← Chapters

အခန်း (၆၄၅)

Vol. 41 Ch. 645

အခန်း (၆၄၅)

Vol. 41 Ch. 645

“ဟမ် စိတ်၀င်စားစရာကောင်းသားပဲ အခုတော့ ငါက သားကောင်လား...”

ဖှေး နှာခေါင်းရှုံ့လိုက်သည်။ သူ့ထံမှပင် လုယူချင်နေသည့်လူများရှိလိမ့်မည်ဟု သူထင်မထားခဲ့မိသည့်အတွက်ပင်။

ထိုလူများသည် သူ့ထံတွင်ရှိသည့် ပစ္စည်းများကို မလုယူခင်သူ့အား အရင်သတ်ဖြတ်လိုသည်မှာ ထင်ရှားလှသည်။ သူ၏ ထားသိုရာလက်စွပ်ထဲတွင်မည်သည့်ပစ္စည်းများရှိနေသည်ကို သိကြသည့်ပုံမပေါ်သော်လည်း သူ့အား လွှတ်ပေးလိုက်မည့်အစား သတ်ပြီး ရှာဖွေမည်ဖြစ်သည်။ ဤသည်မှာ သူတို့၏ အကျင့်ပင်။

ဘုရင်သည် မှော်စွမ်းအင်နှင့် အတွင်းအားစွမ်းအင်အရှိန်၀ါများမရှိသည့်အတွက်ကြောင့် သူ့အား အားနည်းသည့်လူတစ်ယောက်ဟု ယူဆလိုက်မိကြသည့်ပုံပင်။

ဖှေးနှာခေါင်းရှုံ့လိုက်သော်လည်း ထူးဆန်းသည့်အရာတစ်စုံတစ်ခုပြုလုပ်ခြင်းမရှိပေ။ အပြင်ဘက်သို့သာ လမ်းလျှောက်သွားလိုက်၏။

သူထင်ထားသလိုပင် ထိုလူများသည် သူ့အနောက်မှ ဖြေးညှင်းစွာလှုပ်ရှား၍ ကပ်လိုက်လာနေကြသည်ကို အာရုံခံလိုက်မိသည်။

“၀ှစ် ၀ှစ် ၀ှစ်...”

သူလယ်ဗယ်၃၄ဒေသ၏အပြင်သို့ မရောက်ခင်မှာပင် လမ်းကြားတစ်ခုထဲမှ လူလေးယောက်ထွက်လာပြီး ဖှေး၏ ရှေ့မှ ပိတ်ရပ်လိုက်ကြသည်။

ထိုလေးယောက်လုံးသည် တူညီသည့်အ၀တ်စားများကို ၀တ်ဆင်ထားကြ၏။ အောက်ခံအမဲရောင်တီရှပ်နှင့် တောက်ပနေသည့် အဖြူရောင်ချပ်၀တ်များပင်။ သူတို့၏ အရပ်မောင်များမှာ တူညီခြင်းမရှိကြသော်လည်း သူတို့အားလုံးတွင် သိပ်သည်းသည့် လူသတ်လိုသော ဆန္ဒများရှိနေကြ၏။ သူတို့သည် လူတစ်ယောက်အား မကြာသေးမှီကသတ်ဖြတ်ထားသည်မှာ ထင်ရှားလှသည်။

ထို့အပြင် သူတို့သည် မျက်နှာဖုံးများကိုလည်း ၀တ်ဆင်ထားခြင်းမရှိကြပေ။ သူတို့၏ စွမ်းအားအပေါ်တွင် ယုံကြည်ချက်ရှိနေပြီး သရုပ်မှန်အား ဖုံးကွယ်စရာမလိုဟုပင် တွက်ဆထားကြသည့်ဟန်ပင်။

“သတ်စမ်းကွာ...” သူတို့ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။ “ရတနာရှာတဲ့ သားရဲက ညွှန်ပြနေတယ်။ သူ့မှာ အတော်ကောင်းတဲ့ ရတနာတွေရှိနေတဲ့ပုံပဲ...”

ထိုလူသည် ခပ်ပိန်ပိန်ဖြစ်ပြီး သူ၏ဆံပင်များသည် အဖြူရောင်ဖြစ်နေ၏။ မျက်လုံးများထဲတွင် လောဘအရိပ်ယောင်များဖြင့် ပြည့်နှက်နေပြီး သူ၏လက်ထဲတွင် ရွှေရောင်လှောင်အိမ်ငယ်လေးတစ်ခုကို ကိုင်ထား၏။ လှောင်အိမ်ထဲတွင် ရက်ကွန်းနှင့်တူသည့် သားရဲတစ်ကောင်ရှိနေ၏။ ထိုအကောင်လေး၏မျက်လုံးများသည် ပြူးကျယ်နေပြှီး စိတ်လှုပ်ရှားကာ စိုးရိမ်နေသည့်အတိုင်းပင်။ ကျယ်လောင်စွာအော်ဟစ်နေပြီး လှောင်အိမ်ကိုင်ထားသည့် လူအား ကြောက်လန့်နေရသည့်ပုံပင်။

ထိုလူပြောသည့်ပုံအရ ထိုရက်ကွန်းကဲ့သို့သောအကောင်လေးသည် ရတနာများကို အာရုံခံနိုင်စွမ်းရှိသည့် ထူးဆန်းသည့် တိရိစ္ဆာန်တစ်ကောင်ဖြစ်သည့်ပုံပင်။ အတော်စိတ်၀င်စားစရာကောင်းလှ၏။

ထိုလူ၏အမိန့်ကို ကြားသည့်အချိန်တွင် ကျန်ရှိနေသည့်လူသုံးယောက်သည်လည်း သူတို့၏လက်နက်များကို ထုတ်လိုက်၏။ သူတို့သည်ဖှေးထံသို့ နှာခေါင်းရှုံ့ကာ ပြေး၀င်လာကြတော့သည်။

ထိုလူသုံးယောက်လုံးသည် လသစ်အလယ်လတ်အဆင့်သိုင်းဆရာများပင်ဖြစ်ပြီး အပြင်လောကတွင် အရှိန်၀ါကြီးမားသည့်လူများပင်။ ထို့အပြင် သူတို့သည် အတော်ကောင်းကောင်းမွန်မွန်ပင် ပူးပေါင်းဆောင်ရွက်နိုင်ကြ၏။ သူတို့သည် လမ်းကြောင်းတစ်ခုခြင်းစီဖြင့် ရွေ့လျားပြီး ဖှေးထွက်ပြေးနိုင်မည့်လမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်ကြသည်။

“ဟားဟားဟား မင်းမှာ ရတနာတွေရှိနေတယ်ဆိုတော့ သေစမ်းပေါ့ကွာ လေသိုင်းကွက်...”

ဖှေးအား ပထမဦးစွာစတင်တိုက်ခိုက်ခဲ့သည့်လူမှာ ကြီးမားသည့် ဓားကြီးတစ်လက်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ထား၏။ သံပြားကြီးတစ်ခုကဲ့သို့ပင် အလွန်လေးလံသည့်ပုံပင်။

သို့သော် ထိုလူ၏ လက်ထဲတွင် ဓားအားလွယ်ကူစွာပင် ဝှေ့ရမ်းနေ၏။ သူအောက်သို့ ခုတ်ပိုင်းလိုက်သည့်အချိန်တွင် ဓားကိုယ်ထည်သည် လေထုထဲတွင် ပုံရိပ်ယောင်များကို ချန်ထားခဲ့လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဓား၏အရှိန်ကြောင့် စတင်၍ လည်ပတ်လာတော့သည်။ သူသည် ဖှေးထံသို့ ဓားမုန်တိုင်းတစ်ခုကဲ့သို့ပင် ၀င်ရောက်သွားတော့၏။

အဆင့်မြင့် လအဆင့်သိုင်းကွက်တစ်ခုပင်။

ဓားသည် လေဗွေတစ်ခုလိုပင် လည်ပတ်ရင်းဖြင့် တစ်ပတ်လည်ပြီးတိုင်း ပို၍ပင် စွမ်းအားမြင့်မားလာတော့၏။

ထိုလူသည် သူ၏လအဆင့်သိုင်းကွက်အား ချက်ချင်းထုတ်သုံးလိုက်ခြင်းပင်ဖြစ်ပြီး သူသည် ဤတိုက်ပွဲအား အမြန်ဆုံးအဆုံးသက်ချင်နေသည့်အဓိပ္ပါယ်ပင်။ တစ်ချိန်တည်းမှာပင် သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သည့်အမူယာတစ်ခုပေါ်လာ၏။ ကျန်ရှိနေသည့်လူများအား အေးဆေးပင်ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။ တကယ်တန်းတွင် ကျန်ရှိနေသည့်လူများသည်လည်း လိုက်ပါတိုက်ခိုက်ခြင်းမရှိသေးပေ။ စွမ်းအင်အရှိန်၀ါမရှိနေသည့် ဖှေးအား အန္တရာယ်မရှိဟု သက်မှတ်ထားကြခြင်းပင်။

ဖှေး ဘေးသို့ အနည်းငယ်ရွေ့ကာ ယိမ်းယိုင်လိုက်သည်။ သူသည် ကံကောင်းထောက်မစွာဖြင့် သိုင်းကွက်အား ရှောင်လိုက်မိသလိုပင်။ တစ်ချိန်တည်းမှာပင် သူ သူတို့အားမေးလိုက်၏။ “နတ်စင်ဘေးမှာ ရှိနေတဲ့လူတွေကို ခင်ဗျားတို့ သတ်ထားတာလား...”

“ဟားဟား ကောင်လေး မင်းသေတော့မှာလေ။ မင်းက သေပြီးသားလူတွေအကြောင်းကို ဘာလို့ စိတ်ပူနေတာလဲ...မင်းပြောတာမှန်တယ်။ ငါ သူတို့သုံးယောက်ကို သတ်ခဲ့တာပဲ...မင်းကတော့ လေးယောက်မြောက်ပေါ့...”

လေသိုင်းကွက်အား စတင်ပြီးနေပြီဖြစ်သောကြောင့် အချိန်တိုအတွင်းတွင်ရပ်တန့်သွားဦးမည်မဟုတ်သေးပေ။ ထိုလူသည် နှာခေါင်းရှုံ့လိုက်ရင်းဖြင့် သူ၏ဓားကြီးသည် လေထဲတွင် ပို၍ပို၍မြန်ဆန်စွာလည်ပတ်လာပြီး အနီရောင်အလင်းတန်းများပင် တောက်ပလာတော့၏။ ဓားမှ ထွက်ပေါ်လာနေသည့် စွမ်းအားများသည် ကြီးမားလှပြီး အရှိန်ဟုန်သည်လည်း အလွန်ပြင်းထန်နေ၏။ ဖှေးသည် မကြာမှီတွင် ဤဓား၏ ခုတ်ပိုင်းခြင်းကို ခံရတော့မည့်ပုံပင်။

“ဟမ် အဲ့လိုဆိုရင်တော့ သေစမ်းကွာ...”

သွေးစွန်းဂိုဏ်းနှင့် ကိစ္စများဖြစ်သွားပြီးသည့်နောက်တွင် ဖှေးသည် သူခိုးဓားပြများကို မုန်းတီးလာမိ၏။ ထို့ကြောင့် စွမ်းအားများကို ထိန်းချုပ်နေခြင်းမရှိတော့ပေ။

သူ၏ ရူးလောက်ဖွယ်ခွန်အားများကို ထုတ်လွှတ်လိုက်တော့၏။ မြေပြင်ပေါ်တွင် ခြေဆောင့်လိုက်ရာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးနှစ်ခုပေါ်လာတော့၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် လူသားမျက်လုံးဖြင့် လိုက်ကြည့်ရန်အတွက် ခဲယဥ်းသည့် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“၀ှစ် ၀ှစ် ၀ှစ်...”

“ဘုန်း...”

ဓားသည် နောက်ဆုံးပုံရိပ်နှင့် ထိတွေ့လိုက်ပြီးသည့်နောက်တွင် လေသိုင်းကွက်သည်လည်း စတင်၍ နှေးကွေးလာကာ ရပ်တန့်သွားတော့၏။ ရူးလောက်သည့် လေမုန်တိုင်းကြီးသည်လည်း ပျောက်ကွယ်သွားကာ မြေပေါ်တွင်စိုက်နေသည့် ဓားကြီးသည် ပြင်းထန်စွာပင် တုန်ခါလာတော့သည်။

မည်သည့်အချိန်ကတည်းကလည်းမသိချေ ဖှေးသည် ဤသိုင်းကွက်၏ အတွင်းသို့ပင်ရောက်ရှိနေပြီဖြစ်ပြီး သူ၏ လက်တစ်ဖက်သည် တိုက်ခိုက်သူ၏ လည်ပင်းအား ဆုပ်ကိုင်ထားလိုက်၏။

ထိုလူသည် သန်မာထွားကျိုင်းသည့်လူတစ်ယောက်မဟုတ်သော်လည်း ဘာမှမလုပ်နိုင်ချေ။ သူ၏လည်ပင်အား ကိုင်ထားသည့်လက်သည့် သံမဏိနှင့်ပြုလုပ်ထားကဲ့သို့ပင် သူ့အား ရုန်းကန်၍ မရနိုင်သည့် စွမ်းအားတစ်ခုနှင့် ဆုပ်ကိုင်ထား၏။ သူ၏မျက်လုံးများထဲတွင် အကြောက်တရားနှင့် နောင်တတို့ကို ဖှေးမြင်နေရ၏။

“ချွတ်...”

ကျန်ရှိနေသည့် လူသုံးယောက်မတုန့်ပြန်နိုင်သေးခင်မှာပင် ဖှေးသူ၏လက်ကို ကွေးလိုက်၏။ သူ့အား တိုက်ခိုက်လာသည့်လူ၏ လည်ပင်းသည်လည်း ကျိုးသွားတော့သည်။

“အား...သူက တကယ်ပဲ ငါတို့ရဲ့ လေးယောက်မြောက် ညီအကိုကို သတ်လိုက်တာပဲ...သွား သူ့ကို သတ်လိုက်။ ငါတို့ရဲ့ညီအကိုအတွက် ပြန်ပြီးလက်စားချေပေးရမယ်...”

ခနတာဆွံ့အသွားပြီဲးသည့်နောက်တွင် အဖွဲ့အား ခေါင်းဆောင်လာသည့်အဖိုးကြီးသည် အော်ဟစ်လိုက်၏။ ထို့နောက်တွင် သူတို့သုံးယောက်လုံးသည် ဖှေးထံသို့ ရန်လိုစွာဖြင့် ပြေး၀င်လာတော့၏။

“အမ် ရှားပါးတဲ့အခွင့်ရေးတစ်ခုပဲ။ နတ်ဆိုးဘုရင်၏ဓားစာအုပ်ထဲမှာပါတဲ့ နည်းပညာတွေက မှော်ဆန်လားဆိုတာတစ်ချက်ကြည့်လိုက်ရအောင်...” ဖှေးတွေးကြည့်လိုက်ကာ သူ၏လက်ကို ဆုပ်လိုက်ပြီးမြေပြင်ပေါ်တွင် ထိုးစိုက်နေသည့် ဓားကြီးအား ဆွဲထုတ်လိုက်သည်။

ဓားအားကိုင်လိုက်ပြီး ချိန်တွင် အသာယာခေါက်ကြည့်လိုက်သည်။

သူသည် အလေးချိန်နှင့်အနည်းငယ်ပို၍အားကျလာပြီး သူတို့၏ လက်နက်များဖြင့် ဖှေး၏ နဖူးအား ချိန်ရွယ်၍ ခုတ်ပိုင်းလာတော့သည် လူနှစ်ယောက်ကို ခေါင်းငြိမ့်ပြလိုက်သည်။

သူ၏လက်မောင်းကို အပေါ်သို့ မြှောက်ကာ လက်ကောက်၀တ်ကို လှုပ်ရှားလိုက်ပြီး ဓားကို အပေါ်သို့ ရွေ့လျားလိုက်သည်။

“ချွင် ချွင်...”

ကျယ်လောက်သည့် သတ္တုသံနှစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် ဖှေးထံသို့ အရှေ့မှ ပြေး၀င်လာသည့်လူနှစ်ယောက်သည် သူတို့အား ကြီးမားသည့်လှိုင်းလုံးကြီးနှစ်ခုဖြင့် ရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်သည်လည်း အနောက်သို့ လွှင့်ထွက်သွားတော့၏။

“လေသိုင်းကွက်...”

ဖှေးဓားကို ဝှေ့ရမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်သည်လည်း အရှိန်နှင့်အတူပင် စတင်၍ လည်ပတ်လာတော့သည်။

ဓားသွားသည် လေထဲတွင် အနီရောင်မျဥ်းကြောင်းများကို ရေးဆွဲလိုက်ပြီး ကြီးမားသည့် လေစီးကြောင်းကြီးများသည်လည်း နေရာအနှံ့သို့ စတင်၍ တိုက်ခတ်လာတော့သည်။

ဖှေးသုံးနေသည့် သိုင်းကွက်သည် ယခင်က လေသိုင်းကွက်လိုပင်။

တကယ်တန်းတွင် ဖှေးသည် ထိုသိုင်းကွက်ကိုသာအသုံးပြုလိုက်ခြင်းပင်ဖြစ်ပြီး ပို၍ ထိန်းချုပ်နိုင်စွမ်းရှိကာ သိုင်းကွက်သည်လည်း ပို၍ လှပနေ၏။ ဓားလှုပ်ရှားမှုများသည် သဘာ၀နိယာမများကို လိုက်နာနေသကဲ့သို့ပင်ဖြစ်နေပြီး လှပတင့်တယ်လှ၏။

“ရွပ် ရွပ်...”

ညင်သာသည့်အသံနှစ်ခုထွက်ပေါ်လာသည်။ ဖှေးထံသို့ ပြေးလာနိုင်သည့်လူနှစ်ယောက်သည် အချိန်မှီတုန့်ပြန်နိုင်လိုက်ခြင်းမရှိလိုက်ပဲ ဓားသည် ချက်ချင်းပင် သူတို့အား ထိမှန်သွားကာ သူတို့၏ ခန္ဓာကိုယ်များသည် ခါးမှစတင်၍ နှစ်ပိုင်းပြတ်သွားတော့၏။ သို့သော် ဓားချက်သည် အလွန်ပင်မြန်ဆန်သည့်အတွက် စက္ကန့်အနည်းငယ်ကြာသည်အဓိဘာဖြစ်သွားလည်းကိုပင် မသိလိုက်ကြပေ။ ဓားမြေပေါ်သို့ ကျသွားသည့်အချိန်တွင် သူတို့၏ ဒဏ်ရာများမှ သွေးများထွက်လာပြီး ထိုအချိန်မှသာ အောက်သို့ ငုံ့ကြည့်ကာ သတိထားမိလိုက်ကြ၏။ သူတို့သည် ချက်ချင်းသေဆုံးသွားခြင်းမရှိပဲ အော်ဟစ်ကာ သူတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်နောင်တရလိုက်မိကြ၏။

“မင်းကလည်း လေသိုင်းကွက်ကို တတ်နေတာလား။ မင်း ဘယ်သူလဲ။ မင်းက ငါတို့ကို သေချာမြှားခေါ်လာခဲ့တာလား အတော်ရက်စက်တဲ့ကောင်ပဲ...” ရွှေလောင်အိမ်ကို ကိုင်ထားသည့်အဖိုးကြီးသည် ထိတ်လန့်သွား၏။ သူသည် ဖှေးအား ယှဥ်နိုင်ခြင်းမရှိကြောင်းကို သိလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ထွက်ပြေးချင်စိတ် ပေါက်လာတော့၏။

ဖှေးသူ၏လက်ကို ဝှေ့ရမ်းလိုက်သည်။

“၀ုန်း...”

ကြီးမားသည့် ဓားကြီးသည် သူ၏လက်ထဲမှ ပျံသန်းကာထွက်ခွာသွားပြီး ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ထိုအဖိုးကြီး ထွက်မပြေးနိုင်သေးခင်မှာပင် ဓားသည် သူ့အား ထိုးစိုက်သွားတော့သည်။

သူတို့သုံးယောက်လုံးသည် အလယ်လတ်အဆင့် လသစ်စစ်သည်များဖြစ်ပြီး အဖိုးကြီးသည် စွမ်းအားအမြင့်မားဆုံးပင်။ လက်ရှိတွင် အဆင့်မြင့် လသစ်သိုင်းဆရာတစ်ယောက်ဖြစ်လာရန်ပင် နီးကပ်နေပြီဖြစ်၏။

သို့သော် သူတို့အားလုံးသည် ဖှေးအတွက် အားနည်းလွန်းနေ၏။

ဖှေးအတွက် ဤကဲ့သို့သော ရန်ပွဲမျိုးသည် ပျင်းစရာပင်ကောင်းနေတော့သည်။

သူရလိုက်သည့် တစ်ခုတည်းသောအရာမှာ နတ်ဆိုးဘုရင်၏ စာအုပ်ထဲတွင်ပါသည့် ထူးခြားသော သိုင်းကွက်သည် အမှန်တကယ်အလုပ်ဖြစ်သည်ဟူသည့် သက်သေပင်။ ထိုလူ၏ လေသိုင်းကွက်ကို ဖှေးတစ်ခါသာမြင်ဖူးသေးသော်လည်း သူသည် လိုက်လံတုပကာ အသုံးပြုနိုင်ခဲ့သည်။ တကယ်တန်းတွင် ထိုသိုင်းကွက်သည် ဖှေး၏လက်ထဲတွင် ပို၍ပင်စွမ်းအားမြင့်မားလာခဲ့၏။

“ငါ့ရန်သူရဲ့ အဆင့်ကြောင့်ထင်တယ်။ သူက င့ါထက်စွမ်းအားအဆင့်နိမ့်တဲ့လူပဲ။ အဲ့တာကြောင့် ငါကသူ့ရဲ့သိုင်းကွက်ကို ထိုးဖောက်မြင်နိုင်နေတာ။ ပိုပြီးစွမ်းအားမြင့်မားတဲ့ သိုင်းဆရာတွေရဲ့ သိုင်းကွက်တွေကတော့ လိုက်လံတုပဖို့ ခက်လိမ့်မယ်...ဒီနည်းပညာက နည်းနည်းတော့ အသုံးမ၀င်ဘူးဆိုပေမယ့် ကြွား၀ါလို့တော့ ကောင်းတာပေါ့...ဟားဟား...”

တိုက်ပွဲပြီးသည့်နောက်တွင် ဖှေးသုံးသပ်လိုက်သည်။ သူပြန်တော့မည့်အချိန်တွင် အကောင်အော်သံကို ကြားလိုက်ရ၏။

သူအံ့ဩစွာဖြင့် တစ်ဖက်သို့ လှည့်လိုက်သည့်အချိန်တွင် ရက်ကွန်းနှင့်တူသည့်အကောင်သည် ရွှေရောင်လှောင်အိမ်၏ အပြင်ကို ရောက်နေသည်ကို တွေ့လိုက်ရ၏။ ဖှေး ထိုအဖိုးကြီးကို သတ်လိုက်ခဲ့စဥ်က ရွှေလှောင်ချိုင့်သည် အောက်သို့ ပြုတ်ကျကာ ကွဲသွားသည့်အထွက်ကြောင့် ဤအကောင်လေးသည်အပြင်သို့ ထွက်လာနိုင်ခဲ့ခြင်းပင်။

ဤအခိုက်တန့်တွင် သူ၏မျက်လုံးများထဲတွင် စိုးရိမ်မှုများကြောက်လန့်ခြင်းများနှင့် ဖှေးအား ကျေးဇူးတင်သည့်အနေဖြင့် အရိုသေပေးနေသည့် ဟန်ပြုလုပ်နေလျှက်ရှိသည်။

“ဒီကောင်လေးက င့ါအနီးကိုရောက်လာတာကိုတောင် ငါက သတိမထားလိုက်ဘူးလား...” ဖှေးအံ့ဩသွားသည်။ လခြမ်းအဆင့်သိုင်းဆရာများပင် သူ၏အနီးသို့ မသိပဲကပ်လာနိုင်ခြင်းမရှိသည့်အတွက်ပင်။

ထိုအကောင်လေးအား ကြည့်ရသည့်ပုံအရ ဖှေးအား အနည်းငယ်ကြောက်လန့်နေသည့်ပုံရသော်လည်း သူနှင့်အတူနေချင်နေသည့်ပုံပင်။

ဖှေးရယ်မောကာ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

အကောင်လေးသည် ပျော်ရွှင်စွာ အော်ဟစ်ကာ ဖှေး၏လက်မောင်းပေါ်သို့ တွယ်တက်လာတော့သည်။ ဖှေး၏ပခုံးပေါ်တွင် ထိုက်လိုက်ပြီးသည့်နောက်တွင် ထက်မံ၍ အော်ဟစ်လိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ဤအကောင်လေးသည် အလွန်ဉာဏ်ကောင်းပြီး အနေထိုင်လဲတတ်သည်ဟုဆိုရမည်ဖြစ်သည်။

သူ၏ အနှံ့သည်လည်း ထူးခြားကာ ဖှေးအား လန်းဆန်းသည့်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။

ကျေနပ်ကြောင်းကို ပြသရန်အတွက် ဖှေး၏နားများကိုပင် ယက်ပေးနေလျှက်ရှိသည်။

ဖှေးချက်ချင်းပင် ဤအကောင်လေးကို သဘောကျသွားတော့၏။

သူငယ်စဥ်က ရက်ကွန်းကောင်များပါသည့် ကာတွန်းကားများစွာကို ကြည့်ဖူးသည့်အတွက်ကြောင့် ဤအကောင်လေးသည် သူ၏ငယ်ဘ၀ကို ပြန်လည်ကာ သတိရစေသည့်အတွက်ပင်။ သူ၏ပခုံးပေါ်တွင်ရှိနေသည့် အကောင်သည် အနည်းငယ်၀ဖိုင့်ဖိုင့်ဖြစ်ပြီး အနီရင့်ရောင်အမွေးများနှင့် အဖြူအမဲအစင်ကြားအမြှီးတို့ပါရှိ၏။ ကာတွန်းဇာတ်ကောင်တစ်ကောင်ကဲ့သို့ပင်။

“အဲ့အဖိုးကြီးပြောတာတော့ မင်းက ရတနာရှာဖွေတဲ့သားရဲတဲ့။ မင်းက ဒီနေရာမှာတောင် အသက်ရှင်နေနိုင်တယ်ဆိုတော့ ထူးခြားတဲ့သားရဲတစ်ကောင်ပဲဖြစ်ရမယ်။ မင်းဒီထဲမှာ သေသွားရင် စိတ်မကောင်းစရာပဲ။ အဲ့တာကြောင့် မင်းကို အပြင်ခေါ်သွားပေမယ် သေချာကိုင်ထားနော်...”

“၀ုန်း...”

ဖှေးထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် တပြိုင်နက်သူ၏ခြေထောက်မှ အားများထွက်ပေါ်လာကာ ထွက်ပေါက်ရှိရာအရပ်ထံသို့ ပြေးသွားတော့သည်။

ဖှေး၏ ပခုံးပေါ်တွင်ရှိနေသည့် အကောင်လေးသည်လည်း ပျော်ရွှင်စွာအော်ဟစ်ရင်းဖြင့် လိုက်ပါလာနေလျှက်ရှိသည်။ သူသည် အမြန်သွားသည်နှင့် အသားကျနေသည့်ပုံပင်။

All Chapters