← Chapters

အခန်း (၆၃၂)

Vol. 40 Ch. 632

အခန်း (၆၃၂)

Vol. 40 Ch. 632

လူသုံးယောက်ထဲတွင် ဘတ်စတီသည် စိတ်လှုပ်ရှားဆုံးဖြစ်နေ၏။

ဤအဖိုးကြီးသည် ဖှေးအား ချစ်ခွင့်ပန်ထားသည့် ကောင်မလေးတစ်ယောက်ကဲ့သို့ ကြည့်နေ၏။

သူ့အတွက် ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာ ရရှိခနိုင်သည့်အခွင့်ရေးတစ်ခုဖြစ်သည့်အတွက်ပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ၀တ်ရုံနက်ကျောင်းတော်၏ ယခင်ဂိုဏ်းချုပ်ကြီးသည် နတ်ဘုရားများထံမှ ဆုတောင်းနေချိန်တွင် အာရုံတစ်ခုရရှိခဲ့ပြီး ဤမစ်ရှင်တွင် သူတော်စင်ဂျက်စီတစ်ယောက်ကြီးမားသည့် အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု ခန့်မှန်းခဲ့၏။ ထို့ကြောင့် ၀တ်ရုံနက်ကျောင်းတော်၏ အရည်ချင်းအရှိဆုံး ပါရမီရှင်လူငယ်တစ်ယောက်သေဆုံးသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဘတ်စတီသည် ကျောင်းတော်၏ ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် အလံနှစ်စုံမြို့တော်ထဲသို့ ချက်ချင်းလိုက်လာခဲ့ခြင်းပင်။

သူအလံနှစ်စုံမြို့တော်သို့ ပြန်ရောက်သည့်အချိန်တွင် ဒဏ်ရာပြင်းထန်စွာရရှိထားသည့် ဂျက်စီနှင့် အလန်တို့ကို တွေ့လိုက်ရ၏။ သူသည် တစ်စုံတစ်ယောက်မှ ဂျက်စီအား သတ်ရန်အတွက် ကြိုးစားခဲ့သည်အား ဒေါသဖြစ်ခဲ့ပြီး သူ၏အသက်စွမ်းအင်တစ်စိတ်တစ်ပိုင်းကိုပင် အသုံးပြုကာ ဂျက်စီအား ကုသပေးခဲ့သည်။ ထို့နောက်တွင် ဂျက်စီထံမှ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားသည်လည်း ရွှေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်များကိုပိုင်ဆိုင်ထားသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်ကြောင်းကို ကြားသိလိုက်ရ၏။

ဤသတင်းသည် ဘတ်စတီအား တုန်လှုပ်သွားစေခဲ့သည်။

မဟာဘုရားကျောင်း၏ ထုံးထမ်းစဥ်လာများအရ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များရှိသည့် ကျောင်းတော်များကသာလျှင် နတ်ဘုရားများ၏ ချစ်ခင်နှစ်သက်ကာ ဂရုစိုက်ခြင်းကို ခံရ၏။ ထို့ကြောင့် ၀တ်ရုံနက်ကျောင်းတော်သည်လည်း ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ပြန်လည်ရရှိပါက ပြန်လည်ကာ အရှိန်၀ါကြီးမားလာနုိင်သည့်အတွက်ပင်။ သူတို့သည် ထိုဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်အား တောက်ပံ့ပေးကာ ပုပ်ရဟန်းမင်းတစ်ပါးဖြစ်လာစေပြီး ၀တ်ရုံနက်ကျောင်းတော်၏ ဂုဏ်ရှိန်၀ါကို ပြန်လည်ကာမြှင့်တင်နိုင်မည်ဖြစ်သည်။

ကံမကောင်းစွာပင် လွန်ခဲ့သည့်နှစ်တစ်ရာလုံးတွင် ဘတ်စတီသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကို အောင်မြင်အောင်စည်းရုံးနိုင်ခဲ့ခြင်းမရှိပေ။

အမှန်ပင် အောက်မြင်မှုအနည်းငယ်တော့ရရှိခဲ့၏။

အနည်းဆုံးသုံးကြိမ်ခန့်ပင်။

သူသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကိုရှာနိုင်ခဲ့သည်။ သို့သော် လည်းအဆုံးသက်မှာမူ အတူတူပင်ဖြစ်၏။

သူတို့ထဲမှနှစ်ယောက်သည် ပို၍အရှိန်၀ါကြီးမားသည့် ကျောင်းတော်များ၏ သွေးဆောင်မှုကြောင့် ၀တ်ရုံနက်ကျောင်းတော်ကို သစ္စာဖောက်သွားခဲ့ကာ ဘတ်စတီ၏ မျှော်လင့်ချက်များကို ဖျက်ဆီးပစ်ခဲ့၏။

၀တ်ရုံနက်ကျောင်းတော်သည် အဖိနှိပ်ခံနေရသည့် ကျောင်းတော်တစ်ခုဖြစ်သည့်အတွက်ကြောင့် သူ၏အရှိန်၀ါနှင့် စွမ်းအားတို့သည် ကျန်ရှိနေသည့် ကျောင်းတော်များနှင့် နှိုင်းယှဥ်ပါက နိမ့်ကျနေသည်မှာ အမှန်ပင်ဖြစ်၏။

ဘတ်စတီနောက်ဆုံးတွေ့ခဲ့သည့်ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်သည် လွန်ခဲ့သည့် နှစ်ပေါင်း၃၃ခန့်က ခြောက်နှစ်အရွယ်ကလေးငယ်တစ်ယောက်ပင်။ ထိုကောင်လေးသည် တစ်ခြားကျောင်းတော်များ၏ ဖိတ်ကြားချက်များကို ငြင်းဆန်ခဲ့ပြီး ၀တ်ရုံနက်ကျောင်းတော်အပေါ်တွင် သစ္စာစောင့်သိခဲ့သော်လည်း ကျောင်းတော်ဌာနချုပ်မှာ ပြန်သည့် လမ်းတွင် လျို့၀ှက်ထူးဆန်းစွာပင် သေဆုံးသွားခဲ့၏။

တစ်စုံတစ်ယောက်သည် အရွယ်ပင်မရောက်သေးသည့် ဤဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ကောင်လေးအား လုပ်ကြံသတ်ဖြတ်ခဲ့သည်မှာ အထင်ရှားပင်။

ဘတ်စတီသည် များစွာဒေါသဖြစ်သွားခဲ့သည့် မြောက်ပိုင်းဒေသဘုရားကျောင်းတွင် ဒုက္ခများစွာပေးခဲ့သည်။

သို့သော် ထိုကဲ့သို့မှ လွဲ၍ သူလုပ်နိုင်သည့်အရာဘာမှမရှိခဲ့ပေ။

ဤကဲ့သို့ဖြစ်ရခြင်းသည် လက်ရှိပုပ်ရဟန်းမင်းကြီးဘလတ်တာကိုယ်တိုင်ပင် ၀တ်ရုံနက်ကျောင်းတော်ပြန်လည်၍ အရှိန်၀ါကြီးမားလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် လျို့၀ှက်စွာနောက်ကွယ်မှ ကြိုးကိုင်နေခြင်းကြောင့်ဖြစ်သည်ကိုလည်း ၀တ်ရုံနက်ကျောင်းတော်အပြင် ကျန်ရှိနေသည့် ကျောင်းတော်များအားလုံးသိရှိကြ၏။

၀တ်ရုံနက်ကျောင်းတော်တွင်သာ တောက်ပြောင်သည့်သမိုင်း၊ များပြားလှသည့် ယုံကြည်သက်၀င်သူများ၊ မဟာဘုရားကျောင်းအဖွဲ့စည်းကြီးတစ်ခုလုံးအား ပြောင်းလဲစေခဲ့သည့် ယုံကြည်မှုများကိုသက်မှတ်ခဲ့ခြင်း စသည်တို့သာ မရှိခဲ့ပါက ၀တ်ရုံနက်ကျောင်းတော်တစ်ခုလုံး ဖျက်ဆီးခံရသည်မှာ အချိန်ကြာနေလောက်ပြီဖြစ်၏။

ထိုနှစ်များအားလုံးတွင် ဘတ်စတီသည် ဒေါသဖြစ်ကာ ခံရခက်နေခဲ့သော်လည်း မျှော်လင့်ချက်ကို လက်လွှတ်ခြင်းမရှိခဲ့ပေ။

ဤအဖိုးကြီးသည် အခွင့်ရေးများကို ရူးသွပ်စွာဖြင့် လိုက်လံစောင့်ဆိုင်းရှာဖွေနေခဲ့သည်။

ထို့ကြောင့် ဖှေးသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သည်အား ကြားလိုက်လျှင်ကြားလိုက်ခြင်းပင် သူသည် များစွာကြိုတင်ကာ စီစဥ်နေခဲ့၏။

လွန်ခဲ့သည့် သုံးရက်လုံးတွင် သူသည် သေးငယ်သည့် အခန်းလေးတစ်ခုထဲမှ မထွက်ပဲ သူ့တွင်ရှိနေသည့် အဆက်သွယ်များ၊ ကွန်ယက်များကိုအသုံးပြု၍ ဖှေးနှင့်ပတ်သက်သောအချက်လက်များကို ရှာဖွေစုဆောင်းနေခဲ့သည်။ ဘုရင်သည် စတင်မွေးဖွားလာခဲ့စဥ်က ကျပ်မပြည့်သူတစ်ယောက်ဖြစ်ခဲ့ခြင်း၊ ချမ်းဘော့ဒ်တိုင်းပြည်အား ခုခံသည့်တိုက်ပွဲတစ်ခုတွင် စွမ်းအားမှန်များကို ထုတ်ဖော်ပြသခဲ့ခြင်း၊ ယခုအချိန်တွင် ဇီးနစ်အင်ပါယာ လူငယ်မျိုးဆက်သစ်သိုင်းဆရာများထဲတွင် ဦးဆောင်သည့်လူတစ်ယောက်ဖြစ်နေခြင်းစသည့် အချက်လက်များပင်။

ဘလတ်တီသည် အချက်လက်များကို ဖတ်ရှုပြီးသည့်နောက်တွင် သီအိုရီများစွာကိုလည်း ခန့်မှန်းခဲ့ပြီး တစ်ခြားကျောင်းတော်များ စဥ်းစားခဲ့မိခြင်းမရှိသည့် အချက်တစ်ချက်ကို စဥ်းစားမိသွား၏။

ချမ်းဘော့ဒ်ဘုရင်သည် မည်သည့်ကျောင်းတော်ကိုမှ ၀င်ရောက်ရခြင်းမရှိသေးသည်ကိုပင်။

သူသည်လည်း သူ၏သီအိုရီကိုပင် ပြန်လည်ကာ တုန်လှုပ်သွားမိ၏။

ကျောင်းတော်များအားလုံးလိုလိုတွင် ကိုယ်ပိုင်ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များရှိနေသည့်အတွက်ကြောင့် သူတို့အား တိုက်အနှံ့သို့ပို့ကာ တာ၀န်များကိုအပြိုင်ဆိုင်ထမ်းဆောင်ခိုင်းကြမည်ဖြစ်သည်။ ကျောင်းတော်တစ်ခုနှင့်တစ်ခုယှဥ်ပြိုင်မှုပြင်းထန်သည့်အတွက်ကြောင့် ကျောင်းတော်တော်တော်များများသည် သူတို့၏ ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်များကို လျို့၀ှက်ထားကြ၏။ ထို့ကြောင့် ချမ်းဘော့ဒ်ဘုရင်သည် အရှိန်၀ါကြီးမားသည့် ကျောင်းတော်တစ်ခုမှ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်လိမ့်မည်ဟု ကျောင်းတော်တော်တော်များများမှ တွေးခဲ့ကြခြင်းပင်။

သူတို့သည် ထို့ကြောင့် ဖှေးနှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးခြင်းမပြုကြခြင်းပင်။ တစ်ခြားကျောင်းတော်တစ်ခုမှဘုရားသခင်၏ ကလေးငယ်တစ်ယောက်ကို စုံစမ်းခြင်းသည် ထိုကျောင်းတော်အား ရန်သွားစလိုက်သည်နှင့်တူသည့်အတွက်ကြောင့်ပင်။

ဘတ်စတီသည် ဤကဲ့သို့ ကောက်ချက်ချလိုက်သော်လည်း သိပ်ပြီး သေချာခြင်းမရှိပေ။ သူသည် စိတ်ခံစားချက်အပေါ်တွင် မူတည်ကာ ကောက်ချက်ချလိုက်ခြင်းပင်။

သူ့အတွက် ကောက်ရိုးတစ်မျှင်မျှ မျှော်လင့်ချက်ဖြစ်နေစေကာမူ ထိုမျှော်လင့်ချက်အား ဆုပ်ကိုင်ရမည်ဖြစ်၏။ လက်ရှိတွင် ၀တ်ရုံနက်ကျောင်းတော်၏ အခြေအနေအရ အခွ့င်ရေးမှန်သမျှသည် တန်ဖိုးကြီးမားနေသည့်အတွက်ပင်။

အခိုက်တန့်တစ်ခုကြာခန့် အဆောက်ဦးထဲတွင်ရှိနေသည့်လူတိုင်းသည် ဖှေးအားကြည့်ကာ သူ၏အဖြေကို စောင့်ဆိုင်းနေကြ၏။

ပထမပိုင်းတွင် တုန်လှုပ်သွားခဲ့ပြီး ယခုအချိန်တွင်မူ ဖှေးသည် ဤအကြောင်းနှင့်ပတ်သက်၍ သေချာစဥ်းစားကြည့်နေ၏။

ဖှေးသည် မဟာဘုရားကျောင်းထဲသို့ ၀င်ရောက်ရန်အတွက် မည်သည့်အချိန်ကမှ တွေးခဲ့ဖူးခြင်းမရှိပေ။ သူ့အတွက် ချမ်းဘော့ဒ်တိုင်းပြည်အားပစ်ထားရန်မဖြစ်သည့်အတွက်ပင်။ သူသည် ချမ်းဘော့ဒ်မှ လူများနှင့် အလွန်နက်ရှိုင်းသည့် သံယောဇဥ်တစ်ခုချည်နှောင်နေသည့်အတွက်ကြောင့်ပင်။ ဒုတိယအချက်အနေဖြင့် လဲပြိုနေပြီဖြစ်သည့် ၀တ်ရုံနက်ကျောင်းတော်၏ ဘုရားသခင်အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်ရခြင်းသည် တာ၀န်များစွာတိုးလာရုံသာဖြစ်သောကြောင့်ပင်။ ဖှေးသည် အလုပ်များစွာလုပ်ရသည်ကို နှစ်သက်သည့်လူတစ်ယောက်မဟုတ်ပေ။

ချမ်းဘော့ဒ်တိုင်းပြည်အား ပို၍သန်မာလာအောင်လုပ်ရသည်ကပင် ဖှေးအား များစွာခေါင်းခဲစေသည့်ကိစ္စတစ်ခုဖြစ်နေပြီး မဟာဘုရားကျောင်းမှ ကျောင်းတော်တစ်ခုအား ပို၍သန်မာလာအောင်လုပ်ပေးရမည်ဆိုပါက....

ဖှေးသည် ဘ၀အား အေးအေးဆေးဆေးဖြတ်သန်းချင်သည့် လူတစ်ယောက်ပင်။

သို့သော် ဖှေးသည် ဖိတ်ကြားချက်အား ချက်ချင်းငြင်းဆန်ခြင်းမရှိပေ။ သူသည် အားနည်းချက်အားသာချက်များကို ချဥ့်ချိန်ကြည့်နေ၏။

မမြင်နိုင်သည့် လက်တစ်စုံကဲ့သို့ပင် ကံတရားသည် နောက်ကွယ်မှနေ၍ အရာရာကို လျို့၀ှက်စွာထိန်းချုပ်နေသကဲ့သို့ ဖှေးခံစားလိုက်ရ၏။ ဖှေးသည် မဟာဘုရားကျောင်းနှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်တစ်ခုကို လည်းခံစားနေရသည်။ သူနှင့် မဟာဘုရာကျောင်းတို့သည် အနာဂိတ်တွင် ၀င်တိုက်လာနိုင်သည်ဟုလည်း ခံစားနေရ၏။ အန်ဂျယ်လာနှင့် သူတော်စင်ဘေးလ်တို့ကိစ္စသည်ဖှေးအား သက်သေပြနေ၏။ ထိုကဲ့သို့ ကိစ္စများသည် အနာဂတ်တွင်များစွာထက်မံ၍ဖြစ်ပေါ်လာနိုင်၏။

ဖှေးသည် မဟာဘုရားကျောင်းနှင့် ပတ်သက်သည့်စာအုပ်များစွာလည်းဖတ်ရှုထားသည့်အတွက်ကြောင့် အန်ဂျယ်လာကဲ့သို့သော အသန့်ရှင်းဆုံး၀ိဉာဥ်သည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များထက်ပင် ပို၍ရှားပါးကြောင်းကိုသိလာ၏။

ဖှေးသည် သူတော်စင်ဘေးလ်အား သတ်ဖြတ်ကာ ဖြေရှင်းခဲ့သော်လည်း အန်ဂျယ်လာအား ခေါ်ဆောင်မည့်လူများမဟာဘုရားကျောင်းမှ လူများ ထက်မံ၍ ရောက်ရှိလာနိုင်သေးကြောင်းကို ဖှေးသိရှိ၏။ ထိုအချိန်သို့ရောက်ပါက ဖှေးသည် သူတော်စင်ဘေးလ်ထက်များစွာပို၍ စွမ်းအားမြင့်မားသည့်လူများနှင့် ရင်ဆိုင်လာရနိုင်၏။ အန်ဂျယ်လာကိုပင် ထာ၀ရဆုံးရှုံးသွားရနိုင်သည်။

ဖှေးစဥ်းစားနေသည့် အချိန်တွင် ဥပဒေပြုအရာရှိတစ်ယောက်သည် အဆောက်ဦးထဲသို့ ပြေး၀င်လာကာ ဖှေး၏နားအနီးသို့ ကပ်ပြောလိုက်၏။

“ဘာ အတော်အတင့်ရဲတဲ့ကောင်ပဲ။ သေချင်ပြီနဲ့တူတယ်...” ဖှေးသည် ဒေါသဖြစ်စွာဖြင့် အော်ဟစ်လိုက်၏။

“ဖုန်း...”

ဖှေးသည် သူ၏အရှေ့တွင်ရှိနေသည့် ကျောက်စားပွဲကို လက်ဖြင့်ရိုက်လိုက်သည်။ ထိုစားပွဲသည် ကျောက်မှုန်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။

“ဘာဖြစ်တာလဲ။ ချမ်းဘော့ဒ်ဘုရင်က ဘာလို့ ဒီလောက်တောင် ဒေါသဖြစ်နေရတာလဲ...” မဟာဘုရားကျောင်းမှလူသုံးယောက် တွေးလိုက်မိသည်။ ဘာဖြစ်နေသည်အား သူတို့မသိကြပေ။

“ခင်ဗျားတို့ သုံးယောက်စိတ်၀င်စားတယ်ဆိုရင် ကျွန်တော်နဲ့လိုက်ခဲ့ကြလေ...” ဖှေးပြောကာ အဆောက်ဦးအတွင်းမှ အလင်းတန်းတစ်ခုကဲ့သို့ပင် ပျံသန်းကာထွက်ခွာသွားတော့၏။

ဘတ်စတီ၊ ဂျက်စီနှင့် အလန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သိချင်နေကြသည်။

ချမ်းဘော့ဒ်ဘုရင်၏ ပုံစံပြောင်းလဲသွားပြီး သူတို့အား ရန်လိုသည့်ပုံစံဖြင့် ကြည့်နေသည်ကို သူတို့သတိထားလိုက်မိသည်။ ဖြစ်ပျက်နေသည့်ကိစ္စသည် မဟာဘုရားကျောင်းနှင့် ပတ်သက်သည့်အတွက်ကြောင့် ဖြစ်ပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တွန့်ဆုတ်နေခြင်းမရှိပဲ ဖှေး၏အနောက်မှ လိုက်ပါလာခဲ့တော့သည်။

သူတို့သည် စစ်သည်များ စခန်းချထားသည့်နေရာသို့ ဦးတည်လာခဲ့၏။

......

......

“ဟားဟားဟား ေးမတွေ ဒီသုံးကောင်က ငါတို့မဟာဘုရားကျောင်းက သားရဲတွေပဲ။ မင်းတို့ သူခိုးတွေ ခိုးယူသွားကြတာပဲ။ မင်းတို့ကောင်တွေက င့ါကို လိမ်ရဲတယ်ပေါ့။ ဟီးဟီး သူတို့ကို ဖမ်းလိုက်ကြစမ်း။ ဒီကောင်မတွေက နတ်ဆိုးတွေရဲ့ ဖျားယောင်းတာကို ခံနေရတာဖြစ်နိုင်တယ်။ သူတို့ကို တေးသံကျူးအဖွဲ့ထဲပို့လိုက်ပြီး အဲ့ကလူတွေကို အပြစ်ပေးခိုင်းလိုက်ကြ...”

မာနထောင်လွှားသည့်အသံတစ်ခုထွက်ပေါ်လာ၏။ ထိုအသံသည် အသတ်လတ်ပိုင်းအရွယ်သူတော်စင်တစ်ယောက်၏ ပါးစပ်မှ ထွက်လာနေခြင်ပင်။ ဤအခိုက်တန့်တွင် ထိုသူတော်စင်သည် အနီရောင်နှင့် အနက်ရောင်အစဥ်းများပါသည့် ၀တ်ရုံတစ်ခုကို ၀တ်ဆင်ထား၏။

ချမ်းဘော့ဒ်တိုင်းပြည်စစ်သည်များ၏ စခန်းအရှေ့တွင် လူအုပ်စုနှစ်စု ရပ်နေကြ၏။

All Chapters