← Chapters

မင်းရဲ့ ... ဓားရည်ရွယ်ချက် ဘယ်အဆင့် ရောက်သွား ပြီလဲ။

Vol. 145 Ch. 2025

မင်းရဲ့ ... ဓားရည်ရွယ်ချက် ဘယ်အဆင့် ရောက်သွား ပြီလဲ။

Vol. 145 Ch. 2025

“ ယဲ့ ချင်း ရှန် ... ၊ နင် လာမယ် ဆိုတာ ငါသိတယ်။ ”

ဝမ်မူယန်မှ ပြုံးပြီး နှုတ်ဆက် လိုက်သည်။ သူမ နာမည် ခေါ်သံကြောင့် လူတိုင်း အံ့သြ ကုန် ကြ၏။ အဆုံးတွင် သခင်ငယ် ဝူရှောင်ကို အနိုင် ယူနိုင်သည့်၊ ယဲ့ချင်းရှန် ဟူသော အမည်အား လူတိုင်း သိထား လေသည်။

၎င်းသည် ကောင်းကင် တာအို ဂိုဏ်း၌ အသစ် ပေါ်ထွန်း လာသော သူရဲကောင်း ဖြစ်ပြီး၊ ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် ရေချိုး နေချိန်ကို၊ ရက်ပေါင်း များစွာ စောင့်ကြည့် ခဲ့သူ ဖြစ်၏။

ထက်မြက်သော လူယုတ်မာ ဓားသမား တစ်ယောက် ဖြစ်ချေပြီ။ ထို့ကြောင့် သူ့အား များစွာ အထင် မကြီး ကြချေ။

“ ငါ့ကို ... လာပြောပြ ပေးတဲ့ ... ၊ သန့်ရှင်းသော သမီးတော်ကို ကျေးဇူး တင် ရမှာပေါ့။ ”

လင်းယွန်က စူးရှစွာ စိုက်ကြည့်ပြီး၊ ပြန်ပြော လိုက်တော့သည်။ ဝမ်မူယန်မှ အပြုံး မပျက်ချေ။ အခြား သူများ အမြင်တွင်၊ မိတ်ဆွေ နှစ်ဦး အဖြစ် ထင်မှား လောက်ပေ၏။

မြောင်ရင်မှ စဉ်စား သွားသည်။ ကျင်းရွှမ်ယီသည် ရက်စက် ကြမ်းကြုတ်သူ တစ်ဦး ဖြစ်ပြီး၊ ဝှက်ဖဲများ ရှိချေ၏။

နန်းဂွန်း ဖူယီပင် ထိုဝှက်ဖဲ များကို ထုတ်လာအောင်၊ မစွမ်းဆောင် နိုင်ခေျ။ သူမ ဆိုသော်၊ ကာကွယ်နိုင် ရုံသာ ရှိမည်။

“ ငါက နတ်သွေးပန်းကို ဆုံးရှုံး ခဲ့တဲ့ သူပဲ၊ ဒီပွဲကို ငါပဲ တိုက်ပါ ရစေ၊ ငါ ရှုံးရင်တောင် မင်း အတွက် အခွင့်အရေ၊ ရှိပါ သေးတယ်။ ”

“ သူက တစ်ယောက် တည်းပါ၊ သူ့ကို ရင်ဆိုင်ဖို့၊ ဘာကို စောင့်နေ ရဦး မှာလဲ၊ စိတ်ချပါ ... ၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ထံ ကနေ၊ အခွင့် အရေးတွေ ရယူ ပြီးပြီမို့၊ တစ်ကြိမ် လောက် ပြန်ဆပ် ပါရစေ။ ”

မြောင်ရင် စကားကို ခေါင်းယမ်းလျက်၊ လင်းယွန်မှ ပြန်ပြော၏။ ထို့ကြောင့် ဝမ်မူယန်မှ မျက်ဝန်းများ မှေးစင်း သွားကာ၊ အဘိုးအို တစ်ဦးထံ လှည့်ကြည့်ပြီး၊

“ အကြီးအကဲ ရှစ်ဖန့် ... ၊ ယဲ့ချင်းရှန်က အနန္တ သင်္ချိုင်း တောင်ကြားမှာ၊ အကျိုး ကျေးဇူး တွေ ရရှိ ထားပါတယ်၊ သူက နတ်သွေးပန်းကို ပြန်ယူ ပေးနိုင်မယ်လို့၊ ယုံကြည် ပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

လင်းယွန်မှ လှည့်ကြည့် လိုက်သော အခါတွင်၊ ကောင်းကင် တာအို ဂိုဏ်း အဖွဲ့ကို အမည်ခံ သူတော်စင် တစ်ပါးမှ၊ ဦးဆောင် နေသည်အား၊ မြင်လိုက် ရသည်။

အခြားသော မြင့်မြတ် မြေများ ၌လည်း၊ အမည်ခံ သူတော်စင် အကြီး အကဲများ ပါရှိနေ သည်။

နတ်ဘုရား သင်္ချိုင်း တောင်တန်းသည်၊ အမည်ခံ သူတော်စင်များ ဝင်ခွင့် မရှိ ခဲ့ချေ။ ထို့ကြောင့် မြင့်မြတ်မြေ များမှ၊ နိဗ္ဗာန် အထွတ် အထိပ် မျိုးဆက်ဟောင်း သူတော်စင် တပည့် တစ်ဦး စီကို စေလွှတ် ခဲ့သည်။

၎င်းတို့၏ တာဝန်မှာ၊ နတ်ဘုရား သင်္ချိုင်း တောင်တန်း၌ အောင်မြင်မှုများ ရယူ ပြီးနောက် တပည့် များကို စောင့်ရှောက်ရန် ဖြစ်သည်။

ရှစ်ဖန့်က လင်းယွန်ထံ ကြည့်ကာ၊

“ ယဲ့ချင်းရှန် ... ၊ နတ်သွေးပန်းကို ပြန်သိမ်းယူဖို့ ... ၊ မင်း တကယ် ယုံကြည်မှု ရှိရဲ့ လား။ ”

-ဟု မေးမြန်း လိုက်သည်။

“ ရှိတယ် ... ။ ”

ရှစ်ဖန့်မှာ တွေဝေ သွားတော့၏။ နတ်သွေးပန်းအား လက်လွှတ်ရန် ကနဦးတွင် ကြံရွယ် ထားပြီး၊ ဖြစ်သည်။

ထို့ကြောင့် မြောင်ရင်အား စင်မြင့် ထက်သို့ စေလွှတ် သည်ထက်၊ ယဲ့ချင်းရှန်အား စေလွှတ် သည်မှာ၊ အကောင်းဆုံး ဖြစ်နိုင်၏။

မြောင်ရင်သာ တစ်ခုခု ဖြစ်သွားသော်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ သူ့အား ခွင့်လွှတ်မည် မဟုတ်ချေ။

“ ကောင်းပြီ ... မင်း ကွင်းထဲ ဝင်လို့ ရပြီ၊ မင်းနာမည်ကို ငါ ကြားဖူးတယ်၊ လူ တော်တော် များများက ဂိုဏ်းထဲမှာပဲ၊ အစွယ် ရှိကြတာ၊ အပြင် မှာဆို ...

... ကုပ်သွား တတ်ကြတယ် ... ၊ ဒါကြောင့် သူ့ကို အနိုင် ယူပြီး ... ၊ မင်းကိုယ်မင်း သက်သေ ပြပါ။ ”

ထိုစကားကြောင့် ဝမ်ယွဲ့နှင့် ချန်ကျန့်မှ ရှစ်ဖန့်အား ပြန်ကြည့် မိ၏။ ယဲ့ချင်းရှန် အပေါ်၊ ဂိုဏ်း၌ လူအများ ကြည့်မရ ကြသည်ကို၊ သိသည်။

သို့သော် ကျင်းရွှမ်ယီအား အနိုင် ယူကာ၊ သက်သေ ပြရ မည်သော စကားသည် လွန်လွန်း ချေ၏။

“ ယုံကြည်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်မှ ရှစ်ဖန့်အား တစ်ချက် စိုက်ကြည့်ကာ ပြောကြား လိုက်သည်။

“ ယဲ့ချင်းရှန် ... ။ ”

မြောင်ရင်က ဒေါသတကြီး လှမ်းခေါ်၏။ ဤသို့သော အပြုအမူ မျိုးကို၊ သူမ မကြိုက်ချေ။ သူမ ဟူသည် မာန ကြီးသော ဆူးပန်း တစ်ပွင့် ဖြစ်၏။

ကိုယ်တိုင် ဆုံးဖြတ်ချက် ချထားသော အရာကို၊ တစ်စုံ တစ်ယောက်မှ ပြောင်းလဲ ပစ်သည့် အပေါ်၊ မုန်းတီး ချေပြီ။

လင်းယွန်က နားလည်ဟန်ဖြင့်၊ လှည့်ကြည့်ပြီး ပြုံးသည်။

“ ငါ့ကို ... ‘ဂျူနီယာ မောင်လေး၊’ -လို့၊ ခေါ်နိုင် မလား၊ တစ်ချိန်က ငါ့ရှေ့မှာ အမြဲ ရပ်ခဲ့ တဲ့၊ စီနီယာ အစ်မ တစ်ယောက် ရှိခဲ့ ဖူးတယ်။ ”

ထိုစကားကို ကြားသော အခါ မြောင်ရင် တစ်ယောက် အံ့အားသင့် သွားပြီး၊ မျက်လုံးများ ဝေဝါး သွားသည်။

“ ယဲ့ချင်းရှန် ... မင်း ဘာလုပ် မှာလဲ၊ ငါတို့ တိုက်ရင်၊ မင်းကို အကြိမ် တစ်ရာ မက သတ်ပြီး သွားပြီ။ ”

ကျင်းရွှမ်ယွီမှ အထင် အမြင် သေးစွာဖြင့် ပြောကြား လာသည်။ သူသည် ချီလင် အမွေကို ရရှိ ထားသော ပါရမီရှင် တစ်ပါး ဖြစ်၏။

မကြာမီ ရွှေခေတ် ရောက်ရှိ လာတော့ မည်ဖြစ်ရာ၊ ဆက်လက် ပုန်းကွယ် နေရန် ဆန္ဒ မရှိ တော့ချေ။ သူ့နာမည်ကို ဤနေ့ ပျံ့နှံ့ရန် ရည်ရွယ် ထားသည်။

“ ငါ့ကို သတ်ချင် နေတာလား ... ။ ”

လင်းယွန်မှ ပြုံးကာ ပြန်မေး လိုက်သည်။ ကျင်းရွှမ်ယီမှ သူ့ စကားကို စိတ်မ၀င် စားချေ။ ဓား တစ်လက်အား ဆင့်ခေါ်ကာ၊

“ မင်းက ငါ့ဓား ဆွဲဖို့ ... မထိုက်တန် သေးပါဘူး၊ ဒါပေမယ့် ... ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ၊ ထူးချွန်တဲ့ ဓားသမား တစ်ယောက် ဆိုတော့ ... ၊ မင်းကျွမ်းကျင်တဲ့ ဓားနဲ့ပဲ၊ မင်းကို ငါ အနိုင် ယူပြမယ်။ ”

-ဟု ပြောကြား လာသည်။

ထိုစကားကို ကြားသော အခါ ရှစ်ဖန့် တစ်ယောက် မျက်နှာ ပျက်သွား၏။ ယဲ့ချင်းရှန် အား ကွင်းထဲ ဝင်ခွင့် ပေးခဲ့သည့် အပေါ်၊ နောင်တ ရလာသည်။

ယဲ့ချင်းရှန်သာ ဆိုးရွားစွာ ဆုံးရှုံးခြင်း၊ သို့မဟုတ် အသက် ချမ်းသာ ပေးရန် တောင်းဆို ခြင်းသာ ပြုလုပ် ခဲ့ပါက၊ ကောင်းကင် တာအို ဂိုဏ်း အရှက် ရပေ လိမ့်မည်။

“ ဒီဉာဏ်ကြီးရှင် ဓားသမားက၊ ဘယ်လောက် အထိ စွမ်းဆောင် နိုင်မလဲ ဆိုတာ ကြည့်ဖို့ ... အခွင့်အရေး ကောင်းပဲ။ ”

မင်-ဂိုဏ်း၏ အမည်ခံ သူတော်စင် ကျိုးယန်မှ လှောင်ပြုံးဖြင့် ပြောကြား လာ၏။ သူ့ ဘေးတွင် အဝတ် ပါးပြင်း ထောင်ကာ၊ မျက်နှာကွယ် ထားသော လူတစ်ဦး ထိုင်နေသည်။

“ ဒီကောင်က သန့်ရှင်းသော သမီးတော် ရေချိုး နေတာကို ချောင်းကြည့်တဲ့၊ လူယုတ်မာ မဟုတ်လား၊ သူ့ကို ကောင်းကင် တာအို ဂိုဏ်း ကနေ နှင်ထုတ် ခဲ့တယ်လို့ ငါ ကြားတယ်။ ”

မင်ဂိုဏ်း၏ သူတော်စင် တပည့် ကျန်းဇီလင်မှ ဝင်ရောက် ပြောကြား လာ၏။ သူ့ စကားကြောင့် ရှစ်ဖန့် မျက်နှာ နီရဲ သွားပြီး၊ အသံ မထွက် ဝံ့တော့ချေ။

“ ဟား ဟား ဟား ... ၊ ဒါဆို တကယ့်ကို သတ္တိရှိတဲ့ ဓားသမား တစ်ယောက်၊ ကောင်းကင် တာအို ဂိုဏ်းက၊ ပိုင်ဆိုင် ထားတာပေါ့။ ”

ကျန်းဇီလင်နှင့် ကျိုးယန်က အတိုင် အဖောက် ညီညီ ရယ်မော လှောင်ပြောင် လိုက် ကြသည်။ ထိုအချိန်တွင် လင်းယွန်က ကွင်း အတွင်း ဝင်ရောက် သွားပြီ ဖြစ်သည်။

“ ယဲ့ချင်းရှန် ... ၊ ဒီနေ့ ဓားသမား ဆိုတာ ဘာလဲ ဆိုတာ ငါ ပြမယ်။ ”

ကျင်းရွှမ်ယီက လက်ထဲရှိ ဓားကို ပစ်လွှတ်ကာ၊ အဝေးမှ ချယ်လှယ် လိုက်သည်။ ထိုမြင်ကွင်းကြောင့် လင်းယွန်မှ အံ့ဩသွား လေသည်။

တစ်ဖက် လူသည် ကောင်းကင် တာအို ဂိုဏ်းရှိ ဓားသမား လူငယ် အများစုထက်၊ ပိုမို အားကောင်း နေ၏။

သို့သော် သူ့ကို မမီချေ။ အတွေး တစ်ချက်ဖြင့် ပန်းသင်္ချိုင်းအား ပျံသန်းသွား စေ လိုက်သည်။ ကျင်းရွှမ်ယီ ကဲ့သို့ပင် အဝေးမှ ကြိုးကိုင် မိ၏။

“ ထန် ... ထန် ... ။ ”

“ ရွှပ် ... ။ ”

မီးပွားများ လွင့်ပျံ လာပြီး၊ ဓားနှစ်လက် အချင်းချင်း ခုတ်ထစ် တော့၏။ လင်းယွန်က နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့် အဝေးမှ ပစ်ခတ် လိုက်သည်။ ဓားအလင်းက မုန်တိုင်း အလား လွင့်ထွက် သွား၏။

“ မဆိုးဘူး ... ။ ”

လင်းယွန်၏ ဓားတာအိုသည် သူ့ထက် မြင့်မားကြောင်း သိလိုက် သဖြင့်၊ ကျင်းရွှမ်ယီမှ ပြုံးကာ ချီးကျူး လေသည်။

“ ပြန် လာ ခဲ့ ... ။ ”

ထို့နောက် သူတော်စင် ဓားကို ပြန်လည် ခေါ်ယူ လိုက်ပြီး နိဗ္ဗာန် ရောင်ဝါ အားလုံးကို ဓား အတွင်း လောင်းထည့်ကာ၊ လွှဲခုတ် တော့၏။

“ ယဲ့ချင်းရှန် ... ဒါက အမြည်းပဲ ... ။ ”

သို့သော် ပန်းသင်္ချိုင်းမှ ဓားရောင်ခြည် တစ်စင်း ထွက်ပေါ် လာသည်။ ၎င်းက လခြမ်း သဏ္ဍာန် သူ့ရင်ဘတ်သို့ ပျံသန်း လာ၏။

“ ဘယ်လိုတောင် သနား စရာ ... ကောင်း လိုက်တဲ့ လှည့်ကွက်လဲ။ ”

ကျင်းရွှမ်ယီမှ ထိတ်လန့်ခြင်း မရှိဘဲ၊ ဓားအလင်းအား ပြန်လည် ပင့်ခုတ် ပစ်လိုက် သည်။

“ ဝုန်း ... ။ ”

ဓားအလင်း အချင်းချင်း ထိမှန်လျက်၊ ပေါက်ကွဲ သွားစဉ်၊ ပန်းသင်္ချိုင်းက ရုတ်တရက် အရှိန် အဟုန်ဖြင့်၊ ကျင်းရွှမ်ယီ ရင်ဘတ်ထံ ထပ်မံ ပြေးဝင် သွားသည်။

“ ..... ။ ”

လင်းယွန်က ပိုးစုန်းကြူး နတ်ဓားဖြင့်၊ ပန်းသင်္ချိုင်း အား ခွန်အား ပေးလိုက် တော့၏။ ပန်းသင်္ချိုင်းက နိဗ္ဗာန် ရောင်ဝါကို ဆုတ်ဖြဲကာ၊ ကျင်းရွှမ်ယီထံ ဝင်ရောက် သွားခဲ့သည်။

“ ထန် ... ထန် ... ။ ”

ယင်းကြောင့် ကျင်းရွှမ်ယီ ခမျာ၊ နောက်ပြန် ဆုတ်လျက် ဓားကို ချက်ချင်း လွှဲကာ၊ ဟန့်တား လိုက် ရသည်။

ဓား ရည်ရွယ်ချက် နှစ်ခု၊ ကောင်းကင်ပေါ် ပျံတက် လာသည်။ မုန်တိုင်း ကွင်းကို ကာကွယ် ထားသော သူတော်စင် ရူရ်များ အက်ကွဲ ကုန်၏။

“ ဟိတ် ... ။ ”

ပန်းသင်္ချိုင်းကို နောက်သို့ တွန်းထုတ် ပြီးနောက်၊ တိုက်ပွဲကို အဆုံး သတ်ရန် အတွေး ဖြင့်၊ ကျင်းရွှမ်ယီမှ လျင်မြန်စွာ လှမ်းတက် လိုက်သည်။

သို့သော် ပန်းသင်္ချိုင်းမှ ရုတ်တရက် ပျံသန်းလာ ပြန်သည်။ ဤတစ်ကြိမ်၌ ဓား (၁၂) လက် အဖြစ် ကွဲထွက် သွားကာ၊ စက်ဝန်း တစ်ခုလို ဝိုင်းရံ လာ၏။

“ ဒါ ... ။ ”

ဓားတစ်လက်ကို ခန္ဓာကိုယ် အစိတ် အပိုင်း အလား၊ အဝေးမှ ချယ်လှယ် နေသော ကြောင့်၊ ထိတ်လန့် သွားသည်။

“ ရွှပ် ... ရွှပ် ရွှပ်။ ”

ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစား သော်လည်း၊ ဓားသုံးချက် ထိမှန် ခံလိုက် ရသေး သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ခွာလျက် ဟန်လျက် ထိန်းညှိ လိုက်ရ၏။ ထို့နောက် တုန်လှုပ် ခြောက်ခြား စွာဖြင့်၊

“ အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”

-ဟု အော်ဟစ် လိုက်မိသည်။

လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ ပန်သင်္ချိုင်းကို ပြန်လည် ခေါ်ယူ လိုက်တော့၏။

“ မင်းရဲ့ ဓား ရည်ရွယ်ချက်က ... ၊ ဘယ်အဆင့် ရောက်နေ ပြီလဲ။ ”

ကျင်းရွှမ်ယီမှ သိချင် သွားသည်။

“ ဒါက လျှို့ဝှက်ချက်ပဲ ... ။ ”

လင်းယွန်မှ ပြုံးကာ ပြန်ဖြေ လိုက်၏။ ထိပ်တိုက် တွေ့ဆုံမှု အတွင်း၊ တစ်ဖက် လူမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား ချေပြီ။ စိတ် မကောင်း စရာ ဖြစ်၏။

သို့သော် ကျင်းရွှမ်ယီ၏၊ ရွေ့လျားမှု နည်းပညာမှာ နေနတ်ဘုရားအား ဖမ်းဆီးထက် မနိမ့် ကျချေ။

မဟုတ်သော် သည့်ထက် ပို၍ ဒဏ်ရာများ ပေးနိုင် ပေမည်။ သို့တိုင် ရလာဒ်က လူတိုင်းကို မှင်တတ် သွားစေ၏။

ကျင်းရွှမ်ယီ တစ်ယောက် အရေးနိမ့် လိမ့်မည်ဟု၊ မည်သူမျှ ထင် မထားချေ။ ယင်းက ယဲ့ချင်းရှန်အား အဘယ့်ကြောင့်၊ ပါရမီရှင် ဓား သမား အဖြစ်၊ ကောင်းကင် တာအို ဂိုဏ်းမှ သတ်မှတ် ကြသည်ကို၊ နားလည် လာ၏။

အရေးကြီး သည်မှာ ယဲ့ချင်းရှန်သည်၊ တိုက်ပွဲစ ချိန်မှ လက်ရှိ အချိန်ထိ၊ ခြေ တစ်လှမ်း မျှ၊ မရွေ့ခဲ့ခြင်း ဖြစ်သည်။

***

All Chapters