← Chapters

အခန်း (၆၃၉)

Vol. 41 Ch. 639

အခန်း (၆၃၉)

Vol. 41 Ch. 639

“ဒီကိစ္စကို မြို့တော်စိန့်ပီတာစဘာ့တ်မှာရှိတဲ့ ဂိုဏ်းအုပ်ကိုသာ သတင်းပို့လိုက်ပါ။ ဒါပေမယ့် ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်အနေနဲ့ သူ့ကို စော်ကားတဲ့ မြို့အဆင့်လက်ထောက်ဂိုဏ်းအုပ်တစ်ယောက်ကို ချမ်းဘော့ဒ်ဘုရင်သတ်လိုက်တယ်ဆိုတာ ပုံမှန်ပဲ။ မင်းဒီကိစ္စကို ဆက်ပြီးတော့ ကစားနေချင်တယ်ဆိုရင် အလကားပဲဖြစ်လိမ့်မယ်။ ဒီကိစ္စကို မြောက်ပိုင်းဒေသ ဘုရားကျောင်းကို ပြန်တိုင်မယ်ဆိုရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မင်းရဲ့ လက်ထောက်သေသွားတာက အလကားပဲပေါ့။ နောက်ဆိုလည်း သတိထားပါ သူ့ကို ရန်သွားမစလိုက်မိစေနဲ့။ ဟီးဟီး သူကမင်းထင်တာထက်ပိုပြီးတော့ လုပ်ရဲတဲ့ကောင်ပဲ....”

အမဲရောင်၀တ်ရုံနင့်လူသည် ဒေးဗစ်၏ စိတ်အားမြင်နိုင်လိုက်သလိုပင်။ တည်ငြိမ်စွာပြန်လည်ဖြေကြားလိုက်၏။

သို့သော် သူသည် တစ်စုံတစ်ခုအား စဥ်းစားလိုက်မိပြီး ပြန်လည်ကာရယ်မောလိုက်မိသည်။

ဒေးဗစ်၏ မျက်နှာပေါ်တွင်မြှောက်ပင့်သည့်အပြုံးတစ်ခုပေါ်လာကာ တစ်ဖက်သို့ လှည့်လိုက်ပြီးလျို့၀ှက်ခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

သို့သော် အခန်းပြင်သို့ ရောက်လျှင်ရောက်ခြင်းပင် သူ၏မျက်နှာပေါ်မှအပြုံးသည် ရက်စက်ကြမ်းကြုတ်သည့်အသွင်သို့ ပြောင်းလဲသွားတော့သည်။

သူ၏မျက်နှာပါ်တွင် သေစေနိုင်သည့်အရိပ်ယောင်များဖြင့် တွေးလိုက်မိသည်။ “ဟားဟား တိုက်ခိုက်စမ်း။ မင်းတို့ကောင်တွေအကုန်လုံးက အရေးပါတဲ့ကောင်တွေပေါ့။ ဟားဟား င့ါလိုမထူးမခြားကောင်က မင်းတို့အတွက် လုပ်ပေးနေရတာပေါ့။ မင်းတို့ကောင်တွေထဲက တစ်ကောင်ကတော့ ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်။ ငါတို့လို ကောင်တွေမှာလည်း ကိုယ်ပိုင်လက်စားချေနိုင်တဲ့နည်းလမ်းတွေရှိနေလို့ပေါ့ကွာ...”

စခန်းထဲမှ ကိစ္စများကို ဖြေရှင်းပြီးသည့်အချိန်တွင် ဖှေးသည် သူ၏အိမ်အသစ်ထံသို့ ပြန်သွား၏။

နေ၀င်ချိန်သို့ပင်ရောက်တော့မည်ဖြစ်သောကြောင့် စားပွဲပေါ်တွင်ရှိနေသည့် အစားသောက်များသည် ဖှေးအား ဆာလောင်နေစေ၏။ အန်ဂျယ်လာသတိရလာသည့်အချိန်ကတည်းက ဖှေးစားသောက်မည့်အစားစာများကို သူမကိုယ်တိုင်ချက်ပြုတ်ပေးခဲ့သည်။ သူမသည် ဖှေးအကြိုက်ဆုံးသော ဟင်းလျာများကို ချက်ပြုတ်ထားကာ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေတတ်သည်။

ဖှေးသည် အရင်ဘ၀ကမ္ဘာပေါ်မှ စကားပုံတစ်ခုကို သတိရလိုက်မိသည်။ ယောက်ျားတစ်ယောက်၏ နှလုံးသားသည် သူ၏ အစာအိမ်ထဲနှင့် ဆက်စက်နေသည့်ဆိုသည့်စကားပင်။ အန်ဂျယ်လာသည် ထိုစကားပုံအား သိလားဆိုသည်ကို ဘုရင်မသိသော်လည်း သူမသည် ထိုစကားအတိုင်းပြုလုပ်နေသည့်အတိုင်းပင်။

အန်ဂျယ်လာသည် အချက်ပြုတ်တွင်လည်း ကျွမ်းကျင်သည့်လူတစ်ယောက်ပင်။

သူမသည် ဖှေးကြိုက်တတ်သည့်အစားစာများ၊ သူသဘောကျသည့်အရသာများကို သိရှိပြီးဖြစ်သည်။ ဖှေး ပြောဖူးသည့် ဟင်းချက်နည်းများကိုလည်း မှတ်သားထားပြီး မြေကမ္ဘာပေါ်မှ ဟင်းလျာများကိုလည်း ကြိုးစားချက်ပြုတ်ထားလေ့ရှိသည်။

အန်ဂျယ်လာနှင့်အတူရှိနေသည့်အချိန်တိုင်းတွင် ဖှေး၏နှလုံးသားထဲတွင် တည်ငြိမ်အေးချမ်းမှုကို ခံစားရလိမ့်မည်ဖြစ်သည်။

ဤသည်မှာ ဖှေးဤကောင်မလေးကို ချစ်ရခြင်း၏ အကြောင်းရင်းတစ်ခုပင်။

လက်ရှိအချိန်တွင် ဖှေးသည် ဇီးနစ်အင်ပါယာ၏ လယ်ဗယ်၂ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်နေပြီး ချမ်းဘော့ဒ်သည်လည်း အဆင့်တစ်အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်နေပြီးဖြစ်သော်လည်း သူတို့၏ ညစာစားပွဲသည် ယခင်အတိုင်းသာဖြစ်၏။

အန်မာနှင့် အစေခံကောင်မလေးလေးယောက်တို့သည်လည်း ဖှေး၊ အန်ဂျယ်လာတို့နှင့်အတူ ညစာစားလေ့ရှိကြသည်။ ဘုရင်၏ ပုံပြင်များ၊ အပြင်ရောက်နေသည့်အတွေးခေါ်များသည် သူတို့အား အမြဲပင်ရယ်မောစေလျှက်ရှိသည်။

“အလတ်ဇန္ဒား နင်ငါတို့ကို ဟိုပုံပြင်ဆက်ပြီးတော့ ပြောပြဦးမှာလား...” အန်မာသည် မျက်လုံးအကျယ်သားဖြင့်မေးလိုက်သည်။

စွမ်းအားမြင့်သိုင်းဆရာများသည် အေဇာရုတိုက်အား လွှမ်းမိုးထားသည့်အတွက်ကြောင့် လူတိုင်းသည် သူတို့ကဲ့သို့ဖြစ်လာရန်အတွက် အိမ်မက်မက်လေ့ရှိကြသည်။ ဖှေးသည်လည်း သူဖတ်ဖူးသည့်အရင်ဘ၀မှ သိုင်း၀တ္တုများအကြောင်းကို ပြန်လည်ကာ ပြောပြနေကျဖြစ်သည်။

“အေးပါ ငါဆက်ပြောပြမယ်...” ဖှေးနှင့် အန်ဂျယ်လာတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

ညစာစားခန်းထဲတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားပြီး နွေးထွေးလှသည်။ ဖှေးသည်လည်း အလွန်ပျော်ရွှင်နေကာ အိမ်ပြန်ရောက်နေသလိုခံစားနေရ၏။

ဖှေးသည် ဤကမ္ဘာသို့ ရောက်ရှိလာစဥ်ကတည်းက အရေးပါသည့်ရာထူးတစ်ခုရှိနေသော်လည်း တစ်ရက်မှအားလပ်ချိန်မရခဲ့ပေ။ သူသည် အပြင်ကမ္ဘာတွင် အဆက်မပြတ်တိုက်ခိုက်ခါ အသက်ရှင်နိုင်အောင်ကြိုးစားနေရသလို၊ ဒိုင်ယာဘလိုကမ္ဘာထဲတွင်လည်း တိုက်ခိုက်ကာ အသက်ရှင်နိုင်ရန်အတွက် ကြိုးစားနေရ၏။ သူ၏အချိန်ဇယားသည်လည်း နေ့ရောညပါ မအားလပ်အောင်ဖြစ်နေပြီး အိပ်ချိန်ပင်ကောင်းစွာမရှိပေ။ ပို၍စွမ်းအားမြင့်မားလာခြင်းသည် စိတ်လှုပ်စားစရာကောင်းသော်လည်း ဤကဲ့သို့အဆက်မပြတ်ကြိုးစားနေရခြင်းသည် သံမဏိဖြင့် ထုလုပ်ထားသည့် ယောက်ျားတစ်ယောက်ကိုပင် လဲကျသွားစေနိုင်၏။

ထို့ကြောင့် ဤကောင်မလေးများနှင့် ညစာစားခြင်းသည် သူ၏ ရှားပါးသည့် အားလပ်ချိန်တစ်ခုပင်။

ပုံမှန်အားဖြင့် ဖှေးသည် အယ်လီနာကိုလည်း ဒိုင်ယာဘလိုကမ္ဘာထဲမှ ဆင့်ခေါ်ကာ အတူညစာစားလိမ့်မည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ အယ်လီနာသည် ဒိုင်ယာဘလိုကမ္ဘာထဲမှ ထွက်ခွင့်မရသေးပေ။

“ဝေါင်း ဝေါင်း...”

လေးလံသည့် ခြေသံများနှင့်အတူရှေးကျသည့် ဟိန်းဟောက်သံများထွက်ပေါ်လာ၏။

လူမိုက်၊ လူဆိုးနှင့် လူရမ်းကားတို့သည် ခြံ၀န်းအတွင်းတွင် လှည့်ပတ်သွားလာနေကာ သူတို့၏ ကြီးမားသော မျက်လုံးကြီးများဖြင့် ပတ်၀န်းကျင်ကို လိုက်ကြည့်နေလျှက်ရှိသည်။ လျှင်မြန်စွာကြည့်ရှုပြီးသည့်နောက်တွင် သူတို့၏မျက်လုံးများသည် စားပွဲခုံပေါ်တွင်ရှိနေသည့် အသားတုန်းကြီးထံသို့ရောက်ရှိသွားတော့သည်။ အမြဲတမ်း အေးဆေးနေတတ်သည့် လူရမ်းကားတစ်ယောက်ပင် အသားကင်တုံးကို မြင်သည့်အချိန်တွင် သွားရေတမြားမြားဖြင့် ဖြစ်နေတော့၏။

ကံကောင်းစွာပင် သူတို့သုံးကောင်သည် ဉာဏ်ရည်မြင့်မားသည့်အတွက်ကြောင့် စားပွဲပေါ်သို့ တက်ကာ စားသောက်ခြင်းမရှိကြပေ။ ထိုအစား လျှာများထုတ်ပြီး၊ အမြှီးများကို ဝှေ့ရမ်းကာ ဖှေးနှင့်အန်ဂျယ်လာတို့ထံမှ တောင်းဆိုနေကြ၏။

“သေစမ်း ဒီသုံးကောင်က ဘလတ်ကီရဲ့အကျင့်တွေကူးကုန်တာပဲ။ သူတို့က ခွေးများဖြစ်သွားတော့မှာလား...”

ဖှေးခေါင်းကုတ်ကာ ရယ်မောလိုက်သည်။ ထိုသုံးကောင်သည် ဘလတ်ကီနှင့်အတူနေသည်မှာ ကြာသောကြောင့် သူ၏အကျင့်များကူးလာကြပုံရသည်။ သူတို့ပျော်ရွှင်နေကြသည့်အချိန်တွင် သူတို့သည် ခွေးပေါက်လေးများကဲ့သို့ပင် ပြုမူတတ်ကြ၏။

သို့သော် ထိုသုံးကောင်သည် အလွန်ပင်ချစ်စရာကောင်းလွန်းလှသည်။ ကောင်မလေးများမဆိုနင့် ဖှေးကိုယ်တိုင်ပင် သူတို့နှင့်အတူကစားလို၏။ မကြာမှီတွင် စားပွဲပေါ်တွင်ရှိသည့် အစားသောက်များ၏ သုံးပုံတစ်ပုံခန့်သည် အကောင်များ၏ ဗိုက်ထဲသို့ ရောက်ရှိသွားတော့၏။

“ဟားဟား ဘာဘီကျူးစားလိုက်ရအောင်...” ဖှေးသည် သူ၏အစေခံများကို လတ်ဆက်သောအသားစိမ်းများယူလာရန်အမိန့်ပေးလိုက်ပြီး အသားတုံးများကို သူ၏ဓားပေါ်တွင်တင်လိုက်သည်။ ထို့နောက်တွင် လူမိုက်အား ခေါ်လိုက်ပြီး “င့ါကို ဒါလေးမီးကင်ပေးပါဦး...”

“ဝေါင်း...”

လူမိုက်သည် ပြေးလာပြီး ကြီးမားသည့် မီးတောက်ကြီးတစ်ခုကို မှုတ်ထုတ်ပေးလိုက်၏။

“၀ုန်း...”

ဓားပေါ်တွင်ရှိနေသည့်အသားစိမ်းသည် အမဲရောင်အဖြစ်သို့ပြောင်းလြဿွားတော့၏။ ဖှေးကိုင်ထားသည့် ဓားသည်လည်း အရည်ပျော်ကျသွားတော့သည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်ပင်။

ဖှေး၏မျက်နှာပြောင်းလဲသွား၏။

အန်ဂျယ်လာနှင့်ကောင်မလေးများသည် သူတို့၏ ပါးစပ်များကိုလက်ဖြင့် အုပ်ကာ ရယ်မောနေကြသည်။ အသားများကို တုတ်ဖြင့် ထိုးနေကာ အလုပ်များနေကြသည့် စစ်သည်များသည်လည်းရယ်မောလိုက်ကြသည်။

လူမိုက်သည်လည်း ခေါင်းငိုက်စိုက်ကြကာ ရှက်သွားသည့်ပုံပင်။ လူဆိုးသည် ပြေးလာပြီး လူမိုက်၏ ခေါင်းကို ပုတ်ပေးကာ တစ်ခုခုပြောနေသည့်ပုံပင်။ သူ၏ အကိုဖြစ်သူအား အပြစ်တင်နေပုံရသည်။ တစ်ဖက်တွင် လူရမ်းကာသည် သူ၏မျက်နှာအား ရှေ့ခြေများဖြင့် ဖုံးကာထားပြီး လူမိုက်နှင့်မသိချင်ယောက်ဆောင်နေ၏။

ဤမြင်ကွင်းသည် လူတိုင်းအားရယ်မောသွားစေသော်လည်း ဘုရင်သည် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။

ဤသားရဲသုံးကောင်သည် ယခင်ကတည်းက ထူးခြားလှ၏။ လူမိုက်မှုတ်သည့်မီးများသည် အရာရာတိုင်းကို အရည်ပျော်ကျစေသည်အထိပူလောင်စေပြီး၊ လူဆိုးမှုတ်သည့် အေးစက်သောလေများသည်လည်း အရာရာတိုင်းကို အေးခဲသွားစေသည်။ လူရမ်းကားသည် တစ်စုံတစ်ရာမှုတ်နိုင်ခြင်းမရှိသော်လည်း သူ၏ ခန္ဓာကိုယ်သည် အလွန်ပင်မာကြောကျစ်လစ်လှသည်။ ချွန်ထက်သည့်ဓားများကပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစင်းရာထင်ကျန်စေနိုင်ခြင်းမရှိပေ။

သူတို့သည် လက်ရှိတွင် အလွန်ငယ်ရွယ်သေးသည်။ အရွယ်ရောက်လာပါက မည်မျှပင် စွမ်းအားကြီးမားလိမ့်မည်ကို မည်သူမှသိနိုင်လိမ့်မည်မဟုတ်ပေ။

“ဒီကောင်တွေက ဘာမျိုးနွယ်တွေလဲဆိုတာကို ငါသိအောင်လုပ်မှရမယ်။ မဟုတ်ဘူးဆိုရင် တစ်ခြားကောင်တွေလက်ထဲလုခံရမှာစိုးရတယ်။ ဘာတွန်လိုကောင်တွေ​ေပါ့...သူက ဒီကောင်တွေက ဘာကောင်တွေလည်းဆိုတာသိတဲ့ပုံပဲ။ ငါသူ့ကို အရင်ဖမ်းပြီး မမေးလိုက်ရတာ အတော်ဆိုးတာပဲ...”

ညစာစားပြီးချိန် ၌ အန်ဂျယ်လာနှင့်ကောင်မလေးများသည် အကောင်လေးသုံးကောင်ကို ခေါ်ကာ မြို့ထဲသို့ လမ်းလျှောက်ရန်အတွက် ထွက်သွားကြ၏။

ဖှေး ရှေးမြို့ဟောင်းအတွင်းသို့ သွားရောက်ကြည့်ရှုရန်အတွက် ပြင်နေသည့်အချိန်တွင် အစောင့်စစ်သည်တစ်ယောက်ရောက်ရှိလာ၏။ ထိုအစောင့်သည် ဖှေးအား အလံနှစ်စုံမြို့တော်ဘုရားကျောင်းမှပေးလိုက်သည့် ရွှေဒင်္ဂါးငါးသောင်းတန်ဖိုးရှိ ခရမ်းရောင်ဘဏ်ကဒ်ပြားကိုလာပေးခြင်းပင်။

ဖှေးသည် မင်းသမီး ဗစ်တိုးရီးယားအား ဤကိစ္စကိုင်တွယ်ပေးရန်အမိန့်ပေးလိုက်သည်။

ဤအနည်းငယ်အပျင်းကြီးကာ လောဘကြီးသည့် ကောင်မလေးသည် ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်နေပြီဖြစ်သည်။ သူမသည် ငွေကြေးစာရင်းအင်များကို ကောင်းမွန်စွာကိုင်တွယ်တတ်သူဖြစ်သောကြောင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ဘဏ္ဏာရေးကိစ္စများကို ဆောင်ရွက်ပေးနေလျှက်ရှိသည်။ သူမသည် အမှားအယွင်းမရှိသည့်အတွက်ကြောင့် ၀ံပုလွေစွယ်တပ်ဖွဲ့၏ ဘဏ္ဏာရေးဌာနသည်လည်း ပို၍ပင် ထိရောက်လာတော့၏။

ဖှေးအလံနှစ်စုံမြို့တော်အတွင်းမှ တိတ်ဆိတ်စွာပင် ထွက်လာခဲ့သည်။

သူသည် လက်ရှိအချိန်တွင် အလယ်လတ်အဆင့်လခြမ်းစစ်သည်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် လက်ရှိအချိန်တွင် လေပေါ်တွင်၀ဲပျံနေနိုင်၏။ ဓားသွားစွမ်းအင်၁၀၈ခုဖြင့် ပြုလုပ်ထားသည့် အတောင်ပံနှစ်ဖက်သည် သူ၏နောက်ကျောပေါ်တွင်ရှိနေကာ ကောင်းကင်ပေါ်သို့ လျှင်မြန်စွာပျံတက်သွားပြီးပျောက်ကွယ်သွားတော့သည်။

ဘုံဆိုင်တစ်ခုခုတွင် အရက်သောက်နေသည့် နဂါးမကောင်းဆိုး၀ါး အာသာမှ လွဲ၍ ကျန်ရှိနေသည့်လူများသည် ဖှေးထွက်ခွာသွားသည်ကို သတိမထားလိုက်မိကြပေ။

ငွေရောင်ချပ်၀တ်ဓားသွား ရီရဲနှင့် မှော်မင်းသမီးစင်ဒီတို့သည် မြို့ဟောင်းကို စောင့်ကြပ်နေကြ၏။ သူတို့၏ ဘေးတွင် ၀ံပုလွေစွယ်တပ်ဖွဲ့၏ စစ်သည်နှစ်သောက်ရှိနေ၏။

တပ်ဖွဲ့၏ ရိက္ခာအများစုကိုလည်း ဤတိတ်ဆိတ်ငြိမ်သက်နေသည့် ရှေးမြို့ဟောင်းထဲတွင် သိမ်းဆည်းထား၏။

ဖှေးသည် ဆယ်ရက်ကြာခန့်ပင် လာရောက်ရခြင်းမရှိသေးသည့်အတွက်ကြောင့် ချက်ချင်းလူလုံးပြခြင်းမရှိသေးပေ။ ထိုအစား တစ်နေရာတွင်ပုန်းနေကာ တိတ်ဆိတ်စွာဖြင့် လေ့လာကြည့်နေလျှက်ရှိသည်။ သူ၏စွမ်းအားများကြောင့် မြို့ထဲတွင်ရှိနေသည့် မည်သူမှ သူ့အားသတိထားမိခြင်းမရှိပေ။

All Chapters