အခန်း (၆၄၁)
Vol. 41 Ch. 641
ဇိုလာနှင့် ကောင်လေးလူကာတို့ ချမ်းဘော့ဒ်တိုင်းပြည်၏ စုံစမ်းရေးဌာနဖြစ်သည့် စာချွန်လွှာရုံကို တည်ထောက်ခဲ့စဥ်ကတည်းက သူတို့သည် ဖှေးအား လျို့၀ှက်စာများစွာကို ပို့ခဲ့ပြီးဖြစ်သည်။ သို့သော် ဤကဲ့သို့သော အနီရောင်ချိတ်ပိတ်ထားသည့်စာကို ဖှေးပထမဆုံးအနေဖြင့် မြင်တွေ့ဖူးခြင်းပင်။
အလွန်အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သွားခဲ့သည်ဟူသည့် အဓီပ္ပါယ်ပင်။
ဖှေးသည် စာကို ချက်ချင်းပင် ဖွင့်လိုက်ပြီး ဂရုတစိုက်ဖတ်ရှုလိုက်သည်။
ဖတ်ပြီးလျှင်ပြီးခြင်းပင် မျက်နှာပေါ်တွင် လေးနက်သည့်အမူယာဖြင့် အသက်ရှူထုတ်လိုက်၏။
“သေစမ်း ဇီးနစ်စစ်ပွဲနတ်ဘုရား အန်ဒရူး-အာရှဗင် ငါမင်းကို လျှော့တွက်ခဲ့မိတာပဲ။ မင်းက ရှေ့ပိုင်းအစမ်းတိုက်ပွဲအနည်းငယ်ပြီးတော့ စပါတပ်အင်ပါယာက တပ်ဖွဲ့တွေအကုန်လုံးကို ဖျက်ဆီးပြီးတော့ လယ်ဗယ်၁အင်ပါယာတစ်ခုကို လုံး၀သိမ်းပိုက်နိုင်ခဲ့တာပါလား။ ဘယ်လိုစွမ်းအားလည်း...မင်းလို လူတစ်ယောက်က စစ်ပွဲနတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီပါတယ်...”
ဤစာသည် ဇီးနစ်အင်ပါယာတောင်ဘက်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများ၏အပြောင်းလဲများကို ဖော်ပြထားသည်။
စကားလုံးများသည် ရိုးရှင်းသော်လည်း ဖှေးသည် သူ၏ဝေးကွာသည့်နေရာတစ်ခုတွင်ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများအကြောင်းကို ရှင်းလင်းစွာပင်နားလည်လိုက်သည်။ ထို့အပြင် ဇီးနစ်စစ်ပွဲနတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသော တွက်ချက်နိုင်မှုများ၊ ဉာဏ်ပညာမြင့်မားမှုများကိုလည်း အာရုံခံလိုက်မိ၏။
စာရွက်ပေါ်တွင် စာလုံးရေများစွာရေးသားထားခြင်းမရှိသော်လည်း အာရှဗင် စပါတပ်အင်ပါယာအား သိမ်းပိုက်ခဲ့သည့် သွေးသံရဲရဲနှင့် ကြောက်မက်ဖွယ်မြင်ကွင်းများ၊ အာရှဗင်၏ စိုးနိုးနိုင်ပုံတို့ကို အသေးစိတ်ကောင်းမွန်စွာပုံဖော်ထား၏။
အကြီးဆုံးမင်းသားသည် ရန်သူများကို ခုခံရန်အတွက် အင်ပါယာတောင်ဘက်သို့ သွားရောက်ခဲ့ကြောင်းကို ဖှေးသတိရသည်။ လူတိုင်းသည် သူ့အပေါ်တွင်မျှော်လင့်ချက်ထားနေခဲ့ကြပြီး သူသည်လည်း ပထမပိုင်းတိုက်ပွဲများကိုအနိုင်ရကာ လူတိုင်းအား စိတ်အေးသွားစေခဲ့သည်။
သို့သော် နောက်အခိုက်တန့်တွင် သိပ်အရေးမကြီးသည့် တိုက်ပွဲငယ်များစွာဖြစ်ပျက်ခဲ့သည်။ အနိုင်ရှုံးများလည်း များစွာရှိခဲ့သည်။ သို့သော် ဇီးနစ်အင်ပါယာသည် အားသာနေခြင်းမရှိခဲ့ပေ။ ထို့ကြောင့် လူတိုင်း၏မျက်လုံးထဲတွင် ဇီးနစ်စစ်ပွဲနတ်ဘုရား၏ အရည်ချင်းများကျဆင်းလာခြင်းဖြစ်သည်ဟု မြင်မိလာ၏။
မျှော်လင့်ချက်ပို၍မြင့်မားလေလေ စိတ်ပျက်မှုပို၍ ကြီးမားလေလေဖြစ်သည်။
လက်တလောတွင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ဖြစ်ပျက်နေသည့် ကိစ္စများသည် အလွန်ပင် ပရမ်းပတာဆန်နေလျှက်ရှိသည်။ အင်ပါယာအရှင်သခင် ယရှင်းသေဆုံးတော့မည်ဟူသော သတင်းများစွာလည်း ထွက်ပေါ်နေသည့်အတွက် အေခြအနေအားအသုံးချကာ သူတို့အကျိုးမြတ်ရမည့်ဘက်သို့ လှည့်ပြောင်းရန်ကြိုးစားနေသည့် လူများစွာလည်း ထွက်ပေါ်လာခဲ့သည်။ ၀န်ကြီးများစွာသည်လည်း အာရှဗင်အား တောင်ပိုင်းစစ်မြေပြင်၏ ခေါင်းဆောင်ရာထူးမှ ရုတ်သိမ်းသင့်ကြောင်းကို အင်ပါယာအရှင်သခင်ယရှင်းအား တင်ပြခဲ့ကြသည်။ ထိုကဲ့သို့သော စာများသည်အင်ပါယာအရှင်သခင်ယရှင်း၏ စားပွဲပေါ်တွင် စုပုံနေသည်ဟုပင် ပြောကြ၏။
အာရှဗင် ကျရှုံးရန်အတွက် မျှော်လင့်နေကြသည့်လူများစွာလည်းရှိပြီး လူများစွာသည် အကြီးဆုံးမင်းသားကံဆိုးသည်အား ၀မ်းသာနေကြ၏။
မြို့တော်စိန့်ပီတာစဘာ့တ်တွင်ရှိနေပြီး ဤကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးနေသည့် မင်းသမီးတာနာရှာကြောင့်သာမဟုတ်ပါက အာရှဗင်တွင် စီစဥ်ကာ ကြီးမားသည့် အောင်နိုင်မှုကို ရရှိရန်အတွက် ကြိုးစားခွင့်ပင်ရှိလိုက်မည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် အရာအားလုံးပြောင်းလဲသွားပြီးဖြစ်၏။
မင်းသား အာရှဗင်သည် လ၀က်ခန့်စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းကာ စီစဥ်သင့်သည်များကို စီစဥ်ခဲ့ပြီးချိန်တွင် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို စတင်ခဲ့သည်။ သူ၏တပ်ဖွဲ့များသည် စပါတပ်အင်ပါယာစစ်သည်တစ်သိန်းခန့်ကို အနိုင်ရရှိခဲ့ပြီး အယောက် ခြောက်သောင်းခန့်ကိုလည်း တိုက်ပွဲတွင်ခေါင်းဖြတ်ကာ ကွပ်မျက်နိုင်ခဲ့သည်။
ထို့နောက်တွင် တောင်ဆင်းလမ်းကဲ့သို့ပင် အရှိန်နှင့် ဆက်လက်ရွေ့လျားသွားခဲ့၏။
နှစ်ရက်အတွင်းမှာပင် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် သွေးသံမဏိတပ်ဖွဲ့၏ ကျွမ်းကျင်စစ်သည်များနှင့် ဇီးနစ်တော်၀င်မြင်းစစ်သည် ငါးသောင်းအား ဦးဆောင်၍ စပါတပ်အင်ပါယာပိုင်နက်ထဲသို့ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ သူတို့သည် ကီလိုမီတာ၁၀၀၀ခန့်ပင် ခရီးနှင်ကာ စပါတပ်အင်ပါယာ၏ မြို့တော်ကိုပင် ၀င်ရောက်သိမ်းပိုက်ကာ စပါတပ်အင်ပါယာတော်၀င်မိသားစုကိုလည်း ရှင်းလင်းခဲ့၏။
ဤစစ်ပွဲတွင် သူတို့သည် စပါတပ်အင်ပါယာ၏ ဆွေကြီးမျိုးကြီးများ၊ တော်၀င်မျိုးနွယ်များတစ်ထောင်ခန့်ကို ဖမ်းဆီးခဲ့ပြီး အာရှဗင်သည် ဇီးနစ်အင်ပါယာ၏ မဟာရန်သူဖြစ်သည့် စပါတပ်အင်ပါယာ၏ နိဂုံးကို ယူဆောင်လာပေးခဲ့သူပင်။
ဤစစ်ပွဲသည် အလွန်တောက်ပြောင်သည့် အောင်နိုင်မှုတစ်ခုပင်။ ဇီးနစ်အင်ပါယာ၏ အတောက်ပြောင်ဆုံးစစ်ပွဲများထဲမှ တစ်ခုအဖြစ် သမိုင်းစာအုပ်များထဲတွင် ရေးထိုးထားခြင်းပင် ခံရမည်ဖြစ်သည်။
အာရှဗင်ကိုလည်း ဇီးနစ်မြို့သူမြို့သားများစွာမှ ပို၍လေးစားလာကြလိမ့်မည်ဖြစ်သည်။
ဤကဲ့သို့ အောင်နိုင်ပြီးနောက်တွင် အာရှဗင်သည် ထီးနန်းလုပွဲတွင် ပို၍အားသာသွားသည်မှာလည်း ထင်ရှားလှသည်။ သူနှင့် နှိုင်းယှဥ်ပါက ဒုတိယမင်းသား ဒိုမင်ဂူသည် စစ်သည်များကို ဦးဆောင်၍ တိုက်ပွဲ၀င်နိုင်သည့်အခွင့်ရေးကိုပင် ရရှိခဲ့ခြင်းမရှိပေ။ ဤသည်မှာ အလွန်ကြီးမားသည့် အားနည်းချက်ပင်။
ဤအခိုက်တန့်တွင် တစ်ခြားလူများကဲ့သို့ပင် သူသည်လည်း ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်အား လျှော့တွက်ခဲ့မိကြောင်း ခံစားလာရ၏။
ဖှေး၏ စွမ်းအားများသည် များစွာပို၍မြင့်မားလာခဲ့သော်လည်း အာရှဗင်သည် ကြယ်ခြောက်လုံးအဆင်စစ်သည်တစ်ယောက်သာဖြစ်သည့်အတွက် သူသည် အာရှဗင်အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထည့်တွေးခဲ့ခြင်းပင်မရှိပေ။ သို့သော် ဤကဲ့သို့ ကြီးမားသည့်အောက်နိုင်မှုကြောင့် ဖှေးသည် မင်းသားအား သတိထားမိသွားပြီး စွမ်းအားမြင့်မားသည့် ပြိုင်ဘက်တစ်ယောက်ကဲ့သို့ပင် မြင်လာမိ၏။
ဖှေး၏ စိတ်ထဲတွင် အာရှဗင်အား ပြိုင်ဘက်တစ်ယောက်အဖြစ် သက်မှတ်ထားပြီးဖြစ်သည်။
ထိုမင်းသား သူ့အား ရန်လိုနေသည်ကို အစကတည်းက အာရုံခံခဲ့မိသည့်အတွက်ပင်။
စာထဲတွင် ပါသည့် အချက်လက်များအားလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် ဇီးနစ်အင်ပါယာထဲတွင်ဖြစ်လာနိုင်သည့် အလှည့်အပြောင်းများအကြောင်းကို ဖှေးစဥ်းစားကြည့်နေ၏။
ပထမဆုံးအနေဖြင့် ထီးနန်းလုပွဲနှင့် ပတ်သက်၍ အလှည့်ပြောင်းများသည်လည်း သေချာပေါက်ပင်ဖြစ်လာမည်ဖြစ်သည်။
ကြိုမြင်နိုင်ရသည့် အနာဂတ်တွင်အာရှဗင်သည် ပို၍အားသာမှုရှိနေမည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် အင်ပါယာအရှင်သခင်ယရှင်းသည် ဒဏ်ရာများပြန်သက်သာလာကာ စွမ်းအားအမြင့်ဆုံးအနေထားသို့ ပြန်ရောက်နေပြီဖြစ်ကြောင်းကိုလည်းဖှေးသိထား၏။ ထို့ကြောင့် အင်ပါယာ၏ အရှင်သခင်သည် ပြောင်းလဲခြင်းရှိဦးမည်မဟုတ်ပေ။ ထို့ကြောင့် ထီးနန်းလုတိုက်ပွဲသည်လည်း ပို၍အချိန်ကြာမြင့်စွာဖြင့် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ဒုတိယမင်းသား ဒိုမင်းဂူတန်ပြန်တိုက်ခိုက်ရန်အတွက် အချိန်ရဦးမည်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် တောင်ပိုင်းဒေသတွင်စစ်နိုင်သွားသောကြောင့် ဇီးနစ်အင်ပါယာသည် ပို၍စွမ်းအားမြင့်မားလာပြီး အိုက်ဟိုဗင်နှင့် ဂျက်အင်ပါယာစစ်မြေပြင်များသို့ ပို့ရန်အတွက် စစ်သည်များပို၍ရရှိလာမည်လည်းဖြစ်သည်။
အလွန်စွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ဖြစ်သည့် အင်ပါယာအရှင်သခင် ယရှင်း၊ အရည်ချင်းရှိသည့် စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည့် မင်းသားအာရှဗင်တို့ရှိနေသည့်အတွက်ကြောင့် အိုက်ဟိုဗင်အင်ပါယာသည်လည်း မကြာမှီတွင် ကျရှုံးတော့မည့်ပုံပင်။ အိုက်ဟိုဗင်အင်ပါယာ၏ အရှင်သခင်ခရွန်ကန့်သည်လည်း လက်ရှိအချိန်တွင် လီယွန်အင်ပါယာ၏ တော်၀င်မှော်ဆရာ ဒိုမိန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့်အတွက်ပင်။ လက်ရှိတွင် အိုက်ဟိုဗင်အင်ပါယာထဲတွင် အခြေအနေများရှုပ်ထွေးနေလိမ့်မည်မှာ သေချာသလောက်ပင်။
အာရှဗင်၏ ကြီးမားသည့် အောင်နိုင်မှုကြီးနှင့် နှိုင်းယှဥ်ကြည့်ပါက ဖှေးသည်ပို၍အားနည်းကာ အသုံးမကျသည့်လူတစ်ယောက်ကဲ့သို့ပင်ဖြစ်နေတော့၏။
၀ံပုလွေစွယ်တပ်ဖွဲ့သည် အလံနှစ်စုံမြို့တော်သို့ ရောက်ရှိလာသည်မှာ ကြာသော်လည်း တိုးတတ်မှုတစ်စုံတစ်ရာမရှိခဲ့သေးပေ။
ခံစစ်တစ်ခုနှင့် တိုက်စစ်နှစ်ခုမှလွဲ၍ အင်ပါယာစစ်ဌာနသို့ ပြန်လည်တင်ပြစရာမရှိသေးပေ။
ဖှေး ရုတ်တရက်တစ်စုံတစ်ခုအား သတိထားလိုက်မိသည်။ တစ်ချို့၀န်ကြီးများသည် အာရှဗင် စစ်ပွဲအနိုင်ရရှိခဲ့ခြင်းမရှိသည့် ကာလများတွင် သူ့အား ရာထူးမှ ရပ်ဆဲလိုခဲ့ကြသည့်အတွက်ကြောင့် သူကိုယ်တိုင်သည်လည်း မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ထိုကဲ့သို့ ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရနိုင်သည်ကိုပင်။
သူ့အား အလုပ်ဖြတ်လိုသည့် စာများစွာလည်း စားပွဲပေါ်တွင်စုပုံနေနိုင်၏။
“ဒါဆိုရင် ငါဘာလို့ စစ်ဘက်ဆိုင်ရာဌာနကနေ အကြောင်းကြားစားတစ်စုံတစ်ရာမရသေးတာလား။ မင်းသမီး တာနာရှာက အာရှဗင်ကို ကူညီပေးနေသလိုများင့ါကို တစ်ယောက်ယောက်က ကူညီပေးနေတာလား။ ဘယ်သူဖြစ်နိုင်မလဲ ပဲရစ်လား။ ဒိုမင်းဂူလား...မြို့တော်ထဲမှာ ငါနဲ့ရင်းနှီးတဲ့လူဆိုလို့ အဲ့နှစ်ယောက်ပဲရှိတာလေ...”
ဖှေးထိုကဲ့သို့ စဥ်းစားလိုက်မိပြီး သူ၏ခေါင်းကို ဝှေ့ရမ်းလိုက်သည်။ မထူးလဲ တစ်နေ့နေ့တွင်သိရလိမ့်မည်ဖြစ်သောကြောင့်ပင်။
တကယ်တန်းတွင် ဖှေးအလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်ခြင်းမရှိပေ။ ဘုရင်သည် ဂျက်အင်ပါယာစစ်မြေပြင်၏ နံပါတ်၁စစ်ရေးခေါင်းဆောင်ဟူသော ရာထူးကိုလည်း မက်မောခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ့နေရာသို့ ၀င်ယူလိုပါက သူသည် ၀မ်းသာစွာပင် ပေးလိုက်မည်ဖြစ်သည်။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်သို့သာ ပြန်၍ အေးအေးဆေးဆေးနေလိုသောကြောင့်ပင်။
ဇီးနစ်အင်ပါယာသည် အန္တရာယ်ကျရောက်နေခြင်းမဟုတ်ပါက သူ အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်အား ပေးခဲ့သည့် ကတိကိုလည်း ဖောက်ဖျက်ရာကျလိမ့်မည်မဟုတ်ပေ။ ဖှေးသည် စစ်ပွဲများအကြောင်းကို ဂရုစိုက်သည့်လူမဟုတ်ပေ။
“လူကာကို တောင်ပိုင်းဒေသက တိုက်ပွဲတွေကို သတိထားစောင့်ကြည့်ဖို့ပြောလိုက်ပါ။ အထူးသဖြင့် မင်းသားနဲ့ သူ့ရဲ့ သွေးသံမဏိတပ်ဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုပေါ့...”
လူကာသည် စာချွန်လွှာရုံး၏ အဓိကသတင်းအချက်လက်လိုက်လံစုဆောင်းသည့်လူဖြစ်သည်။
ခက်ရှာသည်ဖှေး၏ အမိန့်ကို ရပြီးသည့်နောက်တွင် ခေါင်းငြိမ့်ကာ ပေါ်တယ်အတွင်းသို့ ပြန်၀င်၍ ပျောက်ကွယ်သွားတော့၏။
ဤသူပုန်စခန်း၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်သည်အလွန်ပင်စွမ်းအားမြင့်မားလှသည်။ သူမသည် စကားနည်းသည့်လူတစ်ယောက်ဖြစ်သော်လည်း အလွန်ယုံကြည်အားကိုးရ၏။
ဖှေး၏လက်ဖ၀ါးပေါ်တွင် ဝေ၀ါးသည့်စွမ်းအင်တစ်ခုပေါ်လာပြီး လက်ထဲတွင်ရှိနေသည့် စာလိပ်အား အမှုန်များအဖြစ်ပြောင်းလဲကာ ဖျက်ဆီးလိုက်သည်။
ဤစာသည် အချိန်ကိုက်ရောက်ရှိလာခဲ့ခြင်းပင်။
ဇီးနစ်အင်ပါယာမှ ဆွေကြီးမျိုးကြီးများ၊ အရာရှိများ ဤသတင်းကို မရရှိမှီ ဖှေးကြိုတင်ကာ သိလိုက်ရသဖြင့် ဖှေးသည် ဦးစွာစီစဥ်သင့်သည်များကို စီစဥ်နိုင်မည်ဖြစ်သည်။
မကြာမှီတွင် အမိန့်များစွာသည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိသည့်မျှော်စင်မှ ထွက်ခွာလာတော့သည်။
နာရီ၀က်ခန့်ကြာသည့်အချိန်တွင် ဖှေး၏ လူယုံများဖြစ်ကြသည့်ချမ်းဘော့ဒ်မှသိုင်းဆရာများနှင့် ဗျူဟာမှူး အဖိုးကြီးအာရန်းတို့ ရောက်ရှိလာကြသည်။ ဖှေးသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပဲ သူတို့အား စာလိပ်ထဲတွင် ပါသည့် ကိစ္စများအားလုံးကို ပြောပြလိုက်၏။
သူတို့အားလုံး တုန်လှုပ်သွားကြသော်လည်း ဤသတင်းနှင့်ပတ်သက်၍ အကျေလည်ဆွေးနွေးနေကြ၏။
လူတစ်ယောက်သည် မည်မျှပင် ဉာဏ်ကောင်းစေကာမူ အချက်လက်တစ်ခုစနှစ်ခုစကို မေ့ခဲ့နိုင်သည်။ လူပိန်းများစွာစုနေစေကာမူ အတူတကွစုပေါင်း၍ ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်နိုင်၏။ ထို့ကြောင့် ဖှေးသည် အရာအရာကို အုပ်စုလိုက်ဆွေးနွေးရသည်ကို သဘောကျသည့်လူတစ်ယောက်ဖြစ်သည်။ သူသည်အလွန်ဉာဏ်ကောင်းသည့်လူတစ်ယောက်မဟုတ်ပဲ အဖိုးကြီးအာရန်းကဲ့သို့ သူ၏ တစ်ချို့လူယုံများသည် အလွန်ဉာဏ်ကောင်းသည့်လူများပင်။
ထို့အပြင် ဖှေးသည် သူ၏ခေါင်းဆောင်များကို အရာရာကို အုပ်စုဖြင့် ဆောင်ရွက်တတ်သည့်အကျင့်တစ်ခုကို မွေးပေးနေခြင်းပင်။ ထိုမှသာ တစ်ယောက်တည်းအလျှင်စလိုဖြင့် ဆုံးဖြတ်ချက်ချမိကြလိမ့်မည်မဟုတ်ပေ။
“ဒီအခြေအနေမှာဆိုရင် အရှင်မင်းကြီးက ဂျက်အင်ပါယာနဲ့ စစ်ပွဲကိုအရင်အဆုံးသက်သင့်တယ်။ အရှင်မင်းကြီးလဲ ပြောင်မြောက်တဲ့အောင်ပွဲတစ်ခုရှိထားမှ ဇီးနစ်အင်ပါယာ အနာဂတ်မှာ အာဏာခွဲ၀ေမှုမှာ အရှင်မင်းကြီးနေရာကောင်းတစ်ခုရနိုင်လိမ့်မယ်။ အဲ့လိုလုပ်ဖို့က ကျွန်တော်တို့အတွက် လွယ်ပါတယ်။ အရှင်မင်းကြီးသာ ဆန္ဒရှိမယ်ဆိုရင်ကျွန်တော် ဂျက်အင်ပါယာက စစ်သည် ခြောက်သောင်းကို နေ့၀က်လောက်နဲ့ ရှင်းပေးနိုင်တယ်...” ဗျူဟာမှူးအာရန်းသည် အနည်းငယ်စဥ်းစားပြီးပြောလိုက်၏။
လွန်ခဲ့သည့်ရက်များတွင် အဖိုးကြီး အာရန်းပြသခဲ့သည့် သူ၏အတွေ့ကြုံများ ဉာဏ်ပညာများကြောင့် သူသည် ဖှေးနှင့် တစ်ခြားချမ်းဘော့ဒ်မှ သိုင်းဆရာများ၏ ယုံကြည်ချက်ကို ရရှိထားပြီးဖြစ်သည်။ သူသည် တိုင်းပြည်အသီးသီးမှ စစ်သည်များ၊ သိုင်းဆရာများကို စုပေါင်းကာ ရန်သူနှင့် ထိထိရောက်ရောက်တိုက်ခိုက်နိုင်သည့် တပ်ဖွဲ့တစ်ခုကို ဖန်တီးလိုက်နိုင်ခြင်းကပင် သူ၏ အရည်ချင်းကို ပြသနေ၏။
တိုက်ပွဲပြင်ပတွင်လည်း အရာများစွာဖြစ်ပျက်နေသည့်အတွက် အဖိုးကြီးအာရန်းသည် သူ၏အရည်ချင်းကိုအပြည့်၀ ထုတ်ဖော်ပြသခွင့်မရသေးပေ။
ထို့ကြောင့် သူပေးလိုက်သည့်အကြံသည် ဖှေး သူ့အား ယုံကြည်ပေးသည့်အတွက် ကျေးဇူးဆပ်ခြင်းကို ပြသခြင်းပင်။ သူမည်မျှ တော်သည်ကိုလည်း လူတိုင်းအားပြသလိုသည့်အတွက်ပင်။
လူတိုင်းနီးပါ သူ၏ အစီစဥ်အား ထောက်ခံကြသည်။
ချမ်းဘော့ဒ်သည် ပို၍ ကြံခိုင်သန်မာလာလိုပါက ချောမွေ့သည့် အောင်နိုင်ခြင်းတစ်ခုကို ပြသကာ အင်ပါယာ၏ ယုံကြည်မှုကို ရယူထားရန်လိုသည့်အတွက်ပင်။
သို့သော် ဖှေးသည် သူ၏ခေါင်းကို ခါရမ်းကာ ထိုအစီစဥ်ကို ငြင်းဆန်လိုက်၏။