← Chapters

ကိုယ်ပိုင် တာအိုကို ရှာဖွေခြင်း။

Vol. 145 Ch. 2019

ကိုယ်ပိုင် တာအိုကို ရှာဖွေခြင်း။

Vol. 145 Ch. 2019

နတ်သွေးပန်း ပြန်လည် ကျုံ့ဝင်ပြီး၊ ပေါင်းစပ်မှု ဖြစ်စဉ် ရပ်တန့် နေစဉ်၊ လင်းယွန်မှ အဖိုးအိုကို ကြည့်ကာ၊ မှတ်မိ သွား၏။

“ စီနီယာ ... ။ ”

အိုင်းရစ် ဓားသူတော်စင် တစ်ယောက် အဘယ်ကြောင့် ဤနေရာတွင် ရှိနေရ သည်ကို နားမလည် နိုင်တော့ချေ။ ခရမ်းငယ် ပြောသလို ပင်၊ အသက်ရှင် နေဆဲ ဖြစ်ပုံ ရ၏။

“ ငါ့ ခန္ဓာကိုယ် ဘယ်မှာလဲ၊ ငါ့ကို ပြန်ပေး။ ”

ခရမ်းငယ်က ဒေါသ တကြီး တိုက်ခိုက် တော့သည်။ သို့သော် အိုင်းရစ် ဓားသူတော်စင်မှ အနည်းငယ် ရွေ့လျပြီးနောက်၊ သူမအား ညင်သာစွာ ပြန်၍ တွန်းထုတ် လိုက်၏။

“ မင်းရဲ့ ခန္ဓာကိုယ် အတွက် ... ၊ သူ ဖန်တီးပေး လိမ့်မယ်၊ သူ့ကို ကောင်းကောင်း ဆက်ဆံ ပါ။ ”

“ ဟမ့် ... အဓိပ္ပါယ် မရှိတာတေွ ... ငါ့ ခန္ဓာကိုယ်ကို ဘယ်မှာ ထားလဲ၊ ဘာလို့ အနှစ် တစ်သိန်း ကြာအောင်၊ ချိပ်ပိတ် ထားရ တာလဲ။ ”

“ အဲဒီ တုန်းက မင်းပဲ ... ငါ့ကို တောင်းဆို ခဲ့တာလေ။ ”

“ ဘာ ... ငါက အရူးလား၊ မဖြစ် နိုင်တာ။ ”

“ မင်း ကြည့်ရတာ ... အရာ တော်တော် များများကို မေ့သွား ပုံပဲ၊ ဒါလည်း ... ကောင်း ပါတယ်၊ မင်းရဲ့ ခန္ဓာကိုယ်က၊ ...

... သန်မာ လာတဲ့ တစ်နေ့၊ ပြန်ရှာတွေ့ နိုင်မှာပါ၊ ငါ့ကို မေးနေစရာ မလိုဘူး၊ ဆန္ဒ ရှိရင် မင်းရဲ့ တံဆိပ်ကို၊ အခု ငါ ပြန်ဖျက် ပေးမယ်။ ”

အိုင်းရစ် ဓား သူတော်စင်မှ ဆိုသည်။ ဓားသေတ္တာ၏ ဝိညာဉ် အဖြစ် ခရမ်းငယ်အား တံဆိပ်ခတ် ထားသည်ကို ဆိုလိုခြင်း ဖြစ်၏။

ထိုသို့ ပိတ်ဆို့ထား ခြင်းဖြင့်၊ သူမ၏ ကျင့်ကြံမှုသည်၊ လင်းယွန် အပေါ် လိုက်ကာ၊ ပြောင်းလဲ မြင့်တက် လာမည် ဖြစ်သည်။

ယင်း စကားကြောင့် လင်းယွန်က၊ အံ့အားသင့် သွားပြီး၊ ခရမ်းငယ်ထံ ပြန်ကြည့် မိ၏။ တံဆိပ်အား ဖြေလျော့ လိုက်ပါက၊ သူမ လွတ်လပ် သွားမည် ဖြစ်သည်။

“ အဓိပ္ပါယ် မရှိတာ၊ နင်က စိတ်ပျက် စရာ ကောင်းတဲ့ အဘိုးကြီးပဲ၊ အရင်တုန်းက နင် ငါ့ကို လှည့်စား ခဲ့တာ။ ”

ခရမ်းငယ် စကားကြောင့် အိုင်းရစ် ဓား သူတော်စင်မှ ပြုံးသည်။ သူမအား အာရုံ မစိုက် တော့ဘဲ၊ လင်းယွန်ထံ ကြည့်၏။

“ ကောင်လေး ... ငါတို့ ပြန်တွေ့ ... ကြ ပြီနော်၊ အခုချိန်ထိ မင်းက ငါ့ကို ထွက်လာခိုင်း နေတုန်း ပါလား ... ။ ”

“ စီနီယာ ... စီနီယာက သေသွားပြီ မဟုတ်လား။ ”

လင်းယွန်မှ အဆင် မပြေစွာဖြင့် ပြုံးကာ မေးလိုက်သည်။

“ အဲဒီလို မျိုးလည်း ... သတ်မှတ်လို့ ရပါတယ်၊ ငါတို့ တွေ့ခဲ့ တုန်းက ... ငါ သေသွား ခဲ့တာကိုး။ ”

ဆိုလို သည်မှာ ထိုစဉ်က အိုင်းရစ် ဓား သူတော်စင်သည်၊ ကိုယ်ပွား သို့မဟုတ် ဝိညာဉ် အပိုင်းအစ တစ်ခု ဖြစ်ပေသည်။

“ သူ အဆင်ပြေ ပါ့မလား။ ”

ရုတ်တရက် ပိုင်ချင်းယွီအား သတိရ သွားကာ၊ မေးလိုက် မိ၏။

“ အဆင်ပြေ မှာပါ ... ၊ ဒါက သူ့အတွက် အခွင့် အရေးပဲ။ ”

“ အဘိုးကြီး ... ၊ နင်က ဒီနတ်ဘုရား အစီရင်ကို တည်ဆောက် ထားတဲ့ ... လူ မဟုတ်လား။ ”

ခရမ်းငယ်မှ ဝင်မေးသည်။

“ မဟုတ်ဘူး ... ။ ”

“ ထင်သားပဲ ... ၊ နင်က ... ဝိညာဉ် ရေးရာ အစီရင် ဆရာ သခင်မှ မဟုတ်တာ၊ ဒီလို အရည် အချင်းမျိုး၊ ဘယ်လိုလုပ် ရှိမှာလဲ။ ”

ခရမ်းငယ်မှ အထင်မြင် သေးစွာ လှောင်ပြောင် လာသဖြင့်၊ အိုင်းရစ် ဓား သူတော်စင်မှ၊ ပြုံးပြ ရုံသာ ပြုံးသည်။

“ ဒါက အန္တရာယ်မှ မရှိပါဘူး၊ သခင်က ဒီအစီရင် အတွက် ငါ့ကို စောင့်ကြည့်ဖို့ ထားခဲ့ တာ ... ။ ”

‘သခင်’ ဟူသည် နဂါးပြာ ဘိုးဘေးကို ရည်ညွှန်းခြင်း ဖြစ်ပေမည်။ ခရမ်းငယ်မှ မျက်လုံး ပြူး သွား၏။

“ ဘာလို့ ... ၊ ဒီလောက် ကြီးကျယ် ခမ်းနားတဲ့ အစီရင်ကို ခင်းကျင်းထား ရတာလဲ၊ ဒီမှာ ကာကွယ် စရာ ဘာမှလည်း မရှိ ပါဘူး။ ”

“ ဒီအစီရင်ကို ... နိဗ္ဗာန် အစီရင်လို့ ခေါ်တယ်၊ ဒီနေရာမှာ သေဆုံး ခဲ့တဲ့ လူတွေ အတွက်၊ ပြန်လည် မွေးဖွား လာ နိုင်အောင်၊ ကူညီပေး ထားတာ။ ”

အိုင်းရစ် ဓားသူတော်စင်မှ သက်ပြင်းချကာ၊ ပြန်ဖြေ၏။ ထိုစကားကို ကြားသော အခါ၌၊ ခရမ်းငယ် ခမျာ ထိတ်လန့် သွားသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ပန်းနှစ်ပွင့် တူညီဖို့ ဆိုတာ အဓိပ္ပါယ်မှ မရှိတာ၊ တကယ်လို့ တစ်စုံ တစ်ယောက်က ပြန်လည် မွေးဖွား လာခဲ့ ရင်တောင်၊ အရင် လူပဲလို့ ... နင်အာမခံ နိုင်လား။ ”

ခရမ်းငယ် မေးခွန်းကို အိုင်းရစ် ဓား သူတော်စင်မှ ခေါင်းခါပြ လိုက်သည်။ နိဗ္ဗာန် တာအိုကို နားလည် ပြီးနောက်၊ လူ တစ်ယောက် ပြန်လည် ရှင်သန် လာရန်၊ မည်မျှ ခက်ခဲ သည်ကို၊ သူ နားလည်၏။

“ ဒါပေမယ့် ... သူတို့ထဲက တစ်ယောက် ယောက်သာ၊ အခွင့် အရေး ရခဲ့ရင် ... ၊ သခင် ကျေနပ် မယ်လို့၊ ယုံကြည် ပါတယ်။ ”

အိုင်းရစ်ဓား သူတော်စင်မှ ပြန်လည် ဖြေကြား လာသည်။ ထို့နောက် သူက လင်းယွန် ထံ ကြည့်ပြီး၊

“ မင်းက ဘာလို့ ဒီနေရာကို ရောက်လာ ရတာလဲ။ ”

-ဟု မေးမြန်း တော့သည်။

“ နိဗ္ဗာန်ကို ဖမ်းဆုပ် နိုင်မလားလို့ လာကြည့် တာပါ။ ”

လင်းယွန် အဖြေကြောင့် အိုင်းရစ် ဓား သူတော်စင်မှ ပြုံး၏။

“ ဝါးနိုင် တာထက် ... ပိုမဝါး မိစေနဲ့၊ သူတော်စင် လမ်းရဲ့ အထွတ် အထိပ် ရောက်ရင် တောင်၊ နိဗ္ဗာန်ကို နားလည်ဖို့ ဆိုတာ မလွယ်ဘူး၊ ...

... မင်းက ငါ့အမွေ ဆက်ခံသူ ဖြစ်နိုင် ပေမယ့်၊ နိဗ္ဗာန်ကို နားလည် မယ်လို့ ... မဆိုလို ပါဘူး။ ”

ယင်းစကားကြောင့် လင်းယွန် ခမျာ စိတ်ပျက် သွားသည်။

“ ဓားသေတ္တာ ထဲမှာ၊ နိဗ္ဗာန် မှတ်တမ်းကို ချန်ထား ခဲ့တယ်၊ မင်းရဲ့ ကျင့်ကြံမှု လုံလောက် တဲ့ အမြင့် ရောက်ရင်၊ အဲဒါကို နားလည်အောင် ကြိုးစား နိုင်တယ်၊ ဒါပေမယ့် ...

... နားမလည် ရင်လည်း ... ၊ စိတ်ပျက် နေစရာ မလိုဘူး၊ ဘာလို့လဲ ဆိုတော့ ... မင်းက ကိုယ်ပိုင် လမ်းကို ရှာတွေ့ နေပြီပဲ၊ အခု အားနည်း နေသေး ပေမယ့်၊ ...

... ဒါက မင်းရဲ့ ဘဝပါ၊ မင်းဓားက နိဗ္ဗာန်ပဲ၊ ဓားတစ်လက်နဲ့ အရာ အားလုံးကို ပြီးမြောက် စေနိုင် လိမ့်မယ်။ ”

ထိုစကားကို ကြားသော အခါ လင်းယွန် တစ်ယောက် အံ့သြ သွားပြီး၊ သွေးများ ပွက်ပွက် ဆူလာ တော့၏။ ဤသို့သော အမြင်မျိုး သူ့၌ မရှိ ခဲ့ချေ။

“ မလှည့် စားနဲ့ ... ၊ နိဗ္ဗာန် တာအို မပေးချင်ရင် အခြား အရာတွေ ပေးပါ၊ ငါ့လူက ဒီအခွင့် အရေးနဲ့ ထိုက်တန်တယ်။ ”

ခရမ်းငယ်က ရုတ်တရက် ဝင်ပြော ပေး လာသဖြင့်၊ လင်းယွန် တစ်ယောက် သတိ ပြန် ဝင်လာ တော့သည်။

အိုင်းရစ် ဓားသူတော်စင် ခမျာမှာ၊ ခရမ်းငယ်အား ကူကယ်ရာ မဲ့စွာ ကြည့်ပြီး ပြုံးလိုက် လေသည်။

“ မင်းက ... အရင်လို ရိုင်းစိုင်း နေတုန်း ပါလား ... ၊ ငါ့လို ဝိညာဉ် အပိုင်းအစ တစ်ခုက၊ ဘာများ လုပ်နိုင် ဦးမှာလဲ။ ”

“ ကျေးဇူးပြုပြီး ... လမ်းညွှန် ပေးပါ စီနီယာ။ ”

လင်းယွန်က ချက်ချင်း တောင်းဆို လိုက်သည်။ ဝိညာဉ် အပိုင်းအစ ဖြစ် လျှင်ပင်၊ အကျိုး ကျေးဇူး တစ်စုံတစ်ရာကို ရရှိနိုင် ပေမည်။

ဤအခွင့် အရေးမျိုး လွတ်သွား ခဲ့သော်၊ ထပ်မံ ကြုံဆုံခွင့် ရှိ-မရှိ မသိ နိုင်ချေ။ အဆုံးတွင် အိုင်းရစ် ဓားသူတော်စင်သည်၊ သူ့ကိုယ်သူ ပြသရန် ဆန္ဒ ရှိသည် မဟုတ်ချေ။

“ ကောင်းပြီ ... ။ ”

အိုင်းရစ် ဓား သူတော်စင်မှ သက်ပြင်းချ လိုက်သည်။

“ မင်းရဲ့ တာအိုက ... အရမ်း အားနည်း နေသေးတယ်၊ ဘယ် လောက် အထိ ရနိုင် မလဲ ဆိုတာတော့၊ မင်း အပေါ်ပဲ၊ မူတည် လိမ့်မယ်။ ”

“ ဟမ့် ... ၊ ဒါကမှ မင်းနဲ့ ပိုတူတယ်။ ”

ခရမ်းငယ်က ဝမ်းသာ အားရ ဝင်ပြော လာသည်။

“ ငါ့ ဝိညာဉ် အပိုင်းအစက ကြာရှည် နေနိုင်မှာ မဟုတ်ဘူး ... ။ ”

“ သရုပ် ဆောင်နေ တာကို ရပ်လိုက်ပါ၊ ဒီပုံရိပ်က နင့်ရဲ့ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခု ပဲ၊ ပင်မ ခန္ဓာ ကိုယ်က အခုထိ အသက်ရှင် နေသေးတာ ငါ သိတယ်၊ ဒါနဲ့ ... နင် အခု ဘယ်ရောက် နေလဲ။ ”

“ ငါ တည်ရှိ နေတာကို၊ မူလ ခန္ဓကိုယ်က ခံစားနိုင် ပေမယ့်၊ သူ့ဘယ်မှာ ရှိနေလဲ၊ ငါ ခံစား ကြည့်လို့ မရဘူး။ ”

အိုင်းရစ် ဓား သူတော်စင်မှ ပြန်ဖြေ၏။

“ ဒါက နင့်ရဲ့ ဇာတ်ကွက် တွေမှန်း ငါသိတယ်။ ”

“ ဟား ဟား ဟား ... ၊ ကောင်လေး အိပ်တော့ ... ။ ”

အိုင်းရစ် ဓားသူတော်စင်မှ ရယ်လျက်၊ လင်းယွန်အား လှည့်ကြည့်ကာ၊ အမိန့်ပေး လိုက်သည်။

လင်းယွန် တစ်ယောက် မျက်လုံးများ မှေးစင်း လာပြီး၊ ချက်ချင်း အိပ်ပျော် သွားတော့ ၏။ အိပ်မက် ထဲ၌ စကားသံ တစ်သံ ကြားလာ ရသည်။

“ လောက ကြီးမှာ၊ နိဗ္ဗာန် ဆိုတာ ရှိတယ်၊ ယင်နဲ့ယန်က အချင်းချင်း အားဖြည့် ပေးနေပြီး၊ နေနဲ့လက တစ်လှည့်စီ ထွန်းလင်း ကြလို့၊ ဉတု လေးပါး ဖြစ်ပေါ် လာတယ်။ ”

“ စီနီယာ ... ။ ”

အဝေး၌ ဓားသိုင်း လေ့ကျင့် နေသော အဖိုးအို တစ်ဦးအား မှုန်ဝါးဝါး မြင်တွေ့ လိုက် ရသည်။

အဘိုးအိုက ဓား လေ့ကျင့် နေလျက်မှ၊ အထပ်ပါ စာသားများကို ရေရွတ် နေခြင်း ဖြစ် ချေ၏။

ဓားရေးမှာ ရှင်းရှင်း လင်းလင်း မရှိတော့ သကဲ့သို့၊ အဖိုးအို၏ မျက်နှာ ကိုလည်း ပြတ်ထင် စွာ မမြင် ရချေ။

အာကာပြင် ကွဲလွဲလျက်၊ အရာရာ ဝေဝါး နေသည်။ အိမ်မက်နှင့် လက်တွေ့ ရောထွေးလာ ပြီး၊ နားလည်ရ ခက်လာ၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန် နေသည်။ အိုးရစ်ဓား သူတော်စင်က၊ တာအို၏ မူလကို၊ ဆက်၍ ပြောပြ နေခဲ့၏။

လောကတွင်၊ အာကာသ၊ အချိန်နှင့်၊ နိဗ္ဗာန်ဟူ၍ ရှိ၏။ အာကာသနှင့် အချိန်သည် နေရာ တိုင်း၌ တည်ပြီး၊ နိဗ္ဗာန် သည်လည်း အတူတူ တည်ပေသည်။

အဖိုးအို၏ လှုပ်ရှားမှုတိုင်း လေးနက်မှု အပြည့် ရှိနေသည်။ ဓားချက်သည် ကောင်းကင် နှင့် မြေကြီးကြား ပျောက်ကွယ် နေ၏။

“ ဒါက နိဗ္ဗာန် ဓားပဲ၊ နိဗ္ဗာန် တာအိုကို နားလည် ချင်ရင်၊ နိဗ္ဗာန် တံခါးဝကို ရောက်ဖို့ လိုတယ်၊ နိဗ္ဗာန် တံခါးကို သွားရာ လမ်းက၊ နေရာ တိုင်းမှာ ရှိတယ်။ ”

အဖိုးအိုက ခြေဖျားကို အသာ ပုတ်လျက်၊ သူ့ဓားမှ ရောင်ခြည်များ ထုတ်လွှတ် လိုက်လေ သည်။

လင်းယွန် ခမျာ မျက်လုံးပြူး သွား၏။ ၎င်းအတွင်း သဲလွန်စ များကို သူ မြင်နိုင်သည်။ ဤဓားရေးသည် ကောင်းကင်နှင့် မြေကြီးကို မွေးဖွား ပေးနိုင်၏။ ကြောက်မက်ဖွယ် ကောင်းလေသည်။

ယင်းကြောင့် သူ့ ဝိညာဉ် ပေါက်ကွဲတော့ မည်ကို ခံစား လာရ၏။ ဤခံစားချက် အပေါ်၊ ညွှန်းဆို ပြရန်၊ စကားလုံး မရှိ ခဲ့ချေ။

အိုင်းရစ် ဓား သူတော်စင် ပြောသည်မှာ မှန်ချေ၏။ နိဗ္ဗာန် တာအိုနှင့် ပတ်သတ်က သူ ဟူသည်၊ နို့စို့ ကလေးငယ် မျှသာ ဖြစ်သည်။

နိဗ္ဗာန်ကို လိုချင်သေည် ကိုယ်တိုင် ရှာဖွေ ရပေမည်။ အိုင်းရစ် ဓား သူတော်စင်မှ လွှဲပေး၍ ရမည် မဟုတ်ချေ။

သို့တိုင် အဖိုးအို ဓားရေးမှ၊ အကျိုး အမြတ် ရခဲ့၏။ ကနဦး ဓားကို ပြီးပြည့်စုံအောင် ကြိုးစား ကြည့်ရန် အတွေးများ ပေါ်လာသည်။

အတွေး တစ်ချက်ဖြင့်၊ သူ့လက်ထဲ ဓားတစ်လက် ရောက်လာကာ၊ အဖိုးအိုကို တုပ လျက်၊ ကနဦး ဓား လေ့ကျင့် လိုက်သည်။

တစ်လ ကုန်လွန် သွား၏။ နိဗ္ဗာန်၏ အနှစ်သာရကို ကနဦး ဓားဖြင့် ပေါင်းစပ်ပြီး၊ တဖြည်းဖြည်း ပြီးပြည့်စုံ လာသည်။

သို့သော် ကနဦးဓား၏ အစွမ်းမှာ အားနည်းသွား သည်ဟု ခံစား လာမိသည်။

“ ဒါက မင်းရဲ့ အိပ်မက် မဟုတ်ဘူး၊ ငါ့ရဲ့ အိပ်မက်ပဲ၊ ငါ့ကို မေ့ပစ်ပါ၊ နိဗ္ဗာန် ကိုတော့ မမေ့ နဲ့၊ အာကာသကို မမေ့နဲ့၊ အချိန်ကို မမေ့နဲ့။ ”

ရုတ်တရက် အိုင်းရစ် ဓား သူတော်စင်၏ အသံ ထွက်ပေါ် လာသည်။ နိဗ္ဗာန် တာအိုသည် အားကောင်း နိုင်သော်လည်း၊ သူ့ ကိုယ်ပိုင် မဟုတ်ချေ။

အိုင်းရစ် ဓားသူတော်စင် ချန်ထားသော အရာ ဖြစ်သဖြင့်၊ သူ့ဓားနှင့် အသားကျ စေရန် ခက်ခဲ နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကနဦး ဓားကို အားကောင်းလို ပါက၊ သူ့ကိုယ်ပိုင် လိုသည်။

“ သိပြီ ... ၊ အခုမှ ကိုယ်ပိုင် တာအိုကို မွေးဖွား နေတာ ဆိုတော့ ... အများကြီး စဉ်းစား နေစရာ မလိုဘူး၊ ဆက်သွား ရမယ်၊ ကနဦးဓား၊ ဘုန်းကြီးသော အခိုက် အတန့်၊ ရောင်ခြည် တော်၊ နိဗ္ဗာန်၊ အိုး ... မဆိုးဘူး။ ”

နောက်ဆုံးတွင် ကနဦးဓားအား ပြီးပြည့်စုံအောင် ဖန်တီးရန်၊ လမ်းကြောင်းအား မြင်လိုက် ရတော့၏။

“ ပထမဓား ပုံစံကို ... အလင်း မူလလို့ ခေါ်မယ်၊ ဒုတိယ ဓားပုံစံနဲ့ ပတ်သက် ပြီးတော့ ဘုန်းကျက်သရေလို့ ခေါ်မယ်၊ တတိယ ဓားက အရာ အားလုံးရဲ့ မူလပဲ၊ ... မဟုတ် သေးဘူး၊ ဒီနာမည်နဲ့ မလိုက်ဖက်ဘူး။ ”

လင်းယွန် တစ်ယောက်၊ သူ့ကိုယ်ပိုင် ဓားရေးအတွင်း လုံးဝ နှစ်မြုပ် သွားလေသည်။ ပြင်ပ ခန္ဓာကိုယ် မှာမူ၊ မျက်လုံးများ မှိတ်လျက် ပြုံးနေ၏။ ထို့နောက် ချက်ချင်း မျက်မှောင် တွန့်သွားသည်။

ထိုမြင်ကွင်းကို ခရမ်းငယ်နှင့် အိုင်းရစ် ဓားသူတော်စင်မှ သစ်ပင်ကြီး အောက်တွင် ရပ် ပြီး၊ စောင့်ကြည့် နေသည်။

“ ငါ အများကြီး မေ့သွား ပေမယ့် ... မှတ်မိနေတာ တစ်ခုတော့ ရှိတယ်၊ အဲဒီ လူက ပြန်လာ မယ်လို့ ကတိ ပေးခဲ့တယ်၊ ဒါပေမယ့် ကောင်းကင်ကြီး ပြိုကျ တော့မယ့်၊ အချိန် မှာတောင်၊ သူ ပြန်မလာ ခဲ့ဘူး။ ”

ခရမ်းငယ်က အိုင်းရစ် ဓား သူတော်စင်အား ပြန်ကြည့်ကာ၊

“ နင်က သူ့အရိုက် အရာကို ... ၊ ဆက်ခံတဲ့ သူမို့ ဒါနဲ့ ပတ်သတ်ပြီး၊ ဝိညာဉ် အပိုင်း အစ ဖြစ် ရင်တောင်၊ တစ်ခုခုတော့ ... သိထားတယ် မဟုတ်လား။ ”

“ ငါ မသိ ပါဘူး။ ”

“ အဓိပ္ပါယ် မရှိတာ ... ၊ နင်က စီနီယာ တစ်ယောက် ဖြစ်လို့၊ ဒီကောင်လေးကို လိမ်နိုင် ပေမယ့်၊ ငါက သူ မဟုတ်ဘူး၊ ငါ့ကို ငတုံးများ ထင်နေလား။ ”

“ အဖြေကို ... မင်း သိနေ တာပဲ ... ၊ ဘာလို့ မေးနေ ရတာလဲ။ ”

“ ငါ ... မ သိ ဘူး ... ။ ”

“ ငါလည်း မသိ ပေမယ့် ... တွေးကြည့်လို့ ရပါတယ်၊ သူ မလာတာ ချုပ်နှောင် ခံထား ရလို့ နေမှာပေါ့၊ ဒီလိုမှ မဟုတ်ရင် ... ။ ”

အိုင်းရစ်ဓား သူတော်စင်မှ သက်ပြင်းချ လျက် စကားရပ် လိုက်သည်။ ထိုစကားကြောင့် ခရမ်းငယ် မျက်နှာ ပြောင်းသွားပြီး၊ ချက်ချင်း တုန်ယင် သွား၏။

ထိုဒုတိယ ဖြစ်နိုင် ခြေကို၊ သူမ မကြား လိုချေ။ သို့တိုင် အိုင်းရစ် ဓား သူတော်စင်မှ၊ သူ့ စကားကို ဆက်ပြော လာတော့သည်။

“ ... သူ သေသွား လို့ပဲ။ ”

***

All Chapters