← Chapters

အခန်း (၆၅၀)

Vol. 41 Ch. 650

အခန်း (၆၅၀)

Vol. 41 Ch. 650

ရှည်လျားသော အနက်ရောင်ဆံပင်များနှင့် ခန့်ညားသည့် ကောင်လေးတစ်ယောက်သည် ပုလ္လင်ပေါ်တွင် ထိုင်နေလျှက်ရှိသည်။ သူ၏ ပခုံးပေါ်တွင် အနီညိုရောင်နှင့် ချစ်စရာကောင်းသည် ရက်ကွန်းကဲ့သို့သော သားရဲလေးတစ်ကောင်ရှိနေ၏။ ဤအခိုက်တန့်တွင် ဤလူငယ်သည် သူ၏တံတောင်အား ပုလ္လင်၏ လက်တန်းတစ်ခုပေါ်တွင် တင်ထားပြီး ခေါင်းကို လက်ပေါ်တွင် မှီထားနေလျှက်ရှိသည်။ အင်ပါယာအရှင်သခင်ယရှင်းထွက်ခွာသွားသည့်အရပ်ထံသို့ ကြည့်ရင်းဖြင် ့စဥ်းစားလိုက်မိသည်။

"သေစမ်း ကစဥ့်ကလျားခြင်းပုလ္လင်က ဒဏာရီလာနန်းတော်ရဲ့ စွမ်းအင်အကာရံကိုတောင် ထိုးဖောက်နိုင်တာပဲ။ ဓာတ်ဂိတ်တံခါးတွေတောင် သုံးစရာမလိုတော့ပဲ ငါဒီနေရာကို ရောက်လာနိုင်တာပဲ။ အဲ့လိုဆို ငါက ဒီနေရာကို လာချင်တဲ့အချိန်မှာ လာချင်တိုင်းလာလို့ရတယ်ဆိုတဲ့ သဘောလား..."

ပုလ္လင်၏ ဤစွမ်းရည်တစ်ခုတည်းကပင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေပြီဖြစ်သည်။

ဤနေရာတွင် လျို့၀ှက်ထားသည့် သဘာ၀ရတနာများစွာရှိနေ၏။ အပြင်ကမ္ဘာတွင်ရှိနေသည့် သိုင်းဆရာများမည်မျှပင် အစွမ်းထက်နေစေကာမူ ဤကမ္ဘာထဲသို့ ၀င်ရောက်နိင်ရန်အတွက် နှစ်နှစ်ဆယ်ကြာစောင့်ရမည်ဖြစ်ပြီး ကျန်ရှိနေသည့်သိုင်းဆရာများနှင့် တိုက်ခိုက်ကာ ဓာတ်ဂိတ်တံခါးများကိုလည်း လုရဦးမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဖှေးသည် ဤနေရာအား လိုသလိုပင် လာရောက်နိုင်ပြီဖြစ်သည်။ သူ၏ အိမ်နောက်ဖေးကဲ့သို့ပင် ဤကမ္ဘာထဲတွင်ရှိသည့် မည်သည့်ရတနာကိုမဆိုရရှိနိုင်ပြီဖြစ်၏။

သူသည် ရွှေတွင်းတစ်ခုကို ပိုင်သွားခြင်းပင်။

"ကျွီ ကျွီ ကျွီ..." ဖှေး၏ ပခုံးပေါ်တွင်ရှိနေသည့် ရက်ကွန်းကောင်လေးမှ ရုတ်တရက်အော်ဟစ်လိုက်သည်။

သူသည် ခုန်ပေါက်ကာ မြေပြင်ပေါ်တွင်ရှိသည့် ကျင်းတစ်ခုအား ညွှန်ပြလိုက်သည်။ ထိုကျင်းသည် မီးကောင်ကြီးအား အင်ပါယာအရှင်သခင်ယရှင်းဖျက်ဆီးလိုက်သည့်အချိန်တွင် ပေါ်လာခဲ့သည့် ကျင်းတစ်ခုပင်။

"ဟမ် ဒီထဲမှာ ရတနာတစ်ခုများရှိနေလို့လား..."

ဖှေးစဥ်းစားကာ သူ၏ပုလ္လင်နှင့် ကျင်းထဲသို့ ဆင်းသက်လိုက်သည်။

ရက်ကွန်းကောင်လေးသည် ရတနာရှာဖွေသည့် သားရဲကောင်ဖြစ်သည့်အတွက်ကြောင့် ရတနာများကို ကောင်းမွန်စွာအာရုံခံနိုင်သည်ကို ဘုရင်သိသည့်အတွက်ပင်။ ဤကဲ့သို့ စိတ်လှုပ်ရှားနေခြင်းသည် ကြီးမားသည့်ရတနာတစ်ခုကို ရှာတွေ့လိုက်သည့်အတွက်ကြောင့်ဖြစ်ပေလိမ့်မည်။

ဤကျင်းကြီး၏ အနက်ရှိုင်းဆုံးသောနေရာတွင် ယခုအချိန်တိုင်ဆက်လက်၍ လောင်ကျွမ်းနေသည့် လိမ္မော်ရောင်မီးတောက်တစ်ခုရှိနေသည်။

မီးတောက်သည် လက်သီးတစ်လုံးအရွယ်စားခန့်သာရှိနေပြီး ထူးဆန်းသည်သာ ထိုမီးတောက်သည် တောက်လောင်နေသော်လည်း အပူချိန်ကိုခံစားရခြင်းမရှိခြင်းပင်။

"ဒါက ဘာလဲ။ ဒီဟာက ရတနာလား..." ဖှေးတစ်ဖက်သို့ လှည့်ကာ သူ၏ပခုံးပေါ်တွင် ခုန်ပေါက်နေသည့် ရက်ကွန်းကောင်လေးအား မေးလိုက်သည်။

အကောင်လေးသည် ခေါင်းငြိမ့်ပြကာ မီးတောက်အား သူ၏လက်များဖြင့် ညွှန်ပြလိုက်သည်။ တစ်နည်းအားဖြင့် သူသည် ထိုမီးတောက်များ ယောက်ျားလေးများ လှပ်သည့် အမျိုးသမီးများကို ကြည့်သကဲ့သို့ ကြည့်နေ၏။

သို့သော် သူသည် ထိုမီးတောက်အား အနည်းငယ်ကြောက်လန့်နေသည့်ပုံရပြီး အနီးသို့ ကပ်ရဲခြင်းမရှိပေ။

"ဘာလဲကြည့်ရအောင်..." ဖှေးပုလ္လင်ပေါ်မှဆင်းလိုက်၏။ သူ၏ လက်အား ငွေရောင်စွမ်းအင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ကာ မီးတောက်အား သတိဖြင့် ကိုင်ကြည့်လိုက်သည်။

သူလိမ္မော်ရောင်မီးတောက်အား ဆုပ်ကိုင်ကြည့်လိုက်သည့်အချိန်တွင် လောင်မြိုက်သည့်ခံစားချက်အား ခံစားရခြင်းမရှိပေ။

ထိုအစား ချောမွေ့နွေးထွေးသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ ရေပူစမ်းတစ်ခုအတွင်းသို့ ရောက်နေသကဲ့သို့ပင်။

"ဒါက နေအဆင့်သခင်တစ်ယောက်ရဲ့ ရင်းမြစ်ကျောက်တုံးများလား..."

မီးတောက်၏ အလည်တွင် လက်သီးတစ်၀က်စာခန့်အရွယ်ရှိသည့် အနီရောင်သလင်းကျောက်ကဲ့သို့သော် ကျောက်တုံးတစ်ခုကို ဖှေးသတိထားလိုက်မိသည်။ ဂျယ်လီအမာကဲ့သို့ အနည်းငယ်ပျော့ပျောင်းနေ၏။ အထဲတွင်ပါ၀င်သည့် စွမ်းအင်နှင့်အလွန်ရင်းနှီးသလိုဖှေးခံစားနေရ၏။ ဒိုမိန်းဆင့်ခေါ်လိုက်သည့်မီးကောင်ကြီး၏ စွမ်းအင်ကဲ့သို့ပင်။

ဖှေး ဤကမ္ဘာငယ်ထဲသို့ ရောက်လျှင်ရောက်ခြင်းပင် အင်ပါယာအရှင်သခင်ယရှင်းနှင့် ဒိုမိန်းတို့၏အနောက်မှ လိုက်ကာ သူတို့၏ တိုက်ပွဲကိုကြည့်ရှုခဲ့သည်။ ပုလ္လင်၏ စွမ်းအားမြင့်သော ကိုယ်ဖျောက်အစွမ်းအားအသုံးပြု၍ မီတာ၁၀၀၀ခန့်၀ေးသည့်နေရာမှ ကြမ်းတမ်းသည့် တိုက်ပွဲအား ကြည့်နေခဲ့သည်။

သူ၏လူရိုင်းဇာတ်ကောင်သည် စွမ်းအင်အရှိန်၀ါများကို ကောင်းမွန်စွာပင် အာရုံခံနိုင်၏။ အထူးသဖြင့် မြင့်မားသည့် စွမ်းအင်များကိုပင်။ ထို့ကြောင့်သူသည် မီးကောင်ကြီး ပြသခဲ့သည့် စွမ်းအင်အရှိန်၀ါများကို မှတ်မိနေဆဲပင်။

သူ၏လက်ထဲတွင်ရှိနေသည့် အနီရောင်သလင်းကျောက်သည် မီးသတ္တ၀ါကြီး၏ ရင်းမြစ်ဖြစ်ကြောင်းကို ဖှေးသေချောပေါက်သိရှိလိုက်သည်။

"သူ့စွမ်းအင်ရင်းမြစ်ကို လောင်ကျွမ်းလိုက်တယ်လို့ ဒိုမိန်းပြောခဲ့တာပဲ။ ဒါပေမယ့် အင်ပါယာအရှင်သခင်ယရှင်းရဲ့ နဂါးလက်သီးကြောင့် ရှုံးသွားတော့ နေအဆင့် စွမ်းအင်ရင်းမြစ်ကို အပြည့်၀မလောင်ကျွမ်းလိုက်ရဘူး။ အဲ့တာကြောင့် ကျန်နေသေးတဲ့ ရင်းမြစ်တွေက မီးကောင်ကြီး ပျက်ဆီးသွားတာနဲ့ အောက်ကို ပြုတ်ကျလာခဲ့တာပဲ..."

ဖှေး ဤအနီရောင်တလင်းကျောက်အကြောင်းကိုအနည်းငယ်နားလည်သွား၏။

သူ ခန့်မှန်းသည်မှာလည်း မမှားပေ။

"ဒါက နေအဆင့်သခင်တစ်ယောက်ရဲ့ စွမ်းအင်ရင်းမြစ်ပဲ။ အဆင့်မြင့်စွမ်းအားတစ်ခုပေါ့။ နေအဆင့်သခင်တစ်ယောက်ရဲ့ သဘာ၀နိယာမတွေအပေါ်နားလည်နိုင်မှုတွေပါ၀င်နေတယ်။ အတော်လေး ရှားပါးနဲ့အရာတစ်ခုပဲ။ တကယ်လို့ လပြည့််နောက်ဆုံးအဆင့်သိုင်းဆရာတစ်ယောက်သာ ဒီတလင်းကျောက်ကို ရသွားမယ်ဆိုရင် သူ၏ နေအဆင့်သခင်တစ်ယောက်ရဲ့စွမ်းအင်နဲ့ လောကနိယာတွေအပေါ်နားလည်တဲ့အသိဉာဏ်ကို ရရှိလိမ့်မယ်။ နှစ်ပေါင်းများစွာလေ့ကျင့်စရာမလိုတော့ပဲ နေအဆ့င်သခင်တစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်..."

ဖှေးသည် အတွင်းအားစွမ်းအင်သို့ မဟုတ်မှော်စွမ်းအင်အား ကျင့်ကြံနိုင်ခြင်းမရှိသည်မှာ ကံဆိုးသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဤပစ္စည်းသည်သူ့အတွက် အသုံးမ၀င်လှပေ။

"ဒါပေမယ့် ငါသိမ်းထားလို့တော့ ရပါတယ်။ တကယ်လို့ ချမ်းဘော့ဒ်က သိုင်းဆရာတစ်ယောက်ယောက် လပြည့်နောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ရင် ပေးလို့ရတာပေါ့။ နေပါဦး အင်ပါယာအရှင်သခင်ယရှင်းက ဒီနေရာမှာ ရှိနေခဲ့တာတောင် ဒီတလင်းကျောက်ကို ရှာမတွေ့ခဲ့ဘူးလား။ သူက ဒါကိုများအာရုံမခံနိုင်ခဲ့မိတာလား..." ဖှေးတွေးလိုက်မိသည်။

"ဘာနေနေ သူတို့အကြောင်းကို စဥ်းစားနေလို့လဲ အသုံးမ၀င်ပါဘူး..." ဖှေး သူ၏ခေါင်းကို ခါရမ်းကာ အင်ပါယာအရှင်သခင်ယရှင်းကဲ့သို့သော လူတစ်ယောက်အား နားလည်နိုင်အောင်ကြိုးစားနေခြင်းကို ရပ်တန့်လိုက်သည်။

ဤရင်းမြစ်ကျောက်တုံးအား အာကာရာသင်ပေးထားသည့် နည်းလမ်းများအတိုင်း ထုပ်ပိုးကာ သူ၏ ပစ္စည်းသိမ်းလက်စွပ်ထဲ့သို့ ထည့်ရန်အတွက် ပြင်လိုက်သည့်အချိန်တွင် ဖှေး၏ပခုံးပေါ်တွင်ရှိနေသည့် ရက်ကွန်းကောင်လေးမှ စတင်၍ လှုပ်ရှားတော့သည်။ အခြေအနေအား လေ့လာကြည့်နေပြီး ရစ်မြစ်ကျောက်တုံးသည် အန္တရာယ်မရှိကြောင့် သိပြီးသည့်အချိန်တွင် ဖှေး၏ လက်ပေါ်သို့ ခုန်ကာ ကျောက်တုံးအား တစ်ကိုက်ကိုက်လိုက်၏။

"၀ုန်း..."

မီးတောက်လေးများသည် ရက်ကွန်းကောင်လေး၏နားများ၊ နှာပေါက်များအတွင်းမှ ထွက်လာ၏။ မျက်စိများမှေးလာကာ ဖှေး၏လက်ပေါ်တွင် အရက်မူးနေသကဲ့သို့ ယိမ်းယိုင်နေတော့သည်။

"ဟမ် ဒီကောင်လေးက စွမ်းအင်ရင်းမြစ်ကျောက်တုံးတွေကို တိုက်ရိုက်စားသောက်နိုင်တာပဲ..."

အကောင်လေးသည် အနည်းငယ်အရက်မူးသလိုဖြစ်နေသော်လည်း အန္တရာယ်မရှိသည်ကို ဖှေးသတိထားလိုက်မိသည်။

ရစ်မြစ်ကျောက်တုံး၏ အစိတ်ပိုင်းအသေးလေးအား စားပြီးသည့်အချိန်တွင် သူ၏အမွေးများသည် ပို၍ပင် နူးညံ့ပျော့ပျောင်းလာတော့၏။ သူ၏ ခန္ဓာကိုယ်သည်လည်း ပို၍ ၀ဖိုင့်လာသည်။

"သေစမ်း အတော်လေး လောဘကြီးတဲ့ကောင်ပဲ။ ဒါမယ့် မင်းနဲ့ထိုက်တန်ပါတယ်..." ဖှေးရယ်ကာ ရက်ကွန်းကောင်လေးအား ပြောလိုက်၏။

ရက်ကွန်းလေးသည် ရတနာအားရှာတွေ့ခဲ့သူဖြစ်သည့်အတွက်ကြောင့် သူ့ကိုလည်း ခွဲတမ်းပေးရမည်ဖြစ်သည်။

ကစဥ့်ကလျားခြင်းပုလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီးသည့်နောက်တွင် အနောက်ဘက်၁၀၀ကီလိုမီတာခန့်မှ စွမ်းအင်အရှိန်၀ါနှစ်ခုကို ဖှေးခံစားလိုက်ရသည်။

"ဒီစွမ်းအင်က..သေစမ်းဟ..."

ဖှေးတစ်စုံတစ်ခုအား သတိထားလိုက်မိသလိုပင် သူ၏မျက်နှာသည်လည်း အရောင်ပြောင်းလဲသွားတော့၏။ ကစဥ့်ကလျားပုလ္လင်သည် အနည်းငယ်တုန်ခါသွားပြီး ဖှေးနှင့် ရက်ကွန်းကောင်လေးတို့သည်လည်းပျောက်ကွယ်သွားတော့၏။

......

"သေစမ်း သေစမ်း သေစမ်း သေစမ်း ယရှင်း ငါဒိုမိန်းမင်းကို သေချာပေါက်ပြန်လက်စားချေမယ်။ မင်းပြန်လည်ပေးဆပ်ရလိမ့်မယ်။ င့ါမိသားစုနာမည်ကို တိုင်တည်ပြီး ကတိပြုတယ်..."

ဒိုမိန်းလွတ်မြောက်လာခဲ့ပြီးသည့်အချိန်တွင် အရူးတစ်ယောက်ကဲ့သို့ပင် ပြေးနေလျှက်ရှိသည်။ ယရှင်းသည် သူ၏ဘေးပတ်ပတ်လည်နေရာတိုင်းတွင်ရှိနေသလိုခံစားနေရသည့်အတွက်ကြောင့် သူသည်မြင်သမျှကိုပင် ကြောက်လန့်နေလျှက်ရှိသည်။

အင်ပါယာအရှင်သခင်ယရှင်းအား အလွန်ကြောက်လန့်သည့်စိတ်ကြောင့် သူ၏ ရင်းမြစ်များကို ထက်မံလောင်ကျွမ်းလိုက်ပြီး ရူးလောက်သည့်အမြန်နှုန်းဖြင့် ပျံသန်းသွားတော့သည်။

ကီလိုမီတာများစွာပျံသန်းခဲ့ပြီး အင်ပါယာအရှင်သခင်ယရှင်း၏ စွမ်းအင်အရှိန်၀ါကို ခံစားရခြင်းမရှိတော့မှ သူသည် အနည်းငယ်စိတ်အေးသွားတော့၏။

"သေစမ်း...ငါဒီခရီးမှာ အတော်လေးဆုံးရှုံးခဲ့တာပဲ။ ငါ့ရဲ့နေ အဆင့်စွမ်းအင်ရင်းမြစ်တစ်၀က်လောက်ကိုလည်း သုံးလိုက်ရတယ်။ တကယ်လို့ ငါသာလမ်းမှာရှိတဲ့ စွမ်းအင်တွေကိုသာမစုပ်ယူခဲ့ဘူးဆိုရင် ငါနေအဆင့်အောက်ကိုတောင် ရောက်သွားလောက်ပြီ။ ဘာလို့လဲ ဘာလို့လဲကွာ...အဲ့ယရှင်းဆိုတဲ့ကောင်က ဘာလို့ ဒီလောက်တောင်အစွမ်းထက်နေရတာလဲ။ လပြည့်သိုင်းဆရာတစ်ယောက်က ဘာလို့ နေအဆင့်သခင်တစ်ယောက်ကို တိုက်ခိုက်နိုင်ရတာလဲ..." သူတွေးလိုက်မိသည်။

ဒိုမိန်းသည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သူ၏ ရန်သူအား အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် သူသည် ခွေးလေခွေးလွင့်တစ်ကောင်ကဲ့သို့ပင် အရိုက်နှက်ခံခဲ့ရ၏။ သူသည် အလွန်ဒေါသဖြစ်နေသော်လည်း တကယ်တန်းတွင် နားမလည်နိုင်ဖြစ်နေခြင်းပင်။

လပြည့်အဆင့်သိုင်းဆရာများ နတ်ဘုရားအဆင့်လက်နက်များ၏ အကူညီမပါပဲ နေအဆင့်သခင်များကို အနိုင်ယူလိုက်သည့်ဖြစ်ရပ်မှာ အလွန်ရှားပါးလွန်းလှသည်။

"ကံကောင်းလို့ပဲ ဒီဒဏာရီလာနန်းတော်ရဲ့ ဗဟိုချက်မှာ သဘာ၀ဓာတ်ဂုဏ်သတ္တိတွေပေါများနေတာ။ ငါဆယ်ရက်လောက်ကျင့်ကြံပြီးရင် ပြန်ကောင်းလာနိုင်တယ်။ ငါသာ လီယွန်အင်ပါယာကို ပြန်ရောက်လို့ကတော့ အင်ပါယာအရှင်သခင်ဂျူနင်ဟိုကို လျှောက်တင်ပြီး အင်ပါယာတပ်ဖွဲ့တွေနဲ့ ဇီးနစ်အင်ပါယာကို အမှုန့်ချေပစ်လိုက်မယ်..."

သူသည် ထိုကဲ့သို့ တွေးလိုက်မိပြီး အရှိန်လျှော့ကာ ကျင့်ကြံရန်အတွက်ကောင်းသည့် နေရာတစ်ခုကိုရှာလိုက်သည်။

ရုတ်တရက်ပင် ငြိမ်သက်သော်လည်း မှောင်မိုက်နေသည့်စွမ်းအင်အရှိန်၀ါတစ်ခုကို သူတိထားလိုက်မိ၏။

"တစ်ယောက်ယောက်က ဒီမှာ နေအဆင့်ကို ရောက်ဖို့အတွက် ကျင့်ကြံနေတာပဲ။ ဒီစွမ်းအား ကြောက်စရာပဲ။ တွင်းနက်ကြီးတစ်ခုလိုမှောင်မှိုက်နေပြီးတော့ သေစေနိုင်တယ်။ ဘယ်လိုစွမ်းအင်မျိုးလဲ မကောင်းဆိုး၀ါးစွမ်းအင်လား...မဟုတ်ဘူး ဘယ်သူများပါလိမ့်..."

သူသည် ထူးခြားသည့်စွမ်းအင်အရှိန်၀ါအား စိတ်၀င်စားသွား၏။

သူသည် ကိုယ်ယောက်ဖျောက်သိုင်းကွက်တစ်ခုကို အသုံးပြုကာ သူ၏အရှေ့တွင်ရှိနေသည့် တောင်ထံသို့ လျို့၀ှက်စွာဖြင့် ချည်းကပ်သွားလိုက်၏။

သူသည် ဤကမ္ဘာငယ်ထဲသို့ ၀င်ရောက်လာခဲ့သည့်သိုင်းဆရာများအားလုံးကိုမြင်တွေ့ခဲ့ဖူးသော်လည်း နေအဆင့်သို့ရောက်ခါနီးလူတစ်ယောက်ကို သတိထားခဲ့မိခြင်းမရှိပေ။

"ဘယ်သူများလဲ။ ကြည့်ရတဲ့ပုံအရ သူက အောင်မြင်တော့မယ့်ပုံပဲ။ နေအဆင့်သခင်နောက်တစ်ယောက်မွေးဖွားလာတော့မှာလား..."

ဒိုမိန်းသည် ကံကောင်းသလိုခံစားလိုက်ရ၏။ သူသည် နေအဆင့်သခင်တစ်ယောက်ဖြစ်သည့်အတွက် သူသည် နေအဆင့်သခင်များ၏ လျို့၀ှက်ချက်များစွာကို သိရှိပြီးဖြစ်သည်။ အကယ်၍ ဤနေအဆင့်သို့ရောက်တော့မည်ဖြစ်သည့်လူကို ဆုလာဘ်များစွာဖြင့် လီယွန်အင်ပါယာဟူသောနာမည်ကိုအသုံးပြု၍ ဆွဲဆောင်ပါက ထိုလူသည် သူ၏ဘက်တော်သားဖြစ်လာနိုင်၏။ သူတို့ပူးပေါင်းလိုက်ပါက ဤကမ္ဘာထဲတွင် အင်ပါယာအရှင်သခင်ယရှင်းကိုပင် သတ်ဖြတ်နိုင်လာမည်ဖြစ်သည်။

All Chapters