← Chapters

“ငါ့လက်ချောင်းကိုတောင် ထိရဲလို့လား”

Vol. 40 Ch. 633

“ငါ့လက်ချောင်းကိုတောင် ထိရဲလို့လား”

Vol. 40 Ch. 633

ချမ်းဘော့ဒ်တိုင်းပြည်၏ ဥပဒေပြုစစ်သည်များနှင့် သူတော်စင်စစ်သည်များသည် ဘလက်ကီ၊ လူမိုက်၊ လူဆိုး၊ လူရမ်းကားတို့နှင့်အတူ အန်ဂျယ်လာနှင့် အမ်မာတို့၏အနောက်တွင်ရှိနေကြ၏။

တစ်ဖက်တွင် မဟာဘုရားကျောင်းမှ သူတော်စင်များနှ၍့် သူရဲကောင်းများအယောက်လေးဆယ်ခန့်ရှိနေကြသည်။ လက်ရှိအခိုက်တန့်တွင် သူတို့သည် နှာခေါင်းရှုံ့နေကြကာ ချမ်းဘော့ဒ်တိုင်းပြည်မှလူများအား အေးစက်စွာဖြင့် ကြည့်နေကြ၏။

ခုနက စကားပြောလိုက်သည့်လူသည်လက်ရှိလူများထဲတွင် ရာထူးအမြင့်ဆုံးဖြစ်ပုံရ၏။ အနီရောင်နှင့် အမဲရောင်ကျားထားသည့် ၀တ်ရုံသည် ဤသူတော်စင်သည် အလံနှစ်စုံမြို့တော်ဘုရားကျောင်း၏ လက်ထောက်ဘုန်းတော်ကြီးထက်ပို၍ ရာထူးနိမ့်သည့်လူမဟုတ်ကြောင်းကို ဖော်ပြနေ၏။

သူပြောသည့်ပုံအရ သူသည် လူမိုက်၊ လူဆိုးနှင့် လူရမ်းကားတို့ကို လိုချင်နေသည့်ပုံပင်။

“အရှင်မှားနေတယ်ထင်ပါတယ်။ သူတို့က မဟာဘုရားကျောင်းပိုင်တဲ့ သားရဲကောင်တွေမဟုတ်ပဘူး။ သူတို့တွေက ရက်အနည်းငယ်လောက်ကမှ ဥတွေကနေပေါက်လာကြတာပါ။ အဲ့လိုပေါက်လာတာကိုလည်း လူတွေအများကြီးတွေ့လိုက်ပါသေးတယ်...” အန်ဂျယ်လာသည် မဟာဘုရားကျောင်းမှလူများ ဤကဲ့သို့ ဘာကြောင့်ပြောသည်ကို မသိသည့်အတွက်အံ့သြနေ၏။ ထို့ကြောင့် သူမသည် ဤသတ္တ၀ါများအကြောင်းကို သူတော်စင်အား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေလျှက်ရှိသည်။

“ဟမ် တိတ်စမ်း။ လိမ်နေတာပဲ။ သူတို့တွေက မဟာဘုရားကျောင်းပိုင်ဆိုင်တဲ့အရာတွေက။ နင်က ဘုရားသခင်ရဲ့အဆုံးဖြတ်ကို မေးခွန်းထုတ်ရဲတယ်ပေါ့...” အသတ်လတ်ပိုင်းအရွယ်လူသည် သူ၏မျက်လုံးများထဲတွင် လောဘများဖြင့် ပြောလိုက်၏။

လက်ရှိအခိုက်တန့်၌ ထိုလူသည် အလွန်ပျော်ရွှင်နေသည့်အတွက်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင်တုန်ခါနေလျှက်ရှိသည်။

“သေစမ်း ဒါက ထင်မထားဘူး။ မျိုးသုဥ်းပြီလို့ ထင်ထားရတဲ့ နဂါးတွေကို အလံနှစ်စုံမြို့ထဲမှာတွေ့နေရတယ်...” သူတွေးလိုက်မိသည်။

ထိုလူသည် ဤသားရဲများကို မြင်လျှင်မြင်ခြင်းပင် လေ့လာကြည့်မိခဲ့သည်။ သူသည် မဟာဘုရားကျောင်းစာကြည့်တိုက်မှ စာအုပ်တစ်ခုထဲတွင် နဂါးများ၏အကြောင်းကို ဖတ်ဖူးထားသဖြင့် မည်ကဲ့သို့ ပုံပန်းသဏာန်ရှိသည်၊ မည်ကဲ့သို့ ဂုဏ်သတ္တိများရှိသည်ကို သိရှိနေခြင်းပင်။

သားရဲသုံးကောင်အားကြည့်ပြီးသည့်အချိန်တွင် ထိုအကောင်များသည် ဒဏာရီလာ မီးနဂါး၊ ဒဏာရီလာရေခဲနဂါးနှင့် ဒဏာရီလာအစိမ်းရောင်သတ္တုနဂါးတို့ဖြစ်သည်ကို သေချာပေါက်သိရှိသွား၏။ ထို့ကြောင့် ဘုရားသခင်သည် သူ့အား ကြီးမားသည့် လက်ဆောင်တစ်ခုကို ချပေးလိုက်သလိုခံစားလိုက်ရ၏။

“နဂါးတွေ...နဂါးတွေ ဒီတိုက်ပေါ်မှာမရှိတော့တာ ဘယ်လောက်ကြာပြီလဲ။ နဂါးသူရဲကောင်းတွေ အသက်ရှင်ခဲ့တဲ့အချိန်ကရော ဘယ်လောက်ကြာပြီလဲ...”

အကယ်၍ သူသည် ဤနဂါးများကို ဖမ်းဆီးပြီး မြောက်ပိုင်းဘုရားကျောင်းသို့ ပို့ဆောင်ပေးပါက မြောက်ပိုင်းဘုရားကျောင်း၏ ဂိုဏ်းချုပ်ကြီးသည် အလွန်စိတ်ကျေနပ်မည်ကိုသူသိရှိ၏။ ထိုကဲ့သို့ဆိုပါက သူသည် ကြီးမားသည့် အင်ပါယာကြီးတ်စခုတွင်ရှိသော မဟာဘုရားကျောင်း၏ ဂိုဏ်းချုပ်သူတော်စင်တစ်ယောက်ပင်ဖြစ်လာနိုင်သည့်အတွက်ပင်။

ဤကဲ့သို့ တွေးပြီးသည့်နောက်တွင် ထိုသူတော်စင်သည် ပို၍ပင်ပျော်ရွှင်လာတော့၏။ သူနှာခေါင်းရှုံ့ကာပြောလိုက်သည်။ “နင်က မဟာဘုရားကျောင်းက နတ်ဘုရားသားရဲကောင်တွေကို ခိုးပြီးတော့ လူရှေ့သူရှေ့မှာတောင်ယူလာရဲတယ်ပေါ့။ မင်းတို့ကောင်တွေ ဘယ်ကိုမှသွားခွင့်မရှိတော့ဘူး။ ယောက်ျားလေးတွေကို ဖမ်းပြီးတော့ ကျွန်အဖြစ်အပြစ်ပေးရလိမ့်မယ်။ မိန်းကလေးတွေကတော့ ဓမ္မတေးတံကျူးအဖွဲ့ထဲ၀င်ပြီးတော့ နတ်ဘုရားတွေအတွက် သီဆိုပေးရလိမ့်မယ်...”

“ရှင်ပြောနေတာ အကျိုးကြောင်းမညီဘူး။ ရှင်က ဒီအကောင်တွေကို မဟာဘုရားကျောင်းပိုင်တာလို့ ပြောနေတယ်။ ဒါပေမယ့် ရှင်သက်သေပြနိုင်လို့လား။ သူတို့ကို ရှင်ခေါ်ကြည့်လိုက်လေ ရှင့်စကားကိုနားထောင်လားလို့...” အန်မာသည် သည်းခံနိုင်ခြင်းမရှိတော့ပဲ အော်ပြောလိုက်၏။

“သက်သေဟုတ်လား။ အကြောင်းပြချက်ဟုတ်လား။ အလံနှစ်စုံမြို့တော်ထဲမှာဆို ငါက အကြောင်းပြချက်ပဲ။ ငါက နတ်ဘုရားတွေကို ကိုယ်စားပြုတဲ့လူပဲ။ နင်က င့ါစကားလုံးတွေကို သံသယ၀င်နေတယ်ဆိုတော့နင်က နတ်ဘုရားတွေကို သံသယ၀င်နေတာလား။ နင်ကများ...” ထိုအသတ်လတ်ပိုင်းအရွယ်လူသည် အာကျယ်အာကျယ်ဖြင့် ပြောလိုက်၏။ သူသည် ချမ်းဘော့ဒ်မှလူများနှင့် အကျိုးကြောင်းကျကျပြောလိုခြင်းမရှိသည်မှာ ထင်ရှားလှသည်။

သူသည် ဤကဲ့သို့ ပြုမူနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ သူနှင့် သူ့လူများသည် ဘုရားသခင်၏အမည်ကိုအသုံးပြုကာ စိတ်ကြိုက်ရမ်းကားနေခြင်းနှင့် အသားကျနေပြီးဖြစ်၏။ တစ်ခြားလူများ ဒေါသဖြစ်နေကြသော်လည်း ဘာမှပြန်ပြောရဲခြင်းမရှိကြခြင်းသည် သူတို့၏စိတ်ထဲတွင် များစွာကျေနပ်စရာကောင်းသည့်အရာတစ်ခုပင်။

ဤပြသနာပို၍ အချိန်ကြာလာသည်နှင့်အမျှ လူများသည်လည်း ပို၍ပို၍၀ိုင်း၀န်းကာကြည့်နေကြတော့၏။

မကြာမှီတွင် လူတစ်ရာခန့်၀ိုင်းကြည့်နေကာ လက်ညိုးများထိုးကာ အခြင်းခြင်းတီတိုးပြောနေကြတော့၏။

“အဲ့မဟာဘုရားကျောင်းက အနိုင်ကျင့်တဲ့ကောင်တွေပဲလား။ အဲ့လူကိုတွေ့လား။ အဲ့အဖွဲ့ကို ခေါင်းဆောင်နေတဲ့လူနာမည်က ဘာတွန်ပဲ။ သူက အလံနှစ်စုံမြို့မှာရှိတဲ့ မဟာဘုရားကျောင်းရဲ့ လက်ထောက် ဂိုဏ်းချုပ်။ သူကအတော်လေး မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်တယ်။ ဂိုဏ်းချုပ်ကလွဲပြီးတော့ သူနဲ့ဘယ်သူမှမရှုပ်ရဲကြဘူး။ ဘယ်လို သနားစရာကောင်းတဲ့လူက ဒီနတ်ဆိုးရဲ့ ပစ်မှတ်ထားတာကို ခံနေရတာလဲ...”

“ရှူးတိုးတိုး မင်းသေချင်လို့လား။ ဘာတွန်သာ သူ့မကောင်းကြောင်းပြောနေတာကို ကြားသွားလို့ဆိုရင် မင်းက ဘုရားသခင်ကို စော်ကားနေတာဆိုပြီးတော့ မင်းတို့ တစ်မိသားစုလုံးကို မီးရှို့သတ်လိမ့်မယ်နော်...”

“ဟမ် နေပါပြီး။ ချမ်းဘော့ဒ်စစ်သည်တွေက ဘာတွန်ကိုရင်ဆိုင်နေကြတဲ့ပုံပဲ။ သူတို့က ဘုရင်အလတ်ဇန္ဒားရဲ့ လူတွေပဲ...”

“မဖြစ်နိုင်တာ...ဘာတွန်က အရှင်မင်းကြီးနဲ့ သွားရှုပ်ရဲနေတာလား...”

“အဲ့နတ်ဆိုးလိုလူကို ငရဲပြည်မှာ အရှင်လတ်လတ်မီးရှို့သတ်သင့်တယ်။ သူက ဘုရာင်အလတ်ဇန္ဒားနဲ့ သွားရှုပ်နေတာပဲ။ အရှင်မင်းကြီး ဒုက္ခရောက်သွားနိုင်တယ်။ မြို့တော်ထဲမှာရှိတဲ့ ဆွေကြီးမျိုးကြီးတွေနဲ့ မတူဘူး။ မဟာဘုရားကျောင်းဆိုတာက ဇီးနစ်အင်ပါယာ တော်၀င်မိသားစုကတောင် သွားမရှုပ်ရဲတဲ့ အဖွဲ့စည်းတစ်ခုပဲ... အရှင်မင်းကြီး အရှင်ပြေပါစေလို့ပဲ ဆုတောင်းကြတာပေါ့..”

“ဟေး မကောင်းမမြင်ပါနဲ့။ ရလဒ်က မင်းထင်နေသလို ဟုတ်ချင်မှဟုတ်မှာပါ။ ဘုရင်အလတ်ဇန္ဒားက သူရဲကောင်းတစ်ယောက်ပဲ။ သူက ဘာတွန်ကို ကိုင်တွယ်ဖို့နည်းလမ်းတွေရှိမှာပေါ့...မင်းစောင့်သာကြည့်လိုက်ပါ...”

အလံနှစ်စုံမြို့တော်မှ ပြည်သူများသည် အနားသို့ ကပ်ရဲကြခြင်းမရှိပေ။ သူတို့သည် ပတ်ပတ်လည်တွင်၀ိုင်းကာ ဤပြသနာအကြောင်းကို ပြောနေကြ၏။

သူတို့သည် မဟာဘုရားကျောင်းမှလူများ၏ အနိုင်ကျင့်ခြင်းနှင့်ပတ်သက်၍ အသားကျနေကြပြီဖြစ်သည်။

ပုံမှန်အခြေအနေမျိုးတွင် သူတို့သည် မြို့နေပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်လေ့ရှိကြသည်။ သို့သော် ဂျက်အင်ပါယာနှင့် တိုက်ပွဲဖြစ်ပွားနေသည့်အချိန်တွင်မူ သူတို့သည် တိတ်ဆိတ်ငြိမ်သက်ကာ မရှိသလိုနေနေလျှက်ရှိ၏။ ဤအချက်သည် မဟာဘုရားကျောင်းမှစစ်ပွဲကို တားဆီးပေးရန်အတွက် မျှော်လင့်နေကြသည့်လူပေါင်းများစွာကို စိတ်ပျက်သွားစေ၏။

ယခုအချိန်တွင် စစ်ပွဲသည် အနည်းငယ်ငြိမ်သက်သွားပြီဖြစ်သောကြောင့် ထိုမဟာဘုရားကျောင်းမှ အဖွဲ့များ ပြန်လည်ထကြွလာပြီး မြို့တော်၏ ကယ်တင်ရှင်ဖြစ်သည့်ဘုရင်အလတ်ဇန္ဒားအား ဒုက္ခပေးနေသည့်အတွက် အလံနှစ်စုံမြို့တော်မှပြည်သူများ ဒေါသဖြစ်နေကြခြင်းပင်။

လက်ထောက်ဂိုဏ်းအုပ်ဘာတွန်သည် နေရာတစ်၀ိုက်တွင်ရှိသည့် လူများသူ့အား ရွံရှာသည့်အကြည့်ဖြင့်ကြည့်နေကြသည်ကို အာရုံခံလိုက်မိပုံရသည်။ ထို့ကြောင် နှာခေါင်းရှုံ့ကာ ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်၏။ လူတိုင်းသည် အောက်သို့ ငုံ့ကြည်ကာ ရက်စက်ကြမ်းကြုတ်သည့် သူတော်စင်နှင့်အကြည့်ခြင်းရှောင်လိုက်ကြ၏။

ထို့နောက်တွင် ဘာတွန်သည် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်၏။ သူသည် ချမ်းဘော့ဒ်မှလူများဘက်သို့ လှည့်ကာ ရန်စလိုက်သည်။ “မင်းတို့ကောင်တွေက ချမ်းဘော့ဒ်ဘုရင်ရဲ့လူတွေဖြစ်ပြီးတော့ စွမ်းအားမြင့်မားတယ်ဆိုတာကို ငါသိတယ်။ မင်းတို့ကောင်တွေတစ်ယောက်ခြင်းစီက စစ်မြေပြင်မှာ ရန်သူအယောက်တစ်ရာနဲ့တောင် အနိုင်ယူနိုင်တဲ့ကောင်တွေပဲ။ ဒါပေမယ့် မင်းတို့ကောင်တွေ အခုရောအနိုင်ယူနိုင်လား။ မင်းတို့ရဲ့ဘုရင်အလတ်ဇန္ဒား ဒီမှာရှိနေရင်တောင် သူဘာလုပ်နိုင်မှာမို့လို့လဲ။ သူ မဟာဘုရားကျောင်းနဲ့တိုက်ခိုက်ရဲလား။ ဘာ မင်းတို့ကောင်တွေက ဘာလို့ ဒေါသဖြစ်နေတဲ့ပုံလုပ်နေတာလဲ။ သနားစရာကောင်းတဲ့ ပိုးမွှားကောင်တွေ။ လာကြ လာစမ်းင့ါကို ရိုက်လိုက်ကြ။ ထွီ မင်းတို့ကောင်တွေ င့ါလက်ချောင်းကိုတောင် ထိရဲလို့လား။ ထိလိုက်တာနဲ့ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးပေးဆပ်ရလိမ့်မယ် ဟားဟားဟား မယုံရင်လုပ်ကြည့်လိုက်လေ...”

“ဒီကောင်ကတော့...” ဒရော့ဂ်ဘာဒေါသဖြစ်သွား၏။ သူသည် အရှေ့သို့ ထွက်သွားကာ ဘာတွန်အား လက်သီးဖြင့် ထိုးရန်ပြင်လိုက်သည်။

သို့သော် သူ၏ဘေးတွင်ရှိနေသည့် ရော်ဘင်မှ သူ့အား ဆွဲထားလိုက်သည်။

မဟာဘုရားကျောင်းသည် တိုက်ပေါ်တွင် အင်အားအကြီးဆုံးအဖွဲ့စည်းကြီးတစ်ခုဖြစ်သည့်အတွက်ကြောင့် ကျန်ရှိနေသည့်အဖွဲ့စည်းများသည် သူတို့နှင့် တိုက်ခိုက်ရာမှဖြစ်ပေါ်လာမည့်အကျိုးဆက်များကို စဥ်းစားချဥ့်ချိန်ကြသည်။ ထို့ကြောင့် မဟာဘုရားကျောင်းမှလူများသည် ပို၍ပို၍အတင့်ရဲလာကြခြင်းပင်။ ရော်ဘင်သည် ဆင်ခြင်တုန်တရားရှိသည့် သိုင်းဆရာများထဲမှတစ်ယောက်ဖြစ်သဖြင့် ဒရော့ဂ်ဘာဘုရင်အတွက် ဒုက္ခများစွာပေးမိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ၀င်တားလိုက်ခြင်းပင်။

“ဟားဟား ဟိုကောင် မင်းက လာချင်နေတာလား။ လာလေ လာစမ်းပါ ငါဒီနေရာမှာပဲ ရပ်နေတာ။ ဘယ်ကောင်င့ါလက်ချောင်းကိုတောင် လာထိရဲလဲ..” ထိုအရာကို ဘာတွန်မြင်လိုက်မိပြီး ဂုဏ်ယူစွာဖြင့် ရန်စလိုက်သည်။

“ငါထိရဲတယ်ကွ...”

ဤအခိုက်တန့်တွင် အေးစက်သည့်အသံတစ်ခုကို အ၀ေးမှကြားလိုက်ရသည်။ ထို့နောက်တွင် ငွေရောင်အလင်တန်းတစ်ခုတောက်ပသွားပြီး ခန့်ညားသည့်လူငယ်တစ်ယောက်ရောက်ရှိလာတော့သည်။

ချမ်းဘော့ဒ်ဘုရင်ပင်။

မမြင်နိုင်သည့် ဖိအားတစ်ခုသည် လေထုအတွင်းတွင် ပြန့်နှံ့သွားပြီး လေထုပင်ပို၍သိပ်သည်းလာတော့သည်။

“အရှင်မင်းကြီး...” ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များ ၀မ်းသာသွား၏။

အန်ဂျယ်လာနှင့် အမ်မာတို့လည်း စိတ်အေးသွားသည်။ ဘုရင်အလတ်ဇန္ဒားရောက်ရှိလာပြီဖြစ်သောကြောင့် ပြသနာများပြေလည်သွားတော့မည်ကို သိသည့်အတွက်ပင်။

“အဲ့တာ မစ်စတာအလတ်ဇန္ဒားပဲ...”

“မစ်စတာ အလတ်ဇန္ဒားရောက်လာပြီး။ သူက အလံနှစ်စုံမြို့တော်ကို ကယ်တင်ခဲ့တဲ့လူပဲ...”

“အရှင်မင်းကြီးကို တွေ့ရတာဂုဏ်ယူစရာပဲ။ အရှင်မင်းကြီး ကျန်းမာပါစေ...”

ဤနေရာတွင်ရှိနေသည့် အလံနှစ်စုံမြို့သူမြို့သားများသည် လျှင်မြန်စွာပင် တုန့်ပြန်လိုက်ကြသည်။ တစ်ချို့လူများသည် ချက်ချင်းပင် ဖှေးအားသတိထားမိသွားပြီး အာမေဍိတ်သံများစွာထွက်ပေါ်လာ၏။ လူအများစုသည် ဘုရင်အားမြင့်တွေ့ရန်ထင်မထားခဲ့ပေ။ ထို့ကြောင့် လူများစွာသည် ၀မး်သာသွားကြ၏။ တစ်ချို့လူများဆိုလျှင် ထူးထောက်ကာ အရိုသေပင်ပေးနေကြ၏။ ဤနေရာတွင်ရှိသည့် လေထုသည် ချက်ချင်းပင်ပြောင်းလဲသွားတော့၏။

ဤအချက်သည် ဖှေး၏ မြို့တော်ထဲတွင်ရှိသော လွှမ်းမိုးနိုင်မှုကို ဖော်ပြနေ၏။

ဤအရာကိုမြင်သည့်အချိန်တွင် ဘာတွန်၏မျက်လုံးများချက်ချင်းပင် ပြူးကျယ်သွား၏။ သူသည် မဟာဘုရားကျောင်းမှလူတစ်ယောက်ဖြစ်ပြီး ဘုရင်ငယ်တစ်ပါးကို ကြောက်လန့်မနေသင့်သော်လည်း ဖှေးအားမြင်လိုက်ပြီးသည့်အချိန်တွင် အနည်းငယ်ထိတ်လန့်သွားမိ၏။ အကြောင်းပြချက်တစ်ချို့ကြောင့် သူသည် အန္တရာယ်ကို အာရုံခံလိုက်မိသည့်အတွက်ပင်။

“၀ှစ် ၀ှစ် ၀ှစ်..”

အလင်းတန်းသုံးခုမြေပြင်ပေါ်သို့ ထက်မံ၍ကျဆင်းလာသည်။

၀တ်ရုံနက်ကျောင်းတော်၏ ညာလက်ရုံးဘုန်းတော်ကြီး ဘတ်စတီ၊ ငယ်ရွယ်သည့် သူတော်စင် ဂျက်စီနှင့် သူရဲကောင်းအလန်တို့ပင်။

အာမေဍိတ်သံများစွာထွက်ပေါ်လာ၏။ မဟာဘုရားကျောင်းမှသိုင်းဆရာများသည် ဘာတွန်အားကူညီပေးရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်ဟု အလံနှစ်စုံမြို့တော်မှ လူများတွေးလိုက်မိကြ၏။

ထိုသုံးယောက်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် ဘာတွန်စိတ်အေးသွားသည်။ သူတို့သည် မဟာဘုရားကျောင်းမှလူများဖြစ်ကြပြီး သူတော်စင်ဘတ်စတီသည်လည်း အလွန်စွမ်းအားကြီးမားသည့် သူတော်စင်တစ်ယောက်ဖြစ်သည်ကို သူသိသည့်အတွက်ပင်။

သူတွင် အကူညီများရှိပြီဟု ထင်လိုက်မိသဖြင့် သူ၏ စိတ်ထဲတွင်ပေါ်လာသည့်အကူညီသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

သူရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းသွားကာ သူ၏ခေါင်းကို မော့ကာ ဖှေးအား ရန်စသည့်အမူယာဖြင့် ကြည့်လိုက်၏။

သူသည် နှာခေါင်းရှုံ့ကာ ရယ်မောလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်လား။ ငါမင်းအကြောင်းကို သိပါတယ်။ ကောင်လေး။ မင်းက ဂုဏ်ယူနေတယ်ဆိုတာ အဓိပ္ပါယ်ရှိပါတယ်။ မင်းမှာလည်း စွမ်းဆောင်ရည်တစ်ချို့ရှိခဲ့တာကို။ ဒါပေမယ့် မင်းဆက်ဆံနေရတာက ဘယ်သူလဲဆိုတာကို မင်းသိဖို့လိုသေးတယ်ကွ။ ငါက အလံနှစ်စုံမြိုတော်ရဲ့ ဘုရားကျောင်းက လက်ထောက်ဂိုဏ်းအုပ်ပဲ။ နောက်ပြီးတော့ ငါက ဘုရားသခင်ရဲ့ ညွှန်ကြားချက်အတိုင်း မင်းတို့ မြို့တော်ကို လမ်းပြသွန်သင်ပေးဖို့ရောက်ရှိနေတာ။ မင်းင့ါလက်ညိုးကို ထိရဲတယ်ဆိုရင် မင်း...အား..”

“ဖျောင်း...”

ကျွတ်ဆက်သည့်အသံတစ်ခုထွက်ပေါ်လာ၏။

ထို့နောက်တွင် အရိုးများကြိုးကြေသည့်အသံများထက်မံ၍ထွက်ပေါ်လာတော့သည်။

ကြည့်နေသည့်လူများအံ့သြသွား၏။ ချမ်းဘော့ဒ်ဘုရင်သည် ဘာတွန်၏မျက်နှာကို ပိတ်ရိုက်လိုက်ခြင်းပင်။ သွေးများနှင့်အတူသွားများပါကျွတ်ထွက်ကုန်၏။ သူ၏မျက်နှာတစ်ခြမ်းစုတ်သွားပြီး ခန္ဓာကိုယ်သည်လည်းအနောက်သို့ သဲအိတ်တစ်လုံးကဲ့သို့ပင် လွှင့်ထွက်သွားတော့သည်။

All Chapters