တာအိုများ ... ။
Vol. 145 Ch. 2020
“ ငါ မယုံဘူး ... ၊ ဘိုးဘေး နတ်ဘုရား ပြန်လာမှာ သေချာတယ်။ ”
ခရမ်းငယ်မှ အခိုင် အမာ ဆိုသည်။ အိုင်းရစ်ဓား သူတော်စင်မှ ပြုံးရုံသာ ပြုံး၏။ ပြန်လည် ငြင်းခုန်ခြင်း မပြုချေ။
“ ဘာလို့ ... ၊ သူ့ကို ဓားသေတ္တာ ပေးလိုက် တာလဲ။ ”
ခရမ်းငယ်က အိုင်းရစ် ဓားသေတ္တာကို ကြည့်ကာ မေးသည်။
“ တစ်ယောက် ယောက်က ... ၊ ငါ့ကို ပေးခိုင်းလိုက် လို့ပါ၊ ဓား သေတ္တာ အကြောင်း ကိုတော့၊ နည်းနည်းပဲ ငါသိတယ်၊ အတိ အကျ သိချင်ရင်၊ သူကိုယ်တိုင် ရှာဖို့ လိုတယ်၊ ...
... ငါက ... ဝိညာဉ် အပိုင်းအစ ... တစ်ခုမို့၊ ဒီလို ခက်ခဲတဲ့ အရာ တွေကို မမေးပါနဲ့၊ တစ်နေ့ သူ့ကို ပေးခိုင်းတဲ့ ... လူနဲ့ တွေ့တဲ့ အခါ၊ ကြမှ မေးလိုက်ပါ။ ”
အိုင်းရစ်ဓား သူတော်စင်မှ၊ တစ်စုံ တစ်ရာ ဖုံးကွယ်ထား သည်ဟု ခံစား မိသည်။ သို့သော် ကျိုးကြောင်း ဆီလျော် နေသဖြင့်၊ သူမ ငြင်းခုန် နေစရာ အကြောင်း ပြချက် မရှိချေ။
နောက်ဆုံးတွင် ကိုယ်ပွား ဟူသည်၊ ပင်မ ခန္ဓာ ပေးသိ သမျှ ကိုသာ သိရှိ နိုင်မည်။ ထို့ပြင် ၎င်းကျန်ရစ် ခဲ့သည်မှာ၊ နှစ်ပေါင်း ထောင် ဂဏန်းကျော် သွားပြီ ဖြစ်၏။
ထို့ကြောင့် ဤဝိညာဉ် အပိုင်း အစသည် မူလခန္ဓာ မည်သည့် အရပ်သို့ သွားကာ၊ မည်သူ နှင့် တေွ့ခဲ့ သည်ကို မသိ သည်မှာ၊ သဘာဝ ပေပင်။
အခြား တစ်ဖက်တွင်၊ ပင်မ ခန္ဓာသည် အတွေး တစ်ချက် တည်းဖြင့်၊ သူ ထားခဲ့သော ဤအပိုင်းအစ ထံမှ၊ အရာ အားလုံးကို သိရှိ နိုင်မည်။
“ နင် ... သူ့ကို ဘာသင် ပေးလိုက် တာလဲ။ ”
လင်းယွန် မျက်နှာ အမူအရာ ပြောင်းလဲ နေသည်ကို မြင်သဖြင့် ခရမ်းငယ်မှ မေးလိုက် သည်။
“ ဓားပညာ ... ၊ နိဗ္ဗာန် ဓား ... ။ ”
“ ဘာ ... ။ ”
ခရမ်းငယ်မှ အံ့သြ သွားသည်။ နိဗ္ဗာန် ဓားသည် ထူးခြားသော ဓားပညာ တစ်ရပ် ဖြစ်ပြီး၊ လက်ရှိ ကျင့်ကြံမှုဖြင့် လင်းယွန်မှ မလိုက် နိုင်ချေ။
နိဗ္ဗာန် တာအိုကို မသိ သေးသောကြောင့် ပို၍ ဆိုး၏။
“ ဒါက ... နည်းနည်း လွန်သွားပြီ၊ သူ့အတွက် သင်ယူဖို့ ... စောလွန်း သေးတယ် မဟုတ်လား။ ”
“ သူ့ကို မထင် မသေးနဲ့၊ နိဗ္ဗာန် တံခါးဝ ရောက်နေပြီ၊ ဒါပေမယ့် အဲဒါကို သူ မသိဘူး ဖြစ်နေတယ်။ ”
“ ငါ သိတယ် ... ၊ အဲဒါကို ကနဦး ဓားလို့ နာမည် ပေးထားတယ်၊ အစွမ်းထက် ပေမယ့်၊ အားနည်း ချက်တွေ ရှိသေးတယ်၊ ဒါကို ... ဘာလို့ မပြောပြ လိုက်တာလဲ။ ”
“ ငါ ပြောလို့ မရဘူး၊ နိဗ္ဗာန် တာအိုက လူတိုင်းရဲ့ အမြင်ပေါ် မူတည်ပြီး ကွဲပြားတယ်၊ သူ့ရဲ့ နိဗ္ဗာန်ကို မြင်ရအောင်၊ နိဗ္ဗာန် ဓားကို ငါသုံးပြ ခဲ့တယ်။ ”
ခရမ်းငယ် အမူအရာမှာ လေးနက် သွားသည်။ လင်းယွန် တစ်ယောက် နိဗ္ဗာန် တံခါးဝသို့ ရောက်လာ ခြင်းသည်၊ စိတ်ပူ စရာ ဖြစ်၏။
နိဗ္ဗာန် တာအိုကို နားလည် သွားသော်၊ ဤလောကတွင် အားလုံး၏ ပစ်မှတ် ဖြစ်သွား ပေလိမ့်မည်။
“ ဒါဆို ဘိုးဘေးက ဓားသေတ္တာကို နင်နဲ့ ပေးခိုင်း ခဲ့တာ ဆိုတော့၊ သူ ပြန်မလာ နိုင်တဲ့ သဘောလား။ ”
“ ဖြစ်နိုင် ပါတယ်၊ ငါ့ကို ထပ်ပြီး စုံစမ်း မနေနဲ့တော့ ... ၊ အခု သူ အဖြေ ရှာနိုင် မလား ဆိုတာ အရင် ကြည့်ရ အောင်။ ”
လင်းယွန်က ‘မူလ၊’ ကို နားလည် လာချိန်တွင်၊ အိပ်မက် ထဲ၌ ဓားကို ဆွဲကိုင် လိုက်သည်။
ပန်းသင်္ချိုင်း ထံမှ သဘာဝ ဖြစ်စဉ် တစ်ခု ပေါ်လာ၏။ ကမ္ဘာကြီး၏ အစနှင့် အရာ အားလုံး ဖြစ်တည် လာချိန် ဖြစ်သည်။
“ ကနဦးဓား- မူလ အလင်း။ ”
လင်းယွန် နောက်၌ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ် လာသည်။ ပရမ်း ပတာ အချိန် ကာလ ဖြစ်၏။ ထို့နောက် ဓားရောင်ခြည် တစ်စင်း ပြေးထွက် လာသည်။
ဤသည်မှာ စကြာဝဠာ ပေါက်ကွဲမှု ဖြစ်စဉ်မျိုး ဖြစ်ပြီး၊ အလင်း ဟူသည့် အရာကို ဦးစွာ မေွးဖွား ပေးလာ၏။
တောက်ပ လွန်းသဖြင့်၊ မည်သူမျှ မျက်လုံး မဖွင့်နိုင်ချေ။ အာကာသပင် တွန့်ခေါက် သွား ခဲ့သည်။
“ တကယ်ပဲ ... အလင်းကို ဒီလို မွေးဖွား လာတာလား။ ”
အိမ်မက် အတွင်း၊ ကျင့်ကြံမှုကြောင့် လေးပင် နေခြင်းမျိုး မရှိဘဲ၊ စိတ် ထင်တိုင်း အကောင်ထည် ဖော်နိုင် ခဲ့သည်။
“ ဒုတိယဓား၊ - အတား အဆီး မရှိ။ ”
ဤအချိန်၌ တောင်များ၊ မြစ်များ၊ မြက်ပင် များနှင့် သစ်ပင်များ ပေါ်ပေါက် လာပြီး၊ သတ္တ လောကကြီး ဖြစ်ပေါ် လာသည်။
“ တတိယဓား၊- ဘုန်းအသရေ။ ”
ဓားရောင်ဝါများ ပေါင်းစပ်လျက် နေနှင့်လ ဖြစ်ပေါ် လာကာ၊ အလင်း-အမှောင် ပြောင်းလဲ သွား၏။ နေနှင့်လ အပါအဝင် အရာ အားလုံး၏ ဘုန်းတန်ခိုးများ ထွန်းလင်း လာသည်။
“ စတုတ္ထဓား၊- ထာဝရ အချိန်။ ”
လောကကြီး တစ်ခုလုံး ဖန်ဆင်း ပြီးသော အခါတွင်၊ သတ္တဝါ အမျိုးမျိုး မွေးဖွား လာကာ၊ လူသား ယဉ်ကျေးမှု ဖွင့်ဖြိုး လာတော့၏။
စတုတ္တ မြောက် ဤဓားသည်၊ လူ့ ယဉ်ကျေးမှု၌ ထာဝရ တောက်ပ နေသူ များကို ရည်ညွှန်း ချေပြီ။
“ ပဉ္စမဓား၊- အမှောင် ... ။ ”
လူ့ယဉ်ကျေးမှု အပါအဝင်၊ အရာ အားလုံး ပျောက်ကွယ် သွားတော့သည်။ ကောင်ကင်ကြီး ပြိုကျကာ၊ နေနှင့်လ ပျောက်ကွယ် ခဲ့၏။
“ ဆဌမဓား၊- ... ။ ”
လင်းယွန်က ဓားကို ရပ်လိုက်ပြီး၊ အတွေးထဲ နစ်မျောသွားသည်။ ထို့နောက်၊
“ ... နိဗ္ဗာန် ။ ”
-ဟု အော်ကာ၊ ဓားကို လွှဲချ လိုက်သည်။ သို့သော် ချက်ချင်းပင် အံ့သြ ထိတ်လန့် သွား တော့၏။
“ နေပါဦး ... ၊ ငါ့ဓားက ဘာဖြစ်လို့ နိဗ္ဗာန်ကို ဆိုက်ရောက် သွားရတာလဲ။ ”
ကနဦး ဓားပုံစံကို ခြောက်မျိုး အထိ ဖန်တီးနိုင်သည်။ ယင်းသည် သဘော တရား ခြောက်မျိုး ဖြစ်ပြီး၊ အချိတ် အဆက် မိမိဖြင့် နိဗ္ဗာန်၌ အဆုံးသတ် သွားသည်။
စကြဝဠာ ပေါက်ကွဲမှု စတင်ကာ၊ မွေးဖွား ကြသည်။ ထို့နောက် ဖွံ့ဖြိုး တိုးတက်ပြီး၊ ပြန်၍ ပျက်စီး သွား၏။ အဆုံးတွင် နိဗ္ဗာန် ပေါ်လာသည်။
သို့သော် အဘယ့်ကြောင့်၊ နိဗ္ဗာန် ဖြစ်လာရ သည်ကို၊ နားမလည် နိုင်သဖြင့်၊ သတ္တမ မြောက် ဓားကို မလွှဲဘဲ ရပ်နေခြင်း ဖြစ်သည်။
“ နောက်ဆုံးတော့ မင်း သဘောပေါက် သွားပြီ ... ။ ”
အိုင်းရစ်ဓား သူတော်စင်မှ သူ့ရှေ့ ပေါ်လာပြီး၊ ပြုံးရွှင်စွာ ပြောကြား လာ၏။
“ စီနီယာ ... ။ ”
လင်းယွန်က လက်သီးများ ဆုပ်ကာ အရိုအသေ ပေးလိုက် မိသည်။ ဤသည်မှာ အိုင်ရစ် ဓား သူတော်စင်မှ ပေးသော အခွင့်အရေး ပေပင်။
ပြင်ပ ကမ္ဘာတွင်၊ စကြာဝဠာ ပေါက်ကွဲမှု ကဲ့သို့ ဖြစ်စဉ်မျိုး မွေးဖွား ပေးရန်၊ ခက်ခဲ ပေ လိမ့်မည်။
“ မင်းမှာ မေးစရာ ရှိရင် မေးလို့ ရတယ်။ ”
“ ဟုတ်ကဲ့ ... စီနီယာ၊ နောက်ဆုံး ဓားကို ဖန်တီးတဲ့ အခါ၊ နိဗ္ဗာန် ပေါ်လာတယ် ... ၊ ဒါက ကျွန်တော် ကိုယ်တိုင် ရှာတွေ့ တာလား၊ ဒါမှ မဟုတ် စီနီယာ ပေးခဲ့ တာလား။ ”
ဤမေးခွန်းမှာ သူ့အတွက် အရေးကြီး ပေသည်။ ဓားပုံစံ (၅) မျိုးကို၊ သူ ဖန်တီး ခဲ့ခြင်း မဟုတ် ပါက၊ ယုံကြည်ချက် ပြိုလဲ သွားနိုင်၏။
ဆိုလို သည်မှာ ကနဦး ဓားသည် သူ ရှာဖွေထားသော ဓားရေး တစ်ရပ် ဖြစ်သည်။ အဆုံးတွင် နိဗ္ဗာန် ဟူသော အရပ်သို့ ဆိုက် ရောက်သွား သည်မှာ အဓိပ္ပါယ် မရှိချေ။
“ စိတ် မပူနဲ့ ... ၊ ဒါက မင်းပိုင်တဲ့ မင်းရဲ့ နိဗ္ဗာန်ပဲ၊ ကောင်းကင်နဲ့ မြေကြီး မွေးဖွား လိုက် တာနဲ့ တပြိုင်နက်၊ နိဗ္ဗာန် ဆိုတာ ပေါ်နေပြီ၊ သူက နေရာ တိုင်းမှာ ရှိတယ်၊ ...
... အခု မင်း ရထားတဲ့ နိဗ္ဗာန်က၊ ငါနဲ့ မဆိုင်ဘူး၊ မင်းက ... ပေးပါ ဆိုရင်တောင်၊ ငါ နားလည်တဲ့၊ နိဗ္ဗာန်ကို ပေးလို့ မရဘူး။ ”
အိုင်းရစ် ဓား သူတော်စင်မှ ခေါင်းညိတ်ကာ၊ ပြန်ဖြေ၏။
“ လူတိုင်းမှာ ကိုယ်ပိုင် နိဗ္ဗာန် ရှိတယ်၊ ဒါကြောင့်မို့ မင်းရဲ့ နိဗ္ဗာန်ကို ရှာတွေ့အောင် ငါက လှုံ့ဆော် ပေးလိုက် တာပဲ။ ”
“ ဒါဆို ကျွန်တော်က နိဗ္ဗာန် တာအိုကို ဆုပ်ကိုင် နိုင်ပြီပေါ့။ ”
“ အတိ အကျ ပြောရရင်၊ ဒါက မဟုတ် သေးဘူး၊ လူတိုင်းက နိဗ္ဗာန်ကို ခံစားနိုင် ပေမယ့် ထုတ်ပြလို့ မရဘူး၊ အခု မင်း နားလည် လာတဲ့ အခါ၊ အသုံး ပြုဖို့ ကြိုးစား ရမယ်၊ ...
... ဥပမာ ပေးရရင်၊ နိဗ္ဗာန်က သမုဒ္ဒရာ ဆိုရင်၊ သူ့ကို ဆုပ်ကိုင် ပြလို့ မရဘူး၊ ဒါပေမယ့် လှိုင်းလုံး ကြီးတွေ ဖန်တီးပြီး ... ၊ သမုဒ္ဒရာ ဆိုတဲ့ စွမ်းအားကို ထုတ်ဖော် နိုင်တယ်။ ”
လင်းယွန် နားလည် သည်လော၊ မလည် သည်လော၊ သူ မသိချေ။ ရှင်းပြ သင့်သည်ကို ရှင်းပြ လိုက်သည်။
“ စီနီယာ ... အာကာသ တာအိုက စွမ်းအားကြီးပြီး၊ အချိန်က သူ့ထက် ပို နက်နဲ တယ်လို့ ကြားဖူးတယ်၊ အာကာသ တာအိုက အုပ်စိုးရှင် ဆိုရင် ... အချိန်က ဘုရင်တဲ့၊ ...
... အဲဒါ ဟုတ်ပါ သလား၊ သူတို့ သုံးခု ယှဉ်ရမယ် ဆိုရင်၊ ဘယ်သူက ပိုအားကောင်းလဲ၊ အချိန် လား၊ အာကာသ လား၊ နိဗ္ဗာန် လား။ ”
အိုင်းရစ်ဓား သူတော်စင်မှ ခေါင်းယမ်း လိုက်ကာ၊
“ ဒီလို အကြောင်း အရာ တွေကို ... ၊ မင့်ဘယ်သူ ပြောပြ တာလဲ။ ”
-ဟု ပြန်မေး လာ၏။
“ စာအုပ်တွေ ကနေ ဖတ်ဖူးတာ။ ”

“ မင်း ... သိထားတာ တွေက ... အမှား တွေပဲ၊ အာကာသနဲ့ အချိန် ဆိုတာ ... အုပ်စိုးရှင် တာအို (၁၂)ပါး ထဲ အကျုံး ဝင်တယ်၊ သူတို့က အခြား တာအို တွေထက်၊ အားကောင်းတာ မှန်ပေမယ့်၊ အဆင့် တူတူပဲ၊ ဒါပေမယ့် ...
... အချိန် ကိုတော့ ... ၊ နားလည်ရ ခက်ခဲတယ်၊ အဲဒီ အုပ်စိုးရှင် တာအို (၁၂)ပါး အထက်မှာ၊ ထာဝရ တာအို (၉)ပါး ဆိုတာ ရှိသေးတယ်၊ ဒါကို မင်း ... မှတ်ထားပါ။ ”
၎င်းသည် သူတော်စင် နယ်ပယ် ရောက်မှ သာ ဆွေးနွေး သင့်သော၊ အကြောင်း အရာများ ဖြစ်ပေသည်။ ထို့ကြောင့် လင်းယွန်မှ ခေါင်း ညိမ့် လိုက်၏။
“ တကယ်တော့ ... ၊ မင်း မေးခွန်းက ကလေး ဆန်တယ်၊ အချိန်နဲ့ အာကာသ ဆိုတာ အားကောင်း ပေမယ့်၊ ထာဝရ မတည် ရှိဘူး၊ ဒါကြောင့် သူတို့ချင်း ယှဉ်ရင်၊ ဘယ် အရာက ပိုအား ကောင်းလဲ ဆိုတဲ့၊ ...
... မေးခွန်း မလို အပ်ဘူး၊ အဲဒီ တာအိုကို နားလည် ကြတဲ့၊ ကျင့်ကြံသူ နှစ်ပါးရဲ့၊ အုတ်မြစ် အပေါ်ပဲ မူတည်တယ်။ ”
“ မဖြစ် မနေ ... အဆင့် သတ်မှတ် ရမယ် ဆိုရင်ရော ... ။ ”
လင်းယွန်မှ ဇွဲမလျော့ဘဲ အတင်း အကြပ် ထပ်မေး လိုက်သည်။
“ နိဗ္ဗာန် ဆိုတာ ထာဝရ တာအိုပဲ၊ သူက အချိန်နဲ့ အာကာသကို ... ထိန်းချုပ် နိုင်ပေမယ့်၊ နောက်ပြန် ဆုတ်လို့ မရဘူး၊ အချိန်က ဘုရင် ဆိုရင်၊ အာကာသက ဥပဒေပဲ၊ ...
... ဒါပေမယ့် သူတို့ ... နှစ်ပါး လုံးက၊ တစ်ချိန်မှာ ပျောက်ကွယ် နိုင်တဲ့ အုပ်စိုးရှင်တွေ ဖြစ်ပြီး၊ နိဗ္ဗာန် ကတော့ ... ထာဝရ တည်မြဲ နေနိုင်တယ်။ ”
မည်သည့် အရာမှ၊ ပိုမို အားကောင်း သည်ကို၊ သိခွင့် ရသဖြင့်၊ လင်းယွန် မျက်လုံး များ တောက်ပ လာသည်။ သို့သော် အိုင်းရစ် ဓားသူတော်စင်မှ အဝေးသို့ ငေးကာ၊
“ ဒါပေမယ့် ... အရာ အားလုံးက ... ၊ ကံကြမ္မာ ရှေ့မှာ ဆိုရင်၊ ဘာမှ ... အရေး မပါ တော့တဲ့ အရာတွေ ပါပဲ။ ”
-ဟု သက်ပြင်းချကာ ပြောကြား လာတော့၏။
“ သူက ... ဒီလောကမှာ၊ ကြောက်စရာ အကောင်းဆုံးပဲ၊ ကဲ ... ဒီမှာ ရပ်လိုက် ရအောင်၊ မစဉ်းစား နဲ့တော့၊ အခု ... မင်း နိုးထ ရမယ့် အချိန် ရောက်ပြီ။ ”
စကားဆုံး သည်နှင့် လင်းယွန် နိုးထ လာတော့သည်။ အိပ်မက် ထဲတွင် ကနဦး ဓား ပြီးမြောက် ခဲ့သည်ကို ယောင်ဝါးဝါး ဖြစ်နေ မိသည်။
ထို့ကြောင့် လှည့်ကြည့် လိုက်ရာ၊ အိုင်းရစ်ဓား သူတော်စင်နှင် ခရမ်းငယ်မှ သူ့ထံ ပြုံးကြည့် နေသည်ကို မြင်လိုက် ရ၏။
ပန်းသင်္ချိုင်းကို ယဇ်ပလ္လင်ထဲ အမြန် ထိုးစိုက်ပြီး၊ ပန်းရနံ့ များအား စုပ်ယူ စေလိုက် သည်။
ပြီးနောက် ဓားအား ပြန်ယူကာ၊ ကနဦး ဓားကို ပြန်လည် ကစား လိုက်သည်။ အိမ်မက် ထဲတွင်၊ ဓားပုံစံအား ပြီးမြောက်ခဲ့ သော်လည်း၊ လက်တွေ့တွင် ပထမ ဓားနှင့် ရပ်သွား၏။
၎င်းအဆင့် ၌ပင် ပြီးပြည့် စုံခြင်း မရှိချေ။ မျက်လုံး တစ်မှိတ် အတွင်း ဆယ်ရက် ကုန်လွန် သွားသည်။
ကနဦး ဓားကို လေ့ကျင့် နေဆဲ ဖြစ်၏။ ရုတ်တရက် နတ်သွေးပန်း အပါ အဝင် ကမ္ဘာ တစ်ခုလုံး၊ မှောင်မိုက် သွားပြီး၊ အလင်းတန်း တစ်ခု ပေါ်လာသည်။
“ အလင်း မူလ ... ။ ”
“ နောက်ဆုံးတော့ ငါ အောင်မြင်ပြီ။ ”
လင်းယွန်က ပြုံးဝါး လိုက်မိသည်။ ပိုးစုန်းကြူး နတ်ဓား ဟူသည် အစွမ်း ထက် သော်လည်း၊ လူတိုင်း လေ့ကျင့် ကြ၏။
ကနဦးဓား သည်သာ သူ၏ ကိုယ်ပိုင် ဖြစ်သဖြင့်၊ ၎င်းအပေါ် အောင်မြင်မှုသည် များစွာ ရွှင်မြူး စေသည်။
လက်ရှိ အချိန်၌ ပန်းသင်္ချိုင်း ဓား သည်လည်း၊ ဘုန်းဝိညာဉ်တော် နှစ်ပါး အဖြစ်သို့ အောင်မြင်စွာ အဆင့် မြှင့်တင် နိုင်ခဲ့သည်။
သတ္တု-ဝိညာဉ်တော်နှင့် ရွှေ-ဝိညာဉ်တော် ဖြစ်သည်။ နှစ်ပါးသော ဝိညာဉ်များ နိုးထ လာပြီ ဖြစ် သဖြင့်၊ ထွက်ခွာရန် အချိန်ကျ ခေျပြီ။
“ စီနီယာ ... နောက်ဆုံး မေးခွန်း တစ်ခုလောက် မေးလို့ ရမလား။ ”
“ ငါ့ကို ခက်ခဲတဲ့ မေးခွန်းတွေ မမေး ပါနဲ့။ ”
လင်းယွန်က ခေါင်းညိမ့်ကာ၊ ဓားသေတ္တာထံ လက်ညှိုး ထိုးပြပြီး၊
“ ဒီထဲမှာ ... ဘယ်လို ဓားမျိုးကို ထည့်သိမ်း ခဲ့တာလဲ ... ။ ”
-ဟု မေးမြန်း လိုက် တော့သည်။
***