အခန်း (၆၃၁)
Vol. 40 Ch. 631
“အရှင်မင်းကြီး။ ဘုရင်မက သူ့ကို ကာကွယ်ပေးရင်းစစ်သည်တွေနဲ့ သိုင်းဆရာတွေဒဏ်ရာရခဲ့တာကိုသိလို့ ကလေးလေးယောက်နဲ့အတူတူ စခန်းကိုသွားပြီးတော့ ကျေးဇူးတင်စကားပြောနေပါတယ်...”
ဤဆောင်းဦးဟုအမည်ရသည့် ကောင်မလေးသည် မြိုု့တော်စိန့်ပီတာစဘာ့တ်မှ အင်အားစုကြီးများ ဖှေးအားဆက်သခဲ့သည့်လက်ဆောင်များထဲမှ တစ်ခုပင်။
သူမသည် ဖှေးနှင့် အန်ဂျယ်လာတို့နှင့်အတူ နေလာသည်မှာလည်းအချိန်အတန်ကြာပြီဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်ထဲသို့ ၀င်ရောက်လာခဲ့သည်။ သူမသည် ဤပေါ့ပေါ့တန်တန်နေတတ်သည့်ဘုရင်ကိုလည်း ကောင်းစွာသိ၏။ သူမသည် ယခင်က သေးသိမ်နေခဲ့ရာမှ ယခုအချိန်တွင် သက်တောင့်သက်သာရှိလာပြီဖြစ်သည်။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ အေးအေးဆေးဆေးနေတတ်သည့်အကျင့်နှင့်အသားကျလာပြီဖြစ်သောကြောင့် ဖှေးအား ကြောက်လန့်ခြင်းမရှိတော့ပေ။ ထိုအစားသူရဲကောင်းတစ်ယောက်အားကြည့်နေသည့်ကောင်မလေးတစ်ယောက်ကဲ့သို့ပင် သူမသည် ဖှေးအား တက်တက်ကြွကြွပင်ပြန်ဖြေလိုက်၏။
ဆောင်းဦးသည် သူ့အားချစ်ခင်လေးစားသည့်အတွက်ကြောင့် ဖှေးမိမိကိုယ်မိမိပင် အထင်ကြီးမိ၏။
သူခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။
ဆယ်ရက်ခန့်အိပ်စက်ပြီးချိန်တွင် အန်ဂျယ်လာအတွက် အပြင်ဘက်သို့ သွားကာ နေရောင်အောက်တွင် လမ်းလျှောက်ခြင်းသည် ကောင်းမွန်သည့်အရာတစ်ခုပင်။
ထို့နောက်တွင် ရုတ်တရက် လယ်ဗယ်၃၆ဒေသအတွင်းမှာပင် ရှိနေဆဲဖြစ်သည့် အင်ပါယာအရှင်သခင်ယရှင်း၊ ဒိုမိန်းနှင့် ဟေဇယ်-ဘန့်ခ်တို့ကို ဖှေးသတိရလိုက်၏။ သူချစ်ရသည့်ကောင်မလေးများကို အမြန်ဆုံးကယ်တင်နိုင်ရန်အတွက် ဖှေးသည် အလံနှစ်စုံမြို့တော်အတွင်းသို့ အလျင်စလိုဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်။
“အင်ပါယာအရှင်သခင် ယရှင်းအဲ့အဖြူရောင်၀တ်ရုံနဲ့မှော်ဆရာကို အောင်အောင်မြင်မြင်သတ်နိုင်သွားပြီလား။ အောက်လမ်းဆရာကရော အဲ့ကမ္ဘာငယ်ထဲမှာ ပေါ်များတဲ့စွမ်းအင်တွေရဲအကူညီနဲ့ အရင်အစွမ်းတွေပြန်ရသွားပြီလား...” ဖှေးတွေးလိုက်မိသည်။
ဓာတ်ဂိတ်တံခါးများသည် နှစ်နှစ်ဆယ်တွင် တစ်ကြိမ်သာအသုံးပြုနိုင်သည့်အတွက်ကြောင့် ဖှေးသည် ထိုမေးခွန်းများကို သူ၏စိတ်ထဲမှာတွေးနေရုံသာ တတ်နိုင်ပြီး ဖှေးသည် လျို့၀ှက်သည့် ကမ္ဘာငယ်ထဲသို့ ထက်မံ၀င်ရောက်နိုင်ဦးမည်မဟုတ်ပေ။ လက်ရှိအချိန်တွင် စောင့်ဆိုင်းနေရုံသာ တတ်နိုင်၏။ ဒဏာရီလာဂိတ်တံခါးပိတ်သည့်အချိန်သို့ရောက်ပါက အထဲတွင်ရှိနေသည့် သိုင်းဆရာများသည်လည်းအပြင်ဘက်သို့ ပြန်ရောက်လာမည်ဖြစ်သောကြောင့်ပင်။
ဖှေးသည် ဤခရီးစဥ်မှ များစွာလည်းရရှိခဲ့ပြီးဖြစ်၏။
ပထမဆုံးအနေဖြင့် ဖှေးသည် ကမ္ဘာကျောက်တုံးအားအောင်မြင်စွာပင် သန့်စင်နိုင်ခဲ့သည်။ ထို့နောက်တွင် ကောင်းကင်မြို့တော်ကြီး၏ တည်နေရာကိုလည်းရရှိခဲ့သည်။ ထူးခြားသည့် စွမ်းရည်များကိုပိုင်ဆိုင်ထားသည့် ကျောက်ပုလ္လင်၊ ကြီးမားကာ ထူးဆန်းသည့် ကျောက်တိုင်ကြီးတို့ကိုလည်းရရှိခဲ့၏။ ဤအခိုက်တန့်တွင် ကျောက်တိုင်နှင့် ပုလ္လင်တို့သည် ဖှေး၏ခန္ဓာကိုယ်ထဲတွင်ရှိနေကြ၏။ ကျောက်ပုလ္လင်အားဖှေး၏ စိတ်ဖြင့် အလိုရှိသလိုဆင့်ခေါ်အသုံးပြုနိုင်သော်လည်း ကျောက်တိုင်ကြီးမှာမူ ပြန်လည်တုန့်ပြန်ခြင်းမရှိသေးပေ။ လူတစ်ယောက်မှ ချိုးဖဲ့ထားသည့် ကျောက်တိုင်ကြီးသည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ဖှေးမသိပဲ။ ကောင်းသည့်အရာလား၊ ဆိုးသည့်အရာဖြစ်သည်လားဆိုသည်ကိုလည်း ဖှေး၀ေခွဲ၍မရနိုင်ဖြစ်နေ၏။
လျို့၀ှက်သည့် ကျောက်တိုင်နှင့် ပတ်သက်၍ တွေးနေသည့်အချိန်တွင် ဖှေးသည် ဒဏာရီလာနတ်စင်၏ အောက်ခြေမှ လျို့၀ှက်စွာပျောက်ဆုံးသွားခဲ့သည့် ကြီးမားသည့်အရိုးစုကြီးအကြောင်းကိုပြန်လည်ကာ သတိရလိုက်မိသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဖှေးသည် မကောင်းသောအရိပ်ယောင်များကို ခံစားနေရ၏။
ဤကိစ္စများအားလုံးကို အာကာရာနှင့် ကိန်းတို့အား ရှင်းပြနိုင်သည့်အချိန်ကောင်းကို ဖှေးရှာရမည်ဖြစ်သည်။
ဖှေးဘေးတွင်ရှိနေသည့်လူများစွာအနက် ထိုနှစ်ယောက်ကသာ ဖှေးလိုအပ်နေသည့် အဖြေများကို ပေးနိုင်ကောင်းပေးနိုင်လိမ့်မည်ဖြစ်သောကြောင့်ပင်။
ဘုရင်သည် ဤခရီးစဥ်မှ ရရှိခဲ့သည့်အရာများနှင့် ဆုံးရှုံးခဲ့သည့်အရာများအကြောင်းကို တွေးနေသည့်အချိန်တွင် တိုးရီစ်ရောက်ရှိလာပြီး ဖှေး၏ နားအနီးသို့ ကပ်ပြောလိုက်၏။
“ဟမ် သူတို့တွေ ခနနဲ့ပြန်ကောင်းလာတာပဲ။ အေးအေး ၀င်ခိုင်းလိုက်...”
“ဟုတ်ကဲ့ပါက အရှင်မင်းကြီး...”
တိုးရီစ်ထွက်ခွာသွားပြီးသည့်နောက်တွင် ခြေသံများစွာကိုကြားလိုက်ရ၏။
တိုးရီစ်အနောက်တွင် မဟာဘုရားကျောင်း၀တ်ရုံများ၀တ်ဆင်ထားသည့် လူသုံးယောက်သည် အဆောက်ဦးအတွင်းသို့ လမ်းလျှောက်ကာ ၀င်ရောက်လာ၏။
ရှေ့ဆုံးမှ လမ်းလျှောက်လာသည့်လူသည် အသက်၆၀ခန့်သာရှိသေးပုံရ၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် လူငယ်များနှင့်အပြိုင်ပင် ကြံ့ခိုင်သန်စွမ်းနေ၏။ သူ၏ရှည်လျားထူထပ်သည့် အဖြူရောင်ဆံပင်ရှည်များကိုလည်း ချည်နှောင်ထားခြင်းမရှိပေ။ သူသည် အမဲရောင်သစ်သားဖြင့်ပြုလုပ်ထားသည့် တောင်၀ှေးတစ်ခုကို ကိုင်ကာ လမ်းလျှောက်လာနေ၏။ သူ၏မျက်နှာအဿွင်ပြင်မှာ ထူးခြားသည်ဟုဆိုရမည်ဖြစ်သည်။ ထူထဲသည့်မျက်ခုံးများနှင့် ကြီးမားသည့် မျက်လုံးများကိုပိုင်ဆိုင်ထား၏။ သူ၀တ်ဆင်ထားသည့် ၀တ်ရုံသည် သာမန်နှင့်တူသော်လည်း သူသည် မှန်ကန်ဖြောင့်မက်သည့်အရှိန်၀ါတစ်ခုကို ထုတ်လွှတ်နေလျှက်၇ှိသည်။ သူသည် မကောင်းမှုစွမ်းအားများ၏ အရှေ့တွင် မည်သည့်အချိန်မှ ကွေးကောက်လိမ့်မည်မဟုတ်သည့် ဓားတစ်ချောင်းကဲ့သို့ပင်။ သူ့အား ပထမဆုံးအကြိမ်အနေဖြင့် မြင်လိုက်ရသည့်မည်သူမဆိုပင် အထင်ကြီးလေးစားမိမည်ဖြစ်၏။
သူ၏အနောက်တွင် ဖှေးကယ်တင်ခဲ့သည့် မြင့်မြတ်သောသူရဲကောင်း အလန်နှင့် ငယ်ရွယ်သည့် သူတော်စင်ဂျက်စီတို့ရှိနေကြသည်။
အဖိုးကြီးသည် အတော်လေးရန်လိုသည်ဟုဆိုရမည်ဖြစ်သည်။ သူသည် ဖှေးအားခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာ၏။ သူခေါင်းငြိမ့်ကာပြောလိုက်သည်။ “အရှင်မင်းကြီးကို တွေ့ရတာ ဂုဏ်ယူပါတယ်။ ကျွန်တော်က ၀တ်ရုံနဲ့ကျောင်းတော်ရဲ့ ညာလက်ရုံးသူတော်စင် ဘက်စတီပါ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဂျက်စီနဲ့ အလန်တို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ...”
ဂျက်စီနှင့်အလန်တို့သည် လျှင်မြန်စွာပင်အရှေ့သို့ လမ်းလျှောက်လာပြီးဖှေးအား အရိုသေပေးကာ ကျေးဇူးတင်ကြောင်းပြသလိုက်သည်။
အလန်သည် ၀တ်ရုံနက်ကျောင်းတော်မှ မဟုတ်ခဲ့သော်လည်း ဤကိစ္စများဖြစ်ပျက်ပြီးသည့်နောက်တွင် ၀တ်ရုံနက်ကျောင်းတော်ထဲသို့ ၀င်ရောက်ရန်အတွက် ဆုံးဖြတ်ချက်ချခဲ့သည့်ပုံပင်။ ဤအရာသည် အံ့သြဖွယ်ကောင်းလှ၏။
“ညာလက်ရုံးသူတော်စင် ခင်ဗျားက ယဥ်ကျေးလွန်းနေတာပါ...” ဖှေးသည် ၀တ်ရုံနက်ကျောင်းတော်ဟူသည့် နာမည်ကို ကြားလိုက်ရသည့်အချိန်တွင် တုန်လှုပ်သွား၏။ သို့သော် သူ၏မျက်နှာပေါ်တွင်မူ ထိုခံစားချက်များကို ဖော်ထုတ်ပြသခြင်းမရှိပေ။
သူတော်စင်ဘေးလ်နှင့် တိုက်ပွဲဖြစ်အပြီးတွင် မဟာဘုရားကျောင်းအား ဖှေး၏ စိတ်ထဲတွင် ရန်သူအဖြစ်ခံယူထားခဲ့၏။ ထို့ကြောင့် သူသည် မဟာဘုရားကျောင်းနှင့် ပတ်သက်သည့် စာရွတ်စာတမ်းမှန်သမျှကို လေ့လာကြည့်ခဲ့သည်။ ထို့ကြောင့် သူသည် ယခင်က မဟာဘုရားကျောင်းအဖွဲ့စည်းကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည့် ၀တ်ရုံနက်ကျောင်းတော်အကြောင်းကို သိရှိနေခြင်းပင်။
“ဂျက်စီကို ၀တ်ရုံနက်ကျောင်းတော်ကဖြစ်လိမ့်မယ်လို့ ငါထင်မထားဘူး။ အတော်လေးရူးသွပ်တာပဲ။ တကယ်လို့ သူသာတစ်ခြားကျောင်းတောကဆို သူ့ရဲ့အသက်ရွယ်၊ စွမ်းအားနဲ့ အရည်ချင်းကြောင့် ရာထူးကြီးတစ်ခုရနိုင်တယ်။ အမ်...၀တ်ရုံနက်ကျောင်းတော်က သေချာပေါက် ချမ်းသာကြွယ်၀တဲ့ကျောင်းတော်တစ်ခုပဲ။ တစ်ခြားကျောင်းတော်တွေက ၀ိုင်းပြီးတိုက်ခိုက်နေတာတောင် ဂျက်စီလို ပါရမီရှင်တစ်ယောက်ကို ပြိုးထောင်နိုင်ခဲ့တယ်။ ကံမကောင်းတာက ပုပ်ရဟန်းမင်းကြီး ဘလတ်တီအပါ၀င် ကျန်တဲ့ကျောင်းတော်တွေက ၀တ်ရုံနက်ကျောင်းတော်ကို အဆက်မပြတ်ဖိနိပ်နေတာပဲ။ ဒီကျောင်းတော်က ပျက်သုဥ်းပြီးတော့ သမိုင်းထဲမှာပဲ ပျောက်ကွယ်သွားတော့မယ်ထင်ပါတယ်...”
ဖှေးသည် သူတို့မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာကြသည်ကို စဥ်းစားကြည့်ရင်းဖြင့် တွေးလိုက်မိသည်။
သူတို့သုံးယောက်သည် ကျေးဇူးတင်စကားပြောချင်ယုံသက်သက်ဖြင့် ဤနေရာသို့ ရောက်ရှိလာကြခြင်းမဟုတ်သည်မှာ ထင်ရှားလှသည်။
ဖှေး၏စိတ်ထဲတွင် အကယ်၍ ကျေးဇူးတင်စကားပြောရန်သာလာရောက်ပါက ဂျက်စီနှင့် အလန်တို့နှစ်ယောက်သာလာကြမည်ဖြစ်သည်။ သို့သော် သူတော်စင်အဖိုးကြီး ဘတ်စတီကိုယ်တိုင်ရောက်ရှိလာခြင်းသည် သူ့အား အံ့သြသွားစေ၏။ သူသည် ဤလူအား ယခင်က ကြားခဲ့ဖူးခြင်းမရှိသော်လည်း ထိုအဖိုးကြီး၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသည့် စွမ်းအားများကို ရှင်းလင်းစွာပင်အာရုံခံလိုက်မိသည်။ သူတော်စင်ဘတ်စတီ၏ မြင့်မြတ်သန့်စင်သောစွမ်းအားများသည် ဖှေး၏ အသန်မာဆုံးဇာတ်ကောင်ဖြစ်သည့် လူရိုင်းဇာတ်ကောင်နှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့်အတွက်ပင်။
ဤအဖိုးကြီးသည် ၀တ်ရုံနက်ကျောင်းတောင် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဦးဆောင်နေသည့် အဓိကလူများထဲမှ တစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။
ထိုကဲ့သို့သော လူသည် ဖှေးထံသို့ ကိုယ်တိုင်လာရောက်ကာ မိတ်ဆက်နေသဖြင့် ပို၍ ကြီးမားသည့် ရည်ရွယ်ချက်များရှိနေသေးသည်ကို ဖှေးရိပ်မိလိုက်သည်။
“အရှင်မင်းကြီးက ကျွန်တော်တို့ ၀တ်ရုံနက်ကျောင်းတော်အကြောင်းကို သိတဲ့ပုံပဲ...” အဖိုးကြီးသည် ထိုင်ပြီးလျှင်ထိုင်ခြင်းပင် မေးလိုက်၏။
ထို့နောက်တွင် အစေခံကောင်မလေးတစ်ယောက်လာချပေးသည့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်မော့သောက်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံ့သြသည့်အမူယာတစ်ခုပေါ်လာကာ မေးလိုက်၏။ “ဟမ် ဒါက ဘာရေနွေးလဲ။ အတော်လေး ကောင်းတာပဲ...”
ထို့နောက်တွင် တစ်ခွက်လုံးကုန်အောင်သောက်ကာ ရယ်မောလိုက်၏။ “ကောင်းတယ် စစသောက်ခြင်းမှာတော့ နည်းနည်းခါးသလိုပဲ။ ပြီးတော့ ချိုသွားတယ်။ အတော်လေးကောင်းတဲ့ သောက်စရာပဲ။ ကျွန်တော်ထင်တာမမှားဘူးဆိုရင် ဒီအထဲမှာထည့်ထားတဲ့ သစ်ရွတ်လေးတွေကြောင့်ပဲဖြစ်ရမယ်။ အရှင်မင်းကြီး ဒီအရွက်တွေက ဘာတွေလဲ...”
ဤအဖိုးကြီး၏ ရယ်မောသံသည် ကျယ်လောင်ကာ ရှင်းလင်းနေ၏။ ကောင်းကင်ပေါ်တွင် တောက်ပနေသည့် နေမင်းကဲ့သို့ပင်။ မည်သည့်အရာကိုမှ လျို့၀ှက်ထားခြင်း၊ ဖုံးကွယ်ထားခြင်းမရှိပေ။
“ကျွန်တော်ပျင်းတဲ့အချိန်တုန်းက လုပ်ခဲ့တဲ့အရာတစ်ခုပါ။ ကျွန်တော်ကတော့ လက်ဖက်ရည်လို့ခေါ်တယ်။ ကျွန်တော်တို့ကို နည်းနည်းလောက်ပိုပြီး အာရုံစိုက်အားကောင်းစေတဲ့အရာပေါ့။ ဘုန်းတော်ကြီးကြိုက်တယ်ဆိုရင် လက်ဖက်ရွက်တစ်ချို့ယူသွားလို့ ရပါတယ်...” ဖှေးသည် ဂုဏ်ယူ၀င့်ကြွားစွာဖြင့်ပြောလိုက်၏။ ချမ်းဘော့ဒ်တိုင်းပြည်အပြင်ဘက်မှသိုင်းဆရာတစ်ယောက်သည် သူပြုလုပ်ခဲ့သည့်အရာအား ကြိုက်နှစ်သက်လိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။
ခနတာ ရပ်နားပြီးချိန်တွင် ဖှေးဆက်ပြောလိုက်သည်။ “ခင်ဗျားပြောတာမှန်ပါတယ်။ ၀တ်ရုံနက်ကျောင်းတော်က မဟာဘုရားကျောင်းထဲမှာ အတော်လေးလေးစားစရာကောင်းပြီးတော့ အရှိန်၀ါကြီးမားတဲ့ ကျောင်းတော်တစ်ခုပဲ။ တိုက်ပေါ်မှာရှိတဲ့လူတွေအကုန်လုံးသိပါတယ်။ ကျွန်တော် စာပေကောင်းတစ်ချို့လဲ ဖတ်ခဲ့တယ်လေ...”
“ဟုတ်ပါတယ်...တစ်ချိန်ကပေါ့။ အခုချိန်မှာတော့ အဲ့ ဂုဏ်အရှိန်၀ါတွေက မရှိတော့ သလောက်ပါပဲ...” ဘတ်စတီ၏မျက်နှာပေါ်တွင် ၀မ်းနည်းသည့်အမဓယာတစ်ခုပေါ်လာ၏။ သို့သော် ထိုအမူယာသည် စက္ကန့်၀က်အခန့်သာပေါ်လာခဲ့သည်။ မကြာမှီတွင် သူ၏ယုံကြည်ချက်ရှိကာ ရိုးသားပွင့်လင်းသည့် ပုံစံသို့ ပြန်ရောက်သွားပြီး သူ၏မျက်လုံးများထဲတွင် စိတ်ပါ၀င်စားမှုအပြည့်ဖြင့် မေးလိုက်သည်။ “ကျွန်တော်ဂျက်စီစီကနေကြားတာက အရှင်မင်းကြီးက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်လို့ ပြောတယ်။ အရှင် ကျွန်တော်တို့ ကျောင်းတော်ထဲကို၀င်ပြီးတော့ ကျွန်တော်တို့ကျောင်းတော်ရဲ့ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်လာဖို့ဆန္ဒရှိမလား...”
သူမေးလိုက်လျှင် မေးလိုက်ခြင်းပင် ဖှေးလက်ဖက်ရည်သီးသွား၏။
ဤသူတော်စင်အဖိုးကြီးသည် ဤကဲ့သို့ ဒဲ့တိုးပြောချလိမ့်မည်ဟု ဘုရင်ထင်မထားသည့်အတွက်ပင်။
တစ်ဖက်တွင် ဂျက်စီသည်လည်း တုန်လှုပ်သွား၏။ သူတွေးလိုက်မိသည်။ “ညာလက်ရုံးဘုန်ုးတော်ကြီးက တကယ်ပဲ ဖိတ်ကြားလိုက်တာပဲ။ သူက ချမ်းဘော့ဒ်ဘုရင်ကို ဖိတ်လိုက်တာပဲ။ ဘုရားရေ မစ်စတာ ဘက်စတီက ကျောင်းတော်အတွက် ဘုရားသခင်အနှစ်သက်ဆုံးကလေးတစ်ယောက်ရှာဖို့အတော်လေးရူးသွပ်နေတာပဲ။ သူက နက်ရှိုင်းတဲ့မေးခွန်းတွေတောင် မေးမနေဘူး။ ၀တ်ရုံနက်ကျောင်းတော်က အခုချိန်မှာဆို မဟာဘုရားကျောင်းထဲမှာ ကြွက်တစ်ကောင်လိုဖြစ်နေတာ။ ချမ်းဘော့ဒ်ဘုရင်က ဒီလိုကျောင်းတော်ထဲကို ၀င်ချင်ပါ့မလား...”
မဟာဘုရားကျောင်းမှ လူသုံးယောက်သည် ဖှေးအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။