← Chapters

သွေးကျီးကန်း ဘုရင်များ။

Vol. 145 Ch. 2022

သွေးကျီးကန်း ဘုရင်များ။

Vol. 145 Ch. 2022

ငွေတောင်ပံ သွေးကျီးကန်း ဘုရင်ကို ဓားတစ်ချက် တည်းဖြင့် သတ်ပစ် လိုက်သော ကြောင့်၊ ကျန်သွေးကျီးကန်း ဘုရင် များမှာ၊ တုန်လှုပ် ကုန်၏။

“ ဝှစ် ... ။ ”

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်က ဒေါသတကြီးနှင့် လင်းယွန်အား လှမ်းကုပ် လေသည်။

လျင်မြန်လွန်း သဖြင့်၊ လင်းယွန် တစ်ယောက် မရှောင် နိုင်ဘဲ၊ ရင်ဘတ်ကို ကုပ်မိ သွားပြီး၊ နဂါး ရူရ်များ ကွဲအက် သွားခဲ့၏။

“ သူ့ကို သတ် ... ။ ”

ကျန်ငွေတောင်ပံ သွေးကျီးကန်း ဘုရင် ခုနစ်ကောင်မှ အသိ ဝင်ကာ၊ ပြေးတက် လာကြ သည်။

၎င်းတို့၏ ဖိအားကြောင့် လင်းယွန်၏ ဓားရည်ရွယ်ချက် ကန့်သတ် ခံလိုက် ရသည်။ ထိုစဉ် ပန်းသင်္ချိုင်း ဓားမှ ရုတ်တရက်၊ ပျံထွက် သွားပြီး၊ ငွေတောင်ပံ သွေးကျီးကန်း ဘုရင် (၇) ကောင်အား၊ ပိတ်ဆို့ ပေးတော့၏။

“ ဂျိန်း ... ။ ”

တစ်ဖက်တွင် လင်းယွန်က နိဗ္ဗာန် ရောင်ဝါကို ဖြန့်ကျက်လျက်၊ မိုးကြိုး မုန်တိုင်းကို ဖိတ်ခေါ် လိုက်သည်။

“ ဗြိ ... ။ ”

“ ဝုန်း ... ။ ”

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်၏ လက်သည်းများ ထပ်မံ ကျရောက် လာချိန်၌ စွမ်းအင် စက်လုံး အဖြစ်၊ မိုးကြိုး မုန်တိုင်း များက၊ ပေါင်းစည်း ခံယူ လေသည်။

တိုက်ပွဲကြောင့် ယဇ်ပလ္လင် တစ်ခုလုံး တုန်ခါလျက်၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ပျံ့နှံ့ ကုန်သည်။

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်မှ လျှပ်စီးများ တောက်လောင် လာပြီး၊ မီးစွဲလောင် သွားတော့သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင် ခမျာ၊ ထိတ်လန့် လာ၏။

( ဒီသွေးကျီးကန်း ဘုရင်က တကယ်ကို အားကောင်းတယ်၊ အမည်ခံ သူတော်စင် တွေနဲ့ ယှဉ်နိုင် ပုံရတယ်၊ သူတို့မှာ ကိုယ်ခံ ပညာနဲ့ သူတော်စင် ရောင်ဝါ မရှိလို့၊ ငါ ကံကောင်း သွားတယ်။ )

တိုက်ပွဲ အတွင်း အသာစီး မရရှိ ခဲ့ချေ။ ခန္ဓာကိုယ် အတွင်း ကျန်ရှိသည့် မကောင်းသော စွမ်းအင် များကို၊ နဂါးပြာ စွမ်းအင်ဖြင့်၊ တွန်းထုတ် လိုက်ရသည်။

“ ဖွဲ့စည်းပုံ သတ်မှတ်ပါ။ ”

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်က အမိန့်ပေး တော့၏။

“ သတ် ... ။ ”

အမိန့် ရ သည်နှင့်၊ ငွေတောင်ပံ သွေး ကျီးကန်း ဘုရင် များက၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ပြီး၊ နေရာ ယူသည်။

သည့်နောက် ရွှေတောင်ပံ သွေးကျီးကန်း ဘုရင် ထံမှ အဖြူရောင် အလင်းတိုင် တစ်တိုင် ပျံထွက် လာသည်။

အရိုးများ တွန့်ခေါက် လာပြီးနောက်၊ သွေးကျီးကန်း ဘိုးဘေး ကဲ့သို့၊ လူသား အသွင် ပြောင်းလဲ လိုက်၏။

“ ယင်-ယန် သွေးမြူ အစီရင် ... ။ ”

ဤအရာသည် သွေးကျီးကန်း ဘိုးဘေး တည်ဆောက် နိုင်ခဲ့သော၊ ဝိညာဉ်ရေး အစီရင် ဖြစ်သည်။

“ ဓားမိစ္ဆာ ... ၊ ထွက်ပြေးဖို့ မစဉ်းစားနဲ့။ ”

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်က၊ ယုံကြည်ချက် ပြင်းစွာ လှောင်ပြောင် လာ၏။ အစီရင် စွမ်းအားကို သူ အသိဆုံး ဖြစ်သည်။

ထို့ကြောင့် လင်းယွန် သည်လည်း၊ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို လှည့်ပတ်ကာ၊ ပြန်လည် ရင်ဆိုင် လိုက်ရသည်။

လေထု အတွင်းရှိ သွေးမြူ များက လင်းယွန်အား ဖိနှိမ်ထား လေသည်။ လှုပ်ရှားရ လေးကန် လာ၏။

“ ဖပ် ... ။ ”

“ ဖပ် ... ။ ”

ယင်-ယန် သွေးမြူ အစီရင်၏ အားသာချက်ကြောင့်၊ သွေးကျီးကန်း ဘုရင်မှာ၊ အသာစီး ရနေသည်။

သို့သော် ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်က၊ လင်းယွန်နှင့် လက်ဖဝါးချင်း ပူးကပ် လိုက်စဉ်၊ မတူညီသော ရောင်ဝါ များကို ခံစား လာရသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

၎င်းမှာ ကောင်းကင် နဂါး၊ နတ်ဖီးနစ်နှင့် အနက်ရောင် ပန်းတစ်ပွင့် ဖြစ်၏။ ယင်းကြောင့် မှင်တတ် သွားစဉ်၊ စွမ်းအင်များ ဝင်လာပြီး၊ သွေးတစ်လုတ် အန်လိုက် ရသည်။

“ ဝေါ့ ... ။ ”

ထိုအချိန်တွင် ကမ္ဘာဖျက် ဆေးအိုး ကြီး တဖြည်းဖြည်း ပေါ်လာ၏။ ၎င်းထွက်ပေါ် လာ သည်နှင့်၊ ရွှေတောင်ပံ သွေးကျီးကန်း ဘုရင် ခမျာ၊ ချက်ချင်း လွင့်စဉ် သွားတော့သည်။

“ ချွင် ... ။ ”

ထိုအခွင့်အရေးကို လင်းယွန်က အမိအရ ဖမ်းယူ လိုက်သည်။ မိုးကြိုး လိပ်နက် သံကြိုး (၉)ချောင်း ထုတ်ယူကာ၊ ရွှေတောင်ပံ သွေး ကျီးကန်း ဘုရင်ထံ လှမ်းပစ် တော့၏။

အခြား တစ်ဖက်တွင်၊ ပန်းသင်္ချိုင်းမှ ငွေတောင်ပံ သွေးကျီးကန်း ဘုရင် (၇)ပါးကို ဖိနှိမ် ထားသည်။

ဤအရာ ကြောင့်သာ လင်းယွန်မှ ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်အား ကိုင် တွယ်ခွင့် ရနေခြင်း ဖြစ်သည်။

မြင့်မြတ်သော မီးလျှံများက၊ သံကြိုးများ မှတဆင့်၊ ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်ထံ တောက်လောင် ကူးစက် သွားသည်။

“ အား ... ၊ မင်းကို ငါသတ်မယ်။ ”

ရွှေတောင်ပံ သွေးကျီးကန်း ဘုရင် ခမျာ၊ နာကျင်မှုကြောင့် ဒေါသတကြီး အော်ဟစ်လျက်၊ လင်းယွန်ထံ သံကြိုး တန်းလန်းဖြင့်၊ ပြေးဝင် လာလေသည်။

“ ဓား ... ။ ”

လင်းယွန်မှ လက်ကို ဝှေ့ယမ်းလျက် ခေါ်လိုက်သည်။ ပြီးနောက် ကနဦး ဓားအား၊ ချက်ချင်း ထုတ်လွှတ် ပစ်လိုက်၏။

၎င်းမှ လာသော ဖြစ်စဉ်သည်၊ စကြဝဠာ ပေါက်ကွဲမှု စတင် သကဲ့သို့၊ ပရမ်းပတာ အခြေ အနေမျိုး ရောက်ရှိ သွားကာ၊ အလင်းကို မွေးဖွား လာတော့သည်။

“ အလင်း မူလ ... ။ ”

အလင်း ရောင်မှာ အချိန် အနည်းငယ် တောက်ပ ပြီးနောက်၊ ရုတ်ချည်း ပျောက်ကွယ် သွား၏။

၎င်းပျောက်ကွယ် သွား သည်နှင့်၊ ရွှေတောင်ပံ သွေးကျီးကန်း ဘုရင်၏ ဦးခေါင်း မြေပြင်ပေါ် ပြုတ်ကျ သွားလေသည်။ ဦးခေါင်း မပါသော လည်ပင်းမှ၊ သွေးများ ပန်းထွက် လာတော့၏။

“ ဘယ်လို တောင် ... မြန်လိုက်လဲ။ ”

ဓား၏ စွမ်းအားကြောင့် သူကိုယ် တိုင်ပင်၊ ထိတ်လန့် သွားသည်။ အချိန်နှင့် အာကာသကို မမြင် နိုင်ဘဲ၊ နစ်မျော သွားခဲ့၏။

သူတော်စင် တစ်ပါး သည်သာ၊ ဤဓား အောက်တွင် အချိန်နှင့် အာကာသ ပြောင်းလဲ သွားသည်ကို၊ ခံစား မိပေမည်။

သို့သော် ထိုဓားတွင် သတ်ပစ် လိုသော ရည်ရွယ်ချက်ကို မပါရှိ သဖြင့်၊ အားနည်းချက် ရှိနေ ခဲ့လေသည်။

ထို့ကြောင့် ရွှေတောင်ပံ သွေးကျီးကန်း ဘုရင် သည်သာ၊ ရူးရူးမိုက်မိုက် ပြေးဝင်ရန် မပြု မူသော်၊ ဟန့်တား ကာကွယ် နိုင်လောက် ပေမည်။

ထိုသို့ အသက် မဆုံးရှုံး ပါက၊ ပြန်လည် သတ်ဖြတ် နိုင်သော အခွင့် အရေးမျိုး ရရှိ နိုင် သည်။

အလင်း မူလ။ အရာ အားလုံး၏ မူလ။ ဘုန်းသရေ၏ မူလ။ အမှောင် မူလ။ နိဗ္ဗာန် မူလ။ စသည့် သတ္တ လောက ကြီး၏ မူလ ဖြစ်သည်။

“ ဒီပထမ ဓားပုံစံက ... အမည်ခံ သူတော်စင် တွေကို သတ်နိုင် လိမ့်မယ်။ ”

လင်းယွန်က တီးတိုး မှတ်ချက် ပြု လိုက်သည်။ သွေးကျီးကန်း ဘုရင် (၇)ပါးမှာ၊ အလွန် ထိတ်လန့် သွား၏။ ဖြစ်ရပ် များကို မယုံနိုင်ချေ။

“ ဂါး ... ။ ”

ထိုအချိန်တွင် ယဇ်ပလ္လင် တစ်ခုလုံး၊ တုန်လှုပ် လာပြီး၊ နဂါး မျောက်ဝံ တစ်ကောင် ဆင်းသက် လာသည်။

သွေးကျီးကန်း ဘုရင် ခုနစ်ကောင် ခမျာ ယိမ်းထိုးလျက်၊ ပြန်လည် ခုခံလိုက် သော်လည်း၊ ဟာကွက်များ ပါရှိ သွားခဲ့၏။

“ အနန္တ ဓားများ ပေါင်းစည်ခြင်း။ ”

ထိုအချိန်တွင် လင်းယွန်က စက်ဝိုင်းပုံ သဏ္ဍာန် ရွေ့လျားပြီး၊ လင်းယွန် (၁၂)ယောက် ပွားယူ လိုက်သည်။

“ ရွှပ် ... ။ ”

၎င်းတို့မှ ဓားများဖြင့် ပင့်ခုတ် လေရာ၊ သွေးကျီးကန်း ဘုရင် ခုနစ်ကောင်၏ ရင်ဘတ်၌ ဒဏ်ရာများ ရရှိ ကုန်တော့၏။

ကြယ်ဓားသည် ၎င်းတို့ ခန္ဓာကိုယ် အတွင်းပိုင်း အထိတိုင် တိုးဝင်ပြီး၊ အတွင်း အင်္ဂါ များကို၊ စတင် တိုက်စား လေသည်။

“ သေ လိုက် တော့ ... ။ ”

ဒဏ်ရာနှင့် နဂါး လေးကြောင့်၊ ယိမ်းထိုး နေသော သွေးကျီးကန်း များကို ကြည့်ကာ၊ ဘုန်းဝိညာဉ် နှစ်ပါးကို၊ အသက် သွင်းလျက်၊ ပွဲသိမ်း ဓားအား ခုတ်ချပစ် လိုက်သည်။

“ ရွှပ် ... ။ ”

လေဟာနယ် နှစ်ခြမ်း ကွဲသွားပြီး၊ သွေးကျီးကန်း (၇) ကောင် ခမျာ၊ အပိုင်းပိုင်း ဖြတ်တောက် ခံလိုက် ရတော့၏။

ပိုင်ချင်းယွီက လင်းယွန်ကို ကြည့်ပြီး၊ ထုံထိုင်း သွား လေသည်။ သူမ၏ ရေလှိုင်းဓား သည်လည်း၊ ဘုန်းဝိညာဉ် နှစ်ပါး လက်ရာ ဖြစ်သည်။

သို့သော် သူမ လက်တွင် အစွမ်း မရှိချေ။ ထိုခြားနားချက်သည် သဘာဝ အတိုင်း၊ သူမကို ရှက်ရွံ့ သိမ်ငယ် စေ၏။

နဂါးလေးက ကြောင် ပုံစံသို့ ပြောင်း လိုက်ပြီး၊ သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်ရန် လျှာဖြင့် သပ်နေသည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ သွေးစက် များကို၊ လေထဲ လွှဲခါလျက်၊ ပန်းသင်္ချိုင်းအား ပြန်၍ သိမ်းဆည်း လိုက်သည်။

နဂါးလေးက ရွှေပုတီးစေ့ တစ်လုံးနှင့် ငွေပုတီးစေ့ ရှစ်လုံးကို ဖမ်းယူကာ၊ တဟားဟား ရယ်တော့၏။

“ ဟား ဟား ဟား ... အစ်ကိုကြီး ဒီမှာ ... ။ ”

လင်းယွန်က ကြောင်သူခိုး ဟူသော နဂါးလေး၏ အမည် ပြောင်ကို ပြန်လည် သတိ ရလာကာ၊ ပြုံးလိုက် မိသည်။

“ အစ်ကို ယဲ့ ... ၊ နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ကူးပြောင်း ရေးကို ... တက်လှမ်းဖို့ ကြိုးစား နိုင်ပြီ။ ”

ပိုင်ချင်းယွီမှ ဝမ်သာ အားရ လှမ်းပြော လေသည်။

“ ကျင်းရွှမ်ယီက သန်မာတယ် ၊ အရင်က သူ့ကို စိန်ခေါ် ခဲ့တဲ့ လူတွေကို၊ အကုန် သတ်ပစ် လိုက်တယ်လို့ ငါကြားတယ် ... ။ ”

သူမ စကားကြောင့်၊ လင်းယွန်က အနည်းငယ် စဉ်းစားပြီး၊ ခေါင်းခါပြ လိုက်သည်။ သူ့၌ အချိန် မရှိ တော့ချေ။ ရှင်းယန် တစ်ခုခု ဖြစ်မည်ကို သူ စိုးရိမ်၏။

“ သွား ကြ ရ အောင် ... ။ ”

လင်းယွန်က ပြတ်သားသော အသွင်ဖြင့်၊ (၆)ပါးသော မြို့တော်ထံ ဦးတည်ကာ၊ ပျံသန်း လိုက်တော့သည်။

***

All Chapters