← Chapters

မလှုပ်နဲ့ ... ။

Vol. 145 Ch. 2027

မလှုပ်နဲ့ ... ။

Vol. 145 Ch. 2027

“ ဘုန်း ... ။ ”

ကျင်းရွှမ်ယီ၏ ဦးခေါင်းမဲ့ အလောင်းကြီး လဲကျ သွားသော အခါ၌၊ ကွင်းထဲ ဖုန်မှုန့်များ လွင့်ပျံလာ တော့သည်။

ကျယ်ပြော လှသော အသံ ကြီးကြောင့် လူတိုင်း အာရုံများ ပြန်ရ လာ၏။ ကျင်းရွှမ်ယီ ဟူသည် အမည်ခံ သူတော်စင် တစ်ပါးအား၊ သတ်ဖြတ် ခဲ့သူ ဖြစ်သည်။

ရွှေခေတ် အတွင်း၊ ထွန်းတောက်ရန် စိတ်ပိုင်းဖြတ် ထားသည့်၊ ဒဏ္ဍာရီ လာ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်၏။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

ဝမ်မူယန် မျက်နှာ ပြောင်းလဲ သွားသည်။ အခြား သူများ မသိ သော်လည်း၊ ကျင်းရွှမ်ယီ မည်မျှ သန်မာ သည်ကို သူမ သိ၏။

ဆိုလို သည်မှာ ကျင်းရွှမ်ယီ၌ ဝှက်ဖဲ များစွာ ကျန်ရှိ နေသေးသည်။ ထို့ကြောင့် ယဲ့ချင်းရှန် နိုင် လျှင်ပင် ခက်ခက်ခဲခဲ ဖြစ်လိမ့် မည်ဟု ယူဆ ထားခဲ့သည်။

“ ဝမ်မူယန် ... ၊ မင်းက ဘာဖြစ်စေချင် လို့လဲ။ ”

မြောင်ရင်က အေးစက်သော အမူရာဖြင့် လှည့်မေး လာ၏။ ကောင်းကင် တာအို ဂိုဏ်းမှ၊ လူတိုင်း ကလည်း လှည့်ကြည့် ကြသည်။

ဝမ်မူယန်မှ ချက်ချင်း အသိ ဝင်လာပြီး ပြုံးရယ် ပြကာ၊

“ ယဲ့ချင်ရှန် နိုင်မယ်လို့ ... ၊ ခန့်မှန်း ပြီးသားပါ၊ ဒါပေမယ့် ... ဒီလောက် လွယ်လွယ်နဲ့ အနိုင်ရ လိမ့်မယ်လို့၊ မမျှော်လင့် ထားဘူး။ ”

-ဟု ပြန်လည် ဖြေရှင်း လိုက်သည်။

သို့မှသာ လူတိုင်း ပြန်လှည့် ကုန်၏။ သူတို့တွင်လည်း ထိုသို့သော အမြင် ရှိသည်။ အကြီး အကဲ ရှစ်ဖန့်မှ သက်ပြင်း ချကာ၊

“ ဒီတိုက်ပွဲက အိပ်မက် တစ်ခုလို ပါပဲ။ ”

-ဟု ရေရွတ် လိုက်၏။

“ အခု နတ်သွေးပန်းကို၊ ပြန်ရ ရုံသာ မဟုတ်ဘူး၊ ယဲ့ချင်းရှန်က ဘုရင် ဖြစ်ပြီ ဆိုတော့ ကောင်းကင် တာအို ဂိုဏ်းရဲ့ ဂုဏ် သတင်း လည်း၊ တိုးလာ လိမ့်မယ်။ ”

ယဲ့ချင်းရှန်အား ခွင့်ပြုခဲ့ သည်မှာ၊ မိုက်မဲ သည်ဟု ထင်မိ သော်လည်း၊ ရလဒ်က အံ့သြ ဖွယ်ရာ ပေပင်။

“ အဲ့လောက် မလွယ် မှာကို ကြောက်မိတယ်။ ”

မြောင်ရင်မှ လူအုပ်ထံ ဝေ့ကြည့်ပြီး၊ တည်ငြိမ်စွာ ပြောသည်။

“ လွန်ခဲ့တဲ့ (၁၈) နှစ်က၊ ကျန့်ကျင်းရှန်ကို ဓားတစ်လက် ကျင်းရှန်လို့ ခေါ်ခဲ့တယ်၊ ဒီနေ့ က စပြီး ညီအစ်ကိုယဲ့ ကိုလည်း ... ဓားတစ်လက် ချင်းရှန်လို့ ခေါ်ကြ ရအောင်၊ ဟား ... ဟား ... ဟား ... ။ ”

ဝမ်ယွဲ့မှ ရယ်ကာ မောကာဖြင့် ကြေငြာ လိုက်သည်။

“ ဓားတစ်လက် ချင်းရှန် ဟုတ်လား။ ”

ထိုစကားကို ကြားလိုက်သော မင်-ဂိုဏ်း၏ တပည့် ခေါင်းဆောင် ကျန်းဇီလင်မှ လှောင်ပြုံး ပြုံး လိုက်ပြီး၊

“ ယဲ့ချင်းရှန် မင်းကို ... ငါ မေးပါရစေ၊ အဲဒီ ဓားရဲ့ နာမည်က ဘာလဲ။ ”

“ အလင်း မူလ ... ။ ”

“ အိုး ... ဟုတ်လား၊ ဒါက အရမ်း မြန်တဲ့ ဓားပဲ၊ ဒီနာမည်နဲ့ တကယ် ထိုက်တန် ပါတယ်၊ ဒါပေမယ့် မင်း ကံကောင်း သွားလို့ပါ၊ ကျင့်ကြံမှု၊ အခြေခံ အုတ်မြစ်နဲ့၊ ...

... အခွင့် အလမ်းချင်း ယှဉ်ရင်၊ မင်းက ကျင်းရွှမ်ယီကို မမီဘူး၊ ချီလင် သားရဲမှာ လျှပ်စီး၊ မီး၊ လေနဲ့ ရေ ဆိုပြီး၊ အဓိက အမွေ လေးမျိုး ရှိတယ်၊ ကျင်းရွှမ်ယီက လျှပ်စီး အမွေကို ရရှိထားတာ၊ ...

... ဒီစွမ်အားကို သူ့လက်နဲ့ ခြေထောက် တွေမှာ ... ပေါင်းစပ်ပြီး၊ အမည်ခံ သူတော်စင် တစ်ပါး ကိုတောင်၊ အလွယ် တကူ သတ်ပစ် နိုင်ခဲ့တယ်။ ”

“ အဲဒါ ... ငါနဲ့ ဘာဆိုင်လဲ။ ”

“ ငါ ပြောချင် တာကို ... ၊ မင်း နားမလည် သေးဖူးလား၊ ကျင်းရွှမ်ယီက ငါတို့ မြင့်မြတ်မြေ ငါးပါးကြောင့်၊ မင်းနဲ့ တိုက်တဲ့အချိန်မှာ၊ သူ့ ခွန်အားကို အပြည့် အ၀၊ ...

... အသုံး မချ ထားဘူး၊ ဒါကြောင့် ... မင်း သူ့ကို သတ်နိုင် ခဲ့တာ၊ မင်းတို့ နှစ်ယောက် ထပ် တိုက်ခိုက်ရင်၊ သူ့ဆီ ကနေ တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး။ ”

“ ငါ သိပြီ ... ၊ ကျင်းရွှမ်ယီသာ ... တကယ်တိုက် ခဲ့ရင် ... ငါ သေလိမ့် မယ်လို့၊ မင်း ပြောချင်တာ မဟုတ်လား။ ”

လင်းယွန်က ပြန်မေးသည်။

“ အတိ အကျပဲ ... ၊ အခု မင်း အနိုင်ရခဲ့ တာက အကြွင်းမဲ့ မဟုတ်ဘူး ... ၊ မင်းကိုယ်မင်း ဘုရင် အဆင့်ရဲ့ ... ၊ ဓားတစ်လက် ချင်းရှန်လို့၊ ခံယူဖို့ မစဉ်းစားနဲ့။ ”

အခြားသော မြင့်မြတ်မြေ၏ ပါရမီရှင် များက၊ ထိုစကားကို သဘောတူဟန် ခေါင်းညိမ့် ကြသည်။ လင်းယွန်မှ ပြန်မဖြေ သည်ကို မြင်သော အခါတွင်၊

“ ဘာလို့လဲ ... မင်း မပျော် ဖူးလား၊ ကောင်းပြီ ဒါဆို ... မင်းရဲ့ ဓားအကြောင်း ဆက် ပြောရအောင်။ ”

“ ပြော ပါ ဦး ... ။ ”

“ မင်းက ဒီမှာ ရှိတဲ့ လူတွေကို ... ၊ ကောင်းကောင်း လှည့်စားလို့ ရနိုင် ပေမယ့်၊ အဲဒီ အထဲမှာ ငါ မပါဘူး၊ ငါ့မှာလည်း ဓားတစ်လက် ရှိတယ်၊ မင်း ခံစား ကြည့်လိုက်။ ”

ကျင်းဇီလင်က သိုလှောင် လက်ကောက် အတွင်းမှ ဓားကို ဆွဲထုတ် လိုက်သော ကြောင့်၊ အလင်း တန်းများ ထွက်ပေါ် လာ၏။

“ ရွှပ် ... ။ ”

အရာ အားလုံး ငြိမ်သက် သွားချိန်တွင်၊ လေထုထဲ ရောယှက် နေသော ဓားရောင်ခြည် နှစ်စင်းကို၊ လူတိုင်း တွေ့မြင် လိုက်ရသည်။

ဓားရောင်ခြည် နှစ်စင်းမှာ၊ ပေတစ်ရာခန့် ရှည်လျားပြီး၊ လင်းယွန်နှင့် တစ်လက်မ အကွာ၌ ရပ်သွား၏။

ဤအရာက လူတိုင်းကို မျက်နှာများ ပြောင်းလဲ သွားကာ၊ အသက် ရှူကြပ် စေသည်။ မင်-ဂိုဏ်း၏ အမည်ခံ သူတော်စင်က ရှစ်ဖန့်ကို လှည့်ကြည့်ပြီး ပြုံး၏။

“ အစ်ကိုရှစ် ... စိတ်ရှည်ရှည် ထားပါ၊ နတ်သွေးပန်း ဘယ်သူ ပိုင်လဲ ... ဘုရင် ပထမ ဘယ်သူလဲ ဆိုတာ၊ ငါတို့ ဆုံးဖြတ်လို့ မရ သေးပါဘူး။ ”

ရှစ်ဖန့်မှ စကား တုန့်ပြန်ခြင်း မရှိ ခဲ့ချေ။

“ မင်း ဘယ်လို ထင်လဲ။ ”

ထိုအချိန်တွင် မတုန်မလှုပ် ရပ်နေသော ယဲ့ချင်းရှန် အသွင်ကြောင့်၊ ကျင်းဇီလင်မှ ဒေါသ ထွက်လာပြီး၊

“ မင်းဓားက မြန်ပါတယ် ... ၊ ဒါပေမယ့် အလင်းကို သုံးပြီး၊ အမြင် အာရုံကို လှည့်စားဖို့ ကြိုးစား ခဲ့တာပဲ၊ ဒါကို ငါ မြင်တယ်။ ”

-ဟု ပြတ်သားစွာ ပြောကြား လိုက်၏။

ယင်သည် အမှန်ပင် ဖြစ်သည်။ သို့မှသာ ယဲ့ချင်းရှန် အပေါ် ကြောက်ရွံမှုများ လျော့ပါး သွားကြ တော့သည်။

“ ဒုတိယ အချက် အနေနဲ့၊ မင်းရဲ့ အမြန် နှုန်းနဲ့ တိုက်ပွဲဝင် စွမ်းအားကို ပေါင်းစပ်ထား နိုင်တာ တောင်မှ၊ ငါ့ အမြင်မှာ နှေးနေ သေးတယ် ဆိုရင် ယုံမလား၊ ...

... ကျင်းရွှမ်ယီသာ အရူး တစ်ယောက်လို မင်းဆီ ပြေးဝင်ဖို့ မကြိုးစား ခဲ့ရင်၊ မင်း အတွက် အခွင့် အရေး ရှိမှာ မဟုတ်ဘူး။ ”

“ ဒါတော့ ဟုတ်တယ် ... ။ ”

ကျန်းဇီလင် စကားမှာ ကျိုးကြောင်း ဆီလျော်နေ သဖြင့်၊ လင်းယွန်မှ ခေါင်းညိမ့် လိုက်သည်။

“ ကျန်းဇီလင်က ယဲ့ချင်းရှန် ဓားကို မြင်နိုင်တာပဲ၊ မင်-ဂိုဏ်းရဲ့ ပါရမီရှင် တစ်ပါးက မျှော်လင့် ထား သလို ပါပဲ။ ”

လူအုပ် ကြီးမှ နားလည် လာသည်။ ချွီသွမ့်ပင် ခေါင်းညိတ် မိ၏။ တစ်ဖက် လူ၏ စကား များသည်၊ အဓိပ္ပါယ် ရှိပေသည်။

ကျန်းရွှမ်ယီသည် ဘုရင် ဖြစ်ပြီး၊ ပြိုင်ဘက်များ ကြား၌၊ ခွန်အားကို အပြည့် အ၀ မထုတ်ဝံ့ ခဲ့ချေ။ ထိုအချက် အပေါ် ယဲ့ချင်းရှန်မှ အခွင့်ကောင်း ယူခဲ့ခြင်း ဖြစ်၏။

“ ယဲ့ချင်းရှန်က တကယ့်ကို လိမ္မာ ပါးနပ်တာပဲ၊ ငါ့ကိုတောင် လှည့်စား နိုင်တယ်။ ”

ချွီသွမ့် စကားအား လီယန်ရှင်းမှ တုန့်ပြန်ခြင်း မရှိချေ။ တစ်ခုခု မှားယွင်း နေ သည်ဟု၊ ခံစား မိသည်။

ယဲ့ချင်းရှန် ဓားတွင်၊ ကမ္ဘာကြီး တစ်ခု ပေါက်ဖွား လာသော ဖြစ်စဉ်ကို သူ ဝိုးတဝါး မြင်ခဲ့ ရသည်။

ပဋိသန္ဓေ နေစဉ်မှ စကာ၊ နိဗ္ဗာန် ရောက် သည်အထိ၊ ဖြစ်ခြင်း-ပျက်ခြင်း သံသရာ အပေါ် ပြတ်ပြတ် သားသား ရှုမှတ် နိုင်မည်။

ထို့ကြောင့် ယဲ့ချင်းရှန်၏ အလင်း မူလ ဟူသည်၊ ကျန်းဇီလင် ပြသသော ဓားအလင်းနှင့် များစွာ ကွဲပြား ချေ၏။

“ မင်း ပြောလို့ ပြီးပြီလား ... ။ ”

“ ဘာတွေ စိတ်စော နေရ တာလဲ၊ နောက်ဆုံး တစ်ချက် နားထောင် ပါဦး၊ မင်းက ဓား တစ်ချက်ပဲ လွှတ်လိုက် ပေမယ့် ... ၊ ငါက ဓားနှစ်ချက် လွှတ်လိုက်တယ်၊ ဒါကြောင့် ငါတို့ တိုက်ရင် မင်းအတွက် ဓားဆွဲ ဖို့တောင်၊ အခွင့် အရေး ရှိမှာ မဟုတ်ဘူး။ ”

“ ဒါဆို မင်း ဘာလို့ ... အဲဒီမှာ ထိုင်နေ သေးတာလဲ။ ”

“ မင်းငါ့ကို ဖိတ်ခေါ်တာ ကောင်းမယ် မထင်ဘူး၊ ကွင်းထဲမှာ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ‘ပါရမီရှင်၊’ ဓားသမား တစ်ဦး သေသွားရင်၊ စိတ်မကောင်း စရာပဲ။ ”

“ ငါ သေသွားလည်း ... ၊ ဂိုဏ်းမှာ အရေးမကြီး ပါဘူး၊ မင်း သံသယ ရှိရင် အဲဒီမှာ ရပ်ပြီး၊ အချိန် ဖြုန်းမနေနဲ့ ... ကွင်းထဲကို ဆင်းလာခဲ့။ ”

နတ်ဖီးနစ် တောင်တန်း၊ ကောင်းကင် မီးလျှံဂိုဏ်း၊ အနန္တ လျှပ်စီး ဂိုဏ်းနှင့် နတ်တာအို ခန်းမမှ၊ တပည့် တစ်ဦးစီ၊ ချက်ချင်း ထရပ် လာသည်။

သို့သော် ကျန်းဇီလင်က သူတို့ထက် မြန်ချေ၏။ အခွင့်အရေးကို လက်လွှတ် မခံဘဲ၊ ကွင်းထဲသို့ လျင်မြန်စွာ ပျံသန်း သွားတော့ သည်။

ကျန်းဇီလင်က အခြား သူများထက် စောလျင်စွာ ကွင်းထဲသို့ ပျံသန်း ဆင်းသက် လာသည်။

“ ငါတို့ ဓားတစ်ချက် တည်းနဲ့ ... ဆုံးဖြတ်ရအောင် ... ။ ”

လင်းယွန်မှ ပြောကြား လိုက်၏။

“ ငါလည်း ဒီလိုပဲ ဆန္ဒ ရှိတယ်။ ”

“ ချွင် ... ။ ”

“ ချွင် ... ။ ”

မျက်နှာချင်း ဆိုင်ရပ် လိုက်ပြီး၊ ဓားအား တပြိုင်နက်တည်း ဆွဲထုတ်ခဲ့ သော်ငြားလည်း၊ ကျန်းဇီလင်မှ၊ ဦးစွာ ပြီးမြောက် ခဲ့သည်။

ထို့ကြောင့် မင်ဂိုဏ်းမှ လူတိုင်း ရင်ခုန် သွားတော့၏။

“ ကျန်းဇီလင်က တကယ့်ကို မြန်တာပဲ၊ ယဲ့ချင်းရှန်တောင် ဓား မဆွဲရ သေးဘူး။ ”

ချွီသွမ့်မှ သက်ပြင်းချ လိုက်သည်။ သို့သော် လင်းယွန်က ဂရု မစိုက်ချေ။ မဆွဲရ သေးသော သူ့ဓားကို ဓားအိမ် အတွင်း ပြန်သိမ်းကာ၊

“ မ လှုပ် နဲ့ ... ။ ”

-ဟု ပြောကြား လာသည်။

ထိုစကားကို ကျန်းဇီလင်မှ ဂရု မစိုက်ဘဲ၊ လေှာင်ပြုံး ပြုံးလိုက်သည်။ အမြင်တွင် တစ်ဖက် လူသည်၊ သူ့အား ယှဉ်ကာ ဓားမဆွဲ နိုင်ခဲ့သဖြင့်၊ လက်လျော့ပြီး၊ ပြန်သိမ်း သွားသည်ဟု မြင်၏။

ထို့ကြောင့် သူ့ဓားကို မြှောက်ကာ၊ ခုတ်ပိုင်းချ လိုက်သည်။

“ ယဲ့ချင်းရှန် ... မင်း သေနေပြီ ။ ”

သို့သော် ဓားအား မြှောက်လိုက်စဉ်၊ ဦးခေါင်း အနည်းငယ် လှုပ်ခတ် သွားသည်။ ယင်းကြောင့် ကြည့်နေ သူများ အားလုံးကို၊ မျက်လုံးပြူး သွား တော့၏။ အထူးသဖြင့် မင်-ဂိုဏ်း ဖြစ်သည်။

ချွီသွမ့် တစ်ယောက် ကွင်းအတွင်း ဝင်ရန် ကြံရွယ် ထားသော စိတ်ကူးများ လွင့်ပျယ်ကာ၊ တိုက်ပွဲ ဆန္ဒများ ပြိုကွဲ သွား၏။

လီယန်ရှန်း သည်သာ ထင်ကြေး ရှိပြီးသား ဖြစ်သည်။ သို့တိုင် မြင်လိုက် ရသော ဓားသည် သူ့ မာနကို၊ ညွှတ်ကျ သွားစေသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

ကျန်းဇီလင် ခမျာ ခန္ဓာကိုယ် တစ်ခုလုံး၊ ရုတ်တရက် ပေါ့ပါးပြီး၊ ပျံသန်းနေ သကဲ့သို့ ခံစားလိုက်ရ သဖြင့်၊ အံ့ဩ သွားသည်။

တစ်ချိန်တည်း မှာပင်၊ မင်-ဂိုဏ်းမှ တပည့်ငယ် များက၊ ထိတ်လန့် စွာဖြင့် သူ့ထံ၊ လှမ်းကြည့် နေသည်ကို မြင်လိုက် ရ၏။

အဆုံးတွင် ဦးခေါင်း မရှိသော ယဲ့ချင်းရှန် ခန္ဓာကိုယ် ကြီးကို မြင်လိုက် ရသဖြင့်၊ ပြုံးလျက် မင်ဂိုဏ်းမှ တပည့် များကို၊ မကြောက် ကြရန် နှစ်သိမ့် စကား ဆိုလိုက် မိ၏။

သို့သော် ယဲ့ချင်းရှန်၏ ခန္ဓာကိုယ်မှ ကိုင်ထားသော ဓားသည်၊ သူ့ဓား ဖြစ်နေ သဖြင့်၊ အပြုံးများ ချက်ချင်း အေးခဲ သွားပြီး၊ စကားသံ ထွက်မလာ တော့ချေ။

“ မင်းကို ... မလှုပ်ဖို့၊ ငါ ပြောခဲ့ သားပဲ။ ”

လင်းယွန် စကားဆုံး သည်နှင့်၊ ကျန်းဇီလင်၏ အသိ စိတ်များ ပျောက်ကွယ် သွားတော့သည်။

လူတိုင်း၏ အမြင်တွင် ကျန်းဇီလင်မှ ဓားဆွဲကာ၊ အလင်း တစ်ချက် လက်သွားပြီး၊ ဓားပြန် သိမ်းလိုက် ကြ၏။ ယဲ့ချင်းရှန် မှာမူ၊ ဓားမဆွဲ နိုင်ခဲ့ချေ။ လမ်း တစ်ဝက်၌ ဓား ပြန်သိမ်း သွားသည်။

မတ်တပ် ရပ်နေဆဲ ဖြစ်သော၊ မြင့်မြတ်မြေ လေးပါးမှ ပါရမီရှင် တပည့် လေးယောက် ခမျာ၊ မျက်နှာများ ပျက်ယွင်းလျက်၊ မမြင်ဟန် ပြုကာ၊ ပြန်ထိုင် လိုက်တော့သည်။

“ မင်း ဘယ်လို ... သတ္တိ ရှိလဲ ... ။ ”

မင်-ဂိုဏ်း၏ အမည်ခံ သူတော်စင် ကျိုးယန်မှ ဒေါသတကြီး အော်ဟစ် လိုက်သည်။ ထိုအသံနှင့် အတူ၊ လူရိပ် တစ်ရပ် ကွင်းထဲ ခုန်ဆင်း သွားသည်။

ဤသည်မှာ သူ့ဘေးရှိ၊ အနက်ဝတ် လူ ဖြစ်သည်။ ၎င်းမှ အနက်ရောင် ဝတ်ရုံ စအား ဆုတ်ဖြဲကာ၊ သူတော်စင် ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။

“ အမည်ခံ သူတော်စင်လား၊ မင်း သေချင် နေတာပဲ။ ”

လူတိုင်း တုန်လှုပ် သွားသည်။ ရှစ်ဖန့်မှာ အဆိုးဆုံး ဖြစ်၏။ သို့သော် ကျိုးယန်မှ သူ့အား ပြုံးကာ ဟန့်တားလာ သဖြင့်၊ စိတ် ထင်တိုင်း မပေါက် ခဲ့ချေ။

“ ဟား ဟား ဟား ရှစ်ဖန့် ... ၊ မင်း ဘယ်သွား မလို့လဲ၊ စည်းမျဉ်းကို လျစ်လျူရှု နေတာလား။ ”

“ ဖယ် စမ်း ... ။ ”

ရှစ်ဖန့်က ကျိုးယန်အား တွန်းထုတ် လိုက်သည်။ ယဲ့ချင်းရှန်သည် သူ့ကိုယ်သူ သက်သေ ပြခဲ့ပြီး ဖြစ်ရာ၊ ဤနေရာ၌ သေဆုံး သွားခြင်း မရှိ စေရချေ။

“ အမည်ခံ သူတော်စင် နှစ်ပါးတောင် မင်ဂိုဏ်းက လွှတ်ခဲ့ တာလား၊ ဘယ်လောက် တောင် သတ္တိ ရှိလိုက်လဲ ... ၊ စက်ဆုပ်စရာ ကောင်း လိုက်တာ။ ”

ရှစ်ဖန့်မှ အော်ငေါက် လိုက်၏။

“ ဟား ဟား ဟား ... ၊ အရှေ့ဘက် ပျက်စီးမြေ ဆိုတာ၊ မင်းရဲ့ ကောင်းကင် တာအို ဂိုဏ်းနဲ့ မသက်ဆိုင် တော့ဘူး၊ ပြီးတော့ ... အမည်ခံ သူတော်စင်တွေ ... ကွင်းထဲ မဝင်ရဖူးလို့ ဘယ်သူ ပြောလဲ။ ”

“ ဟိတ် ... ။ ”

“ ဝှစ် ... ။ ”

နှစ်ယောက်သား လက်ဖဝါးချက် ကိုယ်စီ ထုတ်ဖော်ကာ၊ သုံးကြိမ် တိုင်တိုင် ဖလှယ်လိုက် ကြသည်။

တိုက်ပွဲ အတွင်းမှ သူတော်စင် ရောင်ဝါများ ပျံ့ကား လာ သဖြင့်၊ လူတိုင်း ရှောင်တိမ်း လိုက် ရ၏။ မည်သူမျှ အနား မကပ် နိုင်ခဲ့ချေ။

သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားသောကြောင့်၊ ရှစ်ဖန့်နှင့် ကျိုးယန်မှာ တိုက်ခိုက် နေလျက်မှ သံသယဖြင့် လှည့်ကြည့် လိုက်ကြသည်။

အခြားသော မြင့်မြတ် မြေ၏ အမည်ခံ သူတော်စင် လေးပါး အပါ အဝင်၊ လူတိုင်းက အံ့ဩ ဟန်ဖြင့်၊ ကွင်းထဲ စိုက်ကြည့် နေ၏။

“ အကြီးအကဲ ရှစ် ... ။ ”

ဝမ်ယွဲ့က ကွင်းထဲ ကြည့်နေသော မျက်ဝန်းများကို မခွာ နိုင်ဘဲ၊ တုန်တုန် ယင်ယင် ဖြင့် အော်ခေါ် လာသည်။

“ ဘာလဲ ... ။ ”

ရှစ်ဖန့်က စိတ်အနှောက် အယှက် ဖြစ်သွားသည်။ ယဲ့ချင်းရှန်သည် ခဏလေး မျှပင် မထိန်းထား နိုင်သည်လော။

“ ညီအစ်ကို ယဲ့က ... အဲဒီ အမည်ခံ သူတော်စင်ကို ရင်ဆိုင် နိုင်ပြီ ထင်တယ်။ ”

“ ဘာ ... ။ ”

ရှစ်ဖန့် ခမျာ သူ့ရှေ့မှ ကျိုးယန်ကို စိတ်မဝင်စား နိုင်တော့ဘဲ၊ ကွင်းထဲ ချက်ချင်း လှည့်ကြည့် လိုက်တော့သည်။

***

All Chapters