ကံကြမ္မာကို ထည့်မတွက် သရွေ့၊ အကြောင်း တရား ဆိုတာ ဘုရင်ပဲ။
Vol. 145 Ch. 2021
အိုင်းရစ် ဓားသူတော်စင်မှ ကူကယ်ရာ မဲ့စွာ ပြုံးလိုက်ပြီး၊
“ မင်းရဲ့ မေးခွန်းက တကယ် ခက်တယ်။ ”
-ဟု ညည်းတွား လိုက်၏။
“ စီနီယာ ပြောပြဖို့ ... အဆင် မပြေ ဖူးလား။ ”
“ အဲဒီ လိုလည်း မဟုတ် ပါဘူး၊ တကယ်တော့ ငါလည်း ဒီဓားသေတ္တာ ထဲမှာ ရှိတဲ့ ဓား အကြောင်းကို မသိဘူး။ ”
ထိုအဖြေကြောင့် လင်းယွန်မှ အံ့သြ သွားသည်။
“ ဒါဆို ... ဒီဓားသေတ္တာ နာမည်ကို ... ၊ ဘာလို့ စီနီယာ အိုင်းရစ် ဓားသေတ္တာလို့ နာမည် ပေးထား ရတာလဲ။ ”
“ ငါ့နာမည်က အိုင်းရစ်လို့ ... ၊ မင်းကို ဘယ်သူ ပြောလဲ။ ”
လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားသည်။ အိုင်းရစ် ဟူသော အမည်သည် ပန်းသင်္ချိုင်း ဟူသော သူ့ဓား ကဲ့သို့၊ မူလ ဘွဲ့အမည် ဖြစ်ချေမည်။
“ ဒါဆို ... ပင်မ ခန္ဓာ ကိုယ်ကရော သိနိုင်လား။ ”
“ မသိဘူး၊ ငါ့ရဲ့ ပင်မ ခန္ဓာ ကိုယ်တောင် ဒီဓား အကြောင်း မသိဘူး။ ”
အိုင်းရစ်ဓား သူတော်စင်မှ ခေါင်းခါယမ်း လိုက်ပြီး၊
“ ... ပြီးတော့ ဒီဓား သေတ္တာကို ... ၊ ငါ မမွေးခင် ထဲက ဖန်တီး ထားတာ၊ နှစ်ပေါင်း (၁) သိန်းကြာ သက်တမ်း ရှိနေပြီ။ ”
လင်းယွန် တစ်ယောက်၊ စိတ်ပျက် လက်ပျက် ဖြစ်သွား၏။ ဤဓား သေတ္တာသည် သူ၏ ‘သိုင်းဝိညာဉ်’နှင့်၊ ဆက်စပ် နေမည်ဟု ခံစား မိသဖြင့်၊ မေးမြန်းခြင်း ဖြစ်သည်။
“ ငါ မလိမ်ဘူး ... ။ ”
အိုင်းရစ် ဓား သူတော်စင်က ခရမ်းငယ် ဘက် လှည့်ကာ၊
“ ကောင်မလေး ... မင်း မှတ်မိ သေးလား၊ အရင်တုန်းက လျှို့ဝှက် နယ်မြေရဲ့ ... နတ်ရူရ် တွေကို ... ထိန်းချုပ် ခဲ့တာ မင်းလေ။ ”
“ ဟုတ်တယ်... အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးကို ငါ ထိန်းချုပ် ခဲ့တယ်၊ ဒါပေမယ့် အဲဒီ အချိန် ထဲက ... ၊ ဒီထဲမှာ ဓား မရှိဘူး။ ”
ခရမ်းငယ်မှ ခေါင်းညိတ်ကာ ပြောကြား လာသည်။
“ ဧကရာဇ် ဓားများ ဖြစ်နိုင်လား။ ”
လင်းယွန်မှ မေး၏။
ခေါင်းယမ်းလျက် ‘မထင်ဘူး၊’ -ဟု အိုင်းရစ်ဓား သူတော်စင်မှ ငြင်းဆန်သည်။
“ ဧကရာဇ် ဓားက နတ်ဘုရား တေွကို သတ်နိုင်တဲ့ ခွန်လွန်ရဲ့ ရတနာပဲ၊ ဒီဓားသေတ္တာ ဆိုတာက သူ့ထက် စောတယ်။ ”
“ ကြည့်ရတာ ဒီဓား သေတ္တာကို ဘိုးဘေး နတ်ဘုရားက နင့်ပေးခဲ့တာ နေမယ်၊ နောက်ဆုံး တော့ ... နင်က သူ့ရဲ့ အမွေ ဆက်ခံ သူပဲ။ ”
ခရမ်းငယ်မှ အိုင်းရစ်ဓား သူတော်စင်အား ကြည့်ပြီး ပြောသည်။
“ ဟုတ်တယ် ... ။ ”
အိုင်းရစ်ဓား သူတော်စင်မှ ခေါင်းညိတ် လိုက်၏။
“ ဒါဆို ... ဒီဓားသေတ္တာကို ဘိုးဘေး နတ်ဘုရားက သွန်းလုပ်ထား တာလား။ ”
“ အင်း ... ဒီလို ယူဆလို့ ရပါတယ်။ ”
“ ဒါဆို ကျွန်တော်က ဘိုးဘေး နတ်ဘုရားရဲ့ အမွေ ဆက်ခံ သူပေါ့။ ”
ဘိုးဘေး နတ်ဘုရားသည် ခွန်လွန်၏ အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်သဖြင့်၊ ရုတ်တရက် ထိတ်လန့် သွားသည်။
“ မဟုတ်ဘူး ... ငါကသာ မင်းကို အမေွ ပေးခဲ့တာ၊ ဒါကြောင့် မင်းက ငါ့ရဲ့ ... ဆက်ခံ သူလို့ ... သတ်မှတ် ရမယ်။ ”
“ စီနီယာ ... ၊ ငါ့သူငယ်ချင်း ဘယ်တော့ နိုးမှာလဲ။ ”
လင်းယွန်က ပိုင်ချင်းယွီကို လက်ညှိုး ထိုးပြလိုက်သည်။ သူမ ခေါင်းတွင် ကောင်းကင် နွယ်ပင် သရဖူကို ဆောင်ထားပြီး၊ အိပ်ပျော် နေ၏။
“ ထ တော့ ... ။ ”
အိုင်းရစ် ဓား သူတော်စင်မှ ပြုံးလျက်၊ လက်ဝှေ့ယမ်း လိုက်ရာ၊ တောက်ပသော မျက်ဝန်း များဖြင့် ပိုင်ချင်းယွီ တစ်ယောက် နိုးထ လာ၏။
သူမ ဆန္ဒ ရှိက အမည်ခံ သူတော်စင် နယ်ပယ်သို့ အချိန်မရွေး ဝင်ရောက် နိုင်ပေမည်။ နတ်သွေးပန်းမှ အကျိုး ကျေးဇူးများစွာ ရရှိ သွားပုံ ရ၏။
ပိုင်ချင်းယွီက သူမကိုယ် သူမ စစ်ဆေး ကြည့်ပြီး၊ လင်းယွန်ကို မြင်သော အခါ၊ ‘အစ်ကို ယဲ့ ... ၊နတ်သွေးပန်း မျိုးစေ့ ရလိုက် လား၊’- ဟု မေးမြန်း လာတော့သည်။
“ စီနီယာ သွားတော့မယ်၊ ဒါပေမယ့် စီနီယာက ကျွန်တော့ကို လက်ဗလာနဲ့ ပြန် မလွှတ်ဘူး မဟုတ်လား။ ”
ပိုင်ချင်းယွီကို ခေါင်းယမ်း ပြလျက်၊ လင်းယွန်မှ ပြုံးပြီး အိုင်းရစ် ဓားသူတော်စင်ကို နှုတ်ဆက် စကား ပြောလိုက်သည်။ ထိုစကား ကြောင့် အိုင်းရစ် ဓားသူတော်စင် ခမျာ၊ ခိုကိုးရာမဲ့ ပြုံး၏။
“ ငါက ... ဝိညာဉ် အပိုင်း အစ တစ်ခုပါ၊ မင်းဘာလို့ ဒီလို ခက်ခဲအောင် ... လုပ်နေရ တာလဲ။ ”
“ ကျွန်တော်လည်း အတင်းအကြပ် မတောင်းဆို ပါဘူး။ ”
“ မျိုးစေ့ ကိုတော့ ငါ ပေးလိုက်လို့ မရဘူး၊ မင်းလိုချင်ရင် ပွင့်ချပ် တွေပဲ ရမယ်။ ”
အိုင်းရစ် ဓားသူတော်စင်မှ ရက်ရက် ရောရောဖြင့် လက်ဖဝါး ဖြန့်ပြ လိုက်သည်။ ယဇ်ပလ္လင် ပေါ်၌ ပြန့်ကျဲ နေသော ပန်းပွင့်များ အားလုံး လေထဲ စုစည်း သွားကာ၊ မီးများ လောင်ကျွမ်း လာ၏။
ထိုမီးတောက် များတွင်၊ ခင်းကျင်း ထားသော နတ်ဘုရား အစီရင်ရှိ၊ နတ်ရူရ် များ၏ အနှစ် သာရများ ပါဝင်၏။
“ ဂျိန်း ... ။ ”
“ ဗျစ် ဗျစ် ဗျစ် ... ။ ”
ကောင်းကင် ကပ်ဘေး လျှပ်စီးများ ဆင်းသက် လာကာ၊ ပန်းပွင့် များကို သန့်စင် ပေးလေသည်။
“ အရာ အားလုံးက အိပ်မက်လို ပါပဲ။ ”
-ဟူသော ရွတ်ဆို သံက မြင့်မြတ်သော အလင်းရောင် တစ်ခုနှင့် အတူ၊ လေထုထဲ ပဲ့တင် ထပ်လာသည်။
ရွတ်ဆို သံ၏ စွမ်းပကား အောက်တွင် ပန်းပွင့် များ ထံမှ တန်ခိုးကြီးသော ရွှေရောင် အဆင်းများ ပေးစွမ်း လာ၏။
အိုင်းရစ် ဓား သူတော်စင်၏ အဂ္ဂိရတ် ပညာသည် အဆင့်မြင့် ချေပြီ။ လင်းယွန်အား အံ့သြ သွား စေ၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ဆံပင်များ ငွေရောင် ပြောင်းကာ၊ ကျစ်ဆံမြီးများ ပြေလျော့လျက် ခရမ်းငယ်မှ လေထဲ ပျံဝဲ လာသည်။
ဖီးနစ် အော်သံက ပဲ့တင် ထပ်လာပြီး၊ နှင်းများ တဖွဲဖွဲ ရွာကျ လာစဉ်၊ လက်ချောင်း ထိပ်ကို လှီးဖြတ် လိုက်သည်။
နဖူးပေါ်ရှိ ကြက်သွေး ရောင်နှင့် ရွှေရောင် ရူရ်များ ပွင့်လာသည်။ ထိုအချိန်၌ လက်ချောင်း ထိပ်မှ သွေးတစ်စက် ပန်းပွင့်များ အတွင်း ရောနှော သွား၏။
“ ခရမ်းငယ် ... ။ ”
သွေး တစ်စက် တည်းဖြင့်၊ မောပန်း နွမ်းနယ်ကာ၊ ကောင်းကင်မှ ပြုတ်ကျ လာ သောကြောင့်၊ လင်းယွန်က အမြန် ဖမ်းယူ လိုက်ရသည်။
“ သူ ဘာလုပ် လိုက်တာလဲ ... ။ ”
လင်းယွန်က အိုင်းရစ် ဓားသူတော်စင်ထံ ကြည့်ကာ ခရမ်းငယ်အား မေးလိုက် မိသည်။ ခရမ်းငယ်မှ မျက်နှာ ဖြူဖျော့လျက်၊ ပန်းခင်း ကြီးထံ ပြန်ကြည့်ပြီး၊
“ လောက နိဗ္ဗာန် ဆေးလုံးကို သန့်စင် နေတာ၊ နတ်သွေးပန်းရဲ့ မျိုးစေ့လိုပဲ၊ ဒီဆေးက လူ တစ်ယောက် အသက် ပြန်ရှင် လာအောင် မစွမ်းဆောင် နိုင်ပေမယ့်၊ ဧကရာဇ် ဒုက္ခကို ကျရှုံးတဲ့ အချိန်မှာ၊ ...
... အသက် ကယ်နိုင်တယ်၊ ပြီးတော့ ဧကရာဇ် နယ်ပယ်ကို နောက်ထပ် အောင်မြင်မှု ရယူဖို့၊ ထပ်မံ ကြိုးပမ်း နိုင်တယ်။ ”
-ဟု ဖြေကြား လာသည်။
သူမ စကားကြောင့် လင်းယွန် ခမျာ ထိတ်လန့် သွားသည်။ ပန်းခင်းကြီး လေထဲ အရည်ပျော် သွားပြီး၊ ဆေးလုံး ပုံသဏ္ဍာန် ဖွဲ့တည် လာ၏။
ဆေးလုံး ပတ်လည်တွင် ကမ္ဘာနှင့် သီးခြား ခွဲထွက် နေသော အာကာပြင် တစ်ခု ဖြစ်တည် နေသည်။
ယဇ်ပလ္လင်ရှိ အာကာသနှင့် အချိန်များ ပြိုကျသွားကာ၊ ဆေးလုံး အတွင်း ပျော်ဝင်နေ သည်ကို မြင်လိုက် ရ၏။
မျက်စိ တစ်မှိတ် အတွင်း၊ နှစ်ပေါင်း တစ်ထောင် ကုန်လွန် သွားသည်။ ထိုမြင်ကွင်း မှာ မှင်တက် စရာ ဖြစ်၏။
“ ဒါ နိဗ္ဗာန်လား ... ။ ”
နတ်ဘုရား တစ်ပါးပင်၊ အိုင်းရစ် ဓားသူတော်စင် ရှေ့၌ ဘာကောင်မှ မဟုတ်ချေ။ လောက နိဗ္ဗာန် ဆေးလုံးမှ ရွှေရောင် အဆင်း သဏ္ဍာန်များ ထုတ်လွှတ်သော အခါ၊ ပုလင်း တစ်လုံးထဲ ထည့်သွင်း လိုက်သည်။
“ ဒီမှာ ယူ ... ။ ”
အိုင်းရစ် သူတော်စင် တံဆိပ် ဖြင့်၊ ကျောက်စိမ်း ပုလင်းကို ပိတ်ကာ၊ ကမ်းပေး လာတော့၏။
ထို့ကြောင့့် ကျောက်စိမ်း ပုလင်းကို၊ ခရမ်းငယ်နှင့် လင်းယွန် ဟူသော၊ လူ နှစ်ဦး တည်းသာ ဤတံဆိပ်ကို ဖွင့်နိုင် ပေမည်။
လင်းယွန်က ချက်ချင်း ဒူးထောက် လိုက်ပြီး၊
“ ဆရာ့ ကိုယ်စား ... ၊ ဂျူနီယာ လင်းယွန်က စီနီယာ အိုင်းရစ် ဓားကို ကျေးဇူး တင်ပါတယ်။ ”
-ဟု ပြောကြား မိသည်။
သူ့ ကျေးဇူးတင် စကားကြောင့်၊ အိုင်းရစ် ဓားသူတော်စင်က ခေါင်းခါပြီး ပြုံးရယ်လျက်၊
“ အနာဂါတ်မှာ ... ဧကရာဇ် ဒုက္ခကို၊ မင်းခံယူရ လိမ့်မယ်၊ အဲဒီအချိန် မအောင်မြင်ရင် အရာ အားလုံး ဆုံးရှုံး သွားမယ်၊ ဒီဆေးက မင်း အပိုင် ဖြစ်တာမို့၊ ဘယ်သူ့ကို ပေးမလဲ ဆိုတာ၊ မင်းမှာ ဆုံးဖြတ် ပိုင်ခွင့် ရှိပါတယ်။ ”
-ဟု အဓိပ္ပါယ် ပါပါ ပြောကြား လာသည်။
“ စီနီယာ ... အနာဂတ်ကို မြင်နိုင်လား။ ”
“ အနာဂါတ်ကို ... ငါ မမြင်နိုင် ပါဘူး၊ ဒါပေမယ့် ... ကံတရား ကိုတော့ ... နည်းနည်း တွက်ထုတ် နိုင်ပါတယ်။ ”
“ ငါ နင့်အတွက် သိမ်းထား ပေးမယ်။ ”
“ မဟုတ်ဘူး ... ၊ ငါ သိမ်းထားမယ်။ ”
ရုတ်တရက် ခရမ်းငယ်မှ ဆေးပုလင်းကို လှမ်းယူ လိုက်သည်။ လင်းယွန်က လက်လှမ်း လိုက် သော်လည်း၊ နောက်ကျ သွား၏။
“ ငါ သိမ်းထားမယ်လို့ ပြောနေ တယ်လေ။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က နောက်ပြန်ဆုတ် လိုက်၏။
“ ဘာလဲ ... ၊ နင်တစ်ယောက်ထဲ နှလုံးသား ရှိတယ် ထင်နေလား၊ နင့် အတွက် ဘယ်သူတွေ ခံစား နေရလဲ သိလား။ ”
ခရမ်းငယ်မှ ဒေါသတကြီး အော်ဟစ် လာတော့သည်။
“ အခု ငါ သိမ်းထားမယ်၊ ဆေးလုံးမှာ ငါ့ရဲ့ မြင့်မြတ်တဲ့ သွေးတွေ ပါနေတော့ အဲဒါကို .. နင် ထိဖို့ အိပ်မက်တောင် မမက်နဲ့။ ”
စကားဆုံး သည်နှင့် ကျောက်စိမ်း ပုလင်းကို သိမ်းကာ ဓားသေတ္တာထဲ ဝင်ရောက် သွားတော့ သည်။
ပိုင်ချင်းယွီက တိတ်ဆိတ်စွာ စဉ်းစား နေသည်။ ဆရာ သခင် အဘယ့်ကြောင့် သည်မျှ ဒေါသ ထွက်နေ ရသည်ကို၊ သူမ နားမလည် နိုင်ချေ။
“ စီနီယာ ဓားသမား တွေက ... အမျိုး မျိုးသော ဒုက္ခကို ကြုံတွေ့ရတာ သဘာဝ ပါပဲ၊ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး မဟုတ်လား၊ ငါ မတတ်နိုင် ရင်တောင်မှ၊ ဒုက္ခကို ခံယူ ရမှာပါ။ ”
လင်းယွန်က အနေခက်သော အသွင်ဖြင့် ပြောကြား လိုက်သည်။
“ အရာရာ တိုင်းမှာ အကြွင်းမဲ့ ဆိုတာ မရှိဘူး၊ ကံကြမ္မာကို ထည့်မတွက် ရဖူး ဆိုရင်၊ အကြောင်း တရားက ဘုရင်ပဲ၊ မင်း လက်ထဲက ဓားနဲ့ အဲဒီ အကြောင်း တရားကို ... ဖြတ်ဖို့ ခက်တယ်။ ”
( အကြောင်း တရား= ပြုလုပ် ခဲ့ပြီးသော ကောင်းမှု- မကောင်းမှု ကြောင့် သက်ရောက်မှု ကို ဆိုလို၏၊ )
လင်းယွန်က ထိုစကားများကို ရှင်းရှင်း လင်းလင်း နားမလည် သော်လည်း၊ အသက် ပြင်းပြင်း ရှူပြီး၊ လက်သီး ဆုပ်ကာ၊
“ ဘာပဲ ဖြစ်ဖြစ် ... ၊ ခုလို လက်ဆောင် ပေးခဲ့တဲ့ အတွက် ... ၊ ကျေးဇူးတင် ပါတယ် စီနီယာ။ ”
-ဟု ပြောကြား လိုက်သည်။
“ ကိစ္စ မရှိ ပါဘူး၊ ငါက တစ်ခု ခုတော့ ပေးသင့်တယ် မဟုတ်လား၊ အဲဒီ မိန်းကလေးက အမြင် ကျဉ်းတယ်၊ သူ့နှလုံးသား ထဲမှာ လူတွေ အများကြီး မထား နိုင်ဘူး၊ ဒါကြောင့် သူ့ကို ...
... စိတ်ထဲ မထား ပါနဲ့ ... ၊ ဒါပေမယ့် ... မင်းသာ သူ့နှလုံးသားထဲ ဝင်လာပြီ ဆိုရင်တော့ သူ့ အသက်ကို ပေးပြီးတောင် ... ၊ မင်းကို ကယ်တင်ဖို့ ... ဘာမဆို လုပ်လိမ့်မယ်။ ”
“ စီနီယာ ... တစ်ခုခုများ သိထားလား။ ”
“ ငါ မသိ ပါဘူး။ ”
အိုင်းရစ် ဓားသူတော်စင်မှ သက်ပြင်းချ လိုက်ပြီး၊ သူ့အား ထွက်သွားရန် လက် ဝှေ့ယမ်း ပြသည်။
လင်းယွန်က ပိုင်ချင်းယွီ လက်ကို ဆွဲကာ၊ ထွက်ခွာ လာခဲ့သည်။ သူတို့ ထွက်သွား သည်နှင့် အိုင်းရစ် ဓား သူတော်စင်၏ ပုံရိပ်မှာ၊ မီးရှူး မီးပန်း ကဲ့သို့ ပျောက်ကွယ် သွားသည်။
“ ဆရာ အဆင်ပြေ ပါ့မလား။ ”
“ အင်း ... သူ ခဏလောက် အိပ်ပါစေ။ ”
လင်းယွန်မှ ပြန်ဖြေသည်။
“ အခု ခြောက်ပါးသော မြို့တော်ကို သွားကြ မှာလား။ ”
“ အင်း ... ဟုတ်တယ်။ ”
လင်းယွန်က ခေါင်းညိတ်သည်။ လျှို့ဝှက် နယ်မြေမှ ထွက်သည်နှင့် သွေးပင်လယ် ကြီးက စီးကြို နေသည်။
သွေးပင်လယ် အလယ်တွင်၊ ယဇ်ပလ္လင် တစ်လုံး ရှိနေပြီး၊ သွေးကျီးကန်း ဘုရင် ကိုးပါး စိုးစံ နေ၏။
ခေါင်းဆောင်မှာ ရွှေရောင် သွေးကျီးကန်း အိုကြီး ဖြစ်သည်။ ငွေတောင်ပံ များသာ ရှိသည့်၊ အခြားသော သွေးကျီးကန်း ဘုရင်များ ကြား၌၊ ထင်ရှား ပေါ်လွင် နေ၏။
သွေးပင်လယ် ထဲတွင် သွေးကျီးကန်း များစွာ၏ အလောင်းများ အစုလိုက် အပြုံလိုက် မျောပါ နေသည်။
“ ဓားမိစ္ဆာ နောက်ဆုံးတော့ မင်း ထွက်လာပြီ။ ”
ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်က လင်းယွန်ကို ကြည့်ကာ ဒေါသ တကြီး ရေရွတ် လာ၏။
၎င်းမှ ထွက်လာသော ရောင်ဝါသည် သွေးကျီးကန်း ဘိုးဘေးထက် အားနည်းသည် မဟုတ်ချေ။
“ မင်းတို့တွေ ချက်ချင်း ထွက်သွားဖို့၊ ငါအကြံ ပြုတယ်၊ မဟုတ်ရင် ... သွေးကျီးကန်း မျိုးနွယ်စု တစ်ခုလုံး၊ မျိုးတုန်း သွားလိမ့်မယ်။ ”
လင်းယွန်က အစွမ်းထက်သော ဓားရည်ရွယ်ချက်ကို ထုတ်လွှတ်ပြီး ပြောကြား လိုက်သည်။ သူ့ဓား ရည်ရွယ်ချက်ကြောင့် ထောင်သောင်း ချီသော သွေးကျီးကန်းများ ကြောက်လန့် တကြား ဆုတ်ခွာ ကုန်၏။
ရွှေတောင်ပံ သွေးကျီးကန်း ဘုရင် သည်သာ၊ ဂရု မစိုက်ဘဲ၊
“ မင်း ထွက်သွားနိုင် ပေမယ့် ... ၊ မင်းဘေးနားက ကောင်မလေးကို ထားခဲ့ပါ။ ”
-ဟု ပြန်ပြော လာသည်။
လင်းယွန်က စကားဆို မနေ တော့ဘဲ၊ ယဇ်ပလ္လင် ထံသို့ လျှောက်လှမ်း လာခဲ့သည်။ ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်မှ လွဲပြီး၊ ကျန် သွေးကျီးကန်းများ အားလုံး၊ ထိတ်လန့် တုန်လှုပ် ကုန်၏။
“ မင်း ဘာလုပ်ဖို့ ... ၊ ကြိုးစား နေတာလဲ။ ”
သွေးကျီးကန်း ဘုရင် (၁)ပါးက တုန်လှုပ်စွာ မေးသည်။
“ မင်းတို့ ကိုးကောင်ကို သတ်မလို့။ ”
“ ရွှပ် ... ။ ”
လင်းယွန်က လက်ဆန့်တန်း လိုက်ရာ၊ ပန်းသင်္ချိုင်း ပျံသန်း လာပြီး၊ ထိုသွေးကျီးကန်း ဘုရင်ကို၊ နှစ်ပိုင်း ခွဲပစ် လိုက်တော့သည်။
***