အပိုင်း(၁၄၂)-ဘုံခုနှစ်ဆင့်စေတီ
Vol. 002 Ch. 142
သူမ မှော်ဝင်လက်စွပ်အတွင်းမှ သေတ္တာအားထုတ်ယူလိုက်ရာ ထိုအထဲတွင် သေတ္တာနောက်တစ်လုံးပါဝင်ကာ အဆင့်ဆင့် ဖြစ်နေသည်။ အကြည့်တစ်ချက်နှင့်ပင် သူမ သတိထားမိသည်။
သူမ သေတ္တာဖွင့်လိုက်ရာ အထဲတွင် သေးငယ်သော သတ္တုအလွှာရှိနေသည်။ သူမ သတ္တုအလွှားမြင်သည်နှင့် ထိုသေးငယ်သော အပ်ကြောင်းသည် အဆင့်ဆင့်သေတ္တာ၏ အုတ်မြစ်ဖြစ်ကြောင်းကို ချက်ချင်းတွေးမိလိုက်သည်။
သူမ အဆင့်ဆင့် သေတ္တာအားယူက သတ္တုပန်းကန်ပြားထိပ်သို့ လောင်းထည့်လိုက်သည်။ အစိတ်အပိုင်းအားလုံးသည် တူညီဆဲဖြစ်နေသည်ကို သိလိုက်ရသည်။
ထိုသတ္တုပန်းကန်ပြား၏ အသုံးဝင်မှုကို သူမ မသိသောကြောင့် ကပျာကယာနှင့် သတ္တုပန်းကန်ပြားအား ပြန်ထားကာ အဆင့်ဆင့်သေတ္တာအား စစ်ဆေးရန်ယူလိုက်သည်။
“ဒါက ဘုံခုနှစ်ဆင့်စေတီပဲ” မိုရှားအသံထွက်လာကာ သူ့အရိပ်သည် လက်ပတ်အတွင်းမှ ထွက်လာသည်။
“ဘုံခုနှစ်ဆင့် စေတီဟုတ်လား၊ အဲဒါဘာလဲ” ရှီမာယူယူမေးလိုက်သည်။
“ဘုံခုနှစ်ဆင့် စေတီက အရမ်းအသုံးဝင်တဲ့လက်နက်ဖြစ်ခဲ့တာ၊ နောက်တော့် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော့ အသုံးမဝင်တော့တာ၊ ဘုံခုနှစ်ဆင့်စေတီက အဆင့်ခုနှစ်ဆင့်ရှိတယ်လို့ပြောကြတယ်၊ အလွှာတိုင်းမှာ ကိုယ်ပိုင် အသုံးဝင်တာရှိတယ်၊ ဒါပေမယ့် လူအနည်းစုက ဒါကိုပဲသိကြပြီး ဘယ်အဆင့်က ဘယ်လိုအသုံးဝင်တာလဲဆိုတာကိုတော့ မသိကြဘူး” မိုရှား စာအုပ်ပြခန်းအား ဝေ့ကြည့်ကာ ပြောလိုက်သည် “ပထမအထပ်က သိုလှောင်ခန်းလို့ငါထင်တာပဲ”
“သြော်” ရှီမာယူယူ မိုရှားအားကြည့်ကာ အေးစက်စွာပင် တုန့်ပြန်သည် “အဲနေ့က မင်းဘာလို့ထွက်မလာတာလဲ”
ရှီမာလိုင်ခေါ်သွားခြင်းခံရသော နေ့အကြောင်းကို သူမမေးသည်ကို မိုရှားသိသည်၊ ပြီးတော့ သူမ သူ့အား အပြစ်တင်မည်ကိုလည်းသိသည်။ သို့သော် သူရှင်းပြရန် အစီအစဉ်မရှိပေ။ သူ ရိုးဖြောင့်စွာပင် ဖြေလိုက်သည် “မင်းက နတ်ဆိုးမျိုးနွယ်နဲ့ အဆက်အသွယ်ရှိနေတာကို လူတကာကိုသိစေချင်တာလား၊ ဒါမှမဟုတ် ရှီမာမျိုးနွယ်က နတ်ဆိုးမျိုးနွယ်နဲ့ အပေးအယူလုပ်ထားတာလို့မင်းပြောမလို့လား”
လျင်မြန်သော တုန့်ပြန်မှုကြောင့် ရှီမာယူယူပြောမည့်စကားလုံးများအား မြိုသိပ်လိုက်တော့သည်။
သူပြောသည်မှာ မှန်သည်။ ထိုအချိန်က သူထွက်လာခဲ့ပါက ရှီမာမျိုးနွယ်သည် ဒုံချန်းနိုင်ငံတွင် တည်ရှိတော့မည်မဟုတ်ပေ။
“ငါနားလည်ပါပြီ တောင်းပန်ပါတယ် ငါမင်းကို အပြစ်မတင်သင့်ဘူး” ရှီမာယူယူပြောလိုက်သည်။
“မင်းကိုယ့်ဘာသာသိရင် ပြီးတာပဲ၊ ဒီနေရာကနေထွက်သွားတာက ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး” သူမ စိတ်ထဲမှ နာကျင်မှုအားသူလည်း ခံစားမိရာ သူမအား နှစ်သိမ့်ပေးလေသည်။
သူ့ဘဝတွင် တစ်စုံတစ်ယောက်ကိမ နှစ်သိမ့်ပေးမည်ဟု ထင်မထားပါ၊ သူဘယ်သူ့ကိုမှ မသတ်ဘူးဆိုသည်ကမှ တော်သေးသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမနှင့် ချုပ်ဆိုထားသော စာချုပ်မှတစ်ဆင့် ထူးဆန်းသော ခံစားချက်ကို ခံစားရသောကြောင့်ဖြစ်သည်။
ရှီမာယူယူ တွေးကြည့်သည်။ သူပြောသလိုပင်၊ အားလုံးကိုထားခဲ့ခြင်းသည် တစ်ခဏမျှဖြေရှင်းခြင်းသာဖြစ်သည်ကို သူမသိသည်။ ရှီမာလင်းနှင့် တခြားသူများ ပြန်သွားသည်နှင့် သူတို့အားခေါ်ရန်သေချာပေါက်ပြန်လာမည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ရလဒ်သည် တူညီလိမ့်မည်။ ထို့အပြင် တိုက်ပွဲမှာ လူများပိုပါဝင်လာလိမ့်မည်။
အကောင်းဆုံးဖြေရှင်းခြင်းမှာ ထိုနှစ်ကဖြစ်ခဲ့သော အခြေအနေကို ဖြေရှင်းရန်ဖြစ်သည်။ ထိုအချိန်ကျလျှင် ရှီမာလိုင်နှင့် တခြားသူများသည် ပုန်းရန်မလိုတော့ပဲ နေထိုင်နိုင်သွားမည်ဖြစ်သည်။
“မင်းသူတို့ကို သုံးနှစ်အတွင်းကယ်မယ်လို့ဆုံးဖြတ်ပြီးပြီမလား၊ ဒီလိုဆိုရင် ဒီမှာတွေဝေနေဖို့ အချိန်မရှိဘူး၊ ဒီလိုအချိန်မှာ မင်းရဲ့ကိုယ်ပိုင်အားတိုးလာအောင်လုပ်သင့်တယ်” မိုရှားပြောလိုက်သည်။
“ငါနားလည်ပါတယ်” ရှီမာယူယူပြောလိုက်သည်။ သူမ ဝမ်းနည်းနေရမည့်အချိန်မဟုတ်မှန်းကို သူမ သိသည်။ သူမ ရှေ့တွင် ရှိသော စေတီငယ်အား အာရုံပြန်စိုက်လိုက်သည် “အဘိုးလည်း ဒီစေတီက ဘာအတွက်ကောင်းတာလဲဆိုတာကို မသိဘူးလို့ပြောခဲ့တယ်၊ မင်းသိလား”
“ငါသိတယ်” မိုရှားပြောပြီးစတွင် ဝိညာဉ်လေး၏ အသံထွက်လာသည်။
ရှီမာယူယူ မိုရှားနှင့်အတူ ဝိညာဉ်ပုလဲအတွင်းဝင်ခဲ့သည်။ ဝိညာဉ်လေးနှင့် လင်းလုံတို့အတူရှိနေသည်ကို ကြည့်ကာ သူမမေးလိုက်သည် “ဒါဘယ်လိုသုံးရလဲမင်းသိလား”
“ကြားဖူးတယ်” ဝိညာဉ်လေးပြောလိုက်သည် “ဒီစေတီက ဟိုးအရင်က ဝိညာဉ်ရှေးဟောင်းပစ္စည်းပဲ၊ ငါ့လောက် အဆင့်မမြင့်ပေမယ့် အဲဒါရဲ့ အဆင့်ကလည်း မနိမ့်ဘူး”
ဝိညာဉ်လေးသည် သူ့ကိုယ်သူချီးမွမ်းရန်မမေ့ပဲ တခြားသူများကိုပြောလိုက်လေသည်။
“ဒါဆို ဒါရှိရင်ဘာအသုံးဝင်လဲ” ရှီမာယူယူမေးလိုက်သည်။
“ဘယ်နည်းလမ်းကိုသုံးသုံး ဒါကိုသုံးလို့မရနိုင်တော့ဘူး” ဝိညာဉ်လေးပြောလိုက်သည်။
“ဘာလို့လဲ”
“လာလို့လဲဆိုတော့ ရှေးဟောင်းပစ္စည်းရဲ့ ဝိညာဉ်ကသေသွားပြီ” ဝိညာဉ်လေးပြောလိုက်သည် “ဒီဘုံခုနှစ်ဆင့် စေတီမှာ အလင်းမရှိတာကိုကြည့်ပါလား၊ အဲဒါ ရှေးဟောင်းဝိညာဉ်မရှိဘူးဆိုတဲ့ လက္ခဏာပဲ”
“ရှေးဟောင်းဝိညာဉ်တွေလည်းသေနိုင်တာပဲလား” ရှီမာယူယူ ဝိညာဉ်လေးအားကြည့်လိုက်သည် “ဒါဆို မင်း နှစ်ပေါင်း ရာချီထောင်ချီနေပြီး မင်းမသေတော့ဘူးလား”
“ရှေးဟောင်းဝိညာဉ်အများစုက မသေကြဘူး၊ ဒါပေမယ့် ဒီဘုံခုနှစ်ဆင့် စေတီကရှေးဟောင်းဝိညာဉ်ကတော့ ထူးခြားတယ်” ဝိညာဉ်လေးပြောလိုက်သည်။ “ဒီဘုံခုနှစ်ဆင့်စေတီက ပိုင်ရှင်ကပဲမွမ်းမံတယ်လို့ပြောကြတာ ကြားဖူးတယ် သူဒါကို မွမ်းမံတဲ့အချိန်မှာ သူ့လိပ်ပြာကိုထည့်ရတယ်၊ နောက်တော့ သူသေသွားတာနဲ့ လိပ်ပြာလည်း အသက်ကြီးပြီးတဖြည်းဖြည်း ပျောက်သွားတာပဲ၊ ဒီဘုံခုနှစ်ဆင့်စေတီက ငါနဲ့မတူဘူး၊ ငါက လိပ်ပြာတွေကို ပြုစုပျိုးထောင်နိုင်တယ်”
“ဒါဆို အခုဒါကအသုံးမဝင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့” ရှီမာယူယူမေးလိုက်သည်။
“ငါဆိုလိုချင်တာနဲ့ နီးစပ်တယ်” ဝိညာဉ်လေးပြောလိုက်သည် “ဘာပဲဖြစ်ဖြစ်၊ ပထမအဆင့်က သိုလှောင်ရုံက သုံးလို့ရသေးတယ်၊ အပေါ်အဆင့်က နည်းနည်းလောက်ပဲဖွင့်လို့မရမှာ”
“တခြားနည်းလမ်းမရှိတော့ဘူးလား” ရှီမာယူယူ အနည်းငယ်စိတ်ပျက်သွားသည်။ ဒီအရာသည် ရှေးဟောင်းအချိန်တုန်းက ကျန်ရှိခဲ့သည့်အရာဆိုလျှင် ထူးခြားမည်အမှန်ပင်။
“မရှိဘူး” ဝိညာဉ်လေးသည် ခေါင်းကို တန်းရမ်းလိုက်သည် “သိုလှောင်ရုံနေရာကိုသာ သုံးပါ”
ရှီမာယူယူ ဝိညာဉ်လေး၏ခေါင်းအားခေါက်ကာ ပြောလိုက်သည် “မင်းလို အကန့်အသတ်မရှိတဲ့ သိုလှောင်ရုံရှိနေမှာတော့ ငါက သိုလှောင်ရုံဘာလို့ထပ်လိုတော့မှာလဲ”
“အဲဒါလည်းမှန်တာပဲ ဒါဆို လွှတ်ပစ်လိုက်တော့” ဝိညာဉ်လေးပြောလိုက်သည်။
ရှီမာယူယူ သူ့ခေါင်းအားခေါက်ပြန်သည်။ ထိုပစ္စည်းသည် အသုံးမဝင်တော့သော်လည်း သူမ စာအုပ်ပြခန်းအား အသုံးပြု၍ရသေးသည်။
“ဟူး နှမြောစရာကောင်းလိုက်တာ၊ အထက်ကအဆင့်တွေမှာ တန်ဖိုးကြီးပစ္စည်းတွေရှိလိမ့်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ” ရှီမာယူယူပြောလိုက်သည်။
“တကယ်တော့ နည်းလမ်းမရှိတာတော့မဟုတ်ဘူး” မိုရှားပြောလိုက်သည်။
“မင်းသိတာလား” အစပိုင်းတွင် မှိန်နေသော ရှီမာယူူယူ၏မျက်လုံးများသည် တောက်ပလာသည်။ သူမအကြည့်များသည် မိုရှားဆီသို့ ချက်ချင်းပြောင်းသွားသည်။
“ဖြစ်နိုင်မလားဆိုတာတော့ ငါလည်းသေချာမသိဘူး” မိုရှားပြောလိုက်သည် “ဒါကလည်း ရှေးဟောင်းပစ္စည်းဆိုတော့ ဝိညာဉ်ပုလဲနဲ့များ ဆက်စပ်မှုရှိမလားခန့်မှန်းမိတာပဲ”
“ဆက်စပ်တယ်ဟုတ်လား” ရှီမာယူယူနှင့် ဝိညာဉ်လေးသည် တပြိုင်နက်အော်လိုက်ကြသည်။
မိုရှားခေါင်းညိတ်ကာ ပြောလိုက်သည် “ဘုံခုနှစ်ဆင့် ရှေးဟောင်းပစ္စည်းရဲ့ ဝိညာဉ်ကပျောက်သွားတာက အသုံးမပြုလို့ပဲ၊ ဝိညာဉ်ပုလဲနဲ့သာ ဆက်သွယ်ပေးလိုက်ရင် ဝိညာဉ်အသစ်ပြန်ရလာပြီး ထိပ်ပိုင်းအဆင့်တွေကို ဖွင့်လို့ရနိုင်လောက်တယ်”
“ဒါပေမယ့် ဒါကိုမွမ်းမံဖို့ ငါတို့လက်နက်သခင်မလိုဘူးလား” ရှီမာယူယူမေးလိုက်သည် “ငါ လက်နက်သခင်ကို ဘယ်သွားရှာရမှာလဲ၊ ပြီးတော့ ဒီအခြေအနေမှာ လျှို့ဝှက်ချက်ကိုထိန်းလို့မရဘူး၊ အဲဒါက ပိုမဖြစ်နိုင်ဘူး”
“မင်းလက်ကောက်ကို ဘယ်သူမွမ်းမံပေးတာလဲ မင်းမေ့သွားပြီလား” မိုရှားမေးလိုက်သည်။
ရှီမာယူယူ သူမလက်မှ လက်ကောက်အားတွေးကာပြောလိုက်သည် “မင်းက လက်နက်သခင်လို့ပြောလိုက်တာလား”
“ဘယ်လိုမွမ်းမံရမလဲ ငါသိတယ်” မိုရှားပြောလိုက်သည်။
“အဆင့် ဘယ်လောက်လဲ”
“အပိုတွေ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဘုံခုနှစ်ဆင့် စေတီနဲ့ ဝိညာဉ်ပုလဲနဲ့ကို ချိတ်ဆက်နိုင်တယ်” မိုရှားပြောလိုက်သည်။
“လာပြန်ပြီလား” ရှီမာယူယူ သူ့အားကြည့်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် သူ၏ အဂ္ဂိရတ်ပညာအဆင့်မေးတုန်းကလည်း ထိုသို့ပြုမူခဲ့သည်။ အခုလည်း ထိုသို့ပြုလုပ်ပြန်သည်၊ သားနားသောပုံစံ မလုပ်ရရင် သူသေသွားမှာလား။
“ဒါဆို အခုငါတို့ဘာလုပ်ရမှာလဲ” ရှီမာယူယူမေးလိုက်သည်။
“ငါရှင်ပြရင်တောင် မင်းနားမလည်နိုင်ပါဘူး”
“….” ရှီမာယူယူ ပြောစရာစကားလုံးမဲ့ကာ မိုရှားအားစိုက်ကြည့်လိုက်သည်။ ဒီမှာ သူမအားအထင် မသေးတဲ့သူဘယ်သူရှိသေးလဲ။
ဒီလူ၊ သူသည် သားရဲထိန်းကျောင်းခြင်းနှင့် အဂ္ဂိရတ်ပညာသိသည့်အပြင် အဆင့်မြင့်လက်နက်သခင်ဖြစ်လိုက်သေးသည်။ တခြားသူများသည် သူမအား ပါရမီရှင်အဖြစ်မြင်ကြသည်။ သို့သော် သူမမှာ ထိုလူသာ အစစ်အမှန်ဖြစ်ကြောင်းကို ဘာလို့ခံစားမိတာလဲ။
“ကောင်းပြီ မင်းမပြောချင်လည်း ထားလိုက်တော့” ရှီမာယူယူပြောလိုက်ကာ မိုရှားအား လေးနက်စွာကြည့်ပြီးမေးလိုက်သည် “ဘုံခုနှစ်ဆင့် စေတီနဲ့ ဝိညာဉ်ပုလဲနဲ့ ချိတ်ဆက်လိုက်ရင် ဝိညာဉ်လေးပျောက်သွားမှာလား”
“သူပျောက်သွားရင်ဘာဖြစ်လဲ”
“သူပျောက်သွားမယ်ဆိုရင် ငါလက်လျော့လိုက်မှာ”
ရှီမာယူယူဘေးတွင်ရပ်နေသော ဝိညာဉ်လေးသည် သူမပြောသည်ကို ကြားသောအခါ သူမတစ်ကိုယ်လုံးသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။