← Chapters

မင်း သေနေပြီ ... ။

Vol. 145 Ch. 2026

မင်း သေနေပြီ ... ။

Vol. 145 Ch. 2026

သေစေနိုင်သော အစိတ် အပိုင်း များထံ တိုက်ခိုက်မှု အားလုံးကို ရှောင်ရှား နိုင်ခဲ့သော် လည်း၊ ဒဏ်ရာများ ရရှိဆဲ ဖြစ်သည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် စေ၏။ ကျင်းရွှမ်ယီ ဟူသည် ဘုရင် အဆင့် ပထမ ဖြစ်ကာ၊ မည်မျှ သန်မာ သည်ကို၊ လူတိုင်း သိသည်။

ကြာနက် သူတော်စင် ခန္ဓာကိုယ် ဆုပ်ကိုင်ထားသည့် ချွီသွမ့်ပင် ဒဏ်ရာ မပေးနိုင် ခဲ့ချေ။

“ ဓား တာအိုမှာ သူ့ရဲ့ အောင်မြင်မှုက နည်းနည်းတော့ မယုံနိုင်စရာ ပါပဲ၊ ကျင့်ကြံမှု အားနည်းချက်ကို ကာမိ စေတယ်၊ သူ့လို လူကိုသာ ဓားသမားလို့ ခေါ်ထိုက်တယ်။ ”

လူတိုင်း၏ သွေးများ ပွက်ပွက်ဆူ လာတော့သည်။ ကောင်းကင် တာအို ဂိုဏ်းမှ တပည့်များ အထူး သဖြင့် မြောင်ရင်မှာ စိတ် သက်သာရာ ရသွားသည်။

ဝမ်မူယန်က မေးစေ့ကို ကိုင်လျက်၊

“ ယဲ့ချင်းရှန်က ... သန်မာ တယ်လို့၊ ငါ ပြောခဲ့ သားပဲ၊ အနန္တ သင်္ချိုင်း တောင်ကြားမှာ အကျိုး ကျေးဇူးတွေ အများကြီး သူ ရထားတယ်။ ”

-ဟု ပြုံးကာ ပြောကြား လာသည်။

ဝမ်ယွဲ့နှင့် ချန်ကျန့်မှာ စကား မပြော နိုင်တော့ချေ။ ယဲ့ချင်းရှန် ဟူသည် သူတို့ထက် အနည်းငယ် မျှသာ သန်မာ သည်ဟု၊ ယူဆ ထားသော ကြောင့်၊ တုန်လှုပ် သွား၏။

လူအုပ် အတွင်းရှိ လီယန်ရှင်းက၊

“ ပါရမီရှင် ဓားသမား တစ်ယောက်က မျှော်လင့် ထားတဲ့ အတိုင်း ပါပဲ၊ ကျင်းရွှမ်ယီ တောင် သူ့ကို ဓားချင်း ယှဉ်လို့ မရဘူး။ ”

-ဟု မှတ်ချက်ပေး လိုက်သည်။

“ သူ့ရဲ့ ဓားနည်းစနစ်က ... ၊ အထင် ကြီးစရာ ကောင်းပေမယ့်၊ ရိုးရှင်း လွန်းပါတယ်၊ ကျင်းရွှမ်ယီက သန်မာပြီး၊ လျှပ်စီး ချီလင်ရဲ့ အမွေကို ရရှိ ထားတယ်။ ”

ချွီသွမ့်က ဝင်ပြောသည်။ ကွင်းထဲတွင် ကျင်းရွှမ်ယီမှ သတိ ကြီးစွာဖြင့်၊

“ မင်းကို ... ငါ လျှော့တွက် မိပြီ ... အခု မင်းက ငါနဲ့ တိုက်ဖို့၊ အရည် အချင်း ... ပြည့်ဝ ပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

“ မင်းလည်း မဆိုး ပါဘူး၊ ဒါပေမယ့် ထိပ်တန်း အဆင့် ကျွမ်းကျင်သူ တစ်ယောက် အနေနဲ့ ... ၊ နည်းနည်းတော့ အားနည်း နေသေးတယ်။ ”

လင်းယွန်က ပွင့်ပွင့် လင်းလင်းပင် ပြန်ပြောချ လိုက်သည်။ ထိုစကားကို ကြားသော အခါ၊ ကျင်းရွှမ်ယီ မျက်နှာ မည်းမှောင် သွား တော့၏။

ယဉ်ကျေးစွာ ဆက်ဆံခဲ့ သော်လည်း၊ တစ်ဖက်လူသည် သူ့အား လေးစားမှု မရှိ ခဲ့ချေ။ နဖူးမှ ရူရ် ပွင့်လာပြီး၊ ရှေးဟောင်း ရောင်ဝါ တစ်ခု ထွက်ပေါ် လာသည်။

“ ဘယ်သူက ... ထိပ်တန်း ကျွမ်းကျင်သူ အဆင့် မမီ တာလဲ၊ မင်း အရှုံးကို မြန်မြန် ဝန်ခံ လိုက်တာ ပိုကောင်းမယ်။ ”

အဝတ် အစားများ ကွဲထွက် သွားပြီး၊ ခန္ဓာကိုယ် အပေါ်ပိုင်း ဖောင်းကား လာသည်။ ခရမ်းရောင် ရူရ်များ လွှမ်းခြုံလျက်၊ သတ္တု လူသား အသွင်၊ ပြောင်းလဲ သွား၏။

အထူး သဖြင့် လက်များ အသွင် ပြောင်းခြင်းသည် မယုံနိုင်ဖွယ် ကောင်းချေပြီ။ ကြောက်မက်ဖွယ်ရာ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာပြီး၊ ကွင်း တစ်ခုလုံး ယိမ်းထိုးလျက် ဖုန်မှုန့်များ ထောင်းထောင်း ထလာ၏။

“ ယဲ့ချင်းရှန် ... ၊ မင်း ငါ့ရဲ့ ချီလင် လက်မောင်းကို ... လာမြည်းစမ်း ကြည့်စမ်း။ ”

စကားဆုံး သည်နှင့်၊ ကျင်းရွှမ်ယီ တစ်ယောက် မူလ နေရာမှ ပျောက်ကွယ် သွား လေသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန်က ဓားဖြင့် ခုတ်ပိုင်း ပစ်၏။ ကျင်းရွှမ်ယီ ပြန်ပေါ် လာကာ၊ ချီလင် လက်ဖြင့် ဓားအား၊ ဖမ်းယူရန် ပြင်သည်။

“ မင်း ... ၊ အရမ်း နှေးတာပဲ။ ”

လက်မောင်း တစ်လျှောက် လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာပြီး၊ ကျင်းရွှမ်ယီမှ ပြုံးကာ၊ ပြောကြား လိုက်သည်။

လျှပ်စီး ချီလင် ဟူသည် နတ်သားရဲ ချီလင် စင်စစ် မဟုတ်ချေ။ သွေးမျိုးဆက် ပါသူ မျှသာ ဖြစ်၏။

၎င်းက ချက်ချင်း ပေါ်လာပြီး၊ ချက်ချင်း ပျောက်ကွယ် သွား၏။ တစ်ဖက်တွင် လင်းယွန် သည်လည်း၊ သူ့ဓားအား ဖြတ်ခနဲ ခုတ်ပစ် လိုက်သည် ကိုသာ၊ မြင်လိုက် ကြသည်။

ပြန်ပေါ် လာချိန်၌၊ ကျင်းရွှမ်ယီမှ လင်းယွန်၏ ဓားကို လက်ဗလာဖြင့် ဖမ်းဆုပ် ရန် ကြိုးစား နေသည့် အနေ အထား ဖြစ်၏။

ထို့ကြောင့် လင်းယွန်က ဓားအား ချက်ချင်း ပြန်ရုတ် ပစ်လိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ မင်း ငါ့ကို ဒဏ်ရာပေး နိုင်မယ် ထင်နေလား ... ယဲ့ချင်းရှန် ငါ့ လက်ဖဝါးကို ယူ ... ။ ”

ကျင်းရွှမ်ယီမှ ရယ်ပြီး၊ ဓား ပြန်ရုတ်ရန် အလုပ်ရှုပ် နေသော လင်းယွန်ထံ၊ လက်ဖဝါး တစ်ချက် ပစ်ထုတ် လိုက်သည်။

လေထု အတွင်း လျှပ်စီးများ လက်နေသော လက်ကို မြေှာက် ထားသည့်၊ ချီလင် တစ်ကောင် ရုတ်ချည်း ပေါ်လာ၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ကန့်လန့်ဖြတ် ပင့်တင်ကာ၊ ကာလိုက် ရသည်။

များပြား လှသော စွမ်းအားက၊ ပန်းသင်္ချိုင်းကို ကွေးသွား စေပြီး၊ မီတာ တစ်ရာ အကွာသို့၊ လွင့်စဉ် ပြုတ်ကျ သွားစေ၏။

“ ပွဲက အခုမှ စမှာ ... ။ ”

ကျင်းရွှမ်ယီက ကြမ်းကြုတ် လွန်းသော အပြုံးကို ထုတ်ပြပြီး၊ လင်းယွန် ရှေ့မှ ရုတ်ခနဲ ပျောက်ကွယ် သွားပြန်သည် ။

“ အရမ်း နှေးတယ် ... ။ ”

“ အရမ်း နှေးတယ် ... ။ ”

“ အရမ်း နှေးတယ် ... ။ ”

လေထု အတွင်း ဇောက်ထိုး အနေ အထားဖြင့်၊ လင်းယွန်ထံ အရပ် မျက်နှာ အသီး သီးမှ လက်ဖဝါးနှင့် ရိုက်နှက် နေမိသည်။

ယင်းကြောင့် လေဟာနယ် လှိုင်းများ ပျံ့ကားလျက်၊ လေထု အတွင်း လျှပ်စီးများ ပြည့်နှက် လာပြီး၊ ကျင်းရွှမ်ယီ ပျောက်ကွယ် သွားတော့၏။

“ ဟား ဟား ဟား ... ။ ”

၎င်းက လျင်မြန် လွန်းသော အဟုန်ဖြင့် လင်းယွန်အား လှည့်ပတ် ရယ်မောပြီး လက်ဝါး ချက်များ ပစ်လွှတ် လေသည်။

“ ဝှစ် ... ။ ”

လင်းယွန် မှလည်း၊ လေထဲ ပုန်းကွယ် နေသော ကျင်းရွှမ်ယီကို မြင်ရသည့် အလား၊ ပိုးစုန်းကြူး နတ်ဓားဖြင့် တစ်ချက်ချင်း ပြန်လည် ခုခံ နေ၏။

လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက်၊ လင်းယွန် နောက်၌ မိုးပြာနဂါးနှင့် ကျင်းရွှမ်ယီ နောက်တွင် ချီလင်ကြီး ပေါ်လာသည်။

“ အဆုံးသတ်ဖို့ အချိန် ကျပြီ။ ”

ကျင်းရွှမ်ယီမှ ပြုံးပြီး၊ ပန်းသင်္ချိုင်း ဓားကို ညာလက်ဖြင့် ဖမ်းဆုပ် လိုက်၏။ မြန်လွန်းသော အရှိန်ကြောင့်၊ ပန်းသင်္ချိုင်း၏ ရွေ့လျားမှု သည်ပင်၊ နှေးကွေး နေသည်။

“ မင်း တကယ် နှေးတာပဲ ... ၊ ဟား ဟား ဟား ... ။ ”

ကျင်းရွှမ်ယီ မျက်ဝန်းများ တောက်ပ လာပြီး၊ ရယ်မောသံ ပျံ့နှံ့ သွားသည်။ ပန်းသင်္ချိုင်း ဓားကို ဖမ်းနေ လျက်မှ၊ ခွန်အားကို စုဆောင်း နေခဲ့၏။

ဘယ်ဘက် လက်မောင်း တစ်လျှောက်၊ ချီလင် ရူရ်များ တောက်ပလာကာ၊ ပို၍ကြီးထွား တော့သည်။

ဤတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင် ခြင်းဖြင့်၊ သူတော်စင် တစ်ပါးပင် ဒဏ်ရာ ပြင်းစွာ ရနိုင်၏။

ယင်းကြောင့် ယဲ့ချင်းရှန် အတွက် သေခြင်းသာ ဖြစ်ပေမည်။ ၎င်းကျင့်ကြံမှုသည် နိဗ္ဗာန်-သတ္တမ အသွင် ကူးပြောင်းမှုတွင် ဖြစ်ရာ၊ ချီလင် လက်မောင်းကို တောင့်ခံ နိုင်မည် မဟုတ်ချေ။

“ အဆုံး သတ်ပဲ ... ။ ”

ချွီသွမ့်မှ လက်သီး များကို ဆုပ်လျက်၊ ကြောက်ရွံ့ လာ၏။ သူ သည်လည်း ကျင်းရွှမ်ယီ နှင့် တိုက်ခဲ့ဖူး လေရာ၊ ချီလင် စွမ်အား မည်မျှ အစွမ်း ထက်သည်ကို နားလည်သည်။

သူ၏ ကြာနက် သူတော်စင် ခန္ဓာကိုယ် ဖြင့်ပင်၊ ၎င်းအား ထိပ်တိုက် ရင်ဆိုင် ဝံခြင်း မရှိချေ။

အရေး အကြီး ဆုံးမှာ ယဲ့ချင်းရှန်သည် ဓားသမား ဖြစ်နေခြင်း ဖြစ်၏။ ဓား မရှိသော် သွား မရှိသော ကျားနှင့် တူပေမည်။

ကျင်းရွှမ်ယီ၏ နည်းလမ်းမှာ၊ အရှက်မဲ့ သော်လည်း၊ ဓားသမား များကို ကိုင်တွယ်ရန် အကောင်းဆုံး ဖြစ်သည်။

လင်းယွန်က ဓားအား ပြန်လည် ဆွဲယူ လိုက်သည်။ သို့သော်လည်း မအောင်မြင် ခဲ့ချေ။ ကျင်းရွှမ်ယီ၏ ဖမ်းယူခြင်း ခံလိုက် ရသည်။

“ ဟား ဟား ဟား ... ၊ မင်းက နှေးလွန်း တယ်လို့၊ ငါ ပြောတယ် မဟုတ်လား၊ လုပ်ပါဦး ... ၊ မင်းမှာ ဘာရှိ သေးလဲ။ ”

ထိုစဉ် လင်းယွန်က မည်သူမျှ မထင် ထားသော အပြု အမူကို လုပ်ဆောင် လာ၏။ ဓားကို လွှတ်ပြီး ခြေလှမ်း အနည်းငယ် ပြန်ဆုတ် လိုက်ခြင်း ဖြစ်သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

“ မင်း ... ပြေးချင် တာလား။ ”

ဓားသမားသည် ဓားအား စွန့်လွှတ် ပြီးနောက်၊ အရှုံးပေး ရန်သာ ရှိပေ တော့မည်။ ကျင်းရွှမ်ယီ ထံမှ ချီလင် ရောင်ဝါ ထွက်ပေါ် လာပြီး၊ ဓားရောင်ဝါကို ကန့်သတ် ပစ်၏။

သို့သော် သူ ထင်သလို မဖြစ် မလာချေ။ လင်းယွန်က ခြေလှမ်း နှစ်လှမ်း ဆုတ်သွားရာမှ၊ တဟုန်ထိုး ပြန်လည် ပြေးတက် လာတော့ သည်။

“ ဝှစ် ... ။ ”

ပြေးတက် နေစဉ်၊ ၎င်း၏ လက်ချောင်း များအား ဓားတစ်လက် အသွင်၊ ကျင်းရွှမ်ယီ၏ ရင်ဘတ်ထံ၊ ထိုးသွင်း လိုက်၏။

ယင်းကြောင့် ကျင်းရွှမ်ယီ ခမျာ၊ ပန်းသင်္ချိုင်းကို ပြန်လွှတ် လိုက်ရပြီး၊ ခြေလှမ်း (၂) လှမ်း ဆုတ်ခွာကာ၊ ရှောင်တိမ်း မိသည်။

“ ဝှစ် ... ။ ”

ဆုတ်ခွာ လျက်မှပင် စုဆောင်း ထားသော ဘယ်လက်ဖြင့်၊ လက်ဖဝါး တစ်ချက် ပစ်ထုတ် ခဲ့သေးသည်။

“ ဖပ် ... ။ ”

ထိုအချိန်တွင် လေထဲ ကျန်ရစ် ခဲ့သော ပန်းသင်္ချိုင်းကို လင်းယွန်မှ ဖမ်းဆုပ်ပြီး ဖြစ်ရာ၊ အဆိုပါ လျှပ်စီး လက်ဖဝါးအား ခုတ်ပိုင်းချိန် ရသွား တော့သည်။

“ ချီလင်၊ - နတ်ဘုရား ဖျက်ဆီးခြင်း လက်ဝါး။ ”

ကျင်းရွှမ်ယီမှ ဟိန်းဟောက် လိုက်ပြီး၊ အစွမ်းထက်သော လေဝဲကြီးကို ထပ်မံ ဖန်တီး လိုက်သည်။

၎င်းသည် ပြီးပြည့် စုံသော နတ်ဘုရား ဖျက်ဆီးခြင်း စုပ်ဝဲ ဖြစ်ပြီး၊ မယုံနိုင်ဖွယ် အဖျက် စွမ်းအင်များ ပါဝင် ချေ၏။

ထိုတိုက်ခိုက်မှုကို မြင်သည်နှင့် ဘုရင် အဆင့်ရှိ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားတော့သည်။

“ အလင်း မူလ ... ။ ”

ရုတ်တရက် လင်းယွန် နောက်၌၊ မှုန်ဝါး နေသော မြင်ကွင်းများ ဖြစ်ပေါ်လာပြီး၊ အလင်း တစ်စ ပြေးထွက် လာကာ၊ အနက်ရောင် စုပ်ဝဲကို ဖြတ်သန်း သွားသည်။

“ ဖျပ် ... ။ ”

၎င်းသည် ဖြတ်ခနဲ အလင်း မျှသာ ဖြစ်သော်လည်း တောက်ပ လွန်းသဖြင့် ကျင်းရွှမ်ယွီ တစ်ယောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက် ရ၏။

“ နှေးနေ တုန်းပဲ ... ။ ”

အန္တရာယ်ကို စောစီးစွာ ခံစားမိ သဖြင့် အချိန်မီ ရှောင်ရှား နိုင်ခဲ့သည်။ ထို့ကြောင့် လှောင် ပြောင်ရန် မမေ့ ခဲ့ချေ။

“ မင်း သေနေပြီ ... ။ ”

“ ..... ။ ”

လင်းယွန်က ဓားကို သက်တောင့် သက်သာ အနေ အထားဖြင့်၊ ဘေးသို့ ဖြေလျော့လျက်၊ ပြန် ပြော လိုက်သည်။

ရုတ်တရက် လည်ပင်းတွင် မျဉ်းကြောင်း တစ်ကြောင်း၊ စတင် ရစ်ဝိုင်း လာ သောကြောင့်၊ ကျင်းရွှမ်ယီ တစ်ယောက် အံ့သြ သွား၏။

၎င်းမျဉ်းကြောင်း ထံမှ စူးရှသော အလင်းများ တိုးထွက် လာပြီး၊ မြေပြင်ပေါ် လှိမ့်ကျ သွားတော့သည်။

ထိုပြတ်ရှရာ အတွင်းမှ သွေးများ ပန်းထွက်ကာ၊ ခန္ဓာ ကိုယ်ကြီး ရပ်လျက်၊ အချိန် တော်ကြာအောင် တည်ရှိ နေခဲ့၏။

မိုးကြိုး တိမ်တိုက် များနှင့် အတူ၊ ဘုရင်အဆင့် ပထမ ဟူသော ကျင်းရွှမ်ယီ ခမျာ ဘုန်းခနဲ လဲကျ သွားတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေသဖြင့်၊ ခန္ဓာကိုယ် လဲကျ သွားသော ထိုအသံ နှင့် မြင်ကွင်းသည်၊ လူတိုင်း၏ စိတ်ထဲ မြဲမြံစွာ စွဲထင် သွား၏။

ချွီသွမ့်နှင့် လီယန်ရှင်းမှာ လင်းယွန်အား ငေးကြည့် နေသည်။ ခဏ အကြာ၌ လီယန်ရှင်း မှ၊ ဦးစွာ အသိစိတ် ဝင်လာ၏။

“ သူ ... သူ့ဓားကို မင်း မြင်လိုက်လား။ ”

မျက်စိ ရှေ့တွင် ဖြစ်ပျက် သွားခြင်း ဖြစ်သော်လည်း၊ ရှင်းလင်းစွာ မမြင်လိုက် ရချေ။ လျှပ်စီး နတ်ဘုရား အလား၊ ကြီးစိုး နေသော ကျင်းရွှမ်ယီမှာ ဓားတစ်ချက် တည်းဖြင့်၊ အသတ်ပေး လိုက်ရ၏။

ကျင်းရွှမ်ယီ ဟူသည် သူတို့ အမြင်၌ ပြိုင်ဘက်ကင်း ဖြစ်လေရာ၊ ရလာဒ် အပေါ် မယုံ ကြည်နိုင် သည်မှာ သဘာဝ ပေပင်။

“ ဟင့်အင်း ... ၊ ငါလည်း မမြင် ခဲ့ဘူး။ ”

ချွီသွမ့်မှ အမှန်တိုင်း ဝန်ခံ လိုက်၏။ အလင်းတန်း တစ်ခု ကိုသာ မြင်လိုက် ရပြီး အခြား ဘာမျှ မသိ ခဲ့ချေ။

ကျင်းရွှမ်ယီ တစ်ယောက်တည်း သာလျှင် ထိုဓားကို မြင်ကာ၊ ရေှာင်တိမ်း ခဲ့သည်။ သို့သော် ၎င်းမှာ သေဆုံး သွားပြီ ဖြစ်၏။

***

All Chapters