အပိုင်း(၁၄၃)-ထပ်ပြီးအထင်သေးပြန်ပြီ
Vol. 002 Ch. 143
ရှီမာယူယူ အဖိုးတန်ပစ္စည်းများကြိုက်နှစ်သက်သည်ကို ဝိညာဉ်လေးနှင့် မိုရှားတို့သိသည်။ ဘုံခုနှစ်ဆင့် စေတီအပေါ်တွင် သူမစိတ်ဝင်စားသည်ကိုလည်း ခံစားလို့ရသည်။ သို့သော် ဝိညာဉ်လေးအားကာကွယ်ရန် ထိုအရာအားလက်လွှတ်ခံမည်ကိုတော့ထင်မထားပေ။
“ဘာလို့လဲ” မိုရှားသည် သူမအား ရှုပ်ထွေးစွာကြည့်လိုက်သည် “ဝိညာဉ်လေးပျောက်သွားပေမယ့် သူကလက်နက်အသစ်ပြောင်းသွားပြီး ဝိညာဉ်ပုလဲရဲ့ လက်ရှိစွမ်းအားကိုတော့ ထိခိုက်မှာမဟုတ်ဘူး”
“အဲဒါနဲ့မတူဘူးလေ” ရှီမာယူယူ ဝိညာဉ်လေးအားဖက်ကာ ပြောလိုက်သည် “ဝိညာဉ်လေးနဲ့ ငါနဲ့က အချိန်အကြာကြီးအတူနေခဲ့တာ၊ သူက ငါ့ဘဝအစိတ်အပိုင်းလို့ မှတ်ယူပြီးပြီ၊ မွမ်းမံပြီးရင် နောက်ထပ် ဝိညာဉ်လေးဖြစ်သွားရင်တောင် အခုလက်ရှိသူမဟုတ်ဘူးလေ”
“ဒါပေမယ့် မွမ်းမံပြီးရင် ဝိညာဉ်ပုလဲရဲ့ စွမ်းရည်တွေတက်လာနိုင်ချေရှိတယ်” မိုရှားပြောလိုက်သည် “ပြီးတော့ မင်း ဘုံခုနှစ်ဆင့် စေတီလို အဖိုးတန်ပစ္စည်းကိုတောင် ရနိုင်တယ်၊ မင်း ထိပ်ပိုင်းအဆင့်တွေကို မသိချင်ဘူးလား”
“ဟုတ်တယ်၊ ငါအရမ်းသိချင်တယ်၊ ဒါပေမယ့် ငါ ငါ့ဘေးကလူတွေကိုပဲ ဂရုစိုက်မယ်” ရှီမာယူယူပြောလိုက်သည် ငါအဲဟာကို မရဘူးဆိုရင်တောင် ဝိညာဉ်လေးကို ကောင်းကောင်းနေစေချင်တာ”
“နောင်တမရဘူးနော်” မိုရှားမေးလိုက်သည်။
“နောင်တမရဘူး ဝိညာဉ်လေးက အခုတောင် သန်မာနေပြီ၊ သူပိုပြီး အားမကြီးလာလည်းဖြစ်တယ်” ရှီမာယူယူ ဝိညာဉ်လေးပါးအား နမ်းလိုက်ပြီး မိုရှားဘက်လှည့်ကာ ပြောလိုက်သည် “အတူတူပဲ ငါ မင်းကို တစ်ယောက်ယောက်နဲ့လဲရမယ်ဆိုရင် ငါသဘောတူမှာမဟုတ်ဘူး၊ မင်းက အားကောင်းလို့ရော၊ ပညာရှိလို့ရောမဟုတ်ဘူး၊ မင်းက မင်းဖြစ်နေလို့ပဲ၊ မင်းက ငါ့ဘက်ကလူပဲ”
ရှီမာယူယူ ဝိညာဉ်လေးပါးအားနမ်းလိုက်ရာ သူ့မျက်နှာတွင် ပေနေသော တံတွေးများကို မသုတ်ပစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။ သူ ရှီမာယူယူ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့စိတ်ထဲတွင် ဖြစ်လာသော နွေးထွေးမှုကို ခံစားလိုက်သည်။
သူ့အရင် သခင်များသည် သူ့အားနှစ်သက်ခဲ့ကြသော်လည်း အရမ်းဂရုမစိုက်ခဲ့ကြပေ။ သူသည် လက်နက်တစ်လက်သာဖြစ်ခဲ့သည်။ သူ့အား “လူတစ်ယောက်” ကဲ့သို့ မြင်သည့်သူမရှိခဲ့ပေ။
လင်းလုံရွေးချယ်ခံရသည်မှာ အံ့သြစရာမရှိပေ။ ထိုသည်မှာ အနာဂတ်အောင်မြင်မှုရှိခြင်းကြောင့်မဟုတ်ပဲ သူမသည် ရိုးသားသော သူဖြစ်သောကြောင့်ဖြစ်သည်။
မိုရှား တဖြည်းဖြည်း မျက်တောင်စင်းသွားကာ သူ၏ စိတ်ကိုဖုံးကွယ်ရန် မျက်လုံးမှိတ်လိုက်သည်။
သူ့ကို ဒီလိုဂရုစိုက်တဲ့သူ အရင်ကရှိခဲ့လား။
မရှိခဲ့ဘူး။
အဲလူတွေက သူ့ကို အသုံးချဖို့ပဲ ဂရုစိုက်ခဲ့တာလေ။ သူ့အား လေးစားခြင်းမရှိလျှင် သူ့အားလက်စားချေကြမည်။ ထို့ကဲ့သို့ပြောပေးမည့်သူ မရှိခဲ့ပေ။ သူသည် သူမဘက်မှ လူတစ်ယောက်ဖြစ်ခဲ့သည်။ ထိုအကြောင်းပြချက်သည် သူမ သူ့အား ဂရုစိုက်သည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်ခဲ့သည်။
ရှီမာယူယူ ဝိညာဉ်လေးအားလွှတ်ကာ ဘုံခုနှစ်ဆင့် စေတီအားကောက်ယူလိုက်ပြီး ကြည့်လိုက်သည်။ သူမ အနည်းငယ်စိတ်ပျက်ကာပြောလိုက်သည် “မင်းက ဖွင့်လို့မရမှတော့ မင်းကို စာအုပ်ပြခန်းမှာပဲထားရတော့မှာပေ့ါ”
“မင်းလုပ်လို့ရပါတယ်” မိုရှားရုတ်တရက်ပြောလိုက်သည်။
“အင်း….ဒီက တကယ်ပဲတစ်ခုတည်းသောနည်းလမ်းပဲ” မိုရှားပြောသည်ကို ရှီမာယူယူထပ်မံဖြည့်စွက်ပြောလိုက်သည်။
“ငါပြောတာက မင်းလက်နက်မလဲပဲ မွမ်းမံလို့ရတယ်လို့ ပြောတာပါ” မိုရှားပြောလိုက်သည်။
“ငါသိပါတယ်၊ မင်းပြောတာ… မင်းလုပ်လို့ရတယ်…. မင်းသူတို့ကို မွမ်းမံလို့ရတယ်လို့ပြောလိုက်တာလား” ရှီမာယူယူ နောက်ဆုံးမှ သဘောပေါက်ကာ ခေါင်းလှည့်လိုက်ပြီး မိုရှားအား တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မိုရှားခေါင်းညိတ်ကာ ပြောလိုက်သည် “လုပ်လို့ရပါတယ်၊ ဒါပေမယ့် အချိန်တော့ယူရလိမ့်မယ်”
“တကယ် ဟားဟား အချိန်ကြာလည်း ကိစ္စမရှိဘူး” ရှီမာယူယူ ကျယ်လောင်စွာ နှစ်ခါအော်ရယ်လိုက်သည်။ “မင်း ဝိညာဉ်လေးကို မထိမခိုက်ပဲ မွမ်းမံနိုင်တယ်ဆိုရင် ဘယ်လောက်ကြာကြာကိစ္စမရှိဘူး”
သူမ မျက်နှာမှအပြုံးများကို မြင်သောအခါ သူအရင်က သိခဲ့သောသူနှင့် မတူတော့သည်ဟု မိုရှားခံစားရသည်။ အရင်ကဆိုလျှင် သူ တခြားသူတစ်ယောက်၏ အတွေးကိုဂရုမစိုက်ခဲ့ပါ၊ ဒီလိုလုပ်မည်ဟုလည်း တွေးမိခြင်းမရှိခဲ့ပေ။ တခြားသူတစ်ယောက် ပျော်ရွှင်သည် မပျော်ရွှင်သည်ကို သူဂရုမစိုက်ခဲ့ပေ။
ရှီမာယူယူ ရှေ့သို့ထွက်ကာ သူ့နောက်ကျောအား ပုတ်ချင်သော်လည်း သူမလက်သည် သူ့ခန္ဓာကိုယ်အား ဖြတ်ကျော်သွားခဲ့သည်။
“အဟွတ် အဟွတ် ငါစိတ်လှုပ်ရှားနေတာနဲ့ပဲ မင်းမှာ ခန္ဓာကိုယ်မရှိတာမေ့သွားတယ်” ရှီမာယူယူ လက်ပြန်ရုတ်သိမ်းကာပြောလိုက်သည် “ဒါဖြစ်နိုင်တယ်ဆိုရင် ပြင်ဆင်ဖို့ဘာတွေလိုလဲ၊ ငါဘာကူညီပေးရမလဲ”
“မင်းမှာ ဘာမှမှမရှိတာ၊ ငါဘာခိုင်းရမှာလဲ” မိုရှားပြောလိုက်သည် “ငါအားလုံးစီစဉ်မယ်၊ အဲအချိန်အတွင်းကို ဝိညာဉ်ပုလဲသုံးတာကို ရှောင်ပေးရုံပဲ”
“…….”
အစပိုင်းတွင်လှုပ်ရှားနေသော ရှီမာယူယူ၏ စိတ်များသည် မိုရှားအား မုန်းတီးသွားခြင်းကို တိုက်ခိုက်၍မရတော့ပေ။ သူ အဲလောက်အထက်စီးဆန်ရမှ ဖြစ်မှာလား။
“ဒါဆို ငါသွားမယ်၊ စာအုပ်ပြခန်းတစ်ခုလုံးကိုသယ်သွားမယ်၊ နောက်မှ မင်းကိုပြန်ပေးမယ်” ရှီမာယူယူပြောပြီး အပြင်သို့ထွက်လာသည်။ သူမသည် စာအုပ်ပြခန်း၏ အတွင်းပိုင်းတစ်ခုလုံးကို မှော်ဝင်လက်စွပ်အတွင်း နေရာချထားကာ သေတ္တာနှစ်ခုထုတ်ပြီး စာအုပ်ပြခန်းကို ထားခဲ့လေသည်။
မိန်းဝင်ပေါက်ကို ဖြတ်ပြီးနောက် ကောင်းကင်သည် မည်းနက်နေသည်ကို တွေ့လိုက်ရသည်။ သူမ စာအုပ်ပြခန်းအား ပြန်လှည့်ကြည့်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။ ထို့နောက်တွင် သူမ သေတ္တာနှစ်ခုအား ဝိညာဉ်ပုလဲအတွင်းထားလိုက်သည်။
မိုရှားဘာလုပ်မည်ကို သူမ မသိသော်လည်း စာအုပ်ပြခန်းသည် ရုတ်တရက်ပင် တဖြည်းဖြည်းမှေးမိန်သွားလေသည်။ ထို့နောက်တွင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ရုတ်တရက် လှုပ်ရှားမှုများကြောင့် ရှီမာယူယူအံ့သြသွားလေသည်။ ညအချိန်ဖြစ်နေ၍သာ တော်သေးသည်။ မနက်တွင်သာ ဖြစ်ခဲ့ပါက လူများသည် အိမ်တစ်လုံးရုတ်တရက်ပျောက်ကွယ်သွားသည်ကို မြင်ရလိမ့်မည်။ ထိုအရာသည် မုန်တိုင်းဖြစ်လာနိုင်သည်။
သူမ အိမ်သို့ပြန်ရောက်လာချိန်တွင် ရှီမာယူယူသည် ဟိန်းသံလေး၊ မိုရှား၊ ရာဟွောင်နှင့် လင်းလုံတို့ကို ခေါ်လိုက်သည်။ ထို့နောက်တွင် သူမ အရင်က ဖော်ခဲ့သော ဆေးကဲ့သို့အရာများကို ထုတ်ယူလိုက်သည်၊ သူမသည် သူမအတွက် အဆင့်မြင့်ပစ္စည်းကဲ့သို့ဖြစ်သော ဝိညာဉ်ပုလဲအတွင်းမှ ထုတ်ယူကာ မိုရှားအားလက်လွှဲပေးလိုက်သည်။
“မင်း သေချာပေါက် ဝိညာဉ်လေးကိုထိခိုက်အောင် လုပ်လို့မဖြစ်ဘူး” ရှီမာယူယူ ထပ်သတိပေးလိုက်သည်။
မိုရှား ဘာမှမပြောပေ။ သူ အေးစက်စွာ ရှီမာယူယူအားကြည့်ပြီး ဝိညာဉ်ပုလဲကို ယူလိုက်သည်။ သူ စေတီလေးအားယူပြီး လက်ကောက်ထဲသို့ပြန်သွားလေသည်။
ရှီမာယူယူ သူအထဲဝင်သွားသည်အထိ စောင့်ပြီးမှ သူအချိန်ဘယ်လောက်လိုသလဲဆိုသည်ကို မေးရန် သတိရသွားလေသည်။ ဆယ်နှစ်နေမှ ပြီးမြောက်မည်ဆိုပါက သူမ ဝိညာဉ်ပုလဲအတွင်းက ပစ္စည်းများကို ဆယ်နှစ်အသုံးပြု၍မရတော့ဘူးလား။
သို့သော် သူမ မေးရန်မေ့နေသည်ကို စဉ်းစားလိုက်ရာ မိုရှား သူမအားပြောပြရန်ဖြစ်နေသည့် ကိစ္စပင်။ သူသည် အလွန် မလိုတမာစိတ်ရှိတာပဲ၊ သူမအားလျစ်လျူရှုလိုက်သေးသည်။ သူမ ထိုအကြောင်းအား တစ်ခဏမျှ စဉ်းစားကာ နောက်တွင် မေ့ရန်ဆုံးဖြတ်လိုက်သည်။
“အင်း.. ရာဟွောင်နဲ့ ဟိန်းသံလေး၊ ဒီကျန်တဲ့အချိန်တော့ မင်းတို့ငါ့ စာချုပ်နေရာမှာနေလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပါပြီ သခင်” ရာဟွောင် သဘောတူလိုက်သည်။
ဟိန်းသံလေးသည် ရှီမာယူယူရှေ့လာကာ ပြောလိုက်သည် “ယူယူ ငါအပြင်မှာပဲနေမယ်လေ၊ စာချုပ်နေရာမှာက အရမ်းပျင်းဖို့ကောင်းတယ်၊ အထဲမှာနေလည်း ဘာအဓိပ္ပာယ်မှမရှိဘူး”
“မရဘူး” ရှီမာယူယူသည် ဟိန်းသံလေးအား စာချုပ်နေရာသို့ အရင်ထည့်လိုက်ပြီးနောက် ရာဟွောင်သည် သူ့ဘာသာသူ ဝင်သွားလေသည်။
“လင်းလုံ မင်းကတော့ အချိန်တစ်ခုလောက် မှော်ဝင်လက်စွပ်ထဲမှာ နေလို့ရတယ်” ရှီမာယူယူ ပြောကာ လင်းလုံအား မှော်ဝင်လက်စွပ်ထဲ ထည့်လိုက်လေသည်။
ငှက်လေး၏ ခါးသီးသော မျက်လုံးများကို ကြည့်ကာ ရှီမာယူယူ အကူအညီမဲ့စွာပြောလိုက်သည် “မင်းက စာချုပ်နေရာ်မရှိတော့ မင်းအပြင်မှာနေလို့ရတယ်၊ ဒါပေမယ့် မင်းရဲ့အားကို ဘယ်သူ့ကိုမှ ထုတ်ပြလို့မရဘူး၊ နားလည်လား”
ငှက်လေးသည် ခေါင်းညိတ်ကာ အိမ်ခေါင်မိုးသို့ပျံတက်သွားလေသည်။
ထိုကိစ္စများဖြေရှင်းပြီးသော် အိမ်တော်ထိန်းရောက်လာသည်။ သူ သူမအားရှာတွေ့သည်နှင့် ပြောလိုက်သည် “သခင်လေး တစ်ခုခုတော့ ဖြစ်ပြီ”
“ဘာဖြစ်တာလဲ” ရှီမာယူယူ လျင်မြန်စွာတံခါးဖွင့်ကာ တစ်ခုခုဖြစ်သည်ဆိုသည့် အသံကြားသည်နှင့် မေးလိုက်သည်။
“သခင်လေး စာအုပ်ပြခန်းပျောက်သွားပြီ” အိမ်တော်ထိန်းသည် စိုးရိမ်စွာသတင်းပို့သည်။
ရှီမာယူယူ ထိုအကြောင်းအားကြားသော် အေးဆေးစွာဖြင့် ပြောလိုက်သည် “အဲဒါက ကိစ္စမရှိပါဘူး လုပ်တာကျွန်တော်ပဲ”
“ဟင်” အိမ်တော်ထိန်း ကြက်သေသေသွားသည်။
“အဲဒါ အဘိုးထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းပဲ အဲဒါကြောင့် ကျွန်တော်သိမ်းထားတာ” ရှီမာယူယူ ပြောလိုက်သည် “လူတွေ အိမ်ဆောက်လက်စနဲ့ စာအုပ်ပြခန်းအသစ်ဆောက်ပါစေ”
အိမ်တော်ထိန်းသည် နားမလည်သော်လည်း သူမ ကိစ္စမရှိဘူးဟုပြောသောကြောင့် သူထပ်ပြီးစိတ်မပူရန် ဆုံးဖြတ်လိုက်သည်။
အိမ်တော်ထိန်းထွက်သွားသည်နှင့် ရှီမာယူယူတံခါးဖွင့်လိုက်သည်။ အသံကျောက်တုံးမှတစ်ဆင့် ရှီမာလိုင်ပြောခဲ့သည်များကို စဉ်းစားကာ သူမ မဖတ်ရသေးသည့် စာအုပ်များရှိသည်ကို သတိရသွားကာ သူမ မကျင့်ကြံတော့ပဲ စာအုပ်ယူရန် ဆုံးဖြတ်လိုက်သည်။
“မီးဒေါသမှုတ်ထုတ်ခြင်း၊ ဒါဘာစာအုပ်ပါလိမ့်” ရှီမာယူယူ အဖုံးတွင် ရေးထားသော စကားလုံးများကို မြင်လိုက်သည်။ ရှီမာလိုင်သည် အသံကျောက်တုံးနှင့်အတူ စာအုပ်ကို ဘာကြောင့်ထားခဲ့သလဲကို သူမ မသိပါ။
ရှီမာခိုင်နှင့် တိုက်ခိုက်ချိန်တွင် ရှီမာလိုင် ဒေါသမီး မှုတ်ထုတ်ခြင်းနည်းကို အသုံးပြုခဲ့သည်ကို သူမသတိရသွားသည်။ ဒါက သူ ဒီစာအုပ်ကနေသင်ခဲ့တာများလား။