← Chapters

အခန်း (၆၄၇)

Vol. 41 Ch. 647

အခန်း (၆၄၇)

Vol. 41 Ch. 647

“မရဘူး...ကမ္ဘာကျောက်တုံးရဲ့စွမ်းအင်တွေက ကျယ်ပြန့်လွန်းတယ်...ကစဥ့်ကလျားပုလ္လင်က ခံနိုင်မှာမဟုတ်ဘူး...”

ကိန်း၏ စကားမဆုံးသေးခင်မှာပင် ဖှေးသည် ကမ္ဘာကျောက်တုံးအား ကျောက်ပုလ္လင်၏ အချိုင့်အတွင်းသို့ ထည့်လိုက်ပြီးဖြစ်သည်။

ချက်ချင်းပင် ကျောက်တုံးအခန်းထဲတွင်ပြည့်နှက်နေသည့် အပြာရောင်အလင်းရောင်များအားလုံးကို ပုလ္လင်မှ စုပ်ယူသွားတော့၏။ အချိုင့်၏ ပတ်ပတ်လည်တွင်ရှိနေသည့် အစင်းကြောင်းများထဲတွင် အပြာရောင်အလင်းရောင်များတောက်ပလာပြီး လူသားခန္ဓာကိုယ်၏ သွေးကြောများကဲ့သို့ပင်။ ကမ္ဘာကျောက်တုံးထဲမှ စွမ်းအင်များကို စုပ်ယူနေရင်းဖြင့် ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေတော့၏။

ဖှေးနှင့် ကိန်းတို့နှစ်ယောက်လုံး ဤမြင်ကွင်းကြောင့် မင်သက်သွားကြရသည်။

ရက်ကွန်းနှင့် တစ်ခုခုပြုလုပ်နေသည့် အာကာရာပင် ဤမြင်ကွင်းကို ငေးကြည့်နေမိကြ၏။

များပြားလှသည့်စွမ်းအင်များသည် ကမ္ဘာကျောက်တုံးမှ ပုလ္လင်ထံသို့ စီး၀င်နေလျှက်ရှိပြီး ပင်လယ်လှိုင်းလုံးများကဲ့သို့သော ဆူညံသံများကိုလည်း ဖှေးကြားနေရ၏။ တဖြည်းဖြည်ဖြင့် ပုလ္လင်ပေါ်တွင်ရှိနေသည့် အစင်းကြောင်းများသည် ပို၍ ကြီးမားလာတော့၏။ ယခင်က သွေးကြောမျှင်များဆိုပါက ယခုအချိန်တွင် သွေးကြောကြီးများကဲ့သို့ပင်။

လက်မခန့်အရွယ်စားရှိသည့် သွေး​ေကြာကြီးနှစ်ခုရှိနေပြီး ထိုသွေးကြောကြီးများသည် ပို၍ သေးငယ်သည့် သွေးကြောများထံသို့ စွမ်းအင်များထောက်ပံ့ပေးနေလျှက်ရှိသည်။

နောက်ဆုံးတွင် သိပ်သည်းသည့် အပြာရောင်အစင်းကြောင်းများသည် ကျောက်ပုလ္လင်ကိုပင် လွှမ်းခြုံသွားတော့၏။

ဤမြင်ကွင်းသည် အလွန်ပင်ထူးဆန်းလှသည်။ ခြောက်သွေ့နေသောအလောင်းကောင်အသက်၀င်လာသကဲ့သို့ပင်။ သွေးကြောများ ကျုံ့ခြင်းဆန့်ခြင်းဖြစ်ပေါ်လာသည့်အချိန်တိုင်းတွင် နှလုံးခုန်နေသကဲ့သို့ပင်ဖြစ်နေ၏။

တစ်ချိန်တည်းမှာပင် အချိုင့်ထဲတွင်ထည့်ထားသည့် ကမ္ဘာကျောက်တုံးသည်လည်း မြင်နိုင်စွာပင် တဖြည်းဖြည်း သေးငယ်လာနေလျှက်ရှိသည်။

ဤဖြစ်ရပ်သည့် ဆယ်မိနစ်ခန့်ဆက်တိုက်ဖြစ်နေ၏။

နောက်ဆုံးတွင် ပုလ္လင်သည် လုံလောက်သည့်စွမ်းအင်ကို ရရှိသွားသည့်အတိုင်းပင် စွမ်းအင်များစုပ်ယူနေခြင်းကို ရပ်တန့်လိုက်တော့၏။ ကမ္ဘာကျောက်တုံးသည် ယခုအချိန်တွင် ဒင်္ဂါးပြားငယ်အရွယ်စားခန့်သာကျန်တော့၏။

ဤအခိုက်တန့်တွင် ကစဥ့်ကလျားခြင်းပုလ္လင်သည် ပြောင်းလဲမှုများစွာဖြစ်ပေါ်လာတော့သည်။

သွေးကြောများသည် တစ်ခုပြီးတစ်ခုဖြေးညှင်းစွာပျောက်ကွယ်လာပြီး ယခင်ကမရှိခဲ့သည့် သင်္ကေတများသည်လည်း ပုလ္လင်ပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။ မမြင်နိုင်သည့်လက်ကြီးသည် ပုလ္လင်အား ပြန်လည်ဖန်တီးနေသည့်အတိုင်းပင် မီးခိုးရောင်ကြမ်းရှသည့် ပုလ္လင်သည် ယခုအချိန်တွင် ပို၍ အရောင်သွေးစုံလင်ကာ တောက်ပလာတော့၏။ ကြမ်းတမ်းသည့်မျက်နှာပြင်သည်လည်း ချောမွေ့ကာ တောက်ပနေတော့သည်။

အရုပ်ဆိုးသည့် ဘဲတစ်ကောင်သည် ငန်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အတိုင်းပင်။ ကစဥ့်ကလျားခြင်းပုလ္လင်သည် လုံး၀ပင်ပြောင်းလဲသွားတော့၏။

နဂါးကဲ့သို့သော သားရဲရုပ်တုနှစ်ခုသည် ပုလ္လင်၏ ဘေးနှစ်ဖက်တွင်ရှိနေကြသည်။ သူတို့၏ တောင့်တင်းသော ခန္ဓာကိုယ်များသည် လက်တန်းများဘေးတွင်ရှိနေကြပြီး သူတို့ခေါင်းများကို လက်တန်းပေါ်သို့ တင်ကာ ပါးစပ်ဟထားကြ၏။ ချွန်ထက်သည့်အစွယ်များကို အတိုင်းသားမြင်နေရကာ အသက်ရှင်နေသည့်အတိုင်းပင်။ ထို့အပြင် ပုလ္လင်၏ အောက်တွင်ရှိသည့် လှေကားပေါ်တွင်လည်း သားရဲကောင်မျိုးစုံ၏ ရုပ်ပုံများကို ထွင်းထား၏။ သူတို့၏မျက်လုံးများသည် နတ်ဆိုးမျက်လုံးများကဲ့သို့ပင်။

လက်တန်းများ သားရဲကောင်းများ၏ဘေးတွင် မျက်နှာကိုကောင်းစွာမြင်တွေ့ရခြင်းမရှိသည့် နတ်သမီးရုပ်တုနှစ်ခုရှိနေ၏။ သူတို့သည် ပန်းကန်ပြားတစ်ချပ်စီကိုင်ကာ ဒူးထောက်နေကြပြီး ထိုရုပ်တုများသည်၁မီတာအရွယ်စားထက်ပင် ပို၍သေးငယ်၏။ ထိုရုပ်တုနှစ်ခု၏ နောက်တွင် စစ်သည်ရုပ်တုနှစ်ခုရှိနေ၏။ သူတို့သည် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားကြပြီး ပုလ္လင်၏ ပိုင်ရှင်ကို သစ္စာရှိစွာဖြင့် တာ၀န်ထမ်းဆောင်နေသည့် စစ်ပွဲနတ်ဘုရားနှစ်ပါးကဲ့သို့ပင်။

ထိုရုပ်တုလေးရုပ်လုံးသည် အသက်၀င်လှပြီး သူတို့၏မျက်လုံးများကို ပိတ်ထားကြ၏။ သူတို့၏မျက်လုံးများကို ဖွင့်လိုက်ပါက အသက်၀င်လာလိမ့်မည်ဟုပင် ဖှေးတွေးလိုက်မိသည်။

ဖှေးအတွက် အနည်းငယ်အံ့ဩစရာကောင်းနေသည်မှာ နတ်သမီးနှစ်ပါးကိုင်ထားသည့် ပန်းကန်ပြားများနှင့် စစ်သည်နှစ်ယောက်ဆန့်တန်းထားသည့် လက်ဖ၀ါးများပေါ်တွင် တစ်စုံတစ်ခုရှိနေရမည်ဖြစ်သည်။ ယခုအချိန်တွင် တစ်ခုခုလိုနေသကဲ့သို့ ခံစားနေရ၏။

ပုလ္လင်၏အရောင်သည် ငွေရောင်ဖြစ်နေဆဲဖြစ်သော်လည်း ပို၍ ချောမွေ့ကာ တောက်ပနေ၏။

“ဒါက ကစဥ့်ကလျားခြင်းပုလ္လင်ရဲ့ နောက်ဆုံးပုံသဏာန်လား...”

ဖှေးသူခံစားနေရသည့် အံ့ဩတုန်လှုပ်မှုများကို ထိန်းချုပ်ကာ ပုလ္လင်ထံသို့ လမ်းလျှောက်သွားလိုက်သည်။

ပုလ္လင်သည် ဖှေးချည်းကပ်လာသည်ကို အာရုံခံနိုင်သည့်အတိုင်းပင်ဖြေးညှင်းစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။ မြေပြင်ပေါ်သို့ ကျရောက်လာသည့်အချိန်တွင် ဖုန်မှုန့်များကိုပင် လွှင့်စင်သွားစေခြင်းမရှိပဲ ငှက်မွေးတစ်ချောင်းကဲ့သို့ပင် ပေါ့ပါးနေ၏။

ဖှေးလှေကားများပေါ်မှတက်ကာ ပုလ္လင်ပေါ်တွင် ထိုင်ကြည့်လိုက်သည်။

“ဒီ ခံစားချက်...ငါက ပုလ္လင်နဲ့ တစ်သားထဲဖြစ်လာသလိုပဲ...”

ဖှေး ထိုင်ခုံပေါ်တွင်ထိုင်ရင်းဖြင့် လက်တန်းများပေါ်တွင် လက်တင်လိုက်သည်။ သူသည် နွေးထွေးကာချောမွေ့သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး အလွန်ပင် သက်တောင့်သက်သာရှိလှ၏။ သူနှင့် ပုလ္လင်တို့သည် သွေးသားခြင်းဆက်နွယ်နေသကဲ့သို့ပင် ခံစားနေရပြီး သူသည် ဤကမ္ဘာပေါ်မှ သက်ရှိများအားလုံးကို ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့လည်းခံစားလိုက်ရသည်။

ဖှေး၏ပခုံးပေါ်တွင်ရှိနေသည့် ရက်ကွန်းသည်လည်း မျက်လုံးများကျဥ်းမြောင်းကာ ဟိုကြည့်ဒီကြည့်လုပ်နေရင်းဖြင့် သူသည်လည်း ဤပုလ္လင်ပေါ်တွင်ထိုင်ရသည်ကို သဘောကျနေသလိုပင်။

“ဟားဟား ဒါက ပုလ္လင်အစစ်မှန်ပဲ...ဟားဟား စိတ်၀င်စားစရာပဲ...” ကိန်းသည် သူ၏မုတ်ဆိတ်များကို သပ်ကာ မှတ်ချက်ပြုလိုက်၏။ သူ့အတွက်ဖြစ်ခဲ့သမျှအရာအားလုံးသည် ရှုပ်ထွေးသည့် ပုစ္ဆာတစ်ခုကို ဖြေရှင်းနိုင်သကဲ့သို့ ခံစားနေရ၏။ သူသည် အလွန်ပင်ပျော်ရွှင်နေပြီး ဤပုလ္လင်အသစ်အား သူ၏လက်များဖြင့် ထိကြည့်ချင်နေ၏။

သူပြောလိုက်သည်။ “ဖှေး မင်းရတနာအစစ်မှန်တစ်ခုရလာတယ်လို့ ငါမင်းကို ပြောသားပဲ။ ဒီပုလ္လင်က နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုနဲ့ ဘာမှမကွာဘူး။ ဟဟ...အား...”

ကိန်းပုလ္လင်ကို မထိနိုင်ခင်မှာပင် မမြင်နိုင်သည့်စွမ်းအားတစ်ခုထွက်ပေါ်လာကာ သူ့အား တွန်းထုတ်လိုက်၏။ မထင်မှတ်ထားသည့်အတွက်ကြောင့် ကိန်းသည် မြေပေါ်သို့ ပစ်လဲသွားတော့သည်။

ဖှေးအံ့ဩသွား၏၊ သူပုလ္လင်ပေါ်မှ အမြန်ခုန်ဆင်းကာ ကိန်းအားထူပေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ။ ကျွန်တော်လဲ ဘာမှမလုပ်ပါဘူး။ ဒီပုလ္လင်က တစ်ခြားလူတွေကို ငြင်းဆိုနေတာလား...”

“မစိုးရိမ်ပါနဲ့ ဟားဟားဟား စိတ်၀င်စားစရာပဲ...” ကိန်းသည် ဗဟုသုတရှာဖွေလိုသည့် စိတ်ရှိနေဆဲပင်။ ခန္ဓာကိုယ်ပေါ်တွင် ပေကျံနေသည့် ဖုန်မှုန့်များကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဖှေးအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ “မင်းဘာလို့ ဆင်းလိုက်တာလဲ။ သွားသွား အမြန်ပြန်ထိုင်ပြီး ဒီပုလ္လင်က ဘာတွေလုပ်နိုင်လဲဆိုတာ စမ်းကြည့်လိုက်။ မင်းက အချိန်နဲ့အာကာတကိုတောင် ဖြန်သန်းခရီးသွားနိုင်မယ်လို့ ခံစားခဲ့ရတယ်ဆို။ အဲ့လိုတကယ်လုပ်လို့ ရလား စမ်းကြည့်လိုက်ဦး...”

ဖှေးဆွံအသွားသည်။

ကိန်းသည် တစ်ခါတစ်ရံတွင် အနည်းငယ်ဒေါသကြီးသော်လည်း သူ၏ ကျွမ်းကျင်ကာ အလုပ်အပေါ်တွင် အလေးနက်ထားသည့် စိတ်ဓာတ်သည် ဖှေး ဘာမှပြန်မပြောနိုင်သည့်အရာတစ်ခုပင်။

ဤလောဘကြီးကာ ကြောက်တတ်သည့်အဖိုးကြီးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဉာဏ်ပညာအရှိဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူ၏ ပြင်းပြသော သိလိုစိတ်များဖြင့်လေ့လာခဲ့ရာ ဒိုင်ယာဘလိုကမ္ဘာထဲတွင် ရှိသည့် အတိတ်နှင့် လက်တွေ့တို့မှ လျို့၀ှက်ချက်များအားလုံးကို သိရှိခဲ့သည်။ ဗဟုသုတစုံလင်သည့် နေရာတွင် အာကာရာကိုယ်တိုင်ပင် ကိန်းအား ယှဥ်နိုင်ခြင်းမရှိပေ။

ကစဥ့်ကလျားပုလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီးသည့်နောက်တွင် ဖှေးသူ၏လက်များကို လက်တန်းပေါ်တွင်ရှိသည့် နတ်သားရဲကောင်ကြီးများ၏ ခေါင်းပေါ်တွင်တင်လိုက်သည်။

ရုတ်တရက်ပင် ဒဏ္ဏာရီလာနန်းတော်၏ လယ်ဗယ်၃၆ဒေသအားတွေးလိုက်မိပြီး ဤပုလ္လင်သည့် သူ့အား ထိုနေရာသို့ ပို့ဆောင်ပေးလား စဥ်းစားကြည့်လိုက်မိသည်။

သူထိုကဲ့သို့ တွေးလိုက်လျှင်တွေးလိုက်ခြင်းပင် ပုလ္လင်သည် ညင်သာစွာတုန်ခါသွားတော့၏။

“ဟမ်...ဟာ ပျောက်သွားပြီ...” ကိန်းသည် အလွန်ပင် ထိတ်လန်သွားကာ ပါးစပ်အဟောင်းသားပင်ဖြစ်နေတော့သည်။

လေပေါ်တွင် လှိုင်းများထွက်ပေါ်လာပြီး ရက်ကွန်းကောင်လေး၊ ဖှေးနှင့် ပုလ္လင်တို့ပျောက်ကွယ်သွားတော့၏။ စွမ်းအင်အရှိန်၀ါများ၊ ဆူညံသံများထွက်ပေါ်လာခြင်းမရှိပေ။ လေထဲတွင် ပျောက်ကွယ်သွားခြင်းပင်။

“ဘုရားရေ အဲ့ပုလ္လင်က ဘယ်လို နတ်ဘုရားအဆင့်ပစ္စည်းမျိုးပါလိမ့်။ နတ်ဘုရားတစ်ပိုင်းမှော်အစီရင်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီအခန်းထဲကနေတောင်ထွက်သွားနိုင်တာ အဲ့ပုလ္လင်မသွားနိုင်တဲ့ နေရာ ဒီစကြ၀ဌာထဲမှာ ရှိပါဦးမလား....”

ဓာတ်ခွဲခန်း၏ နံရံပေါ်တွင်တောက်ပနေသည့် မှော်အစီရင်များကို ကြည့်လိုက်ရင်းဖြင့် ဖှေးတုန်လှုပ်သွားမိသည်။

ဤအခန်းအား တည်ဆောက်ထားသည့် ပစ္စည်းမှာ တကယ်တန်းတွင် နတ်ဘုရားတစ်ပိုင်းအဆင့်မှော်အစီရင်များကို သိပ်သည်းထားခြင်းပင်။ ထိုအစီရင်များသည် ဟင်းလင်းပြင်ထဲတွင်ရှိသည့် ကစဥ့်ကလျားစွမ်းအင်များကို ကာရံထားသည်။ သို့သော်လည်း ပုလ္လင်သည် လွယ်ကူစွာပင်ဖြတ်ကျော်သွား၏။ ဤကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်အရာမှ ဖှေးအား တားဆီးနိုင်ခြင်းမရှိတော့သလိုဖြစ်နေသည့်အတွက် တုန်လှုပ်ဖွယ်ပင်။

“မဟုတ်လောက်ဘူး ဒီကိုကြည့်လိုက်...”

သူမ၏အလုပ်ဖြင့် အလုပ်များနေသည့်အာကာရာသည် အခန်းထဲတွင်ရှိနေသည့် အပြာရောင်ပေါ်တယ်အား ညွှန်ပြကာ ပြောလိုက်သည်။ “အဲ့ပေါ်တယ်ကလည်း ဒီနေရာကို ရောက်ဖို့အတွက် နတ်ဘုရားတစ်ပိုင်းအဆင့် မှော်အစီရင်တွေကို ထိုးဖောက်လာစရာမလိုဘူး။ ဖှေးက ပုလ္လင်ရဲ့စွမ်းအားအစစ်မှန်ကို မသုံးနိုင်သေးဘူး။ အဲ့တာကြောင့် လောလောဆယ်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်အစီရင်တွေနဲ့ ဖန်တီးထားတဲ့ နံရံတွေကို ထိုးဖောက်နိုင်ဦးမှာမဟုတ်ဘူး...”

......

......

ဒဏာရီလာနန်းတော်၏ လယ်ဗယ်၃၆ ဒေသတွင်ဖြစ်သည်။

အနီရောင်နှင့် ရွှေရောင်အလင်းတန်းနှစ်ခုသည် ကောင်းကင်ပေါ်တွင် တစ်ခုနှင့်တစ်ခုတိုက်ခိုက်နေလျှက်ရှိသည်။ သို့သော်လည်း သာမန်စစ်သည်များသည် သူတို့အား သတိထားမိလိမ့်မည်မဟုတ်ပေ။ ရွှေရောင်အလင်းတန်းသည် အနီရောင်အလင်းတန်းအား အဆက်မပြတ်ပင်လိုက်နေလျှက်ရှိသည်။

“ယရှင်း မင်းက င့ါကို ဒီလို ဖိအား ပေးရဲတယ်ပေါ့။ ငါကျိမ်ပြောရဲတယ်။ ငါအပြင်ကိုရောက်တာနဲ့ လီယွန်အင်ပါယာရဲ့ တော်၀င်မှော်အစည်းရုံးကို ခေါ်လာပြီးတော့ မင်းရဲ့ ဇီးနစ်အင်ပါယာလေးကို သိမ်းပိုက်ပြမယ်...”

ထွက်ပြေးနေသည့်အနီရောင်အလင်းတန်သည် အင်ပါယာအရှင်သခင်ယရှင်းအား အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သည့် နေအဆင့်သခင်ဒိုမိန်းပင်။

All Chapters