← Chapters

အခန်း (၆၄၂)

Vol. 41 Ch. 642

အခန်း (၆၄၂)

Vol. 41 Ch. 642

အကယ်၍ အဖိုးကြီးအာရန်းသည် ဤအစီစဥ်အား လွန်ခဲ့သည့် ရက်အနည်းငယ်က ပြောခဲ့ပါက ဖှေးလက်ခံမိလိမ့်မည်ဖြစ်သည်။

ဗျူဟာမှုး၏ အစီစဥ်သည် အဓိပ္ပါယ်ရှိသည့်အတွက်ပင်။ လက်ရှိအခိုက်တန့်တွင် ဇီးနစ်အင်ပါယာသည် အလံနှစ်စုံမြို့တော်နှင့် မြို့ဟောင်းထဲတွင်စစ်သည်များကို နေရာချပြီးနေပြီဖြစ်ပြီး ဖှေးသည်လည်းစွမ်းအားမြင့်မားသည့် သိုင်းဆရာတစ်ယောက်ပင်။ ဇီးနစ်အင်ပါယာသည် အားသာနေသည့်အတွက်ကြောင့် မင်းသားဖာရင်တန်ရှိမနေသည့်အချိန်တွင် ဂျက်အင်ပါယာမှတပ်ဖွဲ့များကို လျှင်မြန်စွာဖျက်ဆီးပစ်နိုင်၏။

စစ်ဘက်ဆိုင်ရာစွမ်းဆောင်မှုကို ပြသရန်အတွက်အကောင်းဆုံးအခွင့်ရေးတစ်ခုပင်။

သို့သော်လည်း ဖှေးသည် ဒဏ္ဏာရီလာနန်းတော်၏ လယ်ဗယ်၃၆ဒေသသို့ ရောက်ရှိခဲ့ပြီး အင်ပါယာအရှင်သခင်ယရှင်း ဂျက်အင်ပါယာ၏ တော်၀င်သိုင်းဆရာတို့နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးကြားထဲတွင်ရှိသည့် ဆက်ဆံရေးကို ခံစားခဲ့မိသည့်အတွက် ဖြစ်ပျက်နေသောအရာများ၏ နောက်ကွယ်တွင်ကြီးမားသည့်လျို့၀ှက်ချက်ကြီးတစ်ခုရှိနေသေးကြောင်း ခံစားလာရ၏။

ဇီးနစ်အင်ပါယာနှင့် ဂျက်အင်ပါယာတို့တွင် ရန်လိုသည့်ဆက်ဆံရေးမရှိပဲ ဂျက်အင်ပါယာတွင်ရှိသည့် လျို့၀ှက်အင်အားစုများသည်လည်း စပါတပ်အင်ပါယာနှင့် အိုက်ဟိုဗင်အင်ပါယာတို့ထက်များစွာသာလွန်နေ၏။

ဂျက်အင်ပါယာနှင့် ဇီးနစ်အင်ပါယာတို့စစ်ကြေငြာသည့်အချိန်တွင် အင်ပါယာအရှင်သခင်ယရှင်းသည် ကန့်ကွက်ချက်များအားလုံးကို လွန်ဆန်ကာ အတွေ့ကြုံမရှိသေးသည့်ဖှေးကိုခေါင်းဆောင်အဖြစ်ခန့်ပြီး အဖွဲ့၀င်တိုင်းပြည်များစွာ၏ စစ်သည်များဖြင့် ဖွဲ့စည်းထားသော အင်အားနည်းသေးသည့် ၀ံပုလွေစွယ်တပ်ဖွဲ့ကို ဂျက်အင်ပါယာစစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ တစ်ဖက်တွင် အင်ပါယာအရှင်သခင် ဖူဂျီသည်လည်း စစ်သည်များကို တစ်ခါမှဦးဆောင်ခဲ့ဖူးခြင်းမရှိသေးသည့် မင်းသားဖာရင်တန်အား ခေါင်းဆောင်အဖြစ်ခန့်ပြီး ဇီးနစ်အင်ပါယာနှင့် တိုက်ခိုက်ရန်စေလွှတ်ခဲ့ခြင်းပင်။ နောက်ကွယ်တွင်ကြီးမားသည့် လျို့၀ှက်ချက်ကြီးတစ်ခုရှိနေကြောင်းမှာ ထင်ရှားလှ၏။

ထို့ကြောင့် ဂျက်အင်ပါယာစစ်မြေပြင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲသည် ကျန်ရှိနေသည့် စစ်မြေပြင်များတွင်ဖြစ်ပျက်နေသည့် စစ်ပွဲများထက် ပို၍ ရှုပ်ထွေးကာလျို့၀ှက်ဆန်းကျယ်နေ၏။

ကြီးမားသည့် လေမုန်တိုင်း၏ကြီးတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာရမည့် အကောင်းဆုံးအခွင့်ရေးတစ်ခုကို စောင့်ဆိုင်းနေ၏။

အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၄၃လူရိုင်းဇာတ်ကောင်၏ စူးရှသော မသိစိတ်သည် ဖှေးအား တိုက်ပွဲမစတင်သင့်သေးကြောင်းကို ပြောနေလျှက်ရှိသည်။ ဤအခိုက်တန့်တွင် တိုက်ခိုက်ခြင်းသည် အမိုက်မဲဆုံးရွေးချယ်မှုတစ်ခုပင်။

ထို့ကြောင့် ဖှေးသည် အရာအားလုံးကို စိတ်ရှည်လက်ရှည်ဖြင့် အခြေအနေစောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။

ဘုရင်သည် ဤကဲ့သို့ဆုံးဖြတ်ချက်ကို မည်သည့်အတွက်ကြောင့် ချမှတ်ခဲ့သည်ကို သူတို့မသိကြသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများနှင့် အဖိုးကြီးအာရန်းတို့သည် ဘုရင်၏ စကားကိုသာ နားထောင်လိုက်ကြ၏။

သူတို့ထွက်ခွာသွားပြီးသည့်နောက်တွင် ဖှေးခနတာခန့်စဥ်းစားလိုက်ပြီး ဒိုင်ယာဘလိုကမ္ဘာထဲသို့ ၀င်ရောက်သွား၏။

......

မိုးရွာသွန်းနေ၏။

သုံးနာရီခန့်ကြာပြီးသည့်အချိန်တွင် ဖှေးသည် အယ်လီနာအား သူပုန်စခန်းမြေပုံတွင်ရှိသည့် တည်နေရာများအားလုံးကို ကျော်ဖြတ်ကာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်နိုင်ရန်အတွက် ကူညီပြီးပြီဖြစ်သည်။

အယ်လီနာ၏ စွမ်းအားများသည်လည်း သိသိသာသာပင် တိုးပွားလာခဲ့ပြီး ယခုအချိန်တွင်အိမ်မက်ဆိုးခက်ခဲမှုအဆင့် လယ်ဗယ်၁၇သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

အေဇာရုတိုက်ပေါ်မှ သိုင်းဆရာများစွာအားကျလောက်သည့် ကျင့်ကြံနှုန်းပင်။ သူမသည် ယခုအချိန်တွင် လသစ်အလယ်လတ်အဆင့်သိုင်းဆရာတစ်ယောက်၏ စွမ်းအားများပင် ရှိနေပြီဖြစ်ပြီး လခြမ်းအဆင့်စစ်သည်တစ်ယောက်ဖြစ်လာနိုင်ရန်အတွက် ရက်အနည်းငယ်သာလိုတော့၏။

သို့သော် အယ်လီနာသည် တိုက်ခိုက်နိုင်စွမ်းမြင့်မားပြီးခုခံခြင်းအားနည်းသည့် မှော်လေးသည်တော်တစ်ယောက်ဖြစ်သည့်အတွက် ဖှေးသူမအား အရာအားလုံးကို မျှမျှတတဖြစ်အောင်လုပ်ရန်အတွက် အကြံပေးထား၏။ ရရှိလာသည့် ကျွမ်းကျင်မှုဆိုင်ရာအမှတ်များ၏ သုံးပုံတစ်ပုံခန့်ကို အယ်လီနာသည် ပါလာဒင်ဇာတ်ကောင်၏ ကုသခြင်းအစွမ်းထဲသို့ ထည့်သွင်းလိုက်သည်။

အယ်လီနာသည် အပြင်ကမ္ဘာသို့ ပြန်လည်သွားနိုင်လာပါက သူမသည် လောကနိယာမများကို အာရုံခံနိုင်မည်ဖြစ်၏။ လောကကြီး၏ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီးသည့်နောက်တွင် သူမသည် အပြင်ကမ္ဘာတွင် လအဆင့်စစ်သည်အစစ်မှန်တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်သည်။

အိမ်မက်ဆိုးခက်ခဲမှုအဆင့်၏ ပထမဆုံးမြေပုံအား အယ်လီနာနှင့်အောင်မြင်ပြီးသည့်အချိန်တွင် သူတို့သည် လု့လတ်ဂိုလိမ်မြို့ထဲသို့ မသွားကြသေးပေ။ ထိုအစား သူတို့သည် အာကာရာနှင့် ကိန်းတို့၏ ဓာတ်ခွဲခန်းထဲသို့ သွားရောက်လိုက်ကြသည်။

ဖှေး သွေးစွန်းဂိုဏ်းဌာန၏ မြေအောက်ခန်းအတွင်းမှ ရှာတွေ့ခဲ့သည့် လျို့၀ှက်ကျောက်တုံးခန်းသည် အာကာရာနှင့် ကိန်းတို့၏ ဓာတ်ခွဲခန်းဖြစ်လာခဲ့ပြီဖြစ်သည်။

ဤအခန်းအား ဟင်းလင်းပြင်ထဲတွင် တည်ငြိမ်သော မှော်အစီရင်များဖြင့် ဖန်တီးထားခြင်းဖြစ်၏။ နံရံများပေါ်တွင်ရှိနေသည့် မှော်အစီရင်များသည် ဤအခန်းထဲသို့ ၀င်လာသည့် အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များကို ဖိသိပ်ကာ ပို၍ ပြင်းထန်ပြီးသန့်စင်လာအောင်ဆောင်ရွက်ပေးသည့်အတွက် သိပ္ပံပညာရှင်နှစ်ယောက်အတွက် ဤကျောက်တုံးအခန်းထဲတွင် သူတို့၏ လေ့လာမှုများကို ပြုလုပ်ရသည်မှာ ပို၍လွယ်ကူနေ၏။ ထို့အပြင် ဤနေရာအား ကောင်းမွန်စွာလျို့၀ှက်ထားသည့်အတွက် မည်သည့်နေရာတွင်ရှိနေကြောင်းကို မည်သူမှ သိရှိကြခြင်းမရှိပေ။

ဓာတ်ခွဲခန်းတစ်ခုပြုလုပ်ရန်အတွက် အကောင်းဆုံးနေရာတစ်ခုပင်။

“ဒီကောင်လေး ပြန်လာပြီဆိုတော့ မင်းငါတို့ကို ဘာဖြစ်ခဲ့လဲဆိုတာကို ပြောပြနိုင်ပြီမလား...ငါစောင့်နေတာကြာပြီ...”

ဖှေးအား မြင်လျှင်မြင်ခြင်းပင် အလုပ်လုပ်နေသည့်ကိန်းသည် ပြေးလာလိုက်၏။ သူသည် ထိုကဲ့သို့ ပြေးလွှားရန်အတွက် အနည်းငယ်အသက်ကြီးနေပြီဖြစ်သော်လည်း ဖှေးအား လည်ပင်းမှ ဆွဲပြီး လှုပ်မမေးရုံတမယ် တက်ကြွနေ၏။

ကိန်းသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ငါတို့ကို အခုပြောပြလိုက်တော့ မင်း ဒဏာရီလာနန်းတော်ထဲမှာ ဘာတွေကြုံခဲ့ရလဲ။ ကမ္ဘာကျောက်တုံးကို ဘယ်လိုသန့်စင်လိုက်လဲဆိုတာကို ငါတို့ကို အသေးစိတ်ပြောပြစမ်းပါ...”

ခံစားချက်ကင်းမဲ့သည့်အမူယာဖြင့် အာကာရာသည် ဖှေးအား စိုက်ကြည့်ကာပြောလိုက်သည်။ “ငါတို့ကို ဘာမှမဖြစ်ခဲ့ဘူးလို့တော့ လာမပြောနဲ့။ ဘယ်လိုအရာမျိုးက ကမ္ဘာကျောက်တုံးရဲ့စွမ်းအားသုံးပုံနှစ်ပုံလောက်ကို စုပ်ယူနိုင်မှာလည်း...”

ဖှေးရယ်မောလိုက်သည်။

သူရောက်လျှင်ရောက်ခြင်းပင် ဤနှစ်ယောက်၏ စစ်မေးခြင်းခံရတော့မည်ကို ကြိုတင်တွက်ဆပြီးသည့်အတွက်ပင်။

အယ်လီနာသည် ဤအခန်းထဲသို့ ပထမဆုံးအကြိမ်အနေဖြင့် ရောက်ရှိဖူးခြင်းပင်။ ထို့ကြောင့် ဖှေးသည် အယ်လီနာအား ဤလျို့၀ှက်ကျောက်တုံးအခန်းကို မည်ကဲ့သို့ တွေ့ရှိခဲ့ကြောင်းကို သူမ၏ နားအနားသို့ကပ်ကာ ပြောပြနေလျှက်ရှိသည်။ ထို့နောက်တွင် သူသည် သိပ္ပံပညာရှင်နှစ်ယောက်အား ဒဏ္ဏာရီလာနန်းတော်၏ ဗဟိုချက်တွင်ဖြစ်ခဲ့သည့်ကိစ္စများကို ပြောပြလိုက်၏။

သူသည် ကောင်းကင်မြို့တော်အား တွေ့ရှိခဲ့ပုံနှင့် တောင်အတွင်းပိုင်းတွင်ရှိနေသည့် ဒဏ္ဏာရီလာနတ်စင်ကို အသုံးပြု၍ ကမ္ဘာကျောက်တုံးအား သန့်စင်ခဲ့ရပုံတို့ကို အသားပေးကာ ပြောပြလိုက်သည်။

အင်ပါယာအရှင်သခင်ယရှင်းနှင့် တစ်ခြားလူများ၏ တိုက်ပွဲအကြောင်းကိုမူ သူတို့အား ပြောပြခြင်းမရှိပေ။ ဤသိပ္ပံပညာရှင်နှစ်ယောက်အတွက် ဤဇာတ်လမ်းသည် အလွန်ပျင်းရိဖွယ်ဖြစ်နေမည့်အတွက်ကြောင့်ပင်။

သူတိူ့၏ စိတ်ထဲတွင် မှော်ပညာဆိုင်ရာဗဟုသုတများနှင့် လောကနိယာမများကို လေ့လာရန်ကသာ အဓိကဖြစ်သောကြောင့် အင်ပါယာအရှင်သခင်ယရှင်းနှင့် ဒိုမိန်းတို့သည် သူတို့၏ စိတ်ထဲတွင် ခွေးများကြောင်များနှင့် သိပ်မခြားလှပေ။

အယ်လီနာသည် ဤနေရာသို့ ပထမဆုံးအကြိမ်အနေဖြင့် ရောက်ဖူးခြင်းဖြစ်သော်လည်း သူမသည် စိတ်ပါ၀င်စားခြင်းမရှိပေ။ အခန်းအတွင်းသို့ လျှောက်ပတ်ကြည့်ခြင်းမရှိပဲ ထိုအစားသူမသည် ဖှေး၏အနောက်တွင် ရပ်နေကာ ဖှေးပြောနေသည့် ဇာတ်လမ်းအား ကမ္ဘာပေါ်တွင် စိတ်၀င်စားစရာအကောင်းဆုံး အရာတစ်ခုကဲ့သို့ နားထောင်နေ၏။

“အော် အဲ့လိုဖြစ်ခဲ့တာကိုး...”

ဖှေးပြောသည်ကို ကြားပြီးသည့်အချိန်တွင် အာကာရာနှင့် ကိန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး တုန်လှုပ်မှုများကို အသီးသီးမြင်တွေ့လိုက်ရ၏။

“ဒီ ကမ္ဘာကျောက်တုံးက ငါတို့ ဒိုင်ယာဘလိုကမ္ဘာကို ထောက်ပံ့ပေးထားတဲ့ စွမ်းအင်အရင်းမြစ်ပဲ။ အတော်လေးများပြားတဲ့ စွမ်းအင်တွေ ပါ၀င်နေတယ်။ နတ်ဘုရားတစ်ပါးအဆင့်နီးနီးရှိတဲ့ ဒိုင်ယာဘလိုတောင် ဒီကမ္ဘာကျောက်တုံးက စွမ်းအင်သုံးပုံတစ်ပုံလောက်ကို စုပ်ယူလိုက်မယ်ဆိုရင် ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်။ မင်းပြောတဲ့ ကျောက်တိုင်ကြီးကရောဘာကြီးလဲ။ ပြန်ဆက်ဖို့အတွက်ကို အဲ့လောက်စွမ်းအင်အများကြီးလိုတာလား...” ဇာတ်လမ်းကို ကြားပြီးသည့်နောက်တွင် ကိန်းသည် သက်ပြင်းချလိုက်၏။

“မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ အဲ့ကျောက်တိုင်ကို ဆင့်ခေါ်လို့ ရနိုင်မလား ဖှေး...ငါတို့ လေ့လာကြည့်မယ်ဆိုရင် တစ်ခုခုတွေ့လောက်တယ်...” မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့်အရိပ်ယောင်များဖြင့် အာကာရာပြောလိုက်၏။ ဤအခိုက်တန့်တွင် သူမသည် ငါးစားရတော့မည့် ကြောင်ကဲ့သို့ပင်။

“ကျွန်တော် ကြိုးစားကြည့်လို့ ရပါတယ်...” ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

ထိုကျောက်တိုင်အကြောင်းကို သူကိုယ်တိုင်လည်း သိချင်နေသည့်အတွက်ပင်။

သူသည် တစ်စုံတစ်ခုမှားယွန်းနေသည်ကို အာရုံခံမိခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် ထူထပ်သည့်ကျောက်တိုင်လုံးကြီးတစ်ခုရှိနေကာ ထိန်းချုပ်၍မရနိုင်ခြင်းသည် သူ့အား ကြောင်တောင်တောင်ခံစားစေသည့်အတွက်ပင်။

ဖှေး သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ၀ိဉာဥ်စွမ်းအားများကို ချိန်ဆကာ ဆင့်ခေါ်နိုင်ရန်အတွက်ကြိုးစားကြည့်လိုက်သည်။

နောက်အခိုက်တန့်တွင် သူသည် ကောင်းကင်နှင့် မြေကြီးကို ထိဆက်နေသည့် တိုင်လုံးကြီးတစ်ခု၏ ပုံရိပ်ကို သူ၏ခေါင်းထဲတွင် မြင်လိုက်ရသည်။ ပစ္စည်းတစ်ခုသာဖြစ်ပြီး သက်ရှိမဟုတ်သော်လည်း နတ်ဘုရားများကိုပင် ကြောက်လန့်စေလောက်သည့်အရှိန်၀ါများပါ၀င်နေပြီး အသက်၀ိဉာဥ်စွမ်းအင်များစွာသည်လည်း တိုင်လုံးထဲတွင် စီးဆင်းနေလျှက်ရှိသည်။ ဖှေးဆင့်ခေါ်ရန်အတွက် ကြိုးစားလိုက်သည့်အချိန်တွင် တိုင်လုံးသည် အနည်းငယ်တုန်ခါသွား၏။

ထို့နောက်တွင် ဖှေးမည်မျှပင် ကြိုးစားစေကာမူ တုန့်ပြန်မှုတစ်စုံတစ်ရာရရှိခြင်းမရှိတော့ပေ၊

မိနစ်၀က်ခန့်ကြာသည့်အချိန်တွင် ဖှေးနက်ရှိုင်းစွာပင်အသက်ရှူထုတ်လိုက်ပြီး သူ၏မျက်လုံးများကို ဖွင့်ကာ သက်ပြင်းချလိုက်သည်။ “ကျွန်တော်မလုပ်နိုင်ဘူး။ ကျွန်တော်ဘယ်လောက် ကြိုးစားကြိုးစား ဆင့်ခေါ်လို့မရဘူး...”

သိပ္ပံပညာရှင်နှစ်ယောက်သည် ကြီးမားစွာပင် စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။

သူတို့၏မျက်နှာကိုကြည့်ရသည့်ပုံအရ သူတို့သည် ဖှေး၏ ဗိုက်ကိုပင်ခွဲကြည့်လိုနေသည့်အတိုင်းပင်။

“ဒါပေမယ့် ခင်ဗျားတို့ ဒီပစ္စည်းကို အရင်လေ့လာထားလို့ရပါတယ်...” ဖှေး​ေပြာကာ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ကျောက်ထိုင်ခုံကြီးကို ဆင့်ခေါ်လိုက်သည်။

အရင်ကလိုပင် ရှေးကျသည့်ပုံရှိပြီး ကျောက်ကြမ်းများနှင့် တူသည့် ပစ္စည်းတစ်ခုနှင့် ထုလုပ်ထားသည့်ပုံပင်။ ငွေဖြင့် ပြုလုပ်ထားသည့်ပုံပေါက်နေသော်လည်း သတ္တုများ၏ တောက်ပခြင်းကို မတွေ့ရပေ။ နှစ်မီတာခန့်မြင့်မားကာ၊ နှစ်မီတာခန့်အကျယ်ရှိပြီး နှစ်မီတာခန့် ထူထပ်၏။ လှေကားထစ်နှစ်ထစ်ပါ ပါရှိနေသည့်အတွက် အင်ပါယာအရှင်သခင်တစ်ယောက်၏ ပုလ္လင်ကဲ့သို့ပင်။

လေပေါ်တွင် ၀ဲပျံနေသည့်အချိန်တွင်လည်း စွမ်းအင်အရှိန်၀ါများတောက်ပနေခြင်းမရှိပေ။

“ဘာနဲ့လုပ်ထားတာလဲ...” ကိန်းသည် ချက်ချင်းပင်ပြေးလာပြီး ပွတ်သပ်နေ၏။ သူသည် တစ်ခါတစ်ရံတွင် ပုလ္လင်အား ခေါက်ကြည့်ကာ သိပ်သည်းဆကို ခန့်မှန်းနိုင်ရန်အတွက် ကြိုးစားနေသည့်ပုံပင်။

“အရောင်အရဆိုရင် မီသရေးနဲ့ လုပ်ထားတဲ့ပုံပင်။ နေပါဦး အရောင်သွေးကအတော်လေးပိုဆိုးနေတယ်...ကြယ်မီသရေးလား...မဟုတ်ဘူး အသံကလည်း မမှန်သေးဘူး။ နတ်ဘုရားရွှေများလား...ဒါပေမယ့် စွမ်းအင်အရှိန်၀ါလည်း တောက်ပနေတာမရှိဘူး...”

“ဒါက အမည်မသိသေးတဲ့ ပစ္စည်းတစ်ခုပဲ...” ခနတာလေ့လာပြီးသည့်နောက်တွင် အာကာရာသည် သူမ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ “အဲ့တာက သတ္တုမဟုတ်ဘူး၊ ကျောက်သားလဲမဟုတ်ဘူး၊ သစ်သားလဲမဟုတ်ဘူး။ လောကမှာရှိတဲ့ ဓာတ်ကြီးလေးပါးနဲ့ပြုလုပ်ထားတာမဟုတ်ဘူး။ ဒီလို ပစ္စည်းတစ်ခုရှိနေတယ်ဆိုတာတောင် ယုံကြည်ဖို့အတော်လေးခက်ခဲတာပဲ...ဒါပေမယ့် ဘယ်နေရာမှာ သုံးတာလဲ။ လေပေါ်မှာ ပျံရုံလောက်ပဲတော့ မဟုတ်လောက်ဘူး...”

ဤအခိုက်တန့်တွင် ဖှေး၀င်ပြောလိုက်သည်။ “ကျွန်တော် ဒီပုလ္လင်ပေါ်ကို ထိုင်လိုက်ရင် အာကာသကို အလွယ်တကူဖြတ်ကျော်ပြီးတော့ သွားလာနိုင်သလို ခံစားရတယ်။ ကျွန်တော့ကို တယ်လီပေါ့တ်လဲလုပ်ပေးနိုင်သလိုပဲ။ နောက်ပြီးတော့ အဲ့ကောင်ရဲ့ အမြန်နှုန်းကလည်းအတော်လေးမြန်တယ်။ ဒါပေမယ့် စွမ်းအင်တော့ တော်တော်စားတာပေါ့။ ခင်ဗျားတို့ သေချာကြည့်မယ်ဆိုရင် ပုလ္လင်ရဲ့ လက်တင်တဲ့နေရာနှစ်ဖက်မှာ မှော်အစီရင်လေးတွေကို တွေ့ရလိမ့်မယ်...”

All Chapters