← Chapters

အခန်း (၆၂၈)

Vol. 40 Ch. 628

အခန်း (၆၂၈)

Vol. 40 Ch. 628

“ချမ်းဘော့ဒ်ဘုရင် မင်းကလည်း ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပါ။ မကောင်းဆိုး၀ါးစွမ်းအင်အရိပ်ယောင်တွေက မင်းငါတို့ကိုသတ်လိုက်ရင်တောင် ဒီနေရာမှာရှိနေမယ်ဆိုတာကို မင်းမှာပါ။ အဲ့အချိန်ကျရင် မင်းရှင်းပြလို့ရမှာမဟုတ်တော့ဘူး...” နှင်းတောင်သိုင်းဆရာသည် ခိုင်မြဲစွာပြောလိုက်၏။

“ကောင်းပါပြီ ချီးကျူးတဲ့အတွက် ကျေးဇူးပါ။ ခင်ဗျားပြောတာကို ကျွန်တော်စဥ်းစားပေးပါ့မယ်။ ဒါပေမယ့် ကျွန်တော်လောလောဆယ်မှာ တစ်ခြားအကြောင်းပြောချင်တယ်...” ဖှေးသည် ရုန်းကန်နေသည့် တိုနီအားကြည့်ကာ ရယ်မောလိုက်သည်။ “ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါသိချင်နေခဲ့တာကြာပြီ။ ခင်ဗျားကို မင်းသားဖာရင်တန်လို လူကတောင်လေးစားတယ်ဆိုတော့ ခင်ဗျားက လူပိန်းတစ်ယောက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားက ဒီတိုနီကို ဘာလို့ ရတနာတစ်ပါးလို ဆက်ဆံနေရတာလဲ။ ဘာလို့ ခင်ဗျားမှာရှိသမျှအရာရာကိုအသုံးပြုပြီဂတော့ သူ့ကို လအဆ့င်ရောက်အောင်ဆွဲခေါ်ပေးခဲ့တာလဲ။ သူက အမှိုက်သရိုက်ပဲဆိုတာကို မမြင်နိုင်တဲ့လူက ခင်ဗျားတစ်ယောက်ပဲရှိမယ်ထင်တယ်။ သူက ခင်ဗျားကို သစ္စာဖောက်သွားတာတောင် ခင်ဗျားဘာလို့ သူ့ကို ကာကွယ်ပေးနေတာလဲ...”

ဖှေးထိုအကြောင်းကိုပြောလိုက်သည့်အချိန်တွင် နှင်းတောင်သိုင်းဆရာ၏မျက်နှာသည်အရောင်ပြောင်းလဲသွား၏။ သူသည် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှပြန်ပြောခြင်းမရှိပေ။၊

“ဟားဟား ခင်ဗျားမပြောချင်ဘူးဆိုတော့ ကျွန်တော်ပဲခန့်မှန်းကြည့်ရတော့မှာပေါ့။ မဟုတ်မှလွဲရော ကျွန်တော့ရှေ့မှာရှိနေတဲ့ အမှိုက်သရိုက်ကောင်က ခင်ဗျားတပည့်တင်မဟုတ်ပဲ ခင်ဗျားရဲ့သားဖြစ်နေလို့မလား။ အဲ့တာမှ အဓိပ္ပါယ်ရှိလိမ့်မယ်...” ဖှေးသည် ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေရင်းဖြင့် ပြုံးလိုက်သည်။

နှင်းတောင်သိုင်းဆရာ တုန်လှုပ်သွား၏။ “မင်းဘာလို့ သိတာလဲ။ ဒါက အဓိပ္ပါယ်မရှိတာပဲ..မင်း...”

“ဘာ ခင်ဗျားမ၀န်ခံချင်ဘူးလား။ ကောင်းပြီလေ အဲ့သတင်းက တုန်လှုပ်ဖွယ်ကောင်းတယ်ဆိုတာ ကျွန်တော်လဲ ၀န်ခံရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားက တိုနီလိုကောင်ကို ဘာလို့ နှစ်သက်နေရတာလဲဆိုတာ ဒီဟာက တစ်ခုတည်းသောအကြောင်းပြချက်ပဲ။ ဖခင်တစ်ယောက်ရဲ့အချစ်ဆိုတာ အတော်လေးကြီးမားတာပဲ။ မဟာနှင်းတောင်တန်းရဲ့ ကြီးမြတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ကိုတောင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်မချမှတ်နိုင်တဲ့ လူပိန်းတစ်ယောက်ဖြစ်သွားစေတာပဲ။ အထင်မမှားပါနဲ့ ကျွန်တော်ခင်ဗျားကို ဟာသလုပ်နေတာမဟုတ်ပါဘူး...”

“မင်း...” နှင်းတောင်သိုင်းဆရာသည် ဆက်လက်တည်ငြိမ်နိုင်ခြင်းမရှိတော့ပေ။

သူသည် ပုံမှန်အားဖြင့် တည်ငြိမ်စွာနေတတ်သည့်လူတစ်ယောက်ဖြစ်သော်လည်း သူသည် လက်ရှိအခိုက်တန့်တွင် စိုးရိမ်နေ၏။ သူအချိန်ကြာမြင့်စွာ သိမ်းထားခဲ့သည့် လျို့၀ှက်ချက်တစ်ခုသည် ဤကဲ့သို့ဖြင့် ပေါ်လွင်သွားသောကြောင့်ပင်။ အနာဟောင်းတစ်ခု ပြန်ပွင့်လာသကဲ့သို့ပင်။

သူ၏ အမူယာကိုတွေ့ပြီးသည့်အချိန်တွင် ဤအကျဥ်းခန်းထဲတွင်ရှိနေသည့်လူများအားလုံး ဖှေးအမှန်တရားကို ပြောနေခြင်းဖြစ်ကြောင်းသိသွားကြ၏။

နောင်တကာ ကြောက်လန့်တုန်ယဥ်နေသည့် တိုနီပင် ရုတ်တရက်ရပ်တန့်သွားသည်။

ဤအခိုက်တန့်တွင် တိုနီသည် အရာအားလုံးကို နားလည်သွားသလိုခံစားလိုက်ရ၏။ သူ၏စိတ်ထဲတွင်ရှိနေသည့်မေးခွန်းများအားလုံး၏ အဖြေကို ရရှိသွားပြီဖြစ်သည်။

“ဆရာက င့ါရဲ့တကိုယ်ကောင်းဆန်တဲ့အမှားတွေကို ခွ့င်လွှတ်ပြီးတော့ င့ါကို အကြိမ်ပေါင်းများစွာကူညီခဲ့တာပဲ။ သူကသူ့ရဲ့အတွင်းအားစွမ်းအင်တွေကိုသုံးပြီးတော့ င့ါကိုအဆင့်တတ်နိုင်အောင်ကူညီပေးခဲ့တယ်။ မဟာနှင်းတောင်မှာ တစ်ခုတည်းပဲရှိတဲ့ ပြီးပြည့်စုံအဆင့်မှော်တလင်းကျောက်နဲ့ တခြားရတနာတွေသုံးပြီးတော့ ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်တဲ့င့ါကို လအဆင့်ရောက်အောင်ပို့ပေးခဲ့တယ်။”

ဤအကြောင်းပြချက်သည် အရာရာကိုရှင်းပြလိုက်ပြီးဖြစ်သည်။

“ကယ်ပါဦး ကျွန်တော့ကို ကယ်ပါပြီး အဖေ...” ရေနှစ်နေသည့်လူသည် ကောက်ရိုးတမျှဥ္က်ကို ဖမ်းဆွဲလိုက်သကဲ့သို့ တိုနီသည် ရုန်းကန်ကာ အော်ဟစ်လိုက်သည်။

“အမ်...” နှင်းတောင်သိုင်းဆရာသည် သက်ပြင်းချလိုက်၏။ သူသည် ဤခနအတွင်းမှာပင် များစွာအိုဟောင်းသွားသလိုပင်။ ခနတာကြာသည့်အချိန်တွင် သူသည်အပေါ်သို့ မော့ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး မင်း ဒီကိစ္စတစ်ခုတည်းကိုပဲပြောချင်လို့ဒီကိုလာခဲ့တာမဟုတ်ဘူးထင်တယ်။ မင်းရဲ့ တောင်းဆိုချက်တွေက ဘာတွေလဲ။ ငါကအကုန်လုံးကို လက်ခံပေးလိုက်မယ်။ မဟာဘုရားကျောင်းက လူတွေကိုတောင် ငါက အောက်လမ်းဆရာပါလို့ ပြောခိုင်းရင်ပြောပေးမယ်။ ဒီနေရာမှာရှိနေတဲ့ အောက်လမ်းစွမ်းအင်တွေကို မင်းဖုံးကွယ်ချင်ရင်ပေါ့။ မင်းက င့ါကို သတ်ချင်တယ်ဆိုရင်တောင် ငါပြန်မတိုက်ခိုက်ပဲနဲ့ သတ်ခွင့်ပေးလိုက်မယ်။ မင်း ဒီတစ်ခါတိုနီကို လွတ်ပေးမယ်ဆိုရင် ငါမင်းဘာပဲတောင်းဆိုတောင်းဆို လိုက်လျှောပေးပါ့မယ်...”

ဖခင်တစ်ယောက်၏မေတ္တာသည်အလွန်ပင်ကြီးမားလှ၏။ နှင်းတောင်သိုင်းဆရာပြောလိုက်သည့်အရာသည် သူနှင့် တိုနီတို့၏ ဆက်ဆံရေးအား သွယ်၀ိုက်စွာဖြင့် ၀န်ခံနေသိုပင်။

ဤအခိုက်တန့်တွင် သူသည် ဖှေး၏လုံး၀ပင်အနိုင်ယူခြင်းကိုခံလိုက်ရ၏။

သူထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ဖှေးအား ကြည့်ကာ ဘုရင်၏ အဖြေကို စောင့်ဆိုင်းနေ၏။

“ခင်ဗျားရဲ့ ဖခင်မေတ္တာကိုတော့ ကျွန်တော်လေးစားပါတဲ့။ ဒါပေမယ့် ခင်ဗျားက ကျွန်တော်နဲ့ ဆွေးနွေးခွင့်မရှိဘူး။” ဖှေးသည် သူ၏ခေါင်းကို ရမ်းလိုက်ပြီး အေးစက်စွာဖြင့်ပြောလိုက်သည်။ “လူတိုင်းက သူတို့လုပ်ခဲ့တဲ့အရာတွေအတွက် ပြန်ပြီးတော့ ပေးဆပ်ရမှာပဲ။ ခင်ဗျားက မဟာနှင်းတောင်ရဲ့ အုပ်ချုပ်သူတစ်ယောက်၊ ပြီးတော့ ဒီဒေသမှာ စွမ်းအားအမြင့်ဆုံးသိုင်းဆရာတွေထဲကတစ်ယောက်ဆိုပေမယ့် လက်ရှိမှာတော့ ကျွန်တော့ရဲ့အကျဥ်းသားတစ်ယောက်ပဲ။ ကျွန်တော်က ခင်ဗျားနဲ့ ဆွေးနွေးဖို့အတွက် ဒီကိုလာတယ်လို့ ထင်လို့လား။ ခင်ဗျားမှားသွားပြီ အတော်လေးမှားသွားပြီ။ ကျွန်တော့ကို မြင့်မြတ်တဲ့လူတစ်ယောက်လို့မထင်တဲ့။ ကျွန်တော်က ရိုးရှင်းတဲ့လူတစ်ယောက်ပဲ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ယူမဲ့လူ။ ဒီကလိုလာခဲ့တာ အနိုင်ရတဲ့လူတစ်ယောက်ရဲ့ အရသာကို ခံစားချင်လို့ပဲ...”

ဖှေး၏ အသံသည် အကျဥ်းခန်းထဲတွင် ဟိန်းသွား၏။

ဤအဖြေသည် ဆွေကြီးမျိုးကြီးလူတစ်ယောက်၏ ပုံရိပ်နှင့်ကိုက်ညီခြင်းမရှိပေ။ ထို့ကြောင့် ထောင်မှူးနှင့် ထောင်စောင့် လေးယောက်တို့သည် ဤအဖြေမှားယွန်းနေသည်ဟု ထင်ကြခြင်းမရှိပေ။ ထိုအစား ဤသည်ကသာ ဖြစ်သင့်သည့်အရာဟုထင်ကြ၏။ ချမ်းဘော့ဒ်ဘုရင်သည် သူတို့နှင့်ပို၍နီးစပ်သည့် လူတစ်ယောက်ဟု ထင်လာကြ၏။

“မင်း...” နှင်းတောင်သိုင်းဆရာသည် မမြင်နိုင်သည့်အရာတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး အသက်ရှူရန်ပင်ခက်ခဲနေ၏။

“မင်း...မင်းက ရူးသွပ်နေတဲ့လူတစ်ယောက်ပဲ။ မင်းက ရူးနေတဲ့လူပဲ...” စိတ်ဓာတ်ကျနေသည့် တိုနီသည် အော်ဟစ်ကာ ငိုကြွေးလိုက်သည်။ သူသည် သောင်တင်နေသည့် ငါးတစ်ကောင်ကဲ့သို့ပင်။

ဤအခိုက်တန့်တွင် အခြအနေကို တွက်ဆကာ တည်ငြိမ်နေသည့် နှင်းတောင်သိုင်းဆရာနှင့် စိတ်ဓာတ်ကျဆင်းနေသည့် တိုနီတို့သည် တစ်ခါမှမကြုံဖူးသေးသည့် အေးစက်မှုကိုခံစားလိုက်ရသည်။ သူတို့သည် ဘုရင်ပေါ်တွင် ထူးခြားသည့်အရှိန်၀ါတစ်ခုကို ခံစားလိုက်မိ၏။ မည်သည့်အချိန်တွင်မှ ခွင့်လွှတ်တတ်ခြင်းမရှိသည့် ဆာလောင်နေသော ၀ံပုလွေတစ်ကောင်ကဲ့သို့ပင် ဤဘုရင်သည် သူ၏ ရန်သူများကို သူ့အား ရန်လာစခဲ့မိသည့်အတွက် ကြောက်လန့်သွားအောင်ပြုလုပ်နိုင်၏။

“ဟားဟားဟား အဲ့လိုဆိုရင် င့ါကို သတ်လိုက်လေ။ မဟာဘုရားကျောင်းက သိုင်းဆရာတွေ ဒီနေရာမှာရှိတဲ့ အောက်လမ်းစွမ်းအားတွေကိုသာ အာရုံခံမိသွားရင် မင်းရဲ့ နောက်ဆုံးနေ့လဲရောက်လာမှာပေ့ါ။ ဟားဟးဟား မင်းချစ်တဲ့ ချမ်းဘော့ဒ်ဘုရင်နဲ့ မင်းလက်ရှိမှာ ကာကွယ်နေတဲ့ လူတွေအကုန်လုံးလဲ သေရလိမ့်မယ်...” နှင်းတောင်သိုင်းဆရာသည်လည်း ပြန်ဖြေလိုက်၏။ သူ၏ ခန္ဓာကိုယ်အာားပြင်းထန်စွာလှုပ်ခါလိုက်ပြီး လွတ်မြောက်ရန်ကြိုးစားလိုက်သည်။ ထို့နောက်တွင် သံကြိုးခြင်းရိုက်ခတ်နေသည့်အသံများနှင့် ဖှေးအား ကျယ်လောင်စွာအော်ဟစ်နေ၏။

“တကယ်လား ခင်ဗျားတို့တွေကို ဒီနေရာမှာ ချုပ်ထားတာ။ လေးရက်ကျော်နေပြီ။ လေးရက်ဆိုတာ မဟာဘုရားကျောင်းက သူတော်စဥ်တွေ အောက်လမ်းစွမ်းအင်ကို အာရုံခံမိဖို့အတွက် လုံလောက်တဲ့အချိန်လို့ ခင်ဗျားမထင်ဘူးလား...” ဖျေးပြာလိုက်သည်။ “မဟာဘုရားကျောင်းက လူတွေက မာနထောင်လွှားပြီးအပျင်ကြီးတယ်ဆိုပေမယ့် မကောင်းဆိုး၀ါးစွမ်းအင်နဲ့ပတ်သက်ရင် စပ်စပ်ထိမခံတာကို ခင်ဗျားသိပါတယ်...သူတို့တွေ အခုဘာလို့ ဒီနေရာကို မလာသေးတာလဲ...”

နှင်းတောင်သိုင်းဆရာ တုန်လှုပ်သွား၏။

ဖှေးပြောလိုက်သည့်အရာသည် သူ၏ခေါင်းကို ဆောင့်တိုက်လိုက်သည့်အတိုင်းပင်။

သူသည် လွန်ခဲ့သည့်ရက်များသည် ဤအကြောင်းကို စဥ်းစားကြည့်နေမိခဲ့သည်။ နဂါးမကောင်းဆိုး၀ါးသည် သူ၏ မကောင်းဆိုး၀ါးစွမ်းအင်များကို အသုံးပြုလိုက်သည့်အချိန်တွင် မဟာဘုရားကျောင်းမှလူများသိရှိရလိမ့်မည်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုပါက မဟာဘုရားကျောင်းမှလူများသည် မကောင်းဆိုး၀ါးစွမ်းအင်အမှုန်အမွှားကိုပင် အ၀ေးမှ အာရုံခံနိုင်သည့်လူများဖြစ်သည့်အတွက်ကြောင့် ချက်ချင်းပင်ရောက်ရှိရာရလိမ့်မည်ဖြစ်သည်။ သို့သော် လေးရက်ခန့်ပင် ကုန်ဆုံးနေပြီဖြစ်သော်လည်း မဟာဘုရားကျောင်းမှလူများမရောက်လာကြသေးပေ။

ဤအခိုက်တန့်တွင် နှင်းတောင်သိုင်းဆရာသည် ယခင်က လျစ်လျူရှုထားခဲ့မိသည့် တစ်စုံတစ်ခုကိုတွေးလိုက်မိကာ သူ၏မျက်လုံးများသည်လည်း ချက်ချင်းပင် ပြူးကျယ်သွားတော့၏။

“ခင်ဗျားနောက်ဆုံးတော့ တစ်ခုခုစဥ်းစားမိသွားပြီထင်တယ်။ ဒါပေမယ့် နောက်ကျလွန်းသွားပြီ...” ရုတ်တရက်ပင် ဖှေး၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်မီးတောက်များထွက်ပေါ်လာပြီး အကျဥ်းခန်းထဲတွင်ရှိသည့် အေးစက်မှုများကို ဖျက်ဆီးပစ်လိုက်သည်။ ငြိမ်းချမ်းကာ နွေးထွေးသည့်ခံစားချက်တစ်ခုသည် အကျဥ်းခန်းထဲတွင်ပြည့်နှက်သွားပြီး ဘုရင်သည် အနိုင်ရရှိသူတစ်ယောက်ကဲ့သို့ပြုံးကာ ပြောလိုက်သည်။ “ငါက မဟာဘုရားကျောင်းရဲ့ရွေးချယ်ခြင်းခံထားရတဲ့လူတစ်ယောက်ပဲ။ ငါ့ကို ဘုရားသခင်က ချစ်ခင်လို့ ရွှေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်တွေကိုပိုင်ဆိုင်ထားတယ်။ ငါက ဘုရားသခင်ကို ကိုယ်စားပြုတဲ့လူပဲ။ ငါက အောက်လမ်းဆရာတွေနဲ့ ဆက်ဆံနေတယ်ဆိုတာ ဘယ်လိုဖြစ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ မင်းင့ါကို မကောင်းကြံချင်တယ်ဆိုရင် ပိုပြီးတော့ ကောင်းတဲ့အကြောင်းပြချက်တစ်ခုနဲ့လာမှပဲရလိမ့်မယ်။ မင်းရဲ့စကားကို သုံးနှစ်အရွယ်ကလေးတောင် ယုံမှာမဟုတ်လို့ပဲ...”

“ဒါ...ဒါဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလည်း...”နှင်းတောင်သိုင်းဆရာ တုန်လှုပ်သွား၏။

ချမ်းဘော့ဒ်ဘုရင်သည် အမှန်ပင် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်နေပါက အောက်လမ်းမှော်ဆရာများနှင့် ဆက်ဆက်နေခြင်းသည်မဖြစ်နိုင်သလောက်ပင်။

“ဒါပေမယ့် အဲ့မကောင်းဆိုး၀ါးနဂါးက တကယ်ပဲ သူ့ရဲလူပဲ။ ဘာတွေဖြစ်ကုန်တာလဲ ဒါဆို...” နှင်းတောင်သိုင်းဆရာတွေးလိုက်မိသည်။

အခိုက်တန့်တစ်ခုကြာခန့် အရာရာအားတွက်ဆနိုင်သည့်ဤလူသည် လက်ရှိအခြအနေအား လိုက်မမှီနိုင်သလိုခံစားလိုက်ရ၏။

ရုတ်တရက်အပြောင်းလဲများဖြစ်ပေါ်လာတော့၏။

All Chapters