အခန်း (၆၃၀)
Vol. 40 Ch. 630
နောက်ဆုံးတွင် လူတစ်ယောက်သည် သူတို့အရှေ့သို့ ရောက်ရှိလာ၏။ ထိုလူသည် ဘုရင်အလတ်ဇန္ဒားပင်။
“ဆာ...” သူတို့ငါးယောက်လုံးသည် ဖှေးအားတွေ့လိုက်ရသည့်အချိန်တွင် အလေးပြုလိုက်ကြ၏။
“အေး စိတ်ရှည်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ခနနေ လူတစ်ယောက်လာပြီး အထဲက အလောင်းနှစ်လောင်းကို လာသိမ်းလိမ့်မယ်။ မင်းတို့ဒီကနေပဲ ဆက်စောင့်နေကြ။ နောက်ပြီးတော့ သူတို့ရဲ့အလောင်းတွေကို ထိခိုက်အောင်မလုပ်ကြနဲ့။ ငါတို့ကြားထဲမှာ ရှိတဲ့ ရန်ညိုးတွေကုန်သွားပြီ။ သူတို့ကလည်း တစ်ချိန်က ကြီးမြတ်တဲ့သိုင်းဆရာတွေပဲလေ...” ဖှေးသည် ထိုလူငါးယောက်အား သိမ်မွေ့စွာပြောလိုက်၏။
“ဟုတ်ကဲ့ပါ...”
ဖှေးခေါင်းငြိမ့်ပြကာ အကျဥ်းထောင်ထဲမှ ထွက်ခွာသွားတော့၏။
ထောင်မှူးနှင့် ထောင်စောင့်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ဖက်သို့ လှည့်လိုက်ပြီးအကျဥ်းခန်းထဲသို့ ၀င်လာခဲ့ကြ၏။ သူတို့သည် ဘာဖြစ်ခဲ့သည်ကို သိလိုသည့်အတွက်ပင်။
အထဲသို့ ရောက်လျှင်ရောက်ခြင်းပင် သူတို့မြင်လိုက်သည့်အရာသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသောကြောင့် အော်ဟစ်ကာ ထွက်ပြေးလိုစိတ်များပင်ပေါ်လာ၏။
တစ်စုံတစ်ယောက်သည် အကျဥ်းခန်းထဲတွင် အသက်ရှင်နေဆဲဖြစ်သည့်အတွက်ပင်။
သွေးများသည် နှုတ်ခမ်းမှစီးကျနေရင်းဖြင့် နှင်းတောင်သိုင်းဆရာသည် မြေပြင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေ၏။ သူ၏ရင်ဘက်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးရာကြီးတစ်ခုရှိနေပြီး ထိုလက်သီးရာကြီးသည် နှစ်လက်မခန့်ပင်အနက်ရှိနေ၏။ သွေးများထွက်နေခြင်းမရှိပဲ၊ အရိုးနှင့်အသားတို့သည်လည်း ပျက်ဆီးခြင်းမရှိပေ။ သို့သော် လက်သီးရာကိုမူ ရှင်းလင်းစွာဖြင့် မြင်နေရ၏။ အနုပညာမြောက်လက်ရာတစ်ခုလိုပင်။
နှင်းတောင်သိုင်းဆရာ၏ ရင်ဘက်သည် လှုပ်ရှားနေဆဲပင်။ သူ၏မျက်လုံးများသည်လည်း ပွင့်နေဆဲဖြစ်ပြီး အဖြူရောင်အခိုးငွေ့များသည် သူ၏နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်နေ၏။
ထိုအရာများအားလုံးသည် သူအသက်ရှင်နေဆဲဖြစ်ကြောင်းကို ဖော်ပြနေ၏။
အသက်ရှင်နေဆဲဖြစ်သည့် လအဆင့်သိုင်းဆရာတစ်ယောက်သည် ဤထောင်မှူးနှင့် ထောင်သားများအတွက် ကြောက်စရာကောင်းသည်ထက်ပင် ကျော်လွန်နေသည့်အတွက်ကြောင့်ပင်။ သူတို့အား ပုရွတ်ဆိတ်များကဲ့သို့ပင် လွယ်ကူစွာသတ်ဖြတ်သွားနိုင်၏။
နှင်းတောင်သိုင်းဆရာ၏အကြည့်တစ်ချက်ကပင် သူတို့ကို ရေခဲသေတ္တာထဲသို့ရောက်ရှိနေသလိုခံစားရသည့်အတွက်ပင်။ သေမင်း၏လက်များသည် သူတို့၏လည်ပင်းကို ဆုပ်ကိုင်ထားသလိုပင် သူတို့၏ခန္ဓာကိုယ်များအေးစက်သွား၏။
“ချမ်းဘော့ဒ်ဘုရင် ပြိုင်ဘက်ကင်းအင်ပါယာလက်သီး...အမြန်နှုန်း၊ စွမ်းအား အတော်ကြီးမားတာပဲ...” နှင်းတောင်သိုင်းဆရာသည် သူတို့အားတစ်ချက်ကြည့်လိုက်ပြီး နောက်တွင် သူတို့အား ဆက်လက် အာရုံစိုက်ခြင်းမရှိတော့ပေ။ သူသည် ဖှေး၏ သိုင်းကွက်ကြောင့် အံ့အားသင့်နေပြီး သူ၏ခေါင်းကို ငုံ့ကာ ရေရွတ်လိုက်သည်။ “အတော်လေး ကြောက်စရာကောင်းတဲ့ သိုင်းကွက်ပဲ။ ငါ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ အတွင်းအားလမ်းကြောင်းတွေအကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။ ငါက စွမ်းအားတွေအမြင့်ဆုံးတင်ထားတာတောင် သူ့ရဲ့သိုင်းကွက်တွေကို သတိထားမကြည့်လိုက်မိနိုင်ဘူး...အဟွတ်..ဟားဟား ပြိုင်ဘက်ကင်းအင်ပါယာအရှင်သခင်လက်သီး အတော်လေးကောင်းတဲ့ နာမည်ပဲ။ အတော်လေးကောင်းတဲ့သိုင်းကွက်ပဲ။ အဲ့လိုသိုင်းကွက်အောက်မှာ သေရတာဂုဏ်ယူစရာပဲ။ ငါထင်တာမမှားဘူးဆိုရင် အဲ့သိုင်းကွက်က တစ်နေ့ကျရင်တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေလိမ်မယ်။ ငါက ဒီသိုင်းကွက်ကို ပထမဆုံးကြုံတွေ့ခဲ့ရတဲ့လူပဲ။ င့ါနာမည်ကို သမိုင်းစာအုပ်တွေထဲမှာ ရေးကြလိမ့်မယ် ဟားဟားဟား ကောင်းတယ်...”
သူထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ခနတာခန့်နားလိုက်သည်။ သွေးများသည် သူ၏မျက်လုံးများ၊ နှခေါင်းပေါက်များ၊ နားများ၊ ပါးစပ်အတွင်းတို့မှ စီးကျလာတော့၏။
သူသည် နာကျင်မှုကို မခံစားရသည့်အတိုင်းပင်။ တစ်ဖက်သို့ ဖြေးညှင်းစွာလှည့်ကာ သူ၏ ဘေးတွင်ရှိနေသည့်အလောင်းအားကြည့်လိုက်၏။ သူ၏မျက်နှာပေါ်မှ ခါးသက်သည့်အပြုံးသည် ၀မ်းနည်းကြေကွဲဖွယ်ပင်။
“တိုနီ င့ါသား မင်းအဖေကို အပြစ်မတင်ပါနဲ့။ ချမ်းဘော့ဒ်ဘုရင်က အတော်လေးစွမ်းအားကြီးမားလွန်းနေတယ်။ ငါသူ့ရဲ့ သိုင်းကွက်တစ်ခုကိုတောင် မခံနိုင်ခဲ့ဘူး..အဟွတ် မင်းဒီနေရာကနေ အသက်ရှင်လျှက်ထွက်သွားနိုင်တယ်ဆိုရင်တောင် မင်းသူ့လက်ကနေလွတ်နိုင်မှာမဟုတ်ဘူး။ မင်းအနှိတ်စက်ခံရလိမ့်မယ်။ မင်းသူ့ကို အဲ့လျို့၀ှက်ချက်ပြောပြမယ်ဆိုရင်တောင် သူကမင်းကို လွှတ်ပေးမှာမဟုတ်ဘူး။ မင်းက အတော်လေး ရိုးအတဲ့ကောင်ပဲ ငါမင်းကို အလိုလိုက်ခဲ့မိတာ။ မင်းက ဒီလောက်တောင် ဒုက္ခပေးပြီးပြီဆိုတော့ ငါမင်းကိုပဲ စိုးရိမ်မှုတွေကင်းသွားအောင် လုပ်ပေးရတော့မှာပေါ့ အား..”
သူ စကားမဆုံးသေးခင်မှာပင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဒဏ်ရာများကို ဆက်လက်တောင့်ခံထားနိုင်ချင်းမရှိတော့ပဲ ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့၏။ ထို့နောက်တွင် နောက်ပြန်လဲကျသွားတော့သည်။
ဖှေး၏လက်သီးချက်ကို ခံလိုက်ရပြီးနောက်တွင် အသက်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီဖြစ်သည်။ သို့သော် လအဆင့်စစ်သည်တစ်ယောက်၏ မြင့်မားသောရှင်သန်နိုင်စွမ်းကြောင့် သူအသက်ရှင်နိုင်နေသေးခြင်းဖြစ်သည်။ ယခုအချိန်တွင်မူ ဆက်လက်တောင့်ခံထားနိုင်ခြင်းမရှိတော့သည့်အတွက်ကြောင့် လုံး၀ပင်သေဆုံးသွားခဲ့ခြင်းဖြစ်၏။
နှင်းတောင်သိုင်းဆရာ၏ ရေရွတ်သံကို ကြားလိုက်ရပြီးသည့်အချိန်တွင် ထောင်မှူးနှင့် ထောင်သားများသည် စိတ်အေးသွားကြ၏။
သူတို့တစ်ခြားအလောင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုလူသည် တိုနီပင်။
သူ၏ခေါင်းသည် လုံး၀ပင်ထိုးခြေခြင်းကိုခံစားရ၏။ ရှင်းလင်းသည့် လက်ဖ၀ါးရာတစ်ခုကို သူ၏ဦးခေါင်းခွံပေါ်တွင်မြင်နေရပြီး သူသည် မီးစွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည့် လက်ဖ၀ါးတစ်ခုဖြင့် ရိုက်နှက်ခြင်းခံထားရသည်မှာထင်ရှားလှ၏။ အပြင်ပန်းမှ ပုံမပြတ်သော်လည်း သူ၏ ကိုယ်တွင်းအင်္ဂါများလောင်းကျွမ်းခြင်းခံထားရသည့်ပုံပင်။ ပါးစပ်မှ အမဲရောင်မီးခိုးငွေ့များထွက်ပေါ်နေ၏။
သူမီးလောင်ထားသည့်အတွက်ကြောင့်လားမသိချေ။ သူ၏ မှုန်ကုပ်ကုပ်မျက်နှာသည် ယခုအချိန်တွင် များစွာပို၍တည်ငြိမ်နေ၏။
“သူ့အဖေက သူ့ကို သတ်လိုက်တာပဲ...”
ထောင်မှူးနှင့် ထောင်စောင့်များသည် ဤလူငယ်၏ သေဆုံးရပုံကိုခန့်မှန်းလိုက်ကြ၏။ ဘုရင်သည် မီးစွမ်းအင်အသုံးပြုသည့် စစ်သည်စတ်ယောက်ပမဟုတ်ပေ။ ထို့အပြင် နှင်းတောင်သိုင်းဆရာပြောခဲ့သည့်စကားများအရ သူသည် သူ၏သားကိုသတ်ခဲ့သည်ဟု ကောက်ချက်ချလိုက်ခြင်းပင်။
“သူတို့တွေဘုရင်အလတ်ဇန္ဒားကို ရန်သွားမစခဲ့သင့်ဘူး...” ထောင်မှူးတွေးလိုက်မိ၏။ “ဒါပေမယ့် သူတို့နှစ်ယောက်ပြောနေကြတဲ့ လျို့၀ှက်ချက်ကဘာတွေလဲ...”
......
“အလောင်းတွေကို ကောက်ပြီးတော့ သူတို့ကို နေရာကောင်းတစ်ခုမှာ ကောင်းကောင်းမြုပ်နှံပေးလိုက်ပါ...”
အလံနှစ်စုံမြို့အကျဥ်းထောင်မှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ဖှေးသည် ထူးခြားစွာပင် တည်ငြိမ်နေ၏။ သူ၏ရန်သူများကို သတ်ခဲ့ရသည့်အတွက် အပြစ်မကင်းသလိုခံစားရခြင်းမရှိပေ။ ထို့အပြင် လက်စားချေလိုက်နိုင်သည့်အတွက်ကြောင့်လည်း ပျော်ရွှင်ခြင်းမရှိပေ။ ထို့သော် ထိုလူနှစ်ယောက်သည် အန်ဂျယ်လာနှင့် အယ်လီနာတို့ကို အလွန်ကြီးမားသည့်အန္တရာယ်ပေးခဲ့ပြီး မြို့တော်၀န်စံအိမ်ထဲသို့ ဖောက်၀င်ကာ တိုနီကြောင့် သူတော်စင်စစ်သည်သုံးယောက်နှင့် ဥပဒေပြုစစ်သည်ငါးယောက်သေဆုံးခဲ့သည်။ ထို့ကြောင့် ဖှေးသည် သူတို့အတွက် လက်စားချေပေးရမည်ဖြစ်၏။
သိုင်းကွက်တစ်ခုတည်းဖြင့် အဆုံးသက်ပေးလိုက်ခြင်းပင်။
“ဟုတ်ကဲ့ပါအရှင်မင်းကြီး...” အပြင်ဘက်မှစောင့်နေကြသည့် ဥပဒေပြုအရာရှိသုံးယောက်သည် ဖှေးအား အလေးပြုကာ အကျဥ်းထောင်ထဲသို့ ၀င်ရောက်သွား၏။
တိုနီပြောပြခဲ့သည့် လျို့၀ှက်ချက်အကြောင်းကို ဖှေးတွေးကြည့်နေရင်းဖြင့် ဖှေးသည် အန်ဂျယ်လာနှင့်ကောင်မလေးများရှိသော နန်းတော်ဆောင်အသစ်သို့ ပြန်လာခဲ့တော့သည်။
သူသည် အန်ဂျယ်လာအား ကိုယ်တိုင်လက်စားချေခွင့်ပေးမည်ဟုပြောခဲ့သော်လည်း အန်ဂျယ်လာသည် သွေးထွက်သံယိုကိစ္စများကို ကြိုက်နှစ်သက်သည့်လူမဟုတ်သည့်အတွက်ကြောင့်ခေါ်မလာခဲ့ခြင်းပင်။ ထို့အပြင် ဖှေးသည် အန်ဂျယ်လာအား အကျဥ်းထောင်ကဲ့သို့သော မှောင်မိုက်သည့်နေရာများသို့ ခေါ်လာလိုခြင်းမရှိပေ။
ထိုလူနှစ်ယောက်သည် စွမ်းအားမြင့်မားသည့်အတွက်ကြောင့်ကွပ်မျက်ရန်အတွက်ကြံ့ကြာနေခဲ့ပါက အနာဂတ်တွင်ပြသနာများဖြစ်လာနိုင်သည့်အတွက်ပင်။ ထို့ကြောင့် ဖှေးသူတို့အား ကိုယ်တိုင်ရှင်းရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းပင်။
သူပြန်ရောက်လျှင် ရောက်ခြင်းပင် အစေခံကောင်မလေးဆောင်းဦးရောက်ရှိလာပြီး သူ့အား လက်ဖက်ရည်တစ်ခွက်ဆက်သလိုက်၏။
အေဇာရုတိုက်ပေါ်တွင် လက်ဖက်ရည်ဟူ၍မရှိပေ။ သို့သော် ဖှေး အာကာရာနှင့်အတူ ဆေးပင်များအကြောင်းကို လေ့လာနေရင်းဖြင့် လက်ဖက်ပင်နှင့်အာနိသင်ခြင်းတူသည့်အပင်တစ်မျိုးကိုရှာတွေ့ခဲ့သည်။ ထို့ကြောင့် ဖှေးသည် ထိုအပင်များကို စုဆောင်းကာ လက်ဖက်ခြောက်အဖြစ်အသုံးပြုနေခြင်းပင်။
ထို့နောက်တွင် အန်ဂျယ်လာသည်လည်း ဖှေးသင်ပေးထားသည့်အတိုင်းပင် ထိုအပင်များကို လိုက်ခူးကာ လက်ဖက်ခြောက်များအဖြစ်စီမံပြီး တစ်နည်းအားဖြင့် လက်ဖက်ရည်သောက်သည့်ဓလေ့သည် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ခေတ်စားလာခဲ့၏။
အရက်သမားများစွာပင် လက်ဖက်ရည်ကို စတင်သောက်သုံးကာအရက်ဖြတ်လာနေကြပြီဖြစ်သည်။
ဖှေးတစ်မော့သောက်ကာမေးလိုက်သည်။ “အန်ဂျယ်လာရော ဘယ်တွေရောက်နေလဲ။ သူမ ကလေးလေးယောက်ကို လေ့ကျင့်ပေးနေတာလဲ မတွေ့ပါဘူး...”
ကလေးလေးယောက်ဆိုသည်မှာ ဘလက်ကီ၊ လူမိုက်၊ လူဆိုး၊ နှင့် လူရမ်းကားတို့ကို ခေါ်ခြင်းပင်။