အခန်း (၆၃၄)
Vol. 40 Ch. 634
“မင်း...” လက်ထောက် ဂိုဏ်းအုပ်ဘာတွန်တုန်လှုပ်သွား၏။ သူ၏သွားတစ်ချို့မှာ ကျိုးကြေကုန်ပြီဖြစ်သည်။ ထို့ကြောင့် သူ၏ စကားပင် မပီတော့ ချေ။ “မင်းက င့ါကို ရိုက်ရဲတယ်ပေါ့...”
တစ်ခြားမဟာဘုရားကျောင်းမှလူများ သူ့အား ဝိုင်းကာထူပေးလိုက်ရင်းဖြင့် သူ၏ စုတ်ပြတ်နေသည့် ပါးတစ်ဖက်ကို ပွတ်ကြည့်လိုက်မိသည်။ သူ၏ စိတ်ပင် ထုံကျင်နေသည့်အတွက်ကြောင့် နာကြင်မှုကိုခံစားရခြင်းမရှိသေးပေ။
ချမ်းဘော့ဒ်ဘုရင်သည် သူ့အား တိုက်ခိုက်ရဲသည်ကို ယုံကြည်ခြင်းမရှိသေးပေ။
“သူက မဟာဘုရားကျောင်းအပြစ်ပေးမှာကို မကြောက်ဘူးလား။ မဟာဘုရားကျောင်းက အဖွဲ့၀င်တွေကို တိုက်ခိုက်တာက ဘုရားသခင်ကို တိုက်ခိုက်သလိုပဲ။ စော်ကားတဲ့သူတွေမှန်သမျှကို မဟာဘုရားကျောင်းရဲ့ ကွပ်မျက်ရေးဌာနက အမဲလိုက်မှာလေ...”
“ငါဘာလို့မရိုက်ရဲရမှာလဲ...” ဖှေးလူတိုင်း၏ အကြည့်များအောက်တွင် ဘာတွန်နှင့် သူ၏ လူများအနီးသို့ ကပ်သွားလိုက်သည်။ သူနှာခေါင်းရှုံ့ကာမေးလိုက်သည်။ “မင်းကို င့ါက လက်ချောင်းတောင်ထိရဲမှာမဟုတ်ဘူးဆို ငါမင်းမျက်နှာကို ရိုက်ပေးလိုက်တာ မင်းင့ါကို ဘာလုပ်နိုင်လဲပြောစမ်း...”
“မင်း အား သေပြီ...” ဘာတွန်သည် အလွန်ဒေါသဖြစ်နေ၏။ သူ၏ မျက်နှာပေါ်တွင် နာကျင်မှုကို စတင်ခံစားလိုက်ရသည့်အချိန်မှသာလျှင် ပြန်လည်ကာ တုန့်ပြန်လိုက်မိသည်။ ဤကဲ့သို့ ဖြစ်သော်လည်း သူသည် ကြောက်လန့်ခြင်းမရှိသေးပေ။ သူသည် ဒေါသဖြစ်နေသည့်အတွက်ကြောင့် အော်ဟစ်လိုက်မိသည်။ “သွားစမ်း သူ့ကို အမြန်သတ်ပစ်လိုက်ကြ...”
သို့သော် ကျန်ရှိနေသည့် မဟာဘုရားကျောင်းမှအဖွဲ့၀င်များသည် သူလောက်ဆင်ခြင်တုံတရားကင်းမဲ့ခြင်းမရှိကြပေ။
အလံနှစ်စုံမြို့တော်ထဲတွင် ဘုရားကျောင်း၀တ်ရုံဖြင့် လိုက်လံအနိုင်ကျင့်နေခဲ့ကြသည်လူများသည် ဖှေး၏ ကြမ်းတမ်းသောအပြုမူကြောင့် တုန်လှုပ်နေကြ၏။
“သူက လက်ထောက်ဂိုဏ်းအုပ်ကိုတောင် ရိုက်ရဲတယ်ဆိုတော့ င့ါကို ရိုက်ဖို့လဲ တွန့်ဆုတ်နေမှာမဟုတ်ဘူး...” သူတို့တွေးလိုက်မိကြသည်။
“ငါသေပြီဟုတ်လား...” ဖှေးရယ်မောလိုက်သည်။
သူ၏လက်ကို ဆန့်တန်းကာ လေထဲတွင် ဆုပ်ကိုင်လိုက်သည်။ ကြီးမားသည့် စွမ်းအင်တစ်ခုကို ပေါ်လာကာ အဝေးတွင်ရှိနေသည့် ဘာတွန်အား ဆွဲခေါ်လိုက်၏။
“ဖျောင်း...” နောက်တစ်ချပ်ထပ်တီးလိုက်ခြင်းပင်။
ဖှေးသည် သူ၏အားကုန်အသုံးပြုခြင်းမရှိသော်လည်း အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၃၄လူရိုင်းဇာတ်ကောင်၏ စွမ်းအားများသည် ကြီးမားလွန်းလှသည်။ ဖှေး၏လက်ဖ၀ါးဖြင့် သံပြားပေါ်တွင် ဖိလိုက်ရုံဖြင့်ပင် လက်ဖ၀ါးရာကြီးတစ်ခုထင်ကျန်သွားစေနိုင်၏။ ထို့ကြောင့် ဘာတွန်၏ မျက်နှာတစ်ခုလုံးပင် ယောင်ကိုင်းသွားကာ နောက်ဆုံးကျန်ရှိနေသည့် သွားသုံးချောင်းပင် ကျွတ်ထွက်သွားတော့၏။
ဘေးမှ ရပ်ကြည့်နေသည်လူများတုန်လှုပ်သွားကြသည်။
“မစ်စတာ အလတ်ဇန္ဒားက တကယ်ပဲ အကြောက်တရားကင်းမဲ့တာပဲ...မဟာဘုရားကျောင်းရဲ့ ရာထူးကြီးလူတစ်ယောက်ကိုတောင် ရိုက်ရဲတာ...”
ရိုက်နှက်လိုက်သည့်အသံများထွက်ပေါ်လာပြီးသည့်နောက်တွင် နေရာတစ်ဝိုက်တွင်ရှိနေသည့် ပြည်သူများသည် ဖှေးအတွက် စိုးရိမ်လာမိကြ၏။ တစ်ချိန်တည်းမျာပင် သူတို့သည် အချိန်ကြာမြင့်စွာတောင့်တနေမိခဲ့သည့်အရာအား ဖှေးမှ ဆောင်ရွတ်ပေးလိုက်သည့်အတွက်ကြောင့်လည်း အနည်းငယ်ကျေနပ်နေကြ၏။
တစ်ချို့လူများဆိုလျှင် အော်ဟစ်အားပေးနေကြသည့်အတွက်ကြောင့် သူတို့၏သူငယ်ချင်းများမှပင် ၀င်ရောက်တားဆီးလိုက်ကြရသည်။ ဘာတွန်နှင့် သူ၏လူများသည် အားပေးသည့်လူကို မှတ်ထားကာနောက်တွင် လာရောက်ပြသနာရှာနိုင်သည့်အတွက်ပင်။
“အရှင်မင်းကြီး...” ဂျက်စီသည် ဖှေးအား တားရန်အတွက် မသိစိတ်အလျှောက်ပြောလိုက်မိသည်။
“မတားနဲ့ သူကြိုက်ရာလုပ်ပါစေ...” ဘတ်စတီသည် ဂျက်စီအား တားလိုက်၏။ သူ၏ခေါင်းကို ခါရမ်းကာ ရှင်းပြလိုက်သည်။ “မင်းက မင်းကို ကယ်တင်ခဲ့တဲ့လူအကြောင်းကို နားမလည်သေးဘူးပဲ။ ဒီလိုအချိန်မှာဆို မင်းသူ့ကို မတားသင့်ဘူး...”
ဘတ်စတီသည် ကြောက်လန့်နေကြသည် ဘာတွန်နင့်သူတော်စင်များကိုကြည့်ကာ ပြောလိုက်သည်။ “အဲ့ ငပိန်းတွေက မာနထောင်လွှားနေပြီးတော့ ယုံကြည်သက်၀င်သူတွေကို အနိုင်ကျင့်နေခဲ့ကြတာ။ သူတို့က ငါတို့ဘုရားသခင်ကို နာမည်ပျက်အောင်လုပ်နေကြတဲ့လူတွေပဲ။ သူတို့က မျက်ကန်းပြီးတော့ ပျက်ဆီးနေတဲ့အတွက်ကြောင့် တန်ရာတန်ကြေးပေးရလိမ့်မယ်...”
“ဖျောင်း ဖျောင်း ဖျောင်း...” ဘတ်စတီပြောနေသည့်အချိန်တွင် ဖှေးသည် သူတော်စင်များထဲသို့ ၀င်ကာ လုပ်စရာရှိသည်အား ဆက်လုပ်နေလျှက်ရှိသည်။ သူလိုက်လံ၍ ရိုက်နှက်နေရင်းဖြင့် ထိုသူတော်စင်များသည် အော်ဟစ်ကာ အနောက်သို့ လွှင့်ထွက်နေကြ၏။
“မင်းတော့ သေပြီ...” ဘာတွန်သည် သတိလည်နေဆဲပင်။ သူသည် ဖှေးအား လက်ညိုးထိုးကာ ခြိမ်းခြောက်လိုက်သည်။ “ဟားဟား မင်းက မဟာဘုရားကျောင်းက လူတွေကို ရိုက်လိုက်တာပဲ...မင်းတော့ သေပြီ မင်း ဘယ်နေရာမှာမှ ပုန်းနိုင်မှာမဟုတ်ဘူး။ ဟားဟား မင်းက ဒီလောက်တောင်မကြောက်တတ်တဲ့ကောင်ဆိုတော့ င့ါကို ဘာလို့ မသတ်သေးလဲ လာသတ်လေ...”
“ငါမင်းကို မသတ်ဘူး...” ဖှေးသည် ဘာတွန်ထံသို့လမ်းလျှောက်သွားကာ သူ၏လက်ပေါ်သို့ တက်နင်းလိုက်သည်။ လက်ရိုးများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်နင်းချေကာ ပြောလိုက်၏။ “ဒါပေမယ့် မင်းကို သေချင်စိတ်ပေါက်အောင်လုပ်ပေးလိုက်မယ်။ မဟာဘုရားကျောင်းဟုတ်လား။ ဘယ်သူနေနေ မင်းက သူများပိုင်တဲ့ဟာကို လိုချင်တယ်တယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖို့အသင့်ပြင်ထားရမယ်...”
“မင်း မင်း...” ဘာတွန်သည် နာကျင်မှုများစွာကို ခံစားနေခဲ့ရသည့်အတွက် သူ၏မျက်နှာပေါ်မှ ချွေးစက်များပင် စီးကျနေ၏။ သို့သော် သူသည် မာန်တင်းထားနေဆဲပင်။ “မင်းင့ါကို သတ်နိုင်ရင်သတ်လိုက်လေ မင်းပဲနောင်တရလိမ့်မယ်...”
......
ဖှေးထိုအရာကို ကြားသည့်အချိန်တွင် ထက်မံ၍ နှာခေါင်းရှုံ့လိုက်ပြီး ဘာတွန်၏ တစ်ခြားလက်တစ်ဖက်ကိုပါ ချိုးလိုက်၏။
ရုတ်တရက်ပင် သိပ်မဝေးသည့်နေရာတွင် အန်ဂျယ်လာရှိနေသည်ကို ဖှေးသတိရလိုက်ပြီး ဤမြင်ကွင်းကို သွေးထွက်သံယိုဖြစ်စေလိုခြင်းမရှိပေ။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များအား လက်ကိုဝေ့ရမ်းပြကာ အမိန့်ပေးလိုက်၏။ “ဒီကောင်တွေကို ဖမ်းလိုက်စမ်း။ တစ်ယောက်ကို ကြိမ်ဒဏ်တစ်ရာစီပေးလိုက်။ မင်းတို့ကောင်တွေ သူတို့ကို မသတ်မိလိုက်စေနဲ့။ ပြီးရင် သူတို့ထဲကတစ်ယောက်ကို ရွေးပြီးတော့ မြို့တော်ထဲမှာရှိတဲ့ဘုရားကျောင်းကို သွားသတင်းပို့ခိုင်းလိုက်။ ငါဂိုဏ်းအုပ် ရှင်းပြတာကို ကြားချင်တယ်။ မဟာဘုရားကျောင်းကလူတွေက င့ါရဲ့သားရဲတွေကို လုယူခွင့်ရှိလို့လားဆိုတာကို...”
“ဟုတ်ကဲ့ပါအရှင်မင်းကြီး...”
ဒရော့ဂ်ဘာ၊ ပီးရာ့စ်နှင့် ရော်ဘင်တို့ကဲ့သို့သောလူများသည် ယခင်ကတည်းက ဒေါသဖြစ်နေကြသည့်လူများဖြစ်သောကြောင့် ဖှေး၏ အမိန့်ကိုကြားသည့်အချိန်တွင် ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ကြသည်။
သူတို့သည် ပြေးသွားကြပြီး ဘုရင်ကို အတူယူကာ အနိုင်ကျင့်ကြသည့်လူများကို ဝိုင်း၀န်းကာ ရိုက်နှက်လိုက်၏။ ကျားများ၏အရှေ့တွင်ရှိနေသည့် သိုးငယ်များကဲ့သို့ပင် မဟာဘုရားကျောင်းမှလူများသည် လုံး၀ပင်ခုခံနိုင်ခြင်းမရှိကြပေ။ မကြာခင်မှာပင် ထူထပ်သည့် ကြိုးများ၏ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး စခန်းအတွင်းသို့ ဆွဲခေါ်သွားကြတော့၏။
ထို့နောက်တွင် နေရာတစ်၀ိုက်တွင်ကြာပွတ်သံများဟိန်းထွက်လာတော့သည်။
ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် ဤကဲ့သို့ကြိမ်ဒဏ်ပေးသည့်နေရာတွင် ကျွမ်းကျင်ကြ၏။
ဘုရင်သည် ဤလူများကို မုန်းတီးသည်အား သိသည့်အတွက်ကြောင့် အစွမ်းကုန်သုံးကာ ရိုက်နှက်နေကြ၏။ အရှိန်၀ါကြီးမားသည့်အတွက်ကြောင့် အကျင့်ပျက်ခြစားနေကြသည့် မဟာဘုရားကျောင်းမှလူများသည် ကျယ်လောင်စွာပင် အော်ဟစ်ငိုကြွေးနေကြတော့၏။