြင့် ပြောလိုက်၏။ ခြိမ်းခြောက်ခြင်း၊ လက်စားခြခြင်း စသည့်ခံစားချက်များသည် သူ၏မျက်နှာပေါ်တွင် ပြည့်နှက်နေ၏။

“အော်ဟုတ်လား။ ဒါပေမယ့် ကျွန်တော့မှာ နောက်ထပ်ရွေးချယ်စရာတစ်ခုကျန်နေသေးတယ်။ ခင်ဗျားတို့နှစ်ယောက်လုံးကို အခုချိန်မှာသတ်လိုက်ပြီးတော့ နှုတ်ပိတ်လိုက်မယ်ဆိုရင်ရော...” ဖှေး၏ တောက်ပကာ ယုံကြည်ချက်ရှိသည့်အပြုံးကြောင့် သူ၏ထောင်သားများ ထိတ်လန့်သွားရ၏။

All Chapters