← Chapters

ဓားရောင်ခြည် ... ။

Vol. 145 Ch. 2017

ဓားရောင်ခြည် ... ။

Vol. 145 Ch. 2017

ဝမ်မူယန်က လင်းယွန်နှင့် မိုင်ထောင်ချီ ဝေးသော အရပ်သို့ ရောက်ချိန်၌ မြေပြင်ပေါ် ဆင်းသက် လိုက်သည်။

ယဲ့ချင်းရှန် ထံမှ လူသတ် လိုသော ရည်ရွယ်ချက်ကို၊ သူမ တကယ် ခံစား လိုက်ရ ခြင်း ဖြစ်၏။

တစ်စုံ တစ်ယောက်မှ သူမအား သတ်ချင်သော်၊ သူမ၏ လှည့်စားမှု ကြောင့်၊ သတ်ဖြတ် လိုစိတ်များ ပျောက်ကွယ် သွားပေမည်။

သို့သော် ထိုလူများ ထဲတွင် ယဲ့ချင်းရှန် မပါဝင်ချေ။ ၎င်းမှာ ကောင်းကင် တာအို ဂိုဏ်း၌ ပုန်းနေသော ကျား တစ်ကောင် ဖြစ်၏။

မရဏ မြင့်မြတ်သူနှင့် ရှောင်ချင်းယန် တို့သည်၊ ၎င်းအား မသတ်နိုင် သော်မှ၊ အသက် ရှင်လျက် လွတ်မြောက် သင့်သည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ကျင်းရွှမ်ယီက ကောင်းကင်မှ ဆင်းလာ၏။

“ မင်း သတ်ချင်တာ သူလား၊ ဒါဆို သူ သေသွား ပြီလို့ မှတ်လိုက်ပါ၊ ငါ လွယ်လွယ်နဲ့ သတ်နိုင်တယ်။ ”

ကျင်းရွှမ်ယီက သူမအား လေးလေး စားစား ပြောလာ၏။

“ သူ့ကို သတ်ချင် တယ်လို့ ... ဘယ်တုန်းက ပြောလို့လဲ။ ”

ဝမ်မူယန်မှ ချစ်စရာ ကောင်းသော အပြုံးမျိုးဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက် လေသည်။

“ ငါ သူ့ကို မုန်းနေတယ် ထင်လို့လား၊ မဟုတ်ဘူး ပိုပြီးတောင် ချစ်မိ လာတယ်၊ မင်း သူနဲ့ တွေ့ရင် မသတ်နဲ့၊ သူသာ အဲဒီလူ ဆိုရင် အရမ်း ပျော်စရာ ကောင်းလာ လိမ့်မယ်။ ”

“ မင်းအပေါ် ကျရှုံး စေချင် လို့လား။ ”

ကျင်းရွှမ်ယီက ရီဝေနေသော အကြည့်ဖြင့် ပြန်မေး လိုက်၏။

“ ဘာ လို့လဲ ... ၊ မင်း မနာလို ဖြစ်နေ တာလား။ ”

“ သေနေတဲ့ လူကို၊ ငါက မနာလို ဖြစ်စရာလား၊ သူ စိန်ခေါ်ပွဲ မလာခဲ့ ရင်တောင်၊ နတ်ဘုရား သင်္ချိုင်း တောင်တန်း အပြင်၊ ထွက်လာ တာနဲ့၊ ငါ သတ်မယ်။ ”

“ ထားပါတော့ ... နတ်သွေးပန်း ဘယ်မှာလဲ။ ”

“ ဒီမှာ ... ။ ”

ကျင်းရွှမ်ယီက နတ်သွေးပန်းကို ထုတ်ပေး၏။ နတ်သွေးပန်းကို လှမ်းယူကာ၊ ဝမ်မူယန် တစ်ယောက် စိတ်လှုပ်ရှား သွားသည်။

ထို့နောက် ကျင်းရွှမ်ယီထံ ပြန်ပေးလျက်၊ (၆)ပါးသော မြို့တော်သို့ ပြန်ပြီး စောင့်ဆိုင်း စေ လိုက်၏။

ထိုအချိန်တွင်၊ လင်းယွန်က ပိုင်ချင်းယွီ လက်ကို ဆွဲကာ၊ တောင်ကုန်း တစ်ခုပေါ် ဆင်း သက် လိုက်၏။

ဤသည်မှာ လျှို့ဝှက် နယ်မြေ ဖြစ်သည်။ တောင်ထိပ်၌ ရှေးဟောင်း ပလ္လင် တစ်လုံး ရှိ၏။ ပလ္လင်မှ ချိုသာသော တာအို တေးသွားများ ထုတ်လွှတ် နေသည်။

“ ဒါ ... ကောင်းကင် နွယ်ပင်ပဲ၊ ရှားပါးတဲ့ နတ်ဘုရား သစ်ပင် တစ်ပင် ... ၊ ဒီမှာ ရှိနေတာ လား။ ”

ခရမ်းငယ်မှ တအံ့တသြနှင့် အော်လိုက်သည်။ ပလ္လင် အနားတွင် ထူးထူး ဆန်းဆန်း ပန်းပွင့် များနှင့် မြင့်မားသော သစ်ပင်ကြီး ရှိသည်။

ထိုသစ်ပင်ကြီးမှ နွယ်ပင် တစ်ပင် ပလ္လင်ပေါ် တွဲလျောင်း ကျနေ၏။

“ ဆရာ ... ၊ တပည့်ကို တစ်ယောက် ယောက်က ခေါ်နေသလို ခံစား နေရတယ်၊ အဲဒီ ပလ္လင် ကနေ လာတာ။ ”

ပိုင်ချင်းယွီမှ စိတ်လှုပ်ရှားစွာ ပြောသည်။ ခရမ်းငယ်က ယဇ်ပလ္လင်ကို စိုက်ကြည့်ပြီး၊

“ ကြည့် ရအောင် ... ၊ သွေးကျီးကန်း ဘိုးဘေး အဆို အရ၊ နတ်သွေးပန်က မွေးရာပါ ယင်-သူတော်စင် ခန္ဓာကို မြင်ရင် ထွက်လာ လိမ့်မယ်တဲ့။ ”

-ဟု ဆိုလိုက် သဖြင့်၊ ပိုင်ချင်းယွီ တစ်ယောက် စိတ်လှုပ်ရှားစွာ ခေါင်းညိတ် မိလေသည်။

“ ခရမ်းငယ် ... ၊ ပန်းတစ်ပွင့်က လူ တစ်ယောက်ကို သေရာ ကနေ ပြန်ရှင် နိုင်တယ် ဆိုတာ တကယ်လား။ ”

လင်းယွန်မှ မေးသည်။

“ ဒါက ဒဏ္ဍာရီလာ ပန်းပဲ၊ လုပ်ငန်း စဉ်က ရှုပ်ထွေးတယ်။ ”

“ ဟုတ်လား ... ။ ”

“ သေပြီးသား လူကို အသက် ပြန်ရှင် အောင်လုပ်ဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ တစ်စုံ တစ်ယောက်က မသေခင် နတ်သွေးပန်း အစေ့ကို ရရှိ ထားရင်တော့ ...

... အဲ့ဒီလူ သေဆုံးတဲ့ အခါ၊ ပန်းက ပွင့်လာပြီး၊ သူ အသက် ပြန်ရှင် လာလိမ့်မယ်၊ ဒါပေမယ့် သိပ်ပြီး မျှော်လင့်ချက် မထားတာ ကောင်းပါတယ်၊ နတ်ဘုရား အစီရင်ရဲ့၊ ...

... ဗဟိုချက်မှာ ရှိနေရင်၊ သူ့ကို မထိတာ အကောင်း ဆုံးပဲ၊ ရနံ့ ကိုပဲ ပန်းသင်္ချိုင်း စုပ်ယူ ပါစေ။ ”

လင်းယွန်မှ အသက်ပြင်းပြင်း ရှူလိုက်၏။ တောင်ပိုင်း ဧကရာဇ်သည် သူ့အမျိုး သမီးအား ကယ်တင် လိုသောကြောင့်၊ ဤပန်းအတွက် သူ့ဘဝ တစ်ဝက် ကုန်ဆုံး စေခဲ့ ဖူးသည်။

“ ငါ နားလည် ပါတယ်၊ လူ တစ်ယောက် အတွက် သေခြင်း ကနေ၊ ပြန်ရှင် လာဖို့ ဆိုတာ အဓိပ္ပါယ် မရှိဘူး။ ”

“ ဆရာ ... အစ်ကို ယဲ့ ... ၊ ဟိုမှာ တစ်ခုခု ရှိနေတယ်။ ”

ပိုင်ချင်းယွီမှ လက်ညှိုး ထိုးသည်။ သူမ ပြောသည့် အခိုက်တွင်၊ မြေပြင် အနှံ့ အက်ကွဲ ကြောင်းများ ပြန့်ကျဲ ကုန်၏။

ကောင်းကင် နွယ်ပင်များ ပလ္လင်ပေါ် ကျလာပြီး၊ သူတော်စင် ရောင်ဝါများ ဖြာထွက် လာတော့သည်။

“ တကယ် ဒီမှာပဲ ... ။ ”

ခရမ်းငယ်က အော်သည်။ သို့သော် သူတို့ မျှော်လင့် ထားသည်နှင့် မတူဘဲ၊ အချိန် အတော် ကြာသည် အထိ၊ ရောင်ဝါမှာ အားမနည်း ခဲ့ချေ။ အချိန်များစွာ စောင့်ဆိုင်း နေခဲ့ ရသည်။

ထို့နောက် ရောင်ဝါ အားနည်း သွားကာ၊ ပလ္လင် ပတ်လည်၌ ရွှေရောင် ပုံရိပ်များ ဖြစ်ပေါ် လာတော့၏။

“ အဲဒါ နတ်ရူရ် တွေပဲ ... ။ ”

ကောင်းကင် နွယ်ပင် အသက်ဝင် လာသည်အထိ၊ သုံးယောက်သား စောင့်ဆိုင်း နေမိသည်။

လင်းယွန်က စိတ်စွမ်းအင် များကို ဖြန့်ကျက်ကာ၊ လက် နှစ်ချောင်းအား ဆန့်ထုတ် ပြီး၊ ညှပ်ချ လိုက်၏။

“ ကလစ် ... ။ ”

ယင်းသည် ခရမ်းငယ် သင်ပေးသော ကောင်းကင် ပိုးစာ လက်ဟန် ဖြစ်သည်။ ဤ နည်းဖြင့် ကောင်းကင် နွယ်ပင်အား ဖြတ်တောက် ပစ်လိုက်၏။

ထို့နောက် သရဖူ အဖြစ် ယှက်လုပ်ကာ၊ ခရမ်းငယ် ခေါင်းတွင် ပန်ပေး လိုက်ပြီး နဂါးပြာ စွမ်းအင်ကို သွန်းလောင်း ပေးသည်။

“ မျက်စိ နှောက်တယ်။ ”

ခရမ်းငယ်က နှုတ်ခမ်းစူပြီး ပြော၏။

“ အိုး ... အရမ်း လှတယ်... အစ်ကိုယဲ့ ငါလည်း လိုချင်တယ်။ ”

ဘေးမှ ရပ်ကြည့် နေသော ပိုင်ချင်းယွီမှ မနာလိုစွာဖြင့် တောင်းဆို တော့သည်။

“ မရဘူး ... ၊ မင်းဆရာ ဆီက တောင်း ... ၊ ကောင်းကင် ပိုးစာ လက်ဟန်ကို သင်ပေး ခဲ့တာ သူပဲ ... ။ ”

လင်းယွန်မှ ပြုံးပြီး ခရမ်းငယ်ထံ မေးငေါ့ ပြလိုက်၏။

“ ဆရာ ... ။ ”

“ စိတ်မပူနဲ့ ... ၊ ငါ့တပည့် အတွက် တစ်ခု လုပ်ပေး။ ”

ခရမ်းငယ်၏ လင်းယွန်အား အမိန့်ပေး လိုက်သည်။ လင်းယွန်မှ ပြုံးလျက်၊ ပိုင်ချင်းယွီ အတွက်၊ သရဖူ တစ်ခု ထပ်လုပ် ပေးသည်။

ကောင်းကင် နွယ်ပင်အား ဆောင်းလိုက်သော အခါ၊ ပိုင်ချင်းယွီ၏ အသွင် သည် ထပ်လောင်း လင်းလက် သွား၏။

“ ကျေးဇူး တင်ပါတယ် ... ။ ”

ပိုင်ချင်းယွီက ရှက်ရွံ့စွာ ခေါင်းငုံ့ သွားသည်။

“ သူ လာနေပြီ ... ။ ”

သုံးယောက်သား ယဇ်ပလ္လင်မှ လျှံထွက် လာသော၊ ပြင်းပျသည့် အသက် စွမ်းအားကို ခံစား လာမိ၏။

ကောင်းကင်မှ သူတော်စင် မိုးများ ရွာချ လာသည်။ မိုးရေကြောင့် မြေပြင် ပေါ်ရှိ ပန်းများ ကို၊ သန့်ရှင်း စင်ကြယ် သွား၏။

ထိုအချိန်တွင် နဂါးလေးမှ အရိပ် အသွင် ပြေးဝင် လာပြီး၊

“ အစ်ကိုကြီး၊ သွေးကျီးကန်းတွေ ဝင်လာပြီ။ ”

-ဟု သတင်းပို့ လာတော့သည်။

“ လာ ... ယဇ်ပလ္လင် ဆီကို သွားရအောင်။ ”

များ မကြာမီ ကြက်သွေးရောင် တိမ်တိုက်များ စုဖွဲ့လျက်၊ သွေးကျီးကန်း ကိုးကောင် ရောက်ရှိ လာသည်။

၎င်းတို့ ထံမှ ကြောက်မက်ဖွယ် ရောင်ဝါကို၊ ခံစား လိုက်ရ၏။ အတောင်ပံ များမှာ ငွေရောင် အဆင်း သဏ္ဍာန် ဖြစ်သည်။

(၉)ကောင်လုံး ဘုရင်များ ဖြစ်၏။ ပိုင်ချင်းယွီက ပလ္လင်ပေါ် ထိုင်ချပြီး မျက်လုံးများ ချက်ချင်း မှိတ်သွားသည်။

ယဇ်ပလ္လင်ပေါ် ရောက်သည်နှင့် နတ်သွေးပန်းက သူမအား ဆက်သွယ် လာခြင်း ဖြစ်သည်။ သူတော်စင် ရောင်ဝါများ သူမ ခန္ဓာ ကိုယ်မှ၊ ချက်ချင်း တောက်ပ လာ၏။

“ မင်းတို့ နှစ်ယောက် သူ့ကို ကာကွယ် ထားပါ၊ သွေးကျီးကန်း တွေကို ငါ ကိုင်တွယ် လိုက်မယ်။ ”

“ သတိ ထား ... ။ ”

“ စိတ် မပူနဲ့ ... ။ ”

သွေးကျီးကန်း ဘုရင်မှာ ကိုးကောင်သာ ဖြစ်သဖြင့် လင်းယွန်မှ မကြောက်ချေ။

“ ဓားမိစ္ဆာ ... ၊ မင်း ငါတို့ ဘိုးဘေးကို သတ်ပြီး မြင့်မြတ်မြေကို သိမ်းပိုက်ဖို့ ကြိုးစား နေတာလား။ ”

သွေးကျီးကန်း ဘုရင် တစ်ကောင်က နာကြည်းစွာ စိုက်ကြည့်ပြီး မေးမြန်း လာ၏။

“ သိချင်လား ... စကား မများနဲ့ လာ။ ”

လင်းယွန်က ဓားကို ဆွဲကိုင်ကာ ပြန်ပြော လိုက်သည်။

“ ကောင်းပြီ ... သူ့ကို သတ် ... ။ ”

ဒေသတကြီး အမိန့်ပေး သံနှင့် အတူ၊ ကြက်သွေးရောင် တောင်ပံ များကို ခတ်လျက် ၎င်းက ဝင်ရောက် လာ၏။

“ ရွှပ် ... ။ ”

ကြယ်ဓားအား သွန်းလောင်းလျက်၊ ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော် လိုက်သော အခါ၊ ထိုသွေးကျီးကန်း ဘုရင်၏ အမွှေး အတောင်များ ရိတ်ခံ လိုက်ရသည်။

“ ဓားမိစ္ဆာ မင်း ... ။ ”

သွေးကျီးကန်း ဘုရင် များမှာ၊ ရှက်ရွံ့ သွားတော့၏။ ကျီးကန်း တစ်ကောင် အတွက် အမွှေးရိတ် ခံရခြင်းသည်၊ မတွေး ဝံ့သော အရှက် ရဖွယ် ဖြစ်သည်။

“ မသေချင်ရင် ထွက်သွားကြ ... ၊ မင်းတို့တွေက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ”

သွေးကျီးကန်း အရေ အတွက်မှာ အလွန် များပြား၏။ ၎င်းတို့ အားလုံး သူ့ထံ လာသော် ဒုက္ခ ဖြစ်ပေ လိမ့်မည်။

“ အတူတူ တိုက်ခိုက် ရအောင် ... ။ ”

အမွေးရိတ် ခံရသည့် သွေးကျီးကန်း ဘုရင်မှ၊ ပြောကြား လိုက် သည်နှင့်၊ ကျီးအုပ်ကြီး ပြိုကျ လာသည်။

“ သူ့ကို မလွတ် စေနဲ့ ... ၊ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ သူ့ကို သတ်ရမယ်။ ”

“ ဘိုးဘေး အတွက်၊ လက်စား ချေပါ။ ”

သွေးကျီးပေါင်း များစွာက ၎င်းတို့၏ အနှစ်သာရ များကို အသက် သွင်းကာ၊ လေထု အား လွှမ်းခြုံ လိုက်သည်။

လင်းယွန်မှ ဓားနှလုံးသား လွှတ်ပြီး၊ ငွေရောင် အဆင်းဖြင့်၊ ယဇ်ပလ္လင် တစ်ခု လုံးကို ကာ၏။

ဤသည်မှာ ကမ္ဘာ တစ်ခု၏ ကောက်ကြောင်း ဖြစ်သည်။ ခရမ်းငယ်နှင့် နဂါးလေးက ထိုကမ္ဘာ အတွင်း ချည်းကပ် လာ သည့်၊ သွေးကျီးကန်း များကို လွယ်ကူစွာ သတ်ပစ် နိုင်ခဲ့သည်။

သို့တိုင် အရေ အတွက်မှာ ကောင်းကင် တစ်ခု စာလုံး ပြည့်လျှံနေ သဖြင့်၊ ဆက်လက် တိုက်ခိုက် နေရဆဲ ဖြစ်၏။

သွေးကျီးကန် ဘုရင် ကိုးကောင် အတူ လက်တွဲ ပြီးနောက်၊ ၎င်းတို့အား သတ်ရန် အခွင့် အရေး မရှိတော့ချေ။

ဓား နှလုံးသားသည် စစ်မှန်သော ဓားနယ်မြေ မဟုတ် သေးသောကြောင့့််၊ ဘုရင် ကိုးပါးကို ခြိမ်းခြောက် ရုံသာ တတ်နိုင်သည်။

တစ်နာရီ ကြာသော အခါတွင်၊ ငွေရောင် အကာအကွယ်မှာ အပေါက်များ ပေါက် သွားပြီး၊ သွေးကျီးကန်း ဘုရင် ကိုးကောင် ဝင်ရောက် လာတော့၏။

“ မကောင်း တော့ဘူး ... ။ ”

သွေးကျီးကန်း အရေ အတွက်သည်၊ များလွန်း သောကြောင့်၊ ခရမ်းငယ် မျက်နှာ ပြောင်းလဲ သွားသည်။ ဤအတိုင်း ဆက်သွား သော် အဝိုင်းခံ ရနိုင်၏။

“ ငါ သူတို့ကို ခေါ်သွားမယ်။ ”

လင်းယွန်က သွေးကျီးကန်း ဘုရင် တစ်ကောင်ကို ပြန်လည် တွန်းထုတ် ပြီးနောက် ရွှေတောင်ပံများ ဆင့်ခေါ်ကာ ပြောသည်။

သို့သော် သူ ထွက်သွား ခါနီးတွင်၊ ဓားရောင်ခြည် တစ်စင်း လင်းလက် လာပြီး၊ ထိုသွေးကျီးကန်း ဘုရင် ကိုးကောင်ကို ခေါင်းဖြတ် ပစ်လိုက် တော့၏။

ဓားအလင်း ထွက်ပေါ်ရာ သစ်ပင်ကြီး အောင်သို့၊ လင်းယွန်မှ ချက်ချင်း လှည့်ကြည့်မိ လေသည်။

“ ဒါက ... နင်လား ... ။ ”

ဓားအလင်း၏ အငွေ့ အသက်မှာ၊ ရင်းနှီး လွန်းသောကြောင့်၊ ခရမ်းငယ် မှလည်း သံသယ များစွာဖြင့်၊ လှည့်ကြည့် လိုက် တော့သည်။

***

All Chapters