← Chapters

အခန်း (၆၂၉)

Vol. 40 Ch. 629

အခန်း (၆၂၉)

Vol. 40 Ch. 629

သူ၏အတွင်းအားစွမ်းအင်များကို ထိန်းချုပ်ထားသည့် မကောင်းဆိုး၀ါးစွမ်းအင်များသည်လည်း ပူလောင်သည့်နွေရာသီတွင် အရည်ပျော်ကျနေသည့် နှင်းပွင့်များကဲ့သို့ပင် ပျောက်ကွယ်သွားနေသည်ကိုလည်း အံ့သြဖွယ်သတိထားလိုက်မိသည်။ သူ၏အတွင်းအားစီးကြောင်းများပြန်လည်ကောင်းမွန်လာနေပြီး အဆင့်နိမ့်လခြမ်းစွမ်းအားများမှာလည်း လျှင်မြန်စွာပင် ပြန်လည်ကောင်းမွန်လာနေ၏။

“မအံ့သြပါနဲ့။ ခင်ဗျားရဲ့စွမ်းအားတွေက မကြာခင်မှာပင် လုံး၀ပြန်ကောင်းသွားလိမ့်မယ်။ ငါဘုရင်က မင်းတို့နှစ်ယောက်ကို နောက်ဆုံးအခွင့်ရေးတစ်ခုပေးလိုက်မယ်။ င့အနောက်မှာရှိနေတဲ့လိုဏ်ဂူကို မင်းတို့နှစ်ယောက်မြင်တယ်မလား။ မင်းတို့နှစ်ယောက်သာ င့ါကို အနိုင်ယူနိုင်မယ်ဆိုရင် ဒီနေရာကနေ အသက်ရှင်လျှက်ထွက်သွားခွင့်ပေးလိုက်မယ်...” ဖှေးသည် အကျဥ်းထောင်၏ တစ်ခုတည်းသောထွက်ပေါ်ဖြစ်သည့် လိုဏ်ဂူကိုညွှန်ပြကာ ထောင်စောင့်များနှင့် ထောင်မှူးများကို ဘေးသို့ ဖယ်ကြရန်အချက်ပြလိုက်သည်။ ဖြစ်ပွားလာတော့မည့် တိုက်ပွဲကြောင့် ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်မိသည့်အတွက်ကြောင့်ပင်။

“ဂရုစိုက်ပါ ဆာ...” ထောင်မှူးသည် ချက်ချင်းပင် တစ်ဖက်သို့ လှည့်ကာ ဖှေးအား စိုးရိမ်စွာဖြင့် ပြောလိုက်၏။

“အေး ကျေးဇူးပါ...” ဖှေးသည် ထိုထောင်မှူး၏ ပခုံးအားညင်သာစွာပုတ်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုသည် ထိုထောင်မှူး၏ ခန္ဓာကိုယ်ထဲသို့ စီး၀င်သွားပြီး ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဒဏ်ရာများအားလုံးကို ကုသပေးလိုက်၏။ သူသည် ဤအေးစက်သည့်အကျဥ်းထောင်ထဲတွင်အလုပ်လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာပင်ကြာမြင့်ပြီဖြစ်သည့်အတွက်ကြောင့် သူကိုယ်တိုင်ပင် သတိမထားမိခဲ့သည့်အတွင်းဒဏ်ရာပေါင်းများစွာရရှိနေသည့်အတွက်ပင်။

နောက်အခိုက်တန့်တွင် ဖှေးသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူ၏ ခွန်အားများသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ အကျဥ်းခန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ငွေရောင်စွမ်းအင်စက်လုံးသည် နံရံတိုင်းအားလွှမ်းခြုံထားသည့်အတွက်ကြောင့် နှင်းတောင်သိုင်းဆရာနှင့် တိုနီတို့သည် ဖှေးအား အနိုင်ယူနိုင်ခြင်းမရှိပဲ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ဖှေးထောင်မှူးအားထိလိုက်အပြီးတွင် ထိုထောင်မှူးသည် ဆယ်နှစ်ခန့်အသက်ငယ်သွားသလိုခံစားလိုက်ရ၏။ သူ၏ခြေထောက်များသည်ပို၍ပေါ့ပါးလာကာ သူ၏ ဘ၀ရည်မှန်းချက်များ၊ မျှော်လင့်ချက်များကို ပြန်လည်ခံစားလိုက်ရသည်။

သူသည် ဘာမှမပြောတော့ပဲ လျှင်မြန်စွာပင် အကျဥ်းခန်းထဲမှ ထွက်သွားတော့၏။

အခန်းအပြင်သို့ ရောက်သည့်အချိန်တွင်ရပ်လိုက်ပြီး ထိုနေရာ၌ပင် စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်စောင့်ဆိုင်းနေ၏။

လအဆင့်သိုင်းဆရာများ၏ တိုက်ပွဲသည်ဖြစ်ပွားတော့မည်ဖြစ်သောကြောင့် အကျဥ်းထောင်တစ်ခုလုံးပင်ပျက်ဆီးသွားနိုင်၏။ သို့သော် သူသည် ချမ်းဘော့ဒ်ဘုရင်အား ၁၀၀ရာခိုင်နှုန်းယုံကြည်စိတ်ချသည့်အတွက်ကြောင့် မည်သည့်နေရာကိုမှမသွားပဲ ထိုနေရာတွင်သာ စောင့်နေခြင်းဖြစ်သည်။

“ဘုရင်အလတ်ဇန္ဒားက ပြိုင်ဘက်ကင်းတဲ့သိုင်းဆရာတစ်ယောက်ပဲ။ သူ သေချာပေါက်အနိုင်ရလိမ့်မယ်...” ထောင်မှူး သူ့ကိုယ်သူပြောလိုက်သည်။ ဤလအဆင့်အကျဥ်းသားနှစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသည့် သိုင်းဆရာများဖြစ်သည်ဟုသူကြားခဲ့ဖူးသော်လည်း သူသည် ချမ်းဘော့ဒ်ဘုရင်အား ယုံကြည်နေဆဲပင်။

အင်္ကျီကျွတ်နှင့် ထောင်စောင့်လေးယောက်သည်လည်း ထွက်သွားခြင်းမရှိသေးပေ။ သူတို့သည်လည်း ထောင်မှူး၏အနောက်တွင်ရပ်ကာ စောင့်ဆိုင်းနေလျှက်ရှိသည်။

“ချွင် ချွင် ချွင်..”

လက်ထိပ်များ၊ သံမဏိချိန်းကြိုးများသည် အရည်ပျော်ကျနေသည့် ဖယောင်းခဲများကဲ့သို့ပင် လွယ်ကူစွာကျိုးပဲ့သွား၏။

နှင်းတောင်သိုင်းဆရာသည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။

“၀ုန်း...” မီးတောက်များသည် သူ၏လက်ပေါ်တွင်ပေါ်လာပြီး အမဲရောင်စွမ်းအင်များစွာကို သူ၏ခန္ဓာကိုယ်အတွင်းမှ တွန်းထုတ်လိုက်သည်။

ထိုအမဲရောင်စွမ်းအင်များသည် အာသာ၏ မကောင်းဆိုး၀ါးစွမ်းအင်များပင်။

ထိုစွမ်းအင်များသည် ပုံမှန်အားဖြင့် ဖျက်ဆီး၍ မရနိုင်သော်လည်း ဖှေး၏ ပါလာဒင်ဇာတ်ကောင်၏ မြင့်မြတ်သန့်စင်သောစွမ်းအားများကြောင့် အားနည်းသွားသောကြောင့် စတင်၍ အရည်ပျော်လာတော့သည်။ ထိုအချိန်တွင်နှင်းတောင်သိုင်းဆရာသည် သူ၏ ကိုယ်ပိုင်အတွင်းအားစွမ်းအင်များကိုအသုံးပြု၍ မကောင်းဆိုး၀ါးစွမ်းအင်များကို ပို၍ပင်လျှင်မြန်စွာဖျက်ဆီးနေလျှက်ရှိသည်။ တစ်မိနစ်ခန့်ကြာသည့်အချိန်တွင် မကောင်းဆိုး၀ါးစွမ်းအင်များအားလုံးမရှိတော့ပဲ သူ၏စွမ်းအားများသည်လည်း အမြင့်ဆုံးအနေထားသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်၏။

တစ်ဖက်တွင် ပြန်ကောင်းလာသည့် တိုနီသည် ပျော်ရွှင်သွားသည့်ပုံပင်။ သူ့အား ချည်နှောင်ထားသည့် လက်ထိပ်များ၊ သံမဏိချိန်းကြိုးများကို ဖျက်ဆီးပြီးလျှင်ပြီးခြင်းပင် ဘာမှပြောခြင်းမရှိပဲ လေပေါ်သို့ ခုန်တက်သွား၏။ သူသည် ဖှေးအားရင်ဆိုင်ရဲသောသတ္တိမရှိသည့်အတွက် ထွက်ပြေးရန်ပြင်ဆင်လိုက်ခြင်းပင်။ သူသည် မျက်နှာကျက်ပေါ်တွင်အပေါက်ဖောက်ကာ ထွက်ပြေးရန်ကြိုးစားခြင်းဖြစ်ပြီး သူ၏အဖေဖြစ်သော နှင်းတောင်သိုင်းဆရာကို ဂရုပင်မစိုက်ပေ။

ဖှေး၏မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာ၏။

“ဖုန်း...”

ဆူညံသံတစ်ခုထွက်ပေါ်လာ၏။

တိုနီသည် အော်ဟစ်ကာ မြေပေါ်သို့ ပြန်ကျလာပြီး သူ၏ခေါင်းမှလည်းသွေးများစီးကျနေလျှက်ရှိသည်။

သူသည် အားကုန်သုံးကာ ခုန်တက်သွားခြင်းဖြစ်ပြီး မျက်နှာကျက်အား ထိုးဖောက်နိုင်လိမ့်မည်ဟုထင်ခဲ့သည်။ သို့သော် သူသည် ငွေရောင်စွမ်းအင်စက်လုံးပေါ်တွင် အစင်းကြောင်းတစ်ခုကိုပင် ထင်ကျန်ခဲ့စေနိုင်ခြင်းမရှိပေ။

တိုနီ၏မျက်နှာပေါ်တွင် ၀မ်းနည်းသည့်အမူယာတစ်ခုပေါ်လာပြီး ထိုလူငယ်သည် တစ်စုံတစ်ခုအား စဥ်းစားမိသွားပုံရ၏။ သူသည် ထူးထောက်ကာ အသနားခံလိုက်သည်။ “အရှင်မင်းကြီး ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ကြီးမြတ်တဲ့ဘုရင် ကျေးဇူးပြုပြီးတော့ ကျွန်တော့ကို မသတ်ပါနဲ့။ ကျွန်တော် လျို့၀ှက်ချက်တစ်ခုကို သိပါတယ်။ ကျွန်တော်မဟာဘုရားကျောင်းက အဖွဲ့စီက ကြားခဲ့တာပဲ။ ကျွန်တော်အရှင့်ကို ပြောပြပါ့မယ်။ ဒါက တကယ်ပဲ တန်ဖိုးကြီးတဲ့သတင်းအချက်လက်တစ်ခုပါ။ ကျွန်တော့ဆရာကိုတောင် မပြောခဲ့ပါဘူး။ နတ်ဘုရားအဆင့်လက်နက်တစ်ခုက ဒဏာရီလာနန်းတော် လယ်ဗယ်၃၆ဒေသမှာပေါ်လာတော့မှာပါ။ အဲ့လက်နက်ကို ရတဲ့လူတိုင်းက နေအဆင့်သခင်တစ်ယောက်ဖြစ်လာပြီးတော့ ဒဏာရီတစ်ခုဖြစ်သွားမှာပါ...”

ဖှေး တိုနီပြောသည်အား ကြားလိုက်ရသော်လည်း တုန့်ပြန်ခြင်းမရှိပေ။

နှင်းတောင်သိုင်းဆရာသည်လည်း မကြားသလိုပင် ဘာမှပြန်ပြောခြင်းမရှိပဲ သူ၏မီးဂုဏ်သတ္တိအတွင်းအားစွမ်းအင်များကိုသာလျှင် အမြင့်ဆုံးထုတ်လွှတ်လိုက်၏။

နှင်းတောင်သိုင်းဆရာသည် တိုနီထက်များစွာပို၍ အတွေ့ကြုံမြင့်မားသူဖြစ်ပြီး ဖှေး၏ အစွမ်းကို ဓာတ်ဂိတ်တံခါးလုခဲ့သည့်တိုက်ပွဲတွင်လည်း မြင်တွေ့ခဲ့ဖူးသည်။ သူလွန်ခဲ့သည့် ဆယ်ရက်ခန့်က လွယ်ကူစွာအနိုင်ယူနိုင်ခဲ့သည့် ဤလူငယ်သည် ယခုအချိန်တွင် ရင်ဆိုင်ရအလွန်ခက်ခဲသည့်လူတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ကြောင်းကိုလည်း သိရှိခဲ့၏။ ဤလူငယ်သည် သူရန်စခဲ့ဖူးသည့်လူများထဲတွင် ကြောက်စရာအကောင်းဆုံးလူတစ်ယောက်ပင်။

ထို့ကြောင့် သူသည် စတင်တိုက်ခိုက်ရန်အတွက် အလျှင်လိုနေခြင်းမရှိပေ။ သူ၏အတွင်းအားစွမ်းအင်များကို အဆက်မပြတ်ထုတ်လွှတ်နေပြီး သူ၏စွမ်းအားများကို အမြင့်ဆုံးထုတ်လွှတ်ရန်အတွက်ကြိုးစားနေ၏။ သူ၏အတွင်းအားစွမ်းအင်၊ ၀ိဉာဥ်နှင့် ခန္ဓာကိုယ်တို့ အချိတ်ဆက်မိမိလုပ်ဆောင်ပြီး သူ၏စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကိုအသုံးပြုမှသာလျှင် အသက်ရှင်နိုင်ကောင်းရှင်နိုင်မည်ကို သူသိသည့်အတွက်ပင်။

“င့ါရဲ့စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို အသုံးပြုပြီးချမ်းဘော့ဒ်ဘုရင်ကို အာရုံလွှဲထားတဲ့အချိန်မှာ မင်းက အဲ့လိုဏ်ခေါင်းထဲကနေထွက်ပြေးဖို့ကြိုးစားသင့်တယ်။ မင်းအပြင်ကို ထွက်နိုင်ပြီဆိုရင် သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်သွားပါ။ ချမ်းဘော့ဒ်ဘုရင်ကို လက်စားချေဖို့မကြိုးစားနဲ့တော့။ သူက မင်းအတွက်စွမ်းအားမြင့်မားလွန်းနေတယ်။ အေး တွေးကြည့်မယ်ဆိုရင် ငါမင်းကိုအများကြီး အလိုလိုက်ခဲ့မိတာပဲ။ မင်းကို အန္တရာယ်ဖြစ်စေခဲ့တာက င့ါကြောင့်ပါလား...”

နှင်းတောင်သိုင်းဆရာသည် သူ၏နှုတ်ခမ်းများကိုလှုပ်ခြင်းမရှိပေ။ အတွင်းအားစွမ်းအင်ကိုအသုံးပြု၍ တိုနီတစ်ယောက်ထဲသာ ကြားစေရန်အတွက်ပြောလိုက်ခြင်းပင်။

သို့သော် ဖှေးသည် ထိုအရာကို ကြားလိုက်နိုင်၏။

သူ၏ခေါင်းကို ခါရမ်းကာနှင်းတောင်သိုင်းဆရာကိုပင် အနည်းငယ်သနားမိသည်။ ဤဖခင်သည် သူ၏ အသုံးမကျသည့်သားအတွက်ယခုအချိန်ထိပင် စဥ်းစားပေးနေဆဲဖြစ်သောကြောင့်ပင်။ သူ၏ အလိုလိုက်မှုကြောင့်သာ တိုနီသည် ဤကဲ့သို့ ဆိုးသွမ်းရမ်းကားသည့်လူတစ်ယောက်ဖြစ်လာခဲ့ခြင်းပင်။

“သိုင်းကွက်တစ်ခုကပဲအဆုံးဖြတ်ပေးလိမ့်မယ်...” ဖှေးသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ၏ စွမ်းအားမြင့်သောအရှိန်၀ါများကို ဖြန့်ကျက်လိုက်သည်။ သူ၏အနောက်တွင် ၀ေ၀ါးသည့်လူရိုင်းစစ်သည်တစ်ယောက်၏ ပုံရိပ်ပေါ်လာကာ ပြောလိုက်၏။ “ငါတို့တစ်ယောက်ကို သိုင်းကွက်တစ်ခုစီနဲ့တိုက်ခိုက်ပြီးတဲ့အချိန်ထိ ခင်ဗျားအသက်ရှင်နေဦးမယ်ဆိုရင် ခင်ဗျားနဲ့ ခင်ဗျားရဲ့သားကို လွှတ်ပေးလိုက်မယ်...”

“ကောင်းပြီလေ...” နှင်းတောင်သိုင်းဆရာသည် ကျယ်လောင်စွာပင် ပြန်ဖြေလိုက်၏။

ဤအခိုက်တန့်တွင် သူ၏စွမ်းအားများသည် အမြင့်ဆုံးအနေထားသို့ရောက်ရှိနေပြီး တွန့်ဆုတ်ခြင်းမရှိပဲတိုက်ခိုက်လိုက်တော့၏။

......

အကျဥ်းခန်း၏အပြင်ဘက်တွင်ဖြစ်သည်။

“ဘုန်း...”

“ဘုန်း ဘုန်း...”

သုံးမိနှစ်ခန့်တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ကျယ်လောင်သည့် ဆူညံသံနှစ်ခုထွက်ပေါ်လာပြီး မြေငလျင်အငယ်စားတစ်ခုကိုပင် လှုပ်ခတ်သွားစေ၏။

ထိုပေါက်ကွဲမှုသည် အကျဥ်းထောင်ကိုပါ ဖျက်ဆီးပစ်လိုက်၏။ ကျောက်စများနှင့် ဖုန်မှုန့်များသည် မျက်နှာကျက်ပေါ်မှပြုတ်ကျလာပြီး ကျောက်သားလှေကားထစ်များအက်ကွဲကုန်ကြသည်။

ဤကြီးမားသည့် ပြောင်းလဲမှုကြီးသည် ထောင်မှုးနှင့် ထောင်စောင့်လေးယောက်တို့ကို ထိတ်လန့်သွားစေသော်လည်း ထွက်ပြေးခြင်းမပြုကြပေ။ သူတို့သည် ဆက်လက်၍ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေကြ၏။

တစ်မိနစ်ခန့်ကြာသည့်အချိန်တွင် ခြေသံများကို ကြားလိုက်ရသည်။ ရလဒ်အနေဖြင့် သူတို့၏ နှလုံးခုန်သံများမြန်ဆန်လာ၏။

တိုက်ပွဲပြီးသွားပြီထင်တယ်။

“ဘယ်သူနိုင်သွားတာလဲ...”

All Chapters