← Chapters

ကြာနက် မီးလျှံ။

Vol. 145 Ch. 2023

ကြာနက် မီးလျှံ။

Vol. 145 Ch. 2023

နတ်ဘုရား သင်္ချိုင်း တောင်တန်းကို လွှမ်းခြုံ ထားသော တံဆိပ်ကြောင့်၊ အမည်ခံ သူတော်စင် အထက်ရှိ၊ မည်သူမျှ မ၀င်ရောက် နိုင်ချေ။

နတ်သွေးပန်း ပြိုင်ပွဲတွင်၊ ကောင်းကင် တာအို ဂိုဏ်းမှ နန်းဂွန်း ဖူယီက သိမ်းပိုက် နိုင်ခဲ့ သည်။

ထို့ကြောင့် မြင့်မြတ်မြေ အသီးသီးမှ၊ ပါရမီရှင် များက ၎င်းတို့၏ အကြီးအကဲ များထံ သတင်း ပို့ပြီး၊ ပိုင်ရှင်ကို ပြန်လည် ဆုံးဖြတ်ရန်၊ တောင်းဆို ခဲ့ကြသည်။

သို့သော် ကျင်းရွှမ်ယီ ရောက်ရှိ လာကာ၊ နတ်သွေးပန်းကို သိမ်းယူ သွားခဲ့သည်။ ၎င်း၏ ခွန်အားကြောင့်၊ လူတိုင်း အံ့အားသင့် ကုန်၏။

(၆) ပါးသော မြို့တော်သည်၊ ရှေးခေတ် ကတည်းက တည်ရှိခဲ့သော ကြီးကျယ် ခမ်းနား သည့်၊ မြို့တစ်မြို့ ဖြစ်သည်။

၎င်းအား နဂါး တံခါးမှ၊ တည်ဆောက် ထားပြီး၊ နဂါး မြို့တော် အဖြစ် အမည်တွင် စေခဲ့ သည်။ သို့သော် ရွှေခေတ် ပြီးနောက် လူဆိတ်ညံ သွားတော့၏။

လက်ရှိ အချိန်၌ မြင့်မြတ်မြေ (၆)ပါးမှ မြို့တော်ကို သိမ်းပိုက်ပြီး၊ စီမံခန့်ခွဲ နေကြသည်။ ယင်းကြောင့် နတ်ဘုရား သင်္ချိုင်း တောင်တန်း အတွင်း၊ အလုံခြုံဆုံး မြို့ဖြစ် လာ၏။

မြို့တော်၌ သိုင်းပြိုင်ပွဲ ကျင်းပရန်၊ ကွင်းကြီးများ ရှိပြီး၊ စိန်ခေါ် ပွဲများ မကြာခဏ လက်ခံ ကျင်းပ ကြသည်။

အကြီးဆုံး ကွင်း အမည်မှာ၊ မုန်တိုင်း ကွင်းဖြစ်သည်။ ထိုကွင်း၏ ဝင်ခွင့် လက်မှတ် များ အားလုံး၊ ရောင်းထွက် ကုန်ပြီ ဖြစ်၏။

ကျင်းရွှမ်ယီကြောင့် ဝင်ခွင့် လက်မှတ် တစ်စောင်၏ တန်ကြေးမှာ၊ နိဗ္ဗာန် ဆေးလုံး (၁) သိန်း ဖြစ်လာ ခဲ့သည်။ ယနေ့တွင် စိန်ခေါ်ပွဲ လက်ခံမည့် နေ့ ဖြစ်၏။

ထို့ကြောင့် မုန်တိုင်းကွင်း ထဲ၌၊ ပွဲကြည့် ပရိသတ်များ၊ စိန်ခေါ်မည့် လူများ၊ စသည်ဖြင့် ပြည့်နှက် နေခဲ့သည်။ မြင့်မြတ်မြေ (၆)ခုသည် စင်မြင့်နှင့် အနီးဆုံး နေရာ များကို၊ သိမ်းပိုက် ထား၏။

“ အရင် တုန်းက ကျင်းရွှမ်ယီ ဆိုတာ၊ နာမည် ကြီးတာကို ကြိုက်လှတာ မဟုတ်ဘူး၊ ဘာလို့ ချက်ချင်းကြီး ခုလို လုပ်ရ တာလဲ။ ”

လူအုပ်ထဲမှ ခရမ်းရောင်ဝတ် အမျိုးသား တစ်ဦးက ပြောသည်။ သူ့ အမည်မှာ ချွီသွမ့် ဖြစ် ပြီး၊ ဘုရင် အဆင့် (၆) နေရာ၌ ရှိ၏။

တောင်နက် ဂိုဏ်းမှ ပါရမီရှင် တစ်ပါး ပေပင်။ သူ့ ဘေးတွင် လီယန်ရှင်း ဟူသော မီးခိုးရောင် ဝတ် လူငယ် တစ်ဦး ရှိ၏။

ထိုလူငယ်မှ ပြုံးပြီး၊

“ အစ်ကို ချွီ ... ၊ မင်း ကျင့်ကြံ နေတာ ကြာပြီထင်တယ်၊ နဂါးပြာ မှတ်တမ်း ပေါ်လာ တော့မယ် ဆိုတာ၊ မင်း မသိ သေးဘူး ဖြစ်မယ်၊ အမည်ခံ သူတော်စင်မှ မဟုတ်ရင်၊ ...

... ဒီမှတ်တမ်းမှာ နာမည် ကျန်ရစ်ဖို့ ... မဖြစ်နိုင်ဘူး၊ ခွန်လွန်က ... ပါရမီရှင် အားလုံး ဒီအတွက် လှုပ်လှုပ် ရှားရှား ဖြစ်နေ ကြတယ်၊ ကျင်းရွှမ်ယီက ရည်မှန်းချက် ကြီးတော့၊ ...

... မြင့်မြတ်မြေ (၆) ပါးကို နင်းချေပြီး၊ ကံကြမ္မာ အားလုံး လွှဲယူမယ့် ... ပုံ ရှိတယ်၊ ကံ ကြမ္မာ ဆိုတာ မမြင်နိုင် ပေမယ့် ... တကယ် ရှိတယ် မဟုတ်လား။ ”

“ နဂါးပြာ မှတ်တမ်း ... ပေါ်လာ တော့ မှာလား၊ ဒါကို အရင်တုန်းက ငါ ကြားဖူးတယ်၊ အခုတော့ ကြာနက် မီးတောက်ကို သန့်စင်ဖို့ အချိန်ပေး ခဲ့တာ၊ အချိန်ကျပြီ ထင်တယ်။ ”

ချွီသွမ့် အကြည့်များ စူးရှ လာတော့သည်။ နောက်ဆုံးတွင် နဂါးပြာ မှတ်တမ်း ပေါ်လာခြင်း ဟူသည်၊ ရွှေခေတ် ရောက်ပြီဟု အဓိပ္ပါယ် ရချေ၏။

၎င်းတွင် မရေမတွက် နိုင်သော ဒဏ္ဍာရီလာ ဉာဏ်ကြီးရှင် များကို မှတ်တမ်းတင် ထားသည့် ဥပမာများ ရှိသည်။

“ ကြာနက် မီးတောက်လား၊ အစ်ကိုချွီ မင်းတကယ်ပဲ ကြာနက် မီးတောက်ကို ရခဲ့တာ လား။ ”

လီယန်ရှင်း တစ်ယောက် အံ့ဩ သွားသည်။

“ ဟုတ်တယ် ... (၂) နှစ်လောက် ရှိပြီ၊ ငါသန့်စင် နေတာ၊ အခု ကြာနက် သူတော်စင် ခန္ဓာ ကိုယ်ကို ... အောင်မြင်ခဲ့ပြီ။ ”

ချွီသွမ့်မှ ပြုံးလျက် ခေါင်းညိမ့် ပြသည်။ တောင်နက် ဂိုဏ်းတွင်၊ ရှေးဦးခေတ် တည်းက တည်မြဲ နေသော ဧကရာဇ် မီးတောက် တစ်ခု ရှိပြီး၊ ၎င်းသည် ကြာနက် အတွင်း သန္ဓေ တည်နေ သည်ဟု ပြောဆို ကြ၏။

စမ်းသပ်မှု များစွာကို ဖြတ်သန်း ပြီးနောက်၊ ဧကရာဇ် မီးတောက်မှ မီးလျှံ မျိုးစေ့ကို ရယူကာ ခန္ဓာကိုယ် သန့်စင် နိုင်ပေမည်။

“ ဒါဆို ကျင်းရွှမ်ယီ အတွက် ... မင်း လာတာလား။ ”

“ ဘာလို့လဲ ... ၊ ငါ မလုပ်နိုင် ဖူးလို့၊ မင်း ထင်လို့လား၊ သူတောင် မြင့်မြတ်မြေ (၆)ပါးကို နင်းဖြတ် နိုင်ရင်၊ ငါလည်း လုပ်နိုင် ပါတယ်။ ”

ချွီသွမ့်က မြင့်မြတ်မြေ (၆)ပါးကို တစ်ချက် ကြည့်ကာ ပြုံးလေသည်။ ၎င်းတို့ အားလုံးသည် အားနည်း ပုံ မရချေ။

နတ်ဖီးနစ် ဂိုဏ်းမှ ဝူကျွင့်၊ မင်ဂိုဏ်းမှ ကျင်းဇီလင်၊ အနန္တ မိုးကြိုး ဂိုဏ်းမှ ကျန်းချိုး၊ ကောင်းကင် မီးလျှံ ဂိုဏ်းမှ ချန်တာ့ယွင်နှင့် နတ်တာအို ခန်းမမှ ကူယွင်ဖေး တို့မှ ဦးဆောင်လာ ကြခြင်း ဖြစ်သည်။

၎င်းတို့ အားလုံးသည် ဘုရင် အဆင့် ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ပေ၏။ ချွီသွမ့် ပင် မထီ မဲ့မြင် မပြုဝံ့ချေ။

“ ကောင်းကင် တာအို ဂိုဏ်းက၊ အဲဒီ အမျိုးသမီး ဘယ်သူလဲ၊ နန်းဂွန်း ဖူယီ အစားကို သူ့နေရာ ပေးလိုက် တာလား။ ”

ချွီသွမ့်မှ စိတ်ဝင် တစား မေးသည်။

“ သူက ... သတ်ဖြတ်ခြင်း မဟာ သူတော်စင်ရဲ့ တပည့်ပါ၊ မကြာ သေးခင် ကမှ၊ နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းမှုကို ရောက်ခဲ့တယ်၊ ဒါပေမယ့် ...

... သူမက ထိပ်တန်း ဆယ်ယောက်နဲ့ ယှဉ်ရင် အားနည်း ပါသေးတယ်၊ ကျင်းရွှမ်ယီကို တိုက်ရင်၊ သူ သေမှာ သေချာတယ်။ ”

“ ကောင်းကင် တာအို ဂိုဏ်းက ... မျိုးဆက် သစ်တွေ ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိနေ တာပဲ၊ တာအို ယန်နန်းတော်ရဲ့ ... သားတော်က လွဲပြီး၊ အခြား ပါရမီရှင် မရှိတော့ ဖူးလား။ ”

ချွီသွမ့်မှ ပြုံးကာ မေးလိုက်သည်။

“ ရှိတယ် ... ၊ မကြာ သေးခင် ကမှ ယဲ့ချင်းရှန် ဆိုတဲ့ ဓားသမား တစ်ယောက် ပေါ် လာတယ်၊ သူ့ရဲ့ ဓားရေးက ထက်ရှပြီး၊ ဂီတ မှာလည်း ထူးချွန်တယ်၊ သခင်ငယ် ဝူရှောင် ကိုတောင် အနိုင် ယူခဲ့တယ်။ ”

“ ငါ ... သူ့နာမည် မကြား ဖူးဘူး ... ၊ ဒီသတင်းက ကောလ ဟာလ ဖြစ်မယ် ထင်မယ်၊ အစ်ကိုလီ ရှေ့မှာ ထက်မြက်တဲ့၊ ...

... ဓားသမားလို့ ... ဘယ်သူ ပြောရဲလဲ၊ အရိယာ ကောင်းကင်ဓား ဆိုတာ ... ၊ ဟိုးအရင် တည်းက ... ၊ မင်း ဆုပ်ကိုင် နိုင်တဲ့ အရာ ဆိုတာ၊ ငါ သိပါတယ်။ ”

ချွီသွမ့်က လီယန်ရှင်းအား လှည့်ကြည့်ကာ၊ ချီးကျူးစကား ဆိုလိုက်သည်။ ထိုစကားကြောင့် လီယန်ရှင်းမှ ဂုဏ်ယူ ဝံ့ကြွားစွာ ပြုံးပြီး၊

“ အဲဒါက ကြာခဲ့ ပါပြီ၊ အခု ... ငါ အမည်ခံ ကြယ်ဓားကို ရောက်နေပြီ။ ”

“ အိုး ... အစ်ကိုလီ ... ၊ မင်းက မျှော်လင့် ထားတဲ့ အတိုင်း၊ ဘုရင် အဆင့်မှာ၊ နောက်ထပ် တစ်ဆင့် တက်လှမ်းဖို့ ကြံရွယ် နေတာကိုး။ ”

“ ဟား ဟား ဟား ... ၊ အစ်ကိုချွီ နဂါးပြာ မှတ်တမ်းမှာ ဘယ်သူက ... နာမည် မကျန်ချင်ပဲ နေမှာလဲ၊ ကျင်းရွှမ်ယီကို အနိုင်ယူ နိုင်ရင်၊ သူ စုဆောင်း ထားတဲ့၊ ဘုန်းအသရေ အားလုံးကို သိမ်းပိုက် နိုင်မှာ မဟုတ်လား။ ”

လီယန်ရှင်းမှ ပြုံးပြီး ပြန်လည် ပြောကြား လိုက်၏။ သူ့ပစ်မှတ် သည်လည်း ကျင်းရွှမ်ယီ ဖြစ်ချေပြီ။

“ မင်းလည်း အဲဒါကို တွေးနေ တာလား၊ ဟား ဟား ဟား ... ကောင်းပြီ၊ ဒါဆို ငါ့ကို အရင် ခွင့်ပြု ပါဦး။ ”

ချွီသွမ့်မှ ရယ်ပြီး၊ ကွင်းထဲ ပြေးဝင် သွားသည်။ ထူးခြားသော ရောင်ဝါကို ခံစား မိ သဖြင့်၊ ကျင်းရွှမ်ယီက မျက်လုံးမှိတ် အနားယူ နေရာမှ၊ ရုတ်တရက် မျက်လုံး ဖွင့်ကာ၊ မျှော်ကြည့် လိုက်သည်။

“ ကျင်းရွှမ်ယီ မင်းကို ... ဘယ်သူ မဆို စိန်ခေါ် နိုင်တယ် ဆိုတော့ ... မြင့်မြတ်မြေ (၆) ပါး မဟုတ်တဲ့၊ ငါရော အကျုံး ဝင်လား။ ”

“ တောင်နက် ဂိုဏ်းက ချွီသွမ့်လား ... ။ ”

“ ဟား ဟား ဟား ... ဟုတ်တယ်၊ ငါတို့ နောက်ဆုံး တွေ့ခဲ့တာ နှစ်နှစ် ရှိပြီ၊ မင်း ငါ့ကို မမေ့ သေးလို့ ... ဝမ်းသာ ပါတယ်။ ”

ချွီသွမ့်မှ ဂုဏ်ယူစွာ ပြုံးလိုက်၏။ တစ်ဖက်တွင် တောင်နက် ဂိုဏ်း ဟူသည် ဒုတိယ တန်းစား ဂိုဏ်းတစ်ခု ဖြစ်သဖြင့်၊ လူတိုင်း စိတ်ဝင်စား လာသည်။

“ တောင်နက် သူတော်စင် တပည့်လား။ ”

“ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကြာနက် မီးလျှံကို ရခဲ့တဲ့ တပည့် တစ်ယောက် ရှိတယ်လို့ ငါကြားတယ်၊ အဲဒါ သူပဲ နေမယ်။ ”

“ ငါကတော့ သူ့ကိုယ်သူ လောင်ကျွမ်းပြီး သေသွားပြီ ထင်နေတာ၊ ကြာနက် သူတော်စင် ခန္ဓာ ကိုယ်ကို၊ ရယူ နိုင်ခဲ့ ပုံရတယ်။ ”

တောင်နက် ဂိုဏ်းကို သူတော်စင် (၇)ပါးမှ တည်ထောင် ခဲ့သည်။ ၎င်းတို့မှာ မိစ္ဆာ လမ်းစဉ် ကျင့်ကြံ ကြ၏။

အခြေခံ အုတ်မြစ် အရ၊ မြင့်မြတ်မြေ (၆)ပါးထက် နိမ့်ကျ သော်လည်း၊ ဂုဏ် သတင်း မှာ၊ အားနည်း လှသည် မဟုတ်ချေ။

ကျင်းရွှမ်ယီမှ မတ်တတ် ထရပ်ပြီး၊

“ ငါက ကွင်းတစ်ခု လုံးကို ... ၊ လက်ခံ ထားဝံ့တဲ့ အတွက် ... ၊ ဘယ်သူ မဆို အကျုံးဝင် ပါတယ်။ ”

-ဟု ပြန်လည် ဖြေကြား လာသည်။

ထို့နောက် နှစ်ဦးသား စတင် တိုက်ခိုက် တော့၏။ တိုက်ပွဲမှာ လက်ရည် ညီနေပြီး၊ စိတ် လှုပ်ရှား စရာ ကောင်းချေပြီ။

“ ကြာနက် မီးလျှံ ... ။ ”

ချွီသွမ့်က တိုက်ပွဲကို အပြီးသတ် လိုသဖြင့်၊ ကြာနက် သူတော်စင် ခန္ဓာ ကိုယ်အား အသက် သွင်း လိုက်၏။

လေထဲ၌ အနက်ရောင် မီးလျှံများ တောက်လောင် နေသည့်၊ ကြီးမားသော ကြာပန်း တစ်ပွင့် ပေါ်လာ တော့သည်။

***

All Chapters