← Chapters

အခန်း (၆၃၅)

Vol. 40 Ch. 635

အခန်း (၆၃၅)

Vol. 40 Ch. 635

ကြာပွတ်သံများနှင့် အော်ဟစ်ငိုကြွေးသံများသည် ထိတ်လန့်ဖွယ်ပင်။ သို့သော် အလံနှစ်စုံမြို့တော်မှ ပြည်သူများသည် ထိုလူများအတွက် သနားခြင်းမရှိကြပေ။ ထိုအစား သူတို့ကိုယ်တိုင်ပင် ၀င်ရောက်ရိုက်နှက်လိုနေကြ၏။

သတိလစ်မေ့မျောသွားသည့် ဘာတွန်ကိုပင် သစ်သားပြားတစ်ခုပေါ်သို့တင်၍ စခန်းအတွင်းရှိအကျဥ်းထောင်ထဲသို့ ဆွဲခေါ်သွား၏။ သူ့အား အလံနှစ်စုံမြို့တော် မဟာဘုရားကျောင်းမှ ဂိုဏ်းအုပ် ဒေးဗစ်သာ ကယ်တင်နိုင်တော့သည်။

အန်ဂျယ်လာသည်လည်း ဘာမှ၀င်ပြောခြင်းမရှိပေ။ သနားသည့်အရိပ်ယောင်များကိုလည်း ပြသခြင်းမရှိပေ။

ပထမဆုံးအနေဖြင့် ဘာတွန်နှင့် သူ၏လူများ၏ ရိုင်းပြခြင်းကြောင့် အေးအေးချမ်းချမ်းနေတတ်သည့် အန်ဂျယ်လာပင် ဒေါသဖြစ်မိသွားသည်။ ဒုတိယတစ်ချက်အနေဖြင့် ဘာတွန်နှင့် သူတော်စင်များနှင့် နှိုင်းယှဥ်ပါက သူသည် ဖှေးအား ပို၍ ဂရုစိုက်၏။ ဖှေးသည် သူတစ်ခါမှမကြုံဖူးလောက်အောင် ဒေါသဖြစ်နေသည်ကို မြင်တွေ့ရသဖြင့် အန်ဂျယ်လာကိုယ်တိုင်ပင် လာရောက်ကာ ဖှေးအားနှစ်သိမ့်ပေးနေလျှက်ရှိသည်။

ထို့နောက်တွင် အန်မာ၊ သားရဲလေးကောင်တို့နှင့်အတူ ပြန်သွားတော့၏။

သူမသည် စစ်ဘက်ဆိုင်ရာကိစ္စများတွင် မည်သည့်အချိန်ကမှ ၀င်ရောက်ပါ၀င်ခဲ့ခြင်းမရှိပေ။

သို့သော် ဘတ်စတီသည် တစ်စုံတစ်ခုအား သတိထားမိသွားပုံရ၏။ အန်ဂျယ်လာအား စိတ်၀င်စားစွာဖြင့် စိုက်ကြည့်နေ၏။ ထိုအရာသည် ဖှေးမြင်တွေ့လိုခြင်းမရှိသည့် အရာတစ်ခုပင်။

အန်ဂျယ်လာမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အချိန်သို့ ရောက်မှသာလျှင် သူတော်စင်ဘတ်စတီသည် စိုက်ကြည့်နေခြင်းကို ရပ်တန့်လိုက်၏။

“မစ်စတာ ဘတ်စတီ ကျွန်တော်တို့ အရင်ကိစ္စကို ပြန်ပြောလို့ရပြီထင်တယ်...” ဖှေးသည် မျက်မှောင်ကြုံ့ကာ သူတို့သုံးယောက်အား စခန်းထဲသို့ ဖိတ်ခေါ်လိုက်၏။

“ဘယ်လိုထင်လဲ အရှင်ကျွန်တော်တို့ရဲ့ ၀တ်ရုံနက်ကျောင်းတော်ထဲကို ၀င်ဖို့ဆန္ဒရှိလား...” ဖှေး ထိုကိစ္စအား ပြောသည်ကို ကြားလိုက်ရသဖြင့် ဘတ်စတီမှာ ပျော်ရွှင်သွား၏။ သူလိုချင်သည့်ဘက်သို့ ရောက်လာနေသလို ခံစားလိုက်ရသည်။

“ကျွန်တော် ရိုင်းသလိုဖြစ်သွားမယ်ဆိုရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် ခင်ဗျားပြောတာက သိပ်ပြီး စိတ်၀င်စားစရာမကောင်းဘူး။ ၀တ်ရုံနက်ကျောင်းတော်ရဲ့ အခြေအနေကို လူတိုင်းသိကြတာပဲလေ မီးတွင်းထဲကျနေသလိုပဲ။ အဲ့မီးတွင်းထဲကို လိုက်၀င်တဲ့လူတွေလဲ လောင်ကုန်မှာ။ ကျွန်တော်သာ မဟာဘုရားကျောင်းထဲကို ၀င်ချင်တယ်ဆိုရင် ပိုပြီးတော့ စွမ်းအားကြီးပြီး အရှိန်၀ါကြီးမားတဲ့ ကျောင်းတော်ထဲကိုပဲ ၀င်မှာပေါ့ဗျ။ မသေချာမရေရာတာတွေနဲ့ ကျွန်တော့အတွက် အန္တရာယ်ပိုရှိလာအောင်မလုပ်ချင်ပါဘူး...”

စစ်သည်များသည် စခန်းထဲတွင် ထိုင်ခုံများစားပွဲများကို ပြင်ဆင်ထားလိုက်ပြီး ဖှေးသည် ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ရင်းဖြင့် ပြုံးကာ ပြောလိုက်သည်။

ဘတ်စတီသည် သူ၏မျက်နှာပေါ်တွင် ခါးသက်သောအပြုံးတစ်ခုဖြင့် ပြုံးကာ ပြောလိုက်သည်။ “အရှင်မင်းကြီးက အတော်လေး ဒဲ့တိုးပြောတတ်တာပဲ။ အရှင်မင်းကြီး ပြောတာက မှန်တယ်ဆိုတာကိုလည်း ကျွန်တော်၀န်ခံပါတယ်။ ဒါပေမယ့် ကမ်းလှမ်းတဲ့ဟာက လိုအပ်နေတဲ့ဟာနဲ့ ထပ်တူကျနေရင် အဖိုးဖြတ်လို့မရဘူးဆိုတဲ့ စကားပုံကို အရှင်မင်းကြီးလဲကြားဖူးမှာပါ။”

“အိုး အဲ့လိုလား။ ဒါဆိုရင် ကျွန်တော်က ၀တ်ရုံနက်ကျောင်းတော်ထဲ၀င်ရင် အကျိုးကျေးဇူးတွေ ပိုပြီးတော့ ရလာနိုင်တာပေါ့...” ဖှေးသည် သူ၏လက်ကို ဝှေ့ရမ်းကာပြောလိုက်သည်။ စစ်သည်များသည် ရိုက်နက်အပြစ်ပေးနေသည်ကို ရပ်တန့်လိုက်၏။ မဟာဘုရားကျောင်းမှလူများသည်လည်းအော်ဟစ်နေခြင်းရပ်တန့်သွားကြ၏။ ယခုအချိန်တွင် ညီးညူနေကြ၏။ သူတို့ထဲမှ ကံကောင်းသည့်လူတစ်ယောက်သည် ကြိုးဖြေပေးခြင်းခံလိုက်ရပြီး ဤကိစ္စအား မဟာဘုရားကျောင်းသို့ သွားရောက်ပြောရန်ခိုင်းလိုက်သည်။

“အရှင်မင်းကြီးက တကယ်ပဲ ဒဲ့တိုးပြောတတ်တာပဲ။ အရှင်ပြောတာမှန်ပါတယ်။ ကျွန်တော်က အဲ့လို ဆိုလိုတာပါ...” ဘတ်စတီသည် လေးနက်သွားပြီးပြောလိုက်သည်။ “ကျွန်တော့ရဲ့ကမ်းလှမ်းချက်ကို အရှင်လက်ခံမယ်ဆိုရင် အရှင်က ၀တ်ရုံနက်ကျောင်းတော်ရဲ့ မဟာခေါင်းဆောင်ကြီးဖြစ်လာနိုင်ပါတယ်။ အရှင်ပြောသမျှစကားလုံးတိုင်းကို ဘုရားသခင်ရဲ့စကားလို့ မှတ်ယူပြီးတော့ အရှင်က ကျောင်းတော်ရဲ့ ပိုင်ဆိုင်မှုတွေရော သိုင်းဆရာတွေရောကို လိုသလို ညွှန်ကြားနိုင်မှာပါ။ ကျွန်တော့ကို ယုံလိုက်ပါအရှင်မင်းကြီး။ ကျွန်တော်တို့ ကျောင်းတော်က အရင်ကနဲ့ယှဥ်ရင်အရှိန်အ၀ါမရှိတော့ ဘူးလို့ ပြောလို့ရပေမယ့်။ ကျွန်တော်တို့ ပိုင်ဆိုင်စုဆောင်းထားတာတွေက အရှင်ထင်ထားတာထက်တောင် ကျော်လွန်နေပါတယ်...”

“၀ိုး ခင်ဗျားက ကျွန်တော့ကို ဆွဲဆောင်နေတာပဲ။ ပိုပြီးတော့ စိတ်၀င်စားချင်စရာကောင်းလာပြီ။ ဒါပေမယ့် ဘယ်အရာမှအလကားမရဘူးလေ။ ကျွန်တော့ကို ပြောပါ။ ကျွန်တော်၀င်ရောက်မယ်ဆိုရင် ကျွန်တော့ဘက်က ဘာပြန်ပေးရမလဲ...” ဖှေးမေးလိုက်၏။ ဘတ်စတီပြောသည့်အရာများသည် လူတိုင်းအား စိတ်ပါစေမည်ဖြစ်သောကြောင့်ပင်။ သို့သော် သူသည် အကျိုးမြတ်များအားလုံးကို အလကားရနိုင်မည်ဟုတ်ကြောင်းကို ဖှေးသိ၏။ ပို၍ရလေလေ ပို၍ပေးရလေလေဖြစ်သောကြောင့်ပင်။

“အရှင်လုပ်ပေးရမှာတစ်ခုပဲရှိပါတယ်။ အရှင်က ဒီလောကတစ်ခုလုံးမှာ စွမ်းအားအကြီးမားဆုံးလူတစ်ယောက်ဖြစ်တဲ့ မဟာဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးဖြစ်လာပေးဖို့ပါပဲ...” ဘတ်စတီသည် သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြောလိုက်၏။ “ကျွန်တော့ကို ယုံလိုက်ပါ ၀တ်ရုံနက်ကျောင်းတော်က အရှင့်ကို ပုပ်ရဟန်းမင်းပုလ္လင်ကို ရဖို့အတွက် အစွမ်းကုန်ထောက်ပံ့ပေးပါလိမ့်မယ်...”

ဖှေးသူ၏ ခေါင်းကို ခါရမ်းကာပြုံးလိုက်သည်။ “ဟုတ်တယ် သူတော်စင်ကြီး။ ခင်ဗျားရဲ့ အသံနေအသံထားက လိမ်နေတဲ့ပုံမရှိပါဘူး။ ကျွန်တော်က တစ်ခုပဲလုပ်ပေးရမယ်ဆိုပေမယ့်။ ဒီတိုက်ပေါ်က အရည်ချင်းရှိဆုံးလူတွေတောင်ဖြစ်အောင်မလုပ်နိုင်ခဲ့ကြတဲ့အရာလေ။ တိုက်ပေါ်မှာ ဘီလီယံနဲ့ချီတဲ့ပါရမီရှင်တွေ ပုပ်ရဟန်းမင်းဖြစ်အောင် ကြိုးစားခဲ့ကြပေမယ့်။ တကယ်တန်းကျ လူသုံးရာလောက်ပဲ အောင်မြင်ခဲ့ကြတာလေ။ ပုပ်ရဟန်းမင်းဖြစ်လာအောင်တောင်ဆိုးတာက မီးတောင်ထဲမှာ ရေကူးခိုင်းနေသလိုပါပဲ။ သူတော်စင်ကြီးထင်တာက ကျွန်တော့ရဲ့လက်သီးက လက်ရှိပုပ်ရဟန်းမင်းကြီး ဘလတ်တာထက်ကြီးနေတယ်လို့ ထင်တာလား...”

ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် ဘတ်စတီရယ်မောလိုက်သည်။ သူတစ်စက္ကန့်ခန့်ရပ်နားလိုက်ပြီး ပြောလိုက်၏။ “ခက်ခဲတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ၀တ်ရုံနက်ကျောင်းတော်ရဲ့ ထောက်ပံ့မှုအပြည့်အ၀ကို ရမယ်ဆိုရင်တော့ ပိုပြီး လွယ်လာလိမ့်မယ်...”

“ဟုတ်လား။ ဒါပေမယ့် စကားပုံတစ်ခုရှိသေးတယ်လေ။ ဗိုက်ဆာပြီးတော့ လဲကျနေတဲ့ နဂါးတစ်ကောင်ကတောင် မြင်းတစ်ကောင်ထက်ကြီးနေတုန်းပဲ ဆိုတာလေ။ ၀တ်ရုံနက်ကျောင်းတော်က နှစ်ပေါင်းတစ်ရာလောက် ကျဆင်းနေခဲ့တာ။ လက်ရှိပုပ်ရဟန်းမင်းကြီးနဲ့ ယှဥ်နိုင်ပါ့မလား။ ကျွန်တော်သိရသလောက်ဆိုရင် ပလတ်တီသစ္စာဖောက်သွားတာက ၀တ်ရုံနက်ကျောင်းတော်ကို အထိနာသွားစေခဲ့ပြီးတော့ ပျက်သုဥ်းလုနီးနီးဖြစ်သွားခဲ့တာလေ...” ဖှေးသည် ယဥ်ကျေးနေခြင်းမရှိပေ။ သူသည် ၀တ်ရုံနက်ကျောင်းတော်၏ ကြီးမားသော ဒဏ်ရာများကို ပြန်လည်ကာ တူးဆွလိုက်၏။

ဖှေးနှင့် ဘတ်စတီတို့ပြောနေသည့်အရာများသည် တုန်လှုပ်ဖွယ်ပင်။

သူတို့သည် မဟာဘုရားကျောင်း၏ ပုပ်ရဟန်းမင်းကြီးနှင့် မြောက်ပိုင်းဒေသဘုရားကျောင်း၏ ဂိုဏ်းအုပ်တို့ကို နာမည်တပ်ခေါ်နေကြခြင်းပင်ဖြစ်ပြီး သူတို့အား ဖြုတ်ချရန်အတွက်ပြောနေကြခြင်းပင်။ အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက မုန်တိုင်းတစ်ခုပင်ဖြစ်ပွားလာနိုင်၏။

ထို့ကြောင့် သူတို့စကားမပြောခင်အချိန်တွင် မမြင်နိုင်သည့်စွမ်းအင်စက်လုံးတစ်ခုကို ထုတ်လွှတ်ထားပြီး ပြင်ပမှလူများသူတို့လေးယောက်ပြေသည်များကို မကြားနိုင်အောင် ဖုံးကာထားကြ၏။ အပြင်ဘက်မှလူများသည် သူတို့၏မျက်နှာအမူယာများကိုသာ မြင်နိုင်ကြပြီး ဘာပြောနေကြသည်ကို မသိနိုင်ကြပေ။

သူတို့လေးယောက်ထဲတွင် ဖှေးနှင့် ဘတ်စတီတို့သည် ဆုံးဖြတ်ချက်ချသူများဖြစ်ကြသည်။ ဂျက်စီသည် ၀တ်ရုံနက်ကျောင်းတော်၏ ပါရမီရှင်လူငယ်တစ်ယောက်ပင်။ ထို့ကြောင့် ဖှေးသူ့အား စိုးရိမ်စရာမလိုပေ။ အလန်သည်လည်း ၀တ်ရုံနက်ကျောင်းတော်၏ အဖွဲ့၀င်အသစ်တစ်ယောက်ဖြစ်၏။ ဘတ်စတီသည် အဖွဲ့၀င်အသစ်အား မည်သည့်အတွက်ကြောင့်ဤမျှယုံကြည်နေကြောင်းကို ဖှေးမသိချေ။ သို့သော် ဖှေးသည်လည်းဤကြယ်ကိုးလုံးအဆင့်စစ်သည်အား စိုးရိမ်ခြင်းမရှိပဲ သူ့ထံမှမည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပေ။

ဖှေးနှင့် ဘတ်စတီတို့သည် ဒေါသများဖြင့် ငြင်းခုန်နေကြခြင်းမဟုတ်သော်လည်း သူတို့သည် ပြင်းထန်စွာပင် ဆွေးနွေးညှိနှိုင်းနေကြ၏။ ဖှေးတို့ ပြောနေသည်များကို အချိန်ခနတာခန့်ကြားပြီးသည့်အချိန်တွင် သူတော်စင်ဂျက်စီသည် သည်းခံနိုင်တော့ခြင်းမရှိပဲ ၀င်ပြောလိုက်သည်။ “အရှင်မင်းကြီး ကျွန်တော့အမြင်ကို စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့က ဘုရားသခင်ကို ကိုယ်စားပြုပြီးတော့ ဘုရားသခင်ရဲ့အလင်းရောင်ကို တလောကလုံးသိအောင်ဖြန့်ကျက်ပေးရမှာပါ။ ကျွန်တော်တို့ရဲ့ အသက်ကိုတောင် စတေးသင့်ရင်စတေးရမှာလေ။ အဲ့တာက ဂုဏ်ယူစရာကောင်းတဲ့ တာ၀န်တစ်ခုပဲ။ အရှင်က အဲ့တာ၀န်ကိုပဲ ထမ်းဆောင်သင့်တယ်။ စျေးထဲက စျေးသည်တွေလိုမျိုး စျေးညှိနှိုင်းနေဖို့ မသင့်တော်ပါဘူး...”

အကယ်၍ တစ်ခြားလူပြောသည်ဆိုပါက ဖှေးရယ်မောကာ ထရိုက်မိမည်ဖြစ်သည်။

သို့သော် ဂျက်စီပြောလိုက်သည့်အချိန်တွင် ငြင်းဆို၍မရနိုင်သလို ခံစားလိုက်ရ၏။

ဤကဲ့သို့ဖြစ်ရခြင်းမှာ ထိုလူငယ်၏ ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် တောက်ပကာ ရိုးသားပွင့်လင်းသည့်အရှိန်၀ါများကြောင့်ပင်။ သူ၏မျက်လုံးများကို စတင်ဖွင့်သည့်အချိန်ကတည်းက ဤလူငယ်သည် သူပြောသည့်စကားအတိုင်းသာ နေလာခဲ့သည့်ပုံပင်။ သူသည် ဘာသာတရားအား အကြွင်းမဲ့ယုံကြည်သည့်လူတစ်ယောက်ပင်။ အပြောသာကြီးပြီး လက်တွေ့ဆောင်ရွက်ခြင်းမရှိသည့် မဟာဘုရားကျောင်းမှ အဖွဲ့၀င်တော်တော်များများနှင့်မတူပဲ ဂျက်စီသည် ပြောသည့်အတိုင်းသာ မှန်မှန်ကန်ကန်နေထိုင်သည့်လူတစ်ယောက်ပင်။

ဖှေးပြုံးလိုက်ကာ ဂျက်စီပြောသည့်အရာအား သံသယဖြစ်ပွားခြင်းမရှိပေ။

သို့သော် ဂျက်စီပြောသည့်အရာအား လက်ခံသဘောတူခြင်းမရှိပေ။ သူသည် ဂျက်စီကဲ့သို့ သောလူများကို လေးစားတတ်သည့်လူတစ်ယောက်ဖြစ်၏။

ဤကမ္ဘာကြီးပေါ်တွင်နေထိုင်သည့်လူအများစုသည် ဂျက်စီကဲ့သို့ဖြစ်ပါက ငြိမ်းချမ်းကာ နေချင်စဖွယ်ကောင်းသည့် ကမ္ဘာတစ်ခုဖြစ်လာမည်ဖြစ်၏။ ဘုရင်သည် ထိုကဲ့သို့လူများကို လေးစားသော်လည်း ထိုကဲ့သိုသော လူတစ်ယောက်ဖြစ်လာလိုခြင်းမရှိပေ။ သူ၏စိတ်ထဲတွင် ထိုကဲ့သို့နေထိုင်ရခြင်းသည် ပျင်းစရာကောင်းသည့် ဘ၀နေထိုင်မှုတစ်ခုဖြစ်လိမ့်မည်ဟု ထင်သည့်အတွက်ပင်။

ဂျက်စီ၏ စကားလုံးများကိုကြားသည့်အချိန်တွင် ဘတ်စတီသည် သူ၏ခေါင်းကို ညင်သာစွာခါရမ်းလိုက်မိသည်။

ချမ်းဘော့ဒ်ဘုရင်သည် စိတ်အားထက်သန်စေသည့်စကားလုံးများဖြင့် ဆွဲဆောင်လို့ရမည့်လူမဟုတ်သည်ကို သူရှင်းလင်စွာပြောနိုင်သည့်အတွက်ပင်။ ဤဘုရင်သည် အသက်၁၈နှစ်ခန့်သာရှိသေးသော်လည်း ဘုရင်၏အတွေးခေါ်များ၊ ပြောဆိုသည့်စကားများကြောင့် အသက်၈၀ခန့်ရှိသည့်လူတစ်ယောက်နှင့်စကားပြောနေရသလို ဘတ်စတီခံစားနေရ၏။

“ဉာဏ်များပြီးတော့ လူမိုက်ခေါင်းဆောင်လိုပဲ။ တန်ဖိုးနဲ့ စည်းမျဥ်းတွေအကြောင်းပြောတဲ့နေရာမှာ ဘယ်တော့မှ နောက်ဆုတ်ပေးမှာမဟုတ်ဘူး...”

ဤသည်မှာ ဘတ်စတီ၏ ဖှေးအပေါ်သုံးသပ်ချက်ပင်။

မဟာဘုရားကျောင်း၏ ကြီးမားသည့် ကျောင်းတော်တစ်ခုသည် ကိုယ်ချင်းစာတတ်ခြင်း၊ အကြင်နာတရားပြည့်၀ခြင်း၊ ခွင့်လွှတ်ပေးတတ်ခြင်း၊ ယဥ်းကျေးခြင်း၊ ကျိုးနွံခြင်းစသည့်အချက်များနှင့် ပြည့်စုံသော ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်လိုအပ်၏။ ထိုအချက်များကို ထည့်တွက်ပါက ဖှေးသည် ၀တ်ရုံနက်ကျောင်းတော်နှင့် လုံး၀ပင်ကိုက်ညီခြင်းမရှိပေ။ သို့သော် ဘတ်စတီသည် အသက်၁၀၀ကျော်ပင် နေထိုင်လာခဲ့သူဖြစ်သောကြောင့် မိမိဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင်ယုံကြည်သည့်လူတစ်ယောက်ပင်။ ဖှေးကဲ့သို့သော ဘုရားသခင်၏ အနှစ်သက်ဆုံးလေးငယ်တစ်ယောက်သည် လက်ရှိတွင် ကျရှုံးနေသည့် ၀တ်ရုံနက်ကျောင်းတော်အတွက် အကောင်းဆုံးဖြစ်သည်ဟု သူ၏စိတ်ထဲမှခံစားနေရ၏။

ဘတ်စတီတစ်ခုခုပြောရန်ပြင်လိုက်သည့်အချိန်တွင် ဖှေးမှ ရယ်မောကာ ၀င်ပြောလိုက်၏။ “တစ်ခြားကိစ္စတစ်ခုကို ပြောကြည့်ရအောင်။ ကျွန်တော်သာ ၀တ်ရုံနက်ကျောင်းတော်ရဲ့ ဘစ်ရှော့တစ်ယောက်ဖြစ်လာမယ်ဆိုရင် ကျွန်တော့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို စွန့်ပစ်ရမှာလား။ ကျွန်တော့ မိသားစု၊ ကျွန်တော့တိုင်းပြည်နဲ့ ကျွန်တော့လူယုံတွေကို ရောပေ့ါ။ ကျွန်တော့ရဲ့ ကိလေသာစိတ်တွေကိုရော ဖျောက်ပစ်ဖို့လိုမလား...”

သူပြောလိုက်သည့်အရာသည် ဘတ်စတီနှင့်တစ်ခြားလူနှစ်ယောက်ကို အံ့သြသွားစေ၏။ သူတို့အားလုံး ဘုရင်ဆိုလိုသည်ကို နားလည်လိုက်ကြသည်။

သူတော်စင် ဘတ်စတီသည် ချက်ချင်းပင်ပြန်ဖြေလိုက်၏။ “မလိုပါဘူး။ အရှင်မင်းကြီးက မဟာဘုရားကျောင်းရဲ့စည်းမျဥ်းတွေကို သိသေးပုံမရဘူး။ ဘုရားသခင်က နောက်လိုက်အားလုံးကိုချစ်ခင်ပါတယ်။ အရှင့်ရဲ့ ဘ၀နေထိုင်ပုံကို ပြောင်းစရာမလိုပါဘူး။ မဟာဘုရားကျောင်းအဖွဲ့၀င်တွေက ဘုရားသခင်ကို ကိုယ်စားပြုတဲ့လူတွေဆိုပေမယ့် ကျွန်တော်တို့က သာမန်လူသားတွေဖြစ်နေတုန်းပါပဲ။ ကျောင်းတော်ရဲ့ ဂိုဏ်းအုပ်တွေကလည်း အင်ပါယာအရှင်သခင်တွေ၊ လင်ယောက်ျားတွေနဲ့ ဖခင်တွေအမျိုးမျိုးဖြစ်နေနိုင်ပါတယ်...”

“အဲ့လိုလား သူတော်စင်ကြီး အခုဆိုရင်ပိုပြီးတော့ စိတ်၀င်စားစရာကောင်းလာပြီ...”

ယခုလိုဆိုပါက လက်ရှိကိစ္စအား ဖြေရှင်းနိုင်သည့်တစ်ခြားနည်းလမ်းများစွာရှိနေသေးသည့်အဓိပ္ပါယ်ပင်။ မဟာဘုရားကျောင်းအပေါ်သူ၏ နားလည်မှုသည် နည်းပါးနေသေးသည်ဆိုသည်ကို ဖှေး၀န်ခံရလိမ့်မည်ဖြစ်သည်။ ဘတ်စတီပြောသည့်အရာကို သိလိုက်ရအပြီးတွင် မဟာဘုရားကျောင်းသည် လူ့လောကအရှိန်၀ါနှင့် ဘာသာရေးအရှိန်၀ါတို့ကို ပေါင်းစပ်ရန်အတွက် ကြိုးစားနေခြင်းဖြစ်သည်ကို ဖှေးနားလည်လာ၏။ ဤကဲ့သို့သော ပေါ်လစီအား ဖန်တီးခဲ့သည့်လူသည် ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို ဖှေး၀န်ခံရလိမ့်မည်ဖြစ်သည်။

“အဲ့လိုဆို အရှင်မင်းကြီး ကျွန်တော့ရဲ့ တောင်းဆိုချက်ကို လက်ခံမှာလား...” ဘတ်စတီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အမူယာတစ်ခုပေါ်လာ၏။

“အခုတော့မဟုတ်သေးဘူး...” ဖှေးသူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ “ကျွန်တော့အတွက် အရေးကြီးတဲ့အရာတစ်ခုကျန်သေးတယ်။ ခင်ဗျားရဲ့အမြင်ကို ကျွန်တော်သိချင်တယ်...”

“ဘာလဲဗျ ကျွန်တော့ကို ပြောပါ...”

“ကျွန်တော့ရဲ့ မိဖုရားအန်ဂျယ်လာနဲ့ ပတ်သက်တဲ့အကြောင်းပါ...”

ဘတ်စတီ၏ မျက်နှာပေါ်မှ နားမလည်နိုင်သည့်အမူယာကို တွေ့ပြီးသည့်နောက်တွင် ဖှေးဆက်ပြောလိုက်သည်။ “ခုနက ခင်ဗျားကြည့်နေတဲ့ အမဲရောင်ဆံပင်နဲ့ကောင်မလေးပါ။ ခင်ဗျားလဲ တစ်ခုခုကို သတိထားလိုက်မိတယ်မလား...”

“အင်း...” ဘတ်စတီ၏မျက်နှာအမူယာသည် ပြောင်းလဲသွား၏။ ခနတာခန့် တွန့်ဆုတ်ပြီးချိန်တွင် သူခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ “ဒါဆို အရှင်မင်းကြီးလဲ သတိထားမိပြီးဖြစ်မှာပါ။ အခြေအနေကို နားလည်နေလောက်ပြီထင်ပါတယ်။ ဟုတ်တယ် အဲ့ကောင်မလေးက သူ့ခန္ဓာကိုယ်တစ်၀ိုက်မှာ နတ်ဘုရားဆန်တဲ့အရှိန်၀ါတစ်ခုရှိနေတယ်။ ကျွန်တော်ထင်တာမမှားဘူးဆိုရင် အသန့်စင်ဆုံး၀ိဉာဥ်ကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက်ရဲ့အရှိန်၀ါပဲ။ သူ့လိုကောင်မလေးတွေက မဟာဘုရားကျောင်းအတွက် အတော်လေးအရေးပါတယ်...”

“အတော်လေးအရေးပါတယ်ဟုတ်လား...” ဖှေးသူ၏ မေးစေ့ကို ပွတ်ကာ မေးလိုက်သည်။ “ဘယ်လောက်တောင် အရေးပါလဲ...”

“ဘုရားသခင်ရဲ့အနှစ်သက်ဆုံး ကလေးငယ်တွေထက်တောင် ပိုပြီးတော့ အရေးပါပါတယ်...” ဘတ်စတီသည် ခိုင်မြဲစွာဖြင့် ပြောလိုက်၏။

ဖှေးအနည်းငယ်အံ့ဩသွားသည်။ သူသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ဟူသည့် အရှိန်၀ါကိုအသုံးပြု၍ လိမ်ညာလာခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များသည် မဟာဘုရားကျောင်းအတွက် မည်မျှအရေးပါသည်ကို ဖှေးသိသည့်အတွက်ပင်။ ကျောင်းတော်၏ ဂိုဏ်းအုပ်တစ်ယောက်ပင် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်အား ရန်စရဲခြင်းမရှိကြပေ။ အန်ဂျယ်လာသည် သူ့ထက်မဟာဘုရားကျောင်းအတွက် ပို၍အရေးပါနေသည်ကို သိရသည်မှာ ဖှေးအတွက်အံ့ဩဖွယ်ပင်။

ခနတာရပ်တန့်နေပြီးနောက်တွင် သူမျက်မှောင်ကြုံ့ကာမေးလိုက်၏။ “အဲ့လိုဆိုရင် မဟာဘုရားကျောင်းထဲက အရှိန်၀ါကြီးမားတဲ့လူတွေက အန်ဂျယ်လာကို ရအောင်ကြိုးစားကြလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်လား...”

“အန်ဂျယ်လာအကြောင်းကို တစ်ခြားကျောင်းတော်တွေသာ သိသွားမယ်ဆိုရင်တော့ သေချာပေါက်ဖြစ်လာမယ့်အရာတွေပါ။ ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်တောင်ပါလာနိုင်တဲ့ကိစ္စတစ်ခုပဲ။ ဒီကိစ္စက ရှုပ်ထွေးတဲ့ကိစ္စတစ်ခုပဲ။ အရှင်မင်းကြီးက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးလေးငယ်တစ်ယောက်ဆိုတော့ အရှင်ဘယ်ကျောင်းတော်ထဲကိုပဲ ၀င်၀င်တောက်ပတဲ့အနာဂတ်တစ်ခုရှိနေလိမ့်မယ်။ ဒါပေယ့် မိဖုရားအတွက်ကတော့ အဲ့လိုမဟုတ်ဘူး။ သူမသာ မဟာဘုရားကျောင်းထဲကို၀င်ပြီးတော့ သူတော်စင်မတစ်ယောက်ဖြစ်လာမယ်ဆိုရင် သူ့အတွက် ကောင်းတဲ့အရာဖြစ်လာမလား၊ ဆိုး၀ါးတဲ့ဘ၀တစ်ခုဖြစ်လာမလားဆိုတာကို ပြောဖို့ခက်ပါတယ်...”

ဘတ်စတီသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း၊ လျို့၀ှက်ထားခြင်းမရှိပေ။ သူသည် ရိုးရိုးသားသားပင်ပြန်ပြောလိုက်၏။

ထိုအဖြေသည် ဖှေး၏နှလုံးသားကို တုန်ခါသွားစေ၏။

“အန်ဂျယ်လာကို မဟာဘုရားကျောင်းလက်ထဲကို ထည့်မပေးနိုင်ဘူး။ နည်းလမ်းတစ်ခုရှိနိုင်မလား...” ဖှေးသည်လည်း ဘတ်စတီအား ရိုးသားပွင့်လင်းစွာပင်မေးလိုက်သည်။

“ရှိပါတယ် ဒါပေမယ့် ခက်ခဲလိမ့်မယ်...” ဘတ်စတီသည် ဘုရင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည့်ပုံပင်။ သူသည် ဤစွမ်းအားမြင့်မားသည့်ဘုရင်၏ အားနည်းချက်ကိုလည်း နားလည်သွား၏။

“ခက်ခဲမယ်ဟုတ်လား။ ဒါဆိုနည်းလမ်းတော့ရှိတယ်ပေ့ါ...”

“ဟုတ်ပါတယ် ဒါပေမယ့် အဲ့နည်းလမ်းက အရမ်းခက်ခဲလိမ့်မယ်...”

“ကျွန်တော် ၀တ်ရုံနက်ကျောင်းတော်ကို ၀င်မယ်ဆိုရင်ရော ပိုပြီးတော့ လွယ်လာနိုင်မလား...” ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

“ခက်ခဲနေဦးမှာပါပဲ။ ဒါပေမယ့် အခွင့်ရေးတော့ ပိုရှိလာမှာပါ...” ဘတ်စတီသည် ဖှေးအား ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်၏။ သူသည် ဖှေးအား ကျောင်းတော်ထဲသို့ ၀င်လာအောင်လိမ်ညာလိုခြင်းမရှိပေ။

ဖှေးခေါင်းငြိမ့်လိုက်သည်။ သူတစ်ခုခုပြောရန်ပြင်လိုက်သည့်အချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရ၏။ စွမ်းအားမြင့်မားသည့် ခံစားချက်များစွာထွက်ပေါ်လာ၏။ ကျယ်လောင်သည့်အသံများစွာနေရာတစ်၀ိုက်တွင် ထွက်ပေါ်လာပြီး လူအုပ်စုတစ်ခုသည် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းသို့ ပြေးလာနေသည့်အတိုင်းပင်။

ထိုအသံများကိုကြားသည့်အချိန်တွင် ကြိမ်ဒဏ်ပေးခံထားရသည့် မဟာဘုရားကျောင်းမှလူများပျော်ရွှင်လာကြ၏။ သူတို့၏ ကယ်တင်ရှင်ရောက်ရှိလာသည့်အတိုင်းပင်။

ဖှေးကြောင့် သေလုနီးနီးပင်ဖြစ်သွားသည့် ဘာတွန်သည်လည်း သတိရလာကာ ပတ်၀န်းကျင်မှ ဆူညံသံများကို ကြားသည့်အချိန်တွင် စိတ်လှုပ်ရှားသွားပြီး ပြန်ကိုက်ရတော့မည့်အချိန်ကို စောင့်နေသည့် မြွေတစ်ကောင်ကဲ့သို့ ဖှေးအား ရက်စက်ကြမ်းကြုတ်စွာဖြင့် ကြည့်လိုက်၏။

အလံနှစ်စုံမြို့တော်ဘုရားကျောင်း၏ ဂိုဏ်းအုပ်သူတော်စင်ရောက်ရှိလာခြင်းပင်။

All Chapters