← Chapters

ငါ့ဓားကို မေးပြီး ပြီလား ... ။

Vol. 145 Ch. 2024

ငါ့ဓားကို မေးပြီး ပြီလား ... ။

Vol. 145 Ch. 2024

“ ဗြိ ... ။ ”

မြင့်မြတ်သော မီးလျှံများ လောင်ကျွမ်း လာသော အခါ၊ ချွီသွမ့်က အင်္ကျီကို တစ်စစီ ဆုတ်ဖြဲ ပစ်လိုက်သည်။

ခန္ဓာကိုယ် ပေါ်၌၊ အနက်ရောင် ကြာပန်းရူရ်များ ပေါ်လွင် လာပြီး၊ ရှေးကျသော အစွမ်း ထက်သည့်၊ ရောင်ဝါများ ပေးစွမ်း လာသည်။

ထိုမြင်ကွင်းကြောင့် ကျင်းရွှမ်ယီမှ မျက်ခုံးပင့် လိုက်ပြီး၊

“ တကယ်ပဲ ကြာနက် သူတော်စင် ခန္ဓာကိုယ် ပါလား ... ။ ”

-ဟု ရေရွတ် လိုက်လေသည်။

သူတော်စင် ခန္ဓာ များကို၊ မွေးရာပါနှင့် ကျင့်ကြံခြင်း သူတော်စင် ခန္ဓာကိုယ် ဟူ၍ အမျိုး အစား ခွဲခြား ထားသည်။

လင်းယွန်၏ မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ်နှင့်၊ နဂါးပြာ သူတော်စင် ခန္ဓာသည်၊ ဒုတိယ အမျိုးအစားတွင် အကျုံးဝင်သည်။

ပိုင်ချင်းယွီ၏ ယင်-သူတော်စင် ခန္ဓာ ကိုယ်မှာ၊ မွေးရာပါ သူတော်စင် ခန္ဓာ ဖြစ်သည်။

ထို့ကြောင့် အမည်ခံ သူတော်စင် နယ်ပယ် မရောက်ခင်၊ ကြာနက် သူတော်စင် ခန္ဓာကိုယ် အား၊ ကျင့်ကြံ ရယူ ထားနိုင် ခြင်းသည်၊ အထင်ကြီးဖွယ် ဖြစ်သည်။

ချွီသွမ့်က လေထဲ ပျံဝဲကာ၊ ကြာနက်ပေါ် လှမ်းတက်ပြီး ပြုံး၏။

“ လွန်ခဲ့တဲ့ နှစ်နှစ် ကထက် မင်း... အများကြီး ပိုသန်မာ လာတယ်၊ ငါနဲ့ မတေွ့ရင် ဘုရင် အဆင့် ပထမကို ... ဆက်ထိန်းထား နိုင်မှာပါ၊ အခုတော့ သနား စရာ ကောင်း လိုက်တာ ... ။ ”

“ သနား စရာ ကောင်းတာ ... ဘယ်သူလဲ မသေချာ သေးပါဘူး။ ”

ကျင်းရွှမ်ယီမှ ပြုံးပြီး ခေါင်းခါ သည်။

“ မင်းရဲ့ ကြာနက် ခန္ဓာကိုယ်က ပြိုင်ဘက်ကင်း တယ်လို့ ထင်နေ တာလား၊ ချွီသွမ့် ငယ်ပါ သေးတယ်။ ”

စကားဆုံး သည်နှင့်၊ ကျင်းရွှမ်ယီ အကြည့်များ အေးစက် လာပြီး၊ နဖူး ပေါ်ရှိ ရူရ် တစ်လုံး ပွင့်လာသည်။

သူ့ခန္ဓာ ကိုယ်မှ လျှပ်စီးများ ပြေးထွက် လာကာ၊ စပါးအုံး မြွေများ အဖြစ်သို့ ပြောင်းလဲ သွား၏။

လျှပ်စီး စပါးအုံးမြွေ ကိုးကောင်တွင်၊ ဦးချိုများ ပေါက်နေပြီး ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ် လာသည်။

၎င်းတို့သည် လျှပ်စီး စပါးအုံး မြွေ များက၊ နဂါးများ အဖြစ် အသွင်ပြောင်း တော့မည့် အရိပ် အယောင် ပြသ နေသည်။

“ ဟမ့် ... ။ ”

ချွီသွမ့်မှ နှာခေါင်းရှုံ့ကာ၊ ကြာနက်၏ မြင့်မြတ်သော မီးလျှံအား၊ သူ့လက်ဖဝါးတွင် စုစည်းပြီး၊ လက်သီး တစ်ချက် ပစ်ထည့် လိုက်သည်။

“ ခရစ် ... ။ ”

တစ်ချက် ထိုးရုံဖြင့် လျှပ်စီး နဂါးများ အက်ကြောင်း ထင်ကုန်၏။ ကြာနက် မီးလျှံ၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းချေ ပြီ။ တုန်ခါမှု အနည်း ငယ်ဖြင့်၊ ကျင်းရွှမ်ယီ ရှေ့တွင် ပေါ်လာ၏။

သို့သော် ကျင်းရွှမ်ယီမှာ၊ နောက်ပြန် ဆုတ်သွားပြီ ဖြစ်သောကြောင့်၊ ချွီသွမ့် လက်မှ လွတ်မြောက် သွားသည်။

“ ရွှပ် ... ။ ”

ပြီးသည်နှင့် ချွီသွမ့် ရင်ဘတ်ကို လက်ညိုးဖြင့် လှမ်းထိုး လိုက်၏။ ၎င်းလက်ညှိုး အား၊ ကြာနက် သူတော်စင် ခန္ဓာကိုယ် နှင့်ပင် ခံယူဝံခြင်း မရှိ လေရာ၊ ချွီသွမ့် တစ်ယောက် အမြန် ရှောင်တိမ်း လိုက်ရသည်။

တိုက်ပွဲမှာ ပြင်းထန်ပြီး သတိ မထားသော် တစ်ချက် ထိရုံနှင့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရ ရှိ နိုင်၏။

“ ကောင်းကင်ဘုံကို လောင်ကျွမ်း စေမဲ့ မြင့်မြတ်သော မီးလျှံ ... ။ ”

ချွီသွမ့်မှ ဒေါသ ထွက်လာသည်။ သူ့လက်ဖဝါး များကို ကောင်းကင်ပေါ် မြှောက် လျက်၊ အော်ဟစ် လိုက်၏။

ကြာနက် ပေါ်လာပြီး၊ မီးတောက်များ ကောင်းကင်ကို ထိုးခွဲ ပြီးနောက်၊ ကျင်းရွှမ်ယီ အပေါ် မီးမိုး အဖြစ်၊ ရွာချ လာသည်။

“ ဝှစ် ... ။ ”

သို့သော် ကျင်းရွှမ်ယီက အပြုံး မပျက်ချေ။ လက်များ ဝှေ့ယမ်းကာ လျှပ်စီး အလွှာ ဖန်တီး ကာကွယ် လိုက်သည်။

“ ကြာနက် နတ်လက် ... ။ ”

ချွီသွမ့်မှ အော်ငေါက်လျက်၊ ကြာနက် တစ်ပွင့်နှင့် အတူ၊ ကောင်းကင်မှ ဆင်းသက် လာ ခဲ့သည်။

မြေပြင်မှ အခိုး အငွေ့ များဖြင့်၊ ပေါင်းစပ်သွားကာ၊ အနက်ရောင် လက်ဖဝါးကြီး သူ့နောက်၌ ပေါ်လာ ၏။

“ ဟား ဟား ဟား ... ကောင်းတယ် လာခဲ့။ ”

ကျင်းရွှမ်ယီမှ ရယ်သည်။ လက် နှစ်ဖက်ကို ခွဲလျက် နောက်သို့ အမြန် ပြန်ဆုတ် လိုက်ကာ၊ လျှပ်စီး နဂါး များကို၊ စေတီပုံ သဏ္ဍာန် ပြောင်းလဲ ဖန်တီးသည်။

“ ဝုန်း ... ။ ”

“ ခရစ် ... ။ ”

၎င်းလျှပ်စီး စေတီပေါ်၊ အနက်ရောင် လက်ဖဝါးကြီး ကျရောက်လာပြီး၊ အက်ကြောင်း များ ဖြစ်ပေါ် ကုန်သည်။ တစ်ဖက်တွင် လက် ဖဝါး ကြီးမှာ၊ အပိုင်း အစများ အဖြစ် ပြိုကျ သွားခဲ့၏။

“ သေ စမ်း ... ။ ”

ချွီသွမ့်က လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး ကျိန်ဆဲ တော့သည်။ အနက်ရောင် ရူရ်များ သူ့လက်မောင်း၌ ဖြစ်တည် လာ၏။

ပရိသတ်များ အားလုံး ထိတ်လန့် သွားကြသည်။ ကောင်းကင် တာအိုဂိုဏ်း ရှိရာ အရပ်တွင် နန်းဂွန်း ဖူယီမှ၊ မြောင်ရင်အား အကဲခတ်ကာ၊

“ ကျင်းရွှမ်ယီက ... ကြောက်စရာ ကောင်းတယ်၊ သူ့ လျှပ်စီး ရည်ရွယ် ချက်မှာ၊ အားနည်းချက် မရှိဘူး၊ ကြာနက် သူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင် ထားတဲ့ ... ချွီသွမ့်တောင် ကူကယ်ရာမဲ့ နေပြီ။ ”

-ဟု ပြောကြား လိုက်သည်။

နန်းဂွန်း ဖူယီမှ မြောင်ရင် အမူအရာကို၊ အကဲခတ် နေမိ၏။ အဘယ်ကြောင့် ဆိုသော် ကျင်းရွှမ်ယီသာ အနိုင်ရသော်၊ ကောင်းကင် တာအို ဂိုဏ်းကို စိန်ခေါ် ပေမည်။

ထိုအချိန်၌ သူသည်လည်း တိုက်ပွဲ မဝင် နိုင်သေး သဖြင့်၊ သူမမှ လက်ခံ ရင်ဆိုင် နိုင်ဖွယ် ရှိ၏။

“ ဟား ဟား ဟား ... ၊ ငါတို့ ဒီမှာပဲ ရပ်လိုက် ရအောင်။ ”

ကျင်းရွှမ်ယီက ရုတ်တရက် ရယ်မော လိုက်သည်။ ချွီသွမ့် ခွန်အား အပေါ် စူးစမ်းခြင်း ပြီးဆုံးပြီ ဖြစ်၏။

အက်ကြောင်းများ ထင်ဟပ် နေသော လျှပ်စီး နဂါး များထံ၊ သူ့နဖူးမှ ရောင်ဝါ တစ်ခု ထွက်လာကာ၊ ပြုပြင်ပေး တော့သည်။

ထိုရောင်ဝါမှ စွမ်းအား အပြည့် လွှတ်လိုက်သော အခါတွင်၊ လူတိုင်း အတွက် ပေါ့ပါးမည် မဟုတ်ချေ။ ဖိအားများ ခံစား လာရ နိုင်သည်။

“ ကြာနက် သူတော်စင် အရိုး။ ”

ချွီသွမ့် သည်လည်း ဖိအားကို ခံစား လိုက်ရသဖြင့်၊ လက်ဖဝါးအား တွန်းထုတ်ကာ၊ ချေဖျက် ပစ်တော့သည်။

အနက်ရောင် ကြာပန်းများ သူ့ခန္ဓာကိုယ် ပတ်လည်၌ ရစ်ပတ် လာ၏၊ ဆယ်ပေ ရှည်သော အရိုးစု တစ်ကောင် ဖြစ်ပေါ် လာသည်။

အရိုးစုက ဘယ်ဘက်တွင် ကြာပွတ်နှင့် ညာဘက်တွင် ဓားတစ်လက် ကိုင်ဆောင်ထား ခဲ့ပြီး၊ အနက်ရောင် မီးတောက်များ ဖုံးအုပ် နေ၏။

တစ်ချိန်တည်း မှာပင်၊ ကျင်းရွှမ်ယီ သည်လည်း လျှပ်စီးများ ဖုံးလွှမ်း နေသည့် ရှေး သားရဲ တစ်ကောင် ဖန်တီးခြင်း ပြီးဆုံး သွားသည်။

“ ဝုန်း ... ။ ”

“ ဝေါ့ ... ။ ”

စွမ်းအား နှစ်ခု ထိပ်တိုက် တွေ့သွားပြီး၊ ချွီသွမ့် ခမျာ သွေးတစ်လုတ် အန်လိုက် ရသည်။ အရိုးစု သည်လည်း ကွဲအက် သွား၏။

မြေပြင်ပေါ် လဲကျလျက် မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေသည်။ ကျင်းရွှမ်ယီအား ပြန်မော့ ကြည့်ကာ၊

“ မဖြစ် နိုင်ဘူး၊ ကြာနက် သူတော်စင် အရိုးစုက ... အမည်ခံ သူတော်စင် နယ်ပယ် အောက်မှာ ပြိုင်ဘက်ကင်းပဲ၊ ဘယ်လိုလုပ် ကွဲသွား ရတာလဲ။ ”

အနက်ရောင် အပိုင်းအစ များနှင့် အတူ၊ ကျင်းရွှမ်ယီ နဖူးမှ အမှတ် အသား သည်လည်း ပျောက်ကွယ် သွားသည်။

“ မင်း ... ရှင်းရှင်း လင်းလင်း မမြင် လိုက်ရဘူး ထင်တယ်၊ စောစောက မင်းရင်ဆိုင် လိုက်ရတာ၊ လျှပ်စီး ချီလင်ပဲ၊ မင်းမှာ ကြာနက် သူတော်စင် ခန္ဓာ ကိုယ်သာ မရှိရင် ... ခုချိန် သေနေပြီ။ ”

“ လျှပ်စီး ချီလင် ... ။ ”

မြင့်မြတ်မြေ (၆)ပါး၏ ပါရမီရှင်များ အပါအဝင် လူတိုင်း တုန်လှုပ် သွားကြသည်။ ချီလင် ဟူသည် ရှေးဦးခေတ် နတ်သားရဲများ ဖြစ်၏။ ထို့ကြောင့် ကျင်းရွှမ်ယီ ရခဲ့သည့် အမွေမှာ၊ လျှပ်စီး ချီလင် ဖြစ်ချေပြီ။

“ ထွက် သွား ... ။ ”

စိတ်မဝင်စား တော့ဘဲ၊ လက်လှိုင်းဖြင့် ချွီသွမ့်အား ကွင်းထဲမှ တွန်းထုတ် လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ပြုံးပြီး၊

“ အခု ... ၊ လူရွှင်တော် မရှိ တော့ဘူး ဆိုတော့၊ အဓိက ဇာတ်ဝင်ခန်း ကပြဖို့ အချိန် တန်ပြီ၊ ကဲ ... မြင့်မြတ်မြေ (၆)ပါး ထဲက ဘယ်သူများ ငါ့ကို တိုက်ချင် သေးလဲ။ ”

သူ့အား လူရွှင်တော် အဖြစ် ရည်ညွှန်းခြင်း ခံလိုက် ရသောကြောင့် ချွီသွမ့်မှာ သွေးအန် ချင် သွားသည်။ နှစ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံ ခြင်းသည် ကျင်းရွှမ်ယီ နင်းချေခြင်း ခံရန် ဖြစ်နေ၏။

မြင့်မြတ်မြေ ခြောက်ပါးမှ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သို့သော် မည်သူမျှ ထွက် မလာချေ။

“ ကောင်းပြီ ... ၊ အခု ... ဘယ်သူမှ ထွက်လာဖို့၊ ဆန္ဒ မရှိဘူး ဆိုတော့၊ ငါပဲ ရွေးပေး လိုက် တော့မယ်။

ကျင်းရွှမ်ယီက ကောင်းကင် တာအို ဂိုဏ်းထံ မျှော်ကြည့်ကာ၊

“ တော်ဝင် သမီးတော် မြောင်ရင်၊ သစ်ပင် တည်ခိုခန်းမှာ တုန်းက ... မင်း ငါ့ကို တိုက်ချင် နေတာ မဟုတ်လား၊ ဒါဆို အခု ဘာလို့ မလာရ တာလဲ၊ ရှုံးနိမ့်မှုကို ဝန်ခံချင် သလား။ ”

-ဟု မေးခွန်း ထုတ်လိုက်သည်။

“ သစ်ပင် တည်းခိုခန်းမှာ ... မင်းကို ငါလျှော့တွက် မိခဲ့တယ်၊ ငါက နင့်ရဲ့ ပြိုင်ဘက် အဆင့်မှာ မရှိဘူး၊ ဒါပေမယ့် နင်က တိုက်ချင်ရင် တိုက်ပေးမယ်၊ ...

... ကောင်းကင် တာအို ဂိုဏ်းရဲ့ သူတော်စင် တပည့်တွေက ရှုံးမှန်း သိတာတောင်၊ တိုက်ပွဲကို ရှောင် မပြေးဘူး။ ”

မြောင်ရင် အဖြေကြောင့် လူအများက သူမအား လေးစားစွာ ကြည့်လာ ကြသည်။ သူမသည် သတ်ဖြတ်ခြင်း မဟာ သူတော်စင် တပည့် ပီသ ချေ၏။

“ ကွင်းထဲမှာ မင်းသေရင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် တောင်မှ ငါ့ကို အပြစ် ရှာလို့ မရဘူး၊ သေချာ စဉ်းစား ပြီးပြီလား။”

“ သူ့ကို သတ်ပစ်ချင် ရအောင် ... ၊ မင်း ငါ့ဓားကို မေးပြီး ပြီလား။ ”

ရုတ်တရက် အေးစက် လွန်းသော အသံ နှင့်အတူ၊ ချွေးများ ရွဲနစ် နေသည့်၊ အဖြူဝတ် လူငယ် တစ်ယောက် လှမ်းဝင် လာသည်။

အသွင် အပြင်မှာ ဖြူဖျော့လျက်၊ နုနယ် ပြေပြစ် လွန်း သော်လည်း၊ အကြည့် များက စူးရှ နေခဲ့၏။

***

All Chapters