← Chapters

မိတ်ဆွေ ဟောင်း ... ။

Vol. 145 Ch. 2018

မိတ်ဆွေ ဟောင်း ... ။

Vol. 145 Ch. 2018

“ ဘယ်သူ မို့လဲ ... ။ ”

လင်းယွန်မှ မေးသည်။ ဓားရောင်ခြည် ထွက်ပေါ် လာရာ အရပ်၌ မည်သူမျှ ရှိ မနေ သဖြင့်၊ အံ့ဩ သွားသည်။

သွေးကျီးကန်း ဘုရင် များသည် နိဗ္ဗာန် နဝမမြောက် အသွင် ကူးပြောင်းမှုတွင် ရှိသော သာမန် နတ်ဆိုးများ မဟုတ်ချေ။

အချို့သော အမည်ခံ သူတော်စင်များ ထက်ပင် ပို၍ ကြောက်စရာ ကောင်းလေသည်။ ၎င်းတို့၌ ကျင့်ကြံမှု နည်းစနစ် မရှိ သောကြောင့် သာ၊ သူတော်စင် လမ်းသို့ မတက် နိုင်ခြင်း ဖြစ်၏။

“ သတ် ... ။ ”

ဘုရင်များ သေဆုံးသွား ခြင်းသည်၊ သွေးကျီးကန်း ငယ်များကို ရူးသွပ်သွား စေ၏။ ဤမြင်ကွင်းကို မြင်သော အခါ၊ လင်းယွန်က ပြန်လှည့်ပြီး၊

“ ပိုင်ချင်းယွီကို ကာကွယ်ထား ... ။ ”

-ဟု ပြောကြား လိုက်သည်။

“ သူတို့က အရမ်း များတယ်၊ သူတို့ အားလုံးသာ တပြိုင် နက်တည်း ဝင်လာရင် အမည်ခံ သူတော်စင် တောင် ခံနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ...

... ကံကောင်း ထောက်စွာ နဲ့ပဲ၊ ဒီကောင် တွေက ဉာဏ်ရည် မမီဘူး၊ မင်းတို့ ဒီမှာ နေခဲ့၊ ငါ ခေါ်ထုတ် သွားမယ်။ ”

လင်းယွန် စကားကို ခရမ်းငယ်က သဘောတူ၏။

“ကောင်းပြီ ... ။ ”

သူမ နဖူးမှ နတ်ရူရ် ရောင်ခြည်များ လင်းလာချိန်၌ လင်းယွန်က ခုန်ထွက် သွားပြီ ဖြစ်သည်။

ကြယ်ဓားကို လွှတ်ပေး ခဲ့ရာ၊ အလင်း တိုင်ကြီး အဖြစ်၊ ကောင်းကင်ပေါ် ထိုးတက်သွား တော့၏။

“ သတ် ... ။ ”

သူ့တစ်ကိုယ်လုံး နိဗ္ဗာန် ရောင်ဝါဖြင့်၊ ချက်ခြင်း ဖြည့်လိုက်ပြီး၊ ကြယ်ဓားကို ခွန်အား အပြည့် လွှဲထုတ် ပစ်သည်။

မီတာ ငါးရာ အတွင်း၊ အာကာပြင် စုပ်ပြဲလျက် ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ် စုပ်ဝဲများ ဖြစ်ပေါ် လာ၏။

မရေ မတွက် နိုင်သော သွေးကျီးကန်း များကို၊ ဓားအလင်းမှ ကြိတ်ချေကာ၊ သွေးနှင့် အသား အဖြစ် ပြန်၍ အန်ထုတ် လာသည်။

မြေပြင်၌ သွေးများ ဖုံးလွှမ်းလျက်၊ မီတာ တစ်ထောင် အတွင်း သွေးကျီးကန်းများ သေဆုံး ကုန်သည်။

အနည်းဆုံး ရာဂဏန်းခန့် တိမ်းပါး ချေ၏။ ထိုမြင်ကွင်းက ကျန်ရှိနေ ခဲ့သော သွေးကျီးကန်း များကို၊ ထိတ်လန့် တကြား ဖြစ်လာ စေသည်။

“ ဝှစ် ... ။ ”

ဤဓားမိစ္ဆာသည် နတ်ဘုရား တစ်ပါး ပင်လော။ သို့သော် ဓားမိစ္ဆာမှ လေထဲ တစ်ချက် နင်းပြီး၊ တဟုန်ထိုး ထွက်ပြေး သွားတော့၏။

သွေးကျီးကန်း များကို ဦးဆောင်လျက် ရွှေကျီးကန်း တောင်ပံများ အားကိုးကာ ရေှ့မှ ပြေးနေသည်။

သူ့အား အဝေးမှပင် သွေးကျီးကန်းများ မြင်သာ စေရန်၊ ကြယ်ဓားကို အထွတ် အထိပ်ထိ ထုတ်လွှတ် ထား၏။

လျှို့ဝှက် နယ်မြေ နယ်နိမိတ် အစပ် ဆီသို့ ပြေးသွားကာ၊ ပန်သင်္ချိုင်း အတွင်း ဓားရောင်ဝါ လောင်းထည့်ကာ၊ ပစ်ထုတ် လိုက်သည်။

“ သွား ... ။ ”

ပြီးနောက် သစ်ပင် တစ်ပင် နောက်သို့ ဝင်ရောက် ခိုအောင်း တော့သည်။ (၁၅) မိနစ် အကြာတွင် သွေးကျီးများ ရောက်ရှိလာ ကြပြီး၊ ပန်းသင်္ချိုင်း နောက်သို့ ဆက်လိုက် သွား၏။

“ တကယ် အလုပ် ဖြစ်တယ် ... ။ ”

အလင်းတန်း အဖြစ်သို့ ပြောင်းလဲလျက်၊ ယဇ်ပလ္လင်ထံ ပြန်လှည့် လာခဲ့သည်။ သူ ပြန်လာ သည်ကို မြင်သော အခါ၊ ခရမ်းငယ်မှ အံ့သြ သွား၏။

“ သွေးကျီးကန်း တွေရော၊ နင် ... သတ်လိုက်ပြီလား။ ”

“ သူတို့က ထောင်သောင်းချီ ရှိတာ ... ၊ ငါ ဘယ်လိုလုပ် သတ်နိုင် မှာလဲ၊ ပိုင်ချင်းယွီ အဆင် ပြေလား။ ”

လင်းယွန်မှ မေးလိုက်သည်။ ပိုင်ချင်းယွီ တစ်ယောက် မျက်လုံးများ မှိတ်ထား လျက်မှ၊ ရောင်ဝါများ ပွင့်ထွက် နေ၏။

ကြယ်ဓား ရည်ရွယ်ချက် ကိုပင်၊ ဖိနှိပ် နိုင်သော ရှေးဟောင်း ရောင်ဝါ တစ်မျိုး ဖြစ်ချေ ပြီ။ ၎င်းမှာ လျှို့ဝှက် ဆန်းကြယ်ပြီး၊ မွေးရာပါ ယင်-သူတော်စင် ခန္ဓာ သို့မဟုတ် နတ် သွေးပန်းကြောင့် ဖြစ်ပေမည်။

“ ထူးဆန်းတယ် ... ၊ နတ်သွေးပန်းက သူနဲ့ ချိတ်ဆက်ပြီး ရောထွေး နေတယ်။ ”

ခရမ်းငယ် အဖြေကြောင့် လင်းယွန်မှ တစ်ခုခုကို ခံစား မိလာကာ၊ မျက်နှာ ပြောင်းလဲ သွားသည်။

“ ရောထွေး နေတာလား ... ၊ ဒါက သူ့ကို ဝါးမျို နေတာ မဟုတ် ဖူးလား။ ”

“ ငါ မသိဘူး ... ၊ ဒီလို အခြေ အနေမျိုး တစ်ခါမှ မကြုံ ဖူးတော့ မပြော တတ်ဘူး၊ နတ် သွေးပန်းက ရှေးခေတ် တည်းက ဒဏ္ဍာရီ တစ်ခုပဲ။ ”

“ ဒါဆို ငါတို့ သူ့ကို နိုးရအောင်။ ”

အကျဉ်းချုံး စဉ်းစား ပြီးနောက် ၊ လင်းယွန်က ဆုံးဖြတ်ချက် ချလိုက်သည်။ နတ် သွေးပန်းတွင် ဉာဏ်ရည် ဉာဏ်သွေး ရှိသဖြင့်၊ ပိုင်ချင်းယွီအား ဝါးမြိုရန် ကြိုးစား ပေမည်။

နတ်သွေးပန်းအား လိုချင် သော်လည်း၊ ပိုင်ချင်းယွီ ဘဝနှင့် မလဲ နိုင်ချေ။

“ သူက အဲဒီလို လုပ်ချင်ပုံ မရဘူး၊ စောင့်ကြည့် ပါဦး၊ နတ်သွေးပန်းကို သန့်စင် ပြီးရင်၊ အစေ့ တစ်စေ့ ပေးမယ် ထင်တယ်။ ”

ခရမ်းငယ်မှ တုန့်ဆိုင်းစွာ ပြော၏။

“ ဒါက အန္တရာယ် များလွန်းတယ်၊ လောင်းကြေး မထပ် ဝံ့ဘူး။ ”

ဤအခြေ အနေကို မကြိုက် သဖြင့်၊ ပိုင်ချင်းယွီ ပုခုံးအား လှမ်းဆွဲ လိုက်တော့သည်။ သို့သော် ချက်ချင်း လွင့်စဉ် သွားရ၏။

တန်ခိုး ကြီးသော ဖိအား တစ်ခု၊ ယဇ် ပလ္လင်မှ ထွက်လာပြီး၊ ခရမ်းငယ်နှင့် နဂါးလေး ကိုပါ၊ ရိုတ်ခတ် လွင့်ပျံ သွား စေသည်။

ယဇ်ပလ္လင်မှ ပန်းရနံ့များ ပျံ့လွင့် လာကာ၊ အဝါရောင် ဖျော့ဖျော့ ပန်းတစ်ပွင့် ပုံသဏ္ဍာန် ပေါ် လာသည်။

ထိုရနံ့ကို ရှူရှိုက် မိသော အခါ၊ သက်တောင့် သက်သာ ခံစား လိုက်ရပြီး၊ ဒဏ်ရာမှ ပြန်လည် ကောင်းမွန် လာကြ၏။

“ နတ် သွေး ပန်း ... ။ ”

တစ်ချိန်တည်း မှာပင် နတ်သွေးပန်း ပွင့် လာကာ၊ ပိုင်ချင်းယွီအား သူတော်စင် ရောင်ဝါ များဖြင့်၊ ဖုံးအုပ် တော့သည်။

ကောင်းကင်နှင့် မြေကြီးကြား ရောနှော ပျောက်ကွယ်နေသော ကောင်းကင် နွယ်ပင်များ ပေါ်လာ၏။ ၎င်းတို့က လင်းယွန်အား တိုက်ခိုက် လာလေသည်။

“ သေ စမ်း ... ။ ”

လင်းယွန် တစ်ယောက် နောင်တရ ကြီးစွာနှင့် လက်ဝှေ့ ယမ်းပြီး၊ ကောင်းကင် နွယ်ပင် များကို၊ ရှင်းထုတ် ပစ်လိုက်၏။

“ မင်း ... ဘယ်လို သတ္တိ ရှိလဲ။ ”

ထိုမြင်ကွင်းကြောင့် ခရမ်းငယ် နဖူးရှိ နတ်ရူရ်များ ပွင့်လာကာ၊ ဓားမြှောင် တစ်လက် နှင့် နွယ်ပင် များကို ဖြတ်ပစ် တော့သည်။

အခွင့် အရေး ရသည်နှင့်၊ နေလ ထီးကို ထုတ်ကာ၊ လင်းယွန်မှ ယဇ်ပလ္လင်ပေါ် ပြန်လည် ဆင်းသက် လိုက်သည်။

ပန်းရနံ့ များမှာ အလွန် သိပ်သည်းပြီး၊ ရွှေရောင် အခိုးအငွေ့ အဖြစ် ရစ်သိုင်း လာ၏။ မြူအတွင်း လျှောက်လှမ်းကာ၊ နတ်သွေးပန်းထံ လှမ်းကြည့် လိုက်သည်။

“ ကျေးဇူး ပြုပြီး ... သူ့ကို လွှတ်ပေးပါ။ ”

“ သူ့ကို မင်းအတွက် စတေး ခံဖို့ ... ၊ ဒီခေါ်လာတာ မဟုတ် ဖူးလား။ ”

ရုတ်တရက် နတ်သွေးပန်းက စကား ပြောလာ၏။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ၊ သူ့ကို ယဇ်ပူဇော်ဖို့ မဟုတ် ပါဘူး။ ”

“ ဒါဆို မင်းဘာလို့ ... ဒီခေါ်လာ တာလဲ။ ”

“ ငါ ... ။ ”

ဤပန်းအတွက် အမှန် တကယ် ရောက်လာခြင်း ဖြစ်သဖြင့်၊ လင်းယွန်မှ ပြန် မဖြေနိုင် တော့ချေ။

“ ထွက် သွား တော့ ... ၊ သူကလည်း မင်းအတွက် အနစ်နာ ခံဖို့ ... ဆန္ဒ ရှိနေတယ်၊ သူနဲ့ငါ ရောနှော ပြီးရင်၊ မင်း အတွက် မျိုးစေ့ တစ်စေ့ ချန်ထား ပေးမယ်။ ”

“ တောင်းပန် ပါတယ် ... ၊ ငါ လက်မခံ နိုင်ဘူး။ ”

“ လက်မခံ ဖူးလား ... ၊ မင်း ဘယ်သူနဲ့ ... စကား ပြောနေ တာလဲ သိလား၊ အခု မင်းက နတ်ဘုရား တစ်ပါးနဲ့ စကား ပြောနေတာ။ ”

“ နတ်ဘုရား လား ကောင်းပြီ ... ။ ”

လင်းယွန်မှ ထိုအကြောင်းကို အများကြီး မတွေး တော့ဘဲ၊ မိုးပြာ နဂါး နေ-လ ထီးဖွင့်ကာ ‘ပန်းသင်္ချိုင်း၊’-ဟု အော်ခေါ် လိုက်၏။

“ ဝှစ် ... ။ ”

နတ်သွေးပန်းက ရောင်ဝါဖြင့်၊ နေလ ထီးကို တွန်းထုတ် ပစ်သည်။ ထိုအချိန်တွင် ပန်းသင်္ချိုင်း ရောက်လာပြီး၊ နတ်သွေးပန်းထံ ပြေးဝင်၏။

ရွှေအရည်များ သွေးကဲ့သို့၊ ပန်းပွင့်မှ စီးကျ လာသည်။ သို့သော် နွယ်ပင် တစ်ချို့ ထွက်ပေါ် လာပြီး၊ ဓားကို ရစ်ပတ် သွား၏။

လျှို့ဝှက် နယ်မြေရှိ ကောင်းကင်ကြီး၊ ရုတ်တရက် မှောင်ကျ လာကာ၊ နတ်ဘုရားများ ဒေါသ ဖြစ်လာ သကဲ့သို့၊ ကြောက်မက်ဖွယ် အငွေ့ အသက်များ၊ ပျံ့နှံ့ သွားသည်။

လေဟာနယ် အတွင်း၊ အက်ကြောင်းများ ပေါ်လာပြီး၊ အချိန်များ ရပ်တန့် သွားခဲ့သည်။ ဤရောင်ဝါ အောက်၌၊ ခရမ်းငယ် အပါအဝင် လင်းယွန် မှလည်း၊ လှုပ်မရ တော့ချေ။

“ မင်းတို့ သေလိုက်တော့ ... ။ ”

လျှပ်စီး လက်ဖဝါး ကြီးက ကောင်းကင်မှ ကျလာသည်။ ဒေါသကြောင့် လက်ဖဝါး ပေါ်၌၊ ရေးထိုး ထားသော နတ်ရူရ်က အသက်ဝင် လာသည်။

“ လုံ လောက် ပြီ ... ။ ”

ရုတ်တရက် အသံ တစ်သံ ထွက်ပေါ် လာသည်။ မဝေး လှသော သစ်ပင် တစ်ပင် အောက်၌၊ အဖိုးအို တစ်ဦး ပေါ်လာ၏။

အဘိုးအိုက လက်ညှိုး ညွှန်ပြပြီး၊ ကောင်းကင်မှ လျှပ်စီး လက်ဖဝါးအား ဖျက်ဆီး ပစ်လိုက်သည်။ အချိန်များ နောက်ပြန် လှည့် သွား သလို၊ နတ်သွေးပန်းက ပွင့်လာ၏။

“ တကယ် နင်ပဲကိုး ... ။ ”

အဘိုးအိုအား တွေ့သော အခါတွင်၊ ခရမ်းငယ် တစ်ယောက် ဒေါသ တကြီး ပြေး ထွက်သွား ခဲ့သည်။

ဤသည်မှာ သူတော်စင် နယ်ပယ်ဖြင့်၊ နတ်ဘုရား များကို သတ်နိုင်သော အိုင်းရစ်ဓား သူတော်စင် ဖြစ်သည်။ ၎င်းက သူမအား အနှစ် တစ်သိန်းကြာ ချိတ်ပိတ် ထားခဲ့၏။

***

All Chapters