← Chapters

အခန်း (၆၄၉)

Vol. 41 Ch. 649

အခန်း (၆၄၉)

Vol. 41 Ch. 649

“ဆယ်မိနစ်ကြာပြီးနောက်ဆုံးတွင် အင်ပါယာအရှင်သခင်ယရှင်း၏ ခန္ဓာကိုယ်မှတောက်ပနေသည့် ရွှေရောင်မီးတောက်များသည် သိသိသာသာပင် မှေးမှိန်သွား၏။ သူနှင့် ပတ်ပတ်လည်၂မီတာခန့်တွင်သာရှိနေတော့၏။ မီးသတ္တ၀ါကြီးသည် ထက်မံ၍ ဟိန်းဟောက်လိုက်သည့်အချိန်တွင် အင်ပါယာအရှင်သခင်ယရှင်းသည် သူ၏ ပါးစပ်အတွင်းသို့ ချက်ချင်းပင် စုပ်ယူခြင်းခံလိုက်ရတော့၏။

“ဟားဟား ယရှင်း မင်းတော့သေပြီ။ မီးကောင်ကြီး အဲ့ကောင်ကို အရည်ဖျော်ပစ်လိုက်စမ်းကွာ...”

ရွှေရောင်အလင်းတန်းများစွာသည် အကောင်ကြီး၏ပါးစပ်အတွင်းမှ တစ်ခုပြီးတစ်ခုထွက်ပေါ်လာနေလျှက်ရှိသော်လည်း အသုံးမ၀င်လှပေ။ အလင်းရောင်များသည် အကောင်ကြီး၏ ပါးစပ်၊ လည်ချောင်းတို့ကိုဖြတ်ကျော်က ၀မ်းဗိုက်အတွင်းသို့ ရောက်ရှိသွား၏။ ရွှေရောင်အလင်းရောင်များသည် ဖြေးဖြေးခြင်းပျောက်ကွယ်သွားတော့၏။

“ဟားဟား ယရှင်း မင်းတော့ သေပြီ။ နောက်ဆုံးတော့မင်သေသွားခဲ့ပြီပေါ့။ ငါမင်းကို သတ်လိုက်တာပဲကွ။ မင်းက မာနထောင်လွှားပြီးတော့ နေအဆင့်သိုင်းဆရာတစ်ယောက်ကို လာစိန်ခေါ်ခဲ့တာကို။ ငါ့ရဲ့ စွမ်းအင်ရင်းမြစ်တွေကို လောင်ကျွမ်းလိုက်ရတယ်ဆိုပေမယ့် တန်ပါတယ်...”

ဒိုမိန်းသည်လေပေါ်တွင်ရပ်နေရင်းဖြင့် ရူးသွပ်စွာရယ်မောနေ၏။

သူသည်လည်း အခြေအနေမကောင်းလှပေ။

သူ၏ အဖြူရောင်၀တ်ရုံသည် အပိုင်းပိုင်းဆုတ်ပြဲနေ၏။ ပါးစပ်မှလည်းသွေးများစီးကျလာနေလျှက်ရှိသည်။ သူသည် အသက်၀ိဉာဥ်ကင်းမဲ့နေသည့်ပုံရပြီး သွေးများသည်လည်း သူ၏ပါးစပ်အတွင်းမှ အဆက်မပြတ်စီးကျလာနေလျှက်ရှိသည်။ သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ကြောက်စရာကောင်းသည့် မှော်ဆရာတစ်ယောက်၏ အရှိန်၀ါမျိုးမရှိတော့ပေ။

သို့သော်သူသည်အင်ပါယာအရှင်သခင်ယရှင်းအား သတ်နိုင်လိုက်သဖြင့် တန်သည်ဟု ဆိုရမည်ဖြစ်သည်။

သို့သော် ဤအခိုက်တန့်တွင် ရင်းနှီးသည့်အသံတစ်ခုကို သတ္တ၀ါကြီး၏ ၀မ်းဗိုက်အတွင်းမှ ကြားလိုက်ရသည်။ ထိုအသံသည် ယုံကြည်ချက်များစွမ်းအားများဖြင့် ပြည့်နှက်နေ၏။ “မင်းက နှစ်နှစ်ဆယ်ကြတာတောင် ဒီလောက်ရိုးအနေတုန်းပဲလား။ မင်းင့ါကို ဒီလောက်လွယ်လွယ်နဲ့ သတ်လို့ရမယ်များထင်နေတာလား...”

အသံမဆုံးသေးခင်မှာပင် မြင့်မြတ်သောနဂါးတစ်ကောင်ရောက်ရှိလာသကဲ့သို့ပင် ကြီးမားသည့် ဖိအားတစ်ခုထွက်ပေါ်လာတော့၏။

“နဂါးလက်သီး..နဂါးဆုံးဖြတ်ချက်...”

ချက်ချင်းပင် မီးကောင်ကြီး၏ ၀မ်းဗိုက်အတွင်းမှ ၁၀၀မီတာခန့်ရှည်လျားသည့် ရွှေရောင်နဂါးကြီးများ တစ်ကောင်ပြီးတစ်ကောင်ဖောက်ထွက်လာတော့သည်။

မီးကောင်ကြီး၏ ၀မ်းဗိုက်ထဲတွင် အနုမြူဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။ သူ၏ ခန္ဓာကိုယ်သည်လည်းအပေါက်များဖြင့် ပြည့်နှက်သွားတော့၏။

“နဂါးလက်သီး...မင်း မသေသေးဘူးလား...”

ဒိုမိန်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သည့်အမူယာများနှင့်အတူ အော်ဟစ်လိုက်တော့၏။ အင်ပါယာအရှင်သခင်ယရှင်းအား ကြောက်ရွံ့သည့်စိတ်သည် အမြင့်ဆုံးသို့ရောက်ရှိသွားပြီး သူသည် စိတ်ဓာတ်ပိုင်းဆိုင်ရာလဲပြိုတော့မည်ဖြစ်သည်။

“၀ုန်း...”

ဒိုမိန်း သူ၏နေအဆင့်စွမ်းအင်ရင်းမြစ်များကို ထက်မံ၍လောက်ကျွမ်းလိုက်သည်။ သူသည် ဆက်လက်၍ တိုက်ခိုက်လိုခြင်းမရှိတော့ပဲ ချက်ချင်းထွက်ပြေးရန်သာ ကြိုးစားလိုက်တော့၏။

“ဘုန်း..”

“ဖုန်း..”

သူသည် အဝေးသို့ ပျံသန်းကာ ပျောက်ကွယ်သွားသည့်အချိန်တွင် မီတာ၁၀၀၀ခန့်မြင့်မားသည့် မီးကောင်ကြီးသည်လည်း ချက်ချင်းပင် ပျက်ဆီးသွားတော့သည်။ အပိုင်းပိုင်းဖြစ်သွားပြီး ကျောက်တုံးများ၊ မီးတောက်များသည်လည်း ကောင်းကင်ပေါ်မှ ဥက္ကာပျံခဲများကဲ့သို့ ကျဆင်းလာတော့၏။ ကမ္ဘာပျက်နေသကဲ့သို့ပင်။

ရွှေရောင်စွမ်းအင်မီးတောက်များ တောက်ပနေရင်းဖြင့် အင်ပါယာအရှင်သခင်ယရှင်းသည် လေပေါ်တွင် ပျံသန်းနေလျှက်ရှိသည်။ သို့သော်သူသည်လည်း ယိုင်နဲ့နဲ့ဖြစ်နေ၏။ သူ၏ ၀တ်ရုံအများစုမှ လောင်ကျွမ်းသွားပြီဖြစ်သည်။ ညာလက်ပေါ်တွင်လည်း အက်ကွဲဒဏ်ရာများရှိနေ၏။

အင်ပါယာအရှင်သခင်ယရှင်းသည်လည်း ပြောသလောက်ပြိုင်ဘက်ကင်းမဲ့ခြင်းမရှိသည်မှာ ထင်ရှားလှသည်။

ဒိုမိန်း၏နောက်ဆုံးသိုင်းကွက်သည် သူ့အား အန္တရာယ်ပေးခဲ့၏။

“ဒီလောက်ဆိုလုံလောက်ပါပြီ။ ငါမင်းကို အသက်ရှင်ခွင့်ပေးလိုက်မယ်။ မင်းပါးစပ်နဲ့ ကိုယ်တိုင်ဒီသတင်းကို ပြန်ပြောလိုက်။ သောက်ကြောက် ဂျူနင်ကိုကိုလည်း ဖြစ်ခဲ့သမျှပြောလိုက်ပေါ့ကွာ။ မင်းက ၀တ်ရုံနီသူတော်စင်တစ်ယောက်ကို သတ်ဖြတ်ပြီးတော့ ဘုရားသခင်ရဲ့ အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကို တိုက်ခိုက်ရဲတာပဲ။ မဟာဘုရားကျောင်းက မင်းကို အရှင်ထားမှာမဟုတ်ဘူး...”

ဒိုမိန်းထွက်ပြေးသွားသည့်နေရာကို ကြည့်ရင်းဖြင့် ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခုသည် အင်ပါယာအရှင်သခင်ယရှင်း၏မျက်နှာပေါ်တွင် ပေါ်လာ၏။

တကယ်၍ ဒိုမိန်းသာရှိနေသေးပါက ထိုအပြုံး၏ အဓိပ္ပါယ်ကို ကောင်းကောင်းသဘောပေါက်မည်ဖြစ်သည်။

“သွားရမယ့်အချိန်ပဲ...” အင်ပါယာအရှင်သခင်ယရှင်းသည် သူ၏ညာလက်သီးကို ဆုပ်လိုက်၏။ ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး သူ၏ ညာလက်ပေါ်တွင်ရှိနေသည့် ဒဏ်ရာများအားလုံးပျောက်ကင်းသွားတော့သည်။

သူသည် တစ်ဖက်သို့ လှည့်ပြီး ပြန်ရန်ပြင်လိုက်သည့်အချိန်တွင် ရုတ်တရက်တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး မြောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ “ထူးဆန်းတာပဲ ငါများထင်ယောင်ထင်မှားဖြစ်နေတာလား...”

သူသည် လွန်ခဲ့သည့်တစ်စက္ကန့်ခန့်က အာကာသတုန်ခါသွားသည်ကို ခံစားလိုက်ရသည့်အတွက်ကြောင့်ပင်။ ထက်မံအာရုံစိုက်ကြည့်လိုက်သည့်အချိန်တွင် မည်သည့်အရာကိုမှ ခံစားရခြင်းမရှိတော့ပေ။

“ဒီကမ္ဘာငယ်ထဲမှာ သဘာ၀ဓာတ်ဂုဏ်သတ္တိတွေအတော်လေးပေါတယ်။ ရတနာတွေရောပဲ။ နတ်ပြည်လိုပါပဲလား။ နှစ်နှစ်ဆယ်ကြာမှတစ်ခါပဲဖွင့်ပြီးတော့ တစ်ခါဖွင့်ရင်အများဆုံး လူလေးဆယ်ပဲ၀င်လို့ရတာအတော်လေးဆိုးတာပဲ၊။ ငါသာ ဒီကမ္ဘာကို ထိန်းချုပ်နိုင်မယ်ဆိုရင် တစ်လောကလုံးကို အနိုင်တိုက်နိုင်မယ့် တပ်ဖွဲ့တစ်ခုကို ဒီထဲမှာ လာကျင့်ကြံခိုင်းလို့ရတယ်...”

အင်ပါယာအရှင်သခင်ယရှင်းသည် အလွန်ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက်ပင်။

သို့သော် မည်သူမှ ဤနေရာအား ထိန်းချုပ်နိုင်ခြင်းမရှိပေ။ ဤကမ္ဘာငယ်ထဲသို့ ၀င်ရောက်လေ့လာခဲ့ဖူးသည့်လူများစွာရှိခဲ့သည်။ သိုင်းထွပ်ခေါင်ဖြစ်သည့် မာရာဒိုနာပင် ဒဏာရီလာနန်းတော်အား ကာရံထားသည့်စွမ်းအင်ကာရံကို ဖျက်ဆီးရန်အတွက် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ ဤကမ္ဘာထဲသို့ ၀င်ရောက်နိုင်မည့်အကြံစဥ်များ၊ အစီစဥ်များအားလုံးလဲမအောင်မြင်ခဲ့ပေ။

“ဒီနေရာက နတ်ဘုရားတွေပိုင်တဲ့ နေရာပဲ၊ လူသားတွေပိုင်တဲ့နေရာမဟုတ်ဘူး...”

ရွှေရောင်စွမ်းအင်မီးတောက်များသည် ပို၍ပြင်းထန်စွာတောက်လောင်လာပြီး သူ၏ခန္ဓာကိုယ်ပုံရိပ်သည်လည်း ဝေ၀ါးသွားတော့သည်။ ထို့နောက်တွင် သူရုတ်တရက်ပျောက်ကွယ်သွားတော့၏။

အင်ပါယာအရှင်သခင်ယရှင်း ပျောက်ကွယ်သွားပြီးနောက်တွင် လေထုထဲတွင် လှိုင်းဂယက်များထွက်ပေါ်လာပြီး ခမ်းနားလှပသည့် ပုလ္လင်တစ်ခုရောက်ရှိလာတော့၏။

All Chapters