← Chapters

အခန်း (၆၄၈)

Vol. 41 Ch. 648

အခန်း (၆၄၈)

Vol. 41 Ch. 648

“ဟားဟား မင်းက ဒီနေ့ထွက်ပြေးနိုင်လိမ့်မယ်လို့ ထင်နေတာလား။ မဖြစ်နိုင်ဘူး...”

ကျယ်လောင်ကာ ထည်၀ါသည့်အသံတစ်ခုထွက်ပေါ်လာသည်။

ထိုလူသည် “ယရှင်းက ဘယ်သူ့ထက်မှ မနိမ့်ကျဘူး” ဟုဆိုခဲ့သည့် အင်ပါယာအရှင်သခင် ယရှင်းပင်။

သူသည် လပြည့်နောက်ဆုံးအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်သော်လည်း လက်ရှိတွင် နေအဆင့်သခင်တစ်ယောက်အား လိုက်သတ်နေလျှက်ရှိ၏။

“၀ှစ် ၀ှစ် ၀ှစ်...”

ရွှေရောင်စွမ်းအင်အလင်းတန်းများသည် ပို၍ လျှင်မြန်စွာပင် ပျံသန်းသွားပြီး အရှေ့မှပြေးနေသည့်အနီရောင်အလင်းတန်းအား ၀င်တိုက်လိုက်သည်။

ရွှေရောင်စွမ်းအင်အလင်တန်းတစ်ခုခြင်းစီတိုင်းသည် ရှေ့တွင်ရှိသည့် အနီရောင်စွမ်းအင်စက်လုံးအား ၀င်တိုက်လိုက်သည့်အချိန်တိုင်းတွင် ထိုစွမ်းအင်စက်လုံးသည် အနည်းငယ်မှေးမိန်သွားလိမ့်မည်ဖြစ်၏။ မကြာမှီတွင် အက်ကွဲလာတော့မည်ဖြစ်သည်။

“ယရှင်း မင်းင့ါကို ချောင်ပိတ်အောင်မလုပ်နဲ့...” ဒိုမိန်းသည် ဒေါသဖြင့်အော်ဟစ်လိုက်ပြီး ပတ်၀န်းကျင်မှ မီးစွမ်းအင်များကို စုပ်ယူလိုက်သည်။

သူသည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့်အတွက် သူ၏ မှော်စွမ်းအင်များသည် လအဆင့်စစ်သည်များထက်များစွာပို၍ သာလွန်နေ၏။ သို့သော် ရွှေရောင်အလင်းတန်းများ သူ၏စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် စက်လုံးအား ၀င်တိုက်လိုက်သည့်အချိန်တိုင်းတွင် သူ၏ မှော်စွမ်းအင်များပျက်ဆီးသွားရ၏။ ယရှင်း၏ စွမ်းအင်များသည် သဘာ၀အတိုင်းပြန်လည်ကာ တုန့်ပြန်တိုက်ခိုက်နေသလိုပင်။

“မင်းက အတော်စကားများတဲ့ကောင်ပဲ...”

ယရှင်း အေးစက်စွာပြောလိုက်ပြီး အညှာပေးခြင်းမရှိပေ။ ရွှေရောင်အလင်းတန်းများစွာသည် စွမ်းအင်စက်လုံးအား ၀င်တိုက်လိုက်သည်။ ဒိုမိန်းအား အသက်ရှူချိန်ပင် ပေးခြင်းမရှိပေ။

“မင်း င့ါနောက်ကို လိုက်နေတာ ဆယ်နေ့ဆယ်ညရှိနေပြီ။ မင်းက စည်းကျော်နေတာပဲ။ ငါဆက်ပြီးတော့ ထွက်ပြေးနေမှာမဟုတ်တော့ဘူး။ ဟီးဟီးဟီး ငါအကုန်ရင်းလိုက်ပြီး မင်းကို နေအဆင့်သခင်တစ်ယောက်ရဲ့ ဒေါသကို ခံစားခိုင်းလိုက်မယ်...”

သူဒေါသမထိန်းနိုင်တော့သလိုပင် ဒိုမိန်းသည် တစ်ဖက်သို့လှည့်ကာ လေပေါ်တွင်ရပ်နေလိုက်သည်။ သူလွတ်မြောက်နိုင်ခြင်းမရှိတော့သည်ကို နားလည်လိုက်ပြီး ပြန်လည်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။ သူသည် ကျယ်လောင်စွာဖြင့် မန္တန်ရွတ်ဆိုလိုက်ပြီး ဤကမ္ဘာထဲတွင်ရှိနေသည့် မီးစွမ်းအင်များအားလုံးကို စုပ်ယူနေသကဲ့သို့ပင်။

“ဟမ် မင်းက နောက်ဆုံပြန်တိုက်တော့မှာပေါ့။ ကောင်းပြီလေ ငါမင်းရဲ့စွမ်းဆောင်ရည်ကို မျှော်လင့်နေမယ်...”

အင်ပါယာယရှင်းကိုယ်တိုင်လည်း ခနရပ်လိုက်သည်။ သူသည် ဒိုမိန်းနင့် မီတာ၁၀၀ခန့်ကွာဝေးသည့်နေရာတွင်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင်ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပနေရင်းဖြင့် သူသည်လှုပ်ရှားခြင်းမရှိသေးပေ။ အင်ပါယာအစစ်မှန်တစ်ပါးကဲ့သို့ပင် ယုံကြည်ချက်အပြည့်ရှိကာ တည်ငြိမ်နေ၏။

“နေမင်းထက်ပိုပြီးမှောင်မိုက်ကာ သွေးထက်ပိုပြီး အရသာရှိတဲ့ အရာတစ်ခု...ငါ့ကို နတ္တိလောကရဲ့စွမ်းအင်တွေပေးပါ...နိုးထစမ်း..င့ါကို...”

ဒိုမိန်းသည် မန္တန်များရွတ်ဆိုနေရင်းဖြင့် မီးဂုဏ်သတ္တိဓာတ်များကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ပေါ်တွင် နေနောက်တစ်စင်းထွက်ပေါ်လာသည့်အတိုင်းပင်။ လေထုသည် ပူနွေးခြောက်သွ့လာပြီး မြေအောက် မီတာ၁၀၀၀ခန့်အကွာတွင်ရှိနေသည့်မျက်ပင်များပင် မီးလောင်လာကြတော့၏။ အပူရှိန်မြင့်တတ်လာသည်နှင့်အမျှ မြေပြင်ပင် စတင်၍ အက်ကွဲလာတော့သည်။ မီးကမ္ဘာအသစ်တစ်ခုဖြစ်ပေါ်လာသည့်အတိုင်းပင်။

နောက်ဆုံးတွင် မန္တန်ရွတ်သံများရပ်တန့်သွားတော့၏။

“ဟားဟား ယရှင်း မင်းက ယုံကြည်ချက်လွန်ကဲနေတဲ့ကောင်ပဲ။ လအဆင့်သိုင်းဆရာတွေက နေအဆင့်သခင်တွေရဲ့စွမ်းအားတွေကို တွေးနိုင်မှာတောင်မဟုတ်ဘူးလို့ မင်းကို ပြောခဲ့သားပဲ။ ဟားဟား ငါမင်းကို တိုက်ပွဲတစ်ခုမှာအနိုင်မယူနိုင်ဘူးဆိုပေမယ့် ငါအသက်နဲ့ရင်းပြီးတော့ မင်းကို တိုက်ခိုက်မယ်ဆိုရင်တော့ မင်း ပေးဆပ်ရတော့မှာပေါ့။ ဟားဟားဟား သေစမ်းကွာ..လောင်စမ်း...ရင်းမြစ်ကို လောင်ကျွမ်းခြင်း...[မီးနတ်ဘုရားအနမ်း..]

သူထိုကဲ့သို့ ပြောလိုက်လျှင်ပြောလိုက်ခြင်းပင် ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။

မီတာ၁၀၀၀ခန့်မြင့်မားသည့် မီးတောက်များဖြင့် ပြုလုပ်ထားသော သတ္တ၀ါကြီးတစ်ကောင်ထွက်ပေါ်လာ၏။ ဆူးချွန်များဖြင့် ပြုလုပ်ထားသည့် သရဖူတစ်ခုကို ၀တ်ဆင်ထားပြီး ကြီးမားသည့် မှော်တောင်​ေ၀ှးကြီးတစ်ခုကိုလည်းကိုင်ဆောင်ထားသည်။ ပစ္စည်းနှစ်ခုလုံးအားမီးတောက်များဖြင့် ဖန်တီးထားခြင်းပင်။ မျက်လုံးများမှ မီးတောက်များထွက်ပေါ်လာပြီး ခန္ဓာကိုယ်အား တိမ်းစောင်းကာ သူ၏ ပါးစပ်အား ဟလိုက်၏။ အင်ပါယာအရှင်သခင်ယရှင်းအား စုပ်ယူ၏ စားသောက်ရန်ကြိုစားနေခြင်းပင်။

“ဟမ် ရင်းမြစ်ကို လောင်ကျွမ်းခြင်းဟုတ်လား...”

အင်ပါယာအရှင်သခင်ယရှင်းသည်လည်း လေးနက်သွား၏။

သူသည် ချက်ချင်းပင်အနောက်သို့ ဆုတ်လိုက်ပြီး ရွှေရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာလောင်ကျွမ်းလာတော့သည်။ သူ၏ လက်များကို ​ေ၀ှ့ရမ်းလိုက်ပြီး ဓားသွားများ ဓားများကို ရွှေရောင်စွမ်းအင်များဖြင့် ဖန်တီးလိုက်သည်။ မကြာမှီတွင် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားတော့၏။ အင်ပါယာအရှင်သခင်ယရှင်းသူ၏ လက်ကို ရှေ့သို့ တွန်းလိုက်သည့်အချိန်တွင် ရွှေရောင်လက်နက်များသည် မီးသတ္တ၀ါကြီးထံသို့ ဥက္ကာပျံခဲများကဲ့သို့ ပျံသန်းသွားတော့သည်။

“ဟားဟား အသုံးမ၀င်ဘူး။ ရင်းမြစ်ကို လောင်ကျွမ်းပြီးထုတ်ထားတဲ့စွမ်းအင်တွေကို မင်းခုခံနိုင်မယ်ထင်လို့လား...”

ဒိုမိန်း၏ မာနထောင်လွှားသည့် ရယ်မောသံထွက်ပေါ်လာရင်းဖြင့် ရွှေရောင်လက်နက်များအားလုံးသည်လည်း သတ္တ၀ါကြီး၏ ပါးစပ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။ မည်သည့်အရာမှ ကျန်ရှိခဲ့ခြင်းမရှိတော့ပေ။ ကြီးမားသည့် စုပ်အားသည်ရှိနေဆဲပင်။ မြက်ပင်များ၊ သစ်ပင်များ၊ ကျောက်တုံးများ၊ မြေကြီးများအားလုံးသည် သူ၏ ပါးစပ်ထဲသို့ ဖုန်မှုန့်များကဲ့သို့ပင် စုပ်ယူခြင်းခံနေရတော့၏။

ကြီးမားသည့်တောင်ကြီးတစ်ခုပင် အရင်းမှစုပ်ယူခြင်းခံလိုက်ရ၏။

သတ္တ၀ါကြီး၏ အနီးတွင်ရှိနေသည့်အင်ပါယာအရှင်သခင်ယရှင်းသည် ဤစုပ်အား၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရ၏။ သူ၏ အတွင်းအားစွမ်းအင်များအားလုံးကို ထုတ်လွှင့်ထားသော်လည်း အ​ေ၀းသို့ ထွက်သွားနိုင်ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်သည် တုန်ခါနေရင်းဖြင့် အကောင်ကြီး၏ ပါးစပ်အနီးသို့ တဖြည်းဖြည်းခြင်းဖြင့် ပါသွားနေလျှက်ရှိသည်။

“ဟားဟား င့ါရဲ့နေအဆင့်စွမ်းအင်ရင်းမြစ်တစ်၀က်လောက်ကို လောင်ကျွမ်းထားတာကွ။ ငါ့ရဲ့စွမ်းအားတွေကလည်း အပြင်ကို ရောက်ရင် တစ်၀က်လောက်ကျသွားလိမ့်မယ်။ ဒါပေမယ့်လည်း တန်ပါတယ်။ မင်းကို သတ်ပြီးသွားရင် င့ါအနာဂတ်ကလည်း ပိုပြီးတော့ ချောမွေ့လာတော့မှာပေါ့...”

အင်ပါယာအရှင်သခင်ယရှင်းသည် စုပ်အား၏ ထိန်းချုပ်ထားခြင်းကို ခံထားရသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့် ဒိုမိန်းသည် စက္ကန့်အနည်းငယ်ခန့်အံ့ဩသွားကာ သူ၏ စွမ်းအင်ရင်းမြစ်များကိုပင် ထက်မံ၍ လောင်ကျွမ်းကာ စုပ်အားကို မြှင့်တင်လိုက်သည်။ မကြာမှီတွင် လေမုန်တိုင်းတစ်ခုလိုပင်။ အနီးနားတွင်ရှိနေသည့်အရာများအားလုံးသည် ဤအကောင်းကြီး၏ ပါးစပ်အတွင်းသို့ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

အင်ပါယာအရှင်သခင်ယရှင်းသည် အကောင်ကြီး၏ပါးစပ်နှင့် ပို၍ နီးကပ်သည်ထက်နီးကပ်လာပြီး အရှိန်မှာလည်း မြင့်တက်လာနေလျှက်ရှိသည်။

All Chapters