ငါ့ကို အရင် မိအောင်ဖမ်း။
Vol. 145 Ch. 2029
“ ဘောင်း ... ။ ”
ကြယ်ဓား ရည်ရွယ်ချက်ဖြင့်၊ အမည်ခံ သူတော်စင် ခန္ဓာကိုယ်အား၊ သွေးမြူ အဖြစ် ပြောင်းလဲ ပစ်လိုက် သည်။
“ ဒါ ... ။ ”
ကျိုးယန် တစ်ယောက် မျက်နှာ ဖြူဖျော့ လာပြီး၊ သေွးမြူ များထံ ငေးကြည့် နေ မိသည်။
“ မင်းရဲ့ မင်-ဂိုဏ်းက ... ဒီကိစ္စကို မရှင်းပြဘူး ဆိုရင်၊ ငါ့ကောင်းကင် တာအို ဂိုဏ်းက၊ လွှတ်ထားမယ် မထင်နဲ့။ ”
ရှစ်ဖန့်က ပြောကြား လိုက်၏။ ကျိုးယန် ခမျာ မျက်နှာ ဖြူဖျော့ နေလျက်မှ၊ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင် လာသည်။
အမည်ခံ သူတော်စင် တစ်ပါး ရရှိရန် ခက်ခဲ လှသဖြင့်၊ ၎င်းသေဆုံးမှုသည် သူ့အား အရေးယူ ခံရနိုင် ပေမည်။
“ ဒါဆို လာခဲ့ ... ၊ မင်ဂိုဏ်းက မင်းတို့ ကောင်းကင် တာအို ဂိုဏ်းကို ကြောက်နေမယ် မထင်နဲ့ ... ။ ”
စိတ် ပေါက်ပေါက်ဖြင့် ရှစ်ဖန့်အား ပြန်ပြောပြီး ထထွက် လာခဲ့သည်။ ဤနေရာတွင် တစ်စက္ကန့် မျှပင် မနေချင် တော့ချေေ။
ဘုရင် အဆင့်မှ ပါရမီရှင်များ အားလုံး ခိုကိုးရာမဲ့ ငေးကြည့် နေမိသည်။ ကျင်းရွှမ်ယီ ကြောင့် ဖြစ်ပေါ် လာသော ရုန်းရင်း ဆန်ခတ် မှုသည် များစွာ ကြီးမား ခဲ့၏။
ဘုရင် အဆင့် ထူးချွန်သူ အများ အပြားသည်၊ ၎င်းကြောင့် ဤနေရာသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။
သို့သော် ဘီလူး တစ်ကောင် ထွက်ပေါ် လာခြင်းကို ကိုယ်တိုင် မြင်တွေ့ လိုက်ရ သဖြင့်၊ အသက်မဲ့ သွား၏။
“ အံ့သြစရာ မရှိတော့ ပါဘူး ... ။ ”
ချွီသွမ့်မှ တိုးညှင်းစွာ ပြောလိုက်သည်။ လီယန်ရှင်း ခမျာ မျက်နှာ ဖြူဖျော့လျက်၊ စိတ် ပျက်မှုများ အထင်းသား ပေါ်လွင် နေ၏။
သူသည် ဓားသမား တစ်ယောက် ဖြစ်နေ သဖြင့်၊ ကြယ်ဓား အကြောင်း အခြား လူများ ထက် ပို၍ သိသည်။
ကြယ်ဓား ရရှိရန် ခြေတစ်လှမ်း မျှသာ လိုခဲ့သော်လည်း၊ သူတော်စင် ဖြစ်လျှင်ပင်၊ ထို တစ်လှမ်း လှမ်းနိုင် မည်ဟု၊ အာမ မခံ ဝံ့ချေ။
“ အစ်ကိုလီ ... ၊ မင်း ဘယ်လို ထင်လဲ။ ”
တိတ်ဆိတ် သွားသော လီယန်ရှင်းအား ချွီသွမ့်မှ မေးသည်။
“ ချွင်းချက် မရှိ၊ ပြိုင်ဘက်ကင်းပဲ ... ။ ”
ထိုအဖြေကြောင့် နှစ်ယောက်သား ပြန်၍ တိတ်ဆိတ် သွားတော့၏။ ကွင်းထဲသို့ မည်သူမျှ မလာ ချင်ကြောင်း မြင်ပြီးနောက်၊ လင်းယွန်က ကွင်းတာဝန်ခံ ထံမှ၊ နတ်သွေးပန်းကို လက်ခံ ယူလိုက်သည်။
(၆)ပါးသော မြို့တော်ရှိ၊ ပြိုင်ကွင်းများ နောက်တွင် တန်ခိုးကြီး နောက်ခံများ ရှိသဖြင့်၊ နတ်သွေးပန်း အတု ဖြစ်မည်ကို၊ စိုးရိမ် စရာ မလိုချေ။
ယနေ့တွင် ဘုရင် အဆင့် ချန်ပီယံ အမည်သစ် ထွက်ပေါ် လာပြီ ဖြစ်သည်။ သူ့ ခွန်အားကို မည်သူမျှ သံသယ မ၀င် ရဲချေ။
“ အစ်ကိုယဲ့ ... ၊ မင်း အောင်မြင် သွားပြီ၊ ကောင်းကင် တာအို ဂိုဏ်းကို ... ပြန်ရောက်တဲ့ အခါ၊ ဆုလာဘ် ကောင်းကောင်း ချီးမြင့် ခံရမှာ သေချာတယ်။ ”
ပိုင်ချင်းယွီက လင်းယွန်အား စိတ် လှုပ်ရှားစွာဖြင့် စီးကြို တော့သည်။ မြောင်ရင်၊ ဝမ်မူယန်၊ ဝမ်ယွဲ့နှင့် ချန်ကျန့် ကလည်း နှောက်နှေး နေခြင်း မရှိချေ။
“ ငါ ပြောသားပဲ ... ၊ ယဲ့ချင်းရှန်က ကောင်းကင် တာအို ဂိုဏ်းရဲ့ ပါရမီရှင် ပါလို့၊ ယုံပြီ မဟုတ်လား။ ”
ဝမ်မူယန်မှ ပြုံးကာ ပြောကြား လာ၏။ နန်းဂွန်း ဖူယီက ယဲ့ချင်းရှန်ထံ ငေးကြည့်ကာ၊ အတွေး ပွားနေ မိသည်။
လွန်ခဲ့သော တစ်နှစ်တွင် ယဲ့ချင်းရှန် ဟူသည်၊ မည်သူမျှ မဟုတ် ခဲ့ချေ။ တစ်နှစ် ကုန် လွန်ပြီးနောက်၊ မယုံကြည်နိုင် လောက်အောင် ကျော်ကြားလာ ခဲ့သည်။
လင်းယွန်နှင့် မြောင်ရင်က ဝမ်မူယန်ထံ လှည့်ကြည့် မိ၏။
“ အဟဲ ... အစ်ကိုယဲ့ ... နင် ဘာလို့ ငါ့ကို ကြည့်နေ တာလဲ၊ ငါ ရှက်တယ်။ ”
“ ဂျူနီယာ ညီမလေး မူယန် ... မင်း ခန့်မှန်းတာ တကယ် တော်တာပဲ။ ”
“ ဒါတော့ သေချာတယ် ... ၊ ကောင်းကင် တာအို ဂိုဏ်းမှာ၊ နင်က အတော်ဆုံး ဆိုတာကို ငါသိတယ်၊ နင်သာ ဆန္ဒ ရှိရင် ... ၊ စီနီယာ အစ်ကို အဖြစ်၊ ငါ ခေါ်နိုင် ပါတယ်။ ”
ဝမ်မူယန်က အပြုံး မပျက် ခဲ့ချေ။
“ လောလောဆယ် ... အဲဒီ အကြောင်း မပြောဘဲ၊ နတ်သွေးပန်းကို ဂိုဏ်းဆီ ပြန်ပို့ ကြ ရအောင်။ ”
ရှစ်ဖန့်မှ ဝင်ပြော လာသည်။ လင်းယွန်က ခေါင်းညိတ်ပြီး၊ မြောင်ရင်ထံ နတ်သွေးပန်းအား၊ ကမ်းပေး လိုက်၏။
နတ်သွေးပန်းသည် သဘာဝ အတိုင်း ဂိုဏ်း၏ မစ်ရှင် ဖြစ်သဖြင့်၊ ဂိုဏ်းသို့ ပြန်လည် ပေးအပ်ရ ပေမည်။
ညရောက်သော အခါ၊ ကောင်းကင် တာအိုဂိုဏ်း၏ ဌာနခွဲ အတွင်း၊ လူတိုင်း အနား ယူ နေကြ၏။
(၆)ပါးသော မြို့တော် ဟူသည် ဘေးကင်းသော အရပ် ဖြစ်သည်။ မြို့တော်၏ အလယ် ဗဟို၌၊ မြင့်မားသော ကျောက်တိုင်ကြီး တစ်တိုင်နှင့်၊ ယဇ်ပလ္လင် တစ်လုံး ရှိ၏။
၎င်းပတ်လည်တွင် မြင့်မြတ်မြေ ခြောက်ပါး၏ ဂိုဏ်းခွဲများကို နေရာ ချပေး ထားသည်။ ထိုအချိန်တွင် လင်းယွန်က မြောင်ရင် အခန်းထဲ ရောက်ရှိ နေ၏။
သူ့ မျက်နှာ ပေါ်၌၊ လေးနက်သော အမူ အရာကို ဖယောင်းတိုင် မီးဖြင့်၊ အတိုင်းသား မြင်နေ ရသည်။
“ ယဲ့ချင်းရှန် ... ၊ မင်း ထိုင်နေတာ ဆယ့်ငါးမိနစ်တောင် ရှိနေပြီ ... ၊ ငါ့အခန်းထဲ လာတာ ... ဒီလို ထိုင်ဖို့ လောက်တော့ မဟုတ် ပါဖူးနော်။ ”
အဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ဟန်ဖြင့်၊ လင်းယွန်မှ ပြုံးပြီး ခေါင်းပြန် မော့ လာသည်။
“ စီနီယာ အစ်မကို ... ၊ အရေး ကြီးတာ တစ်ခု ပြောစရာ ရှိတယ်။ ”
“ ပြော ပါ ... ။ ”
“ တခြား မဟုတ် ပါဘူး၊ ဝမ်မူယန် အကြောင်းပါ။ ”
ဝမ်မူယန် ဟူသော အမည် ကြောင့်၊ မြောင်ရင် တစ်ယောက် စိတ်ပျက် သွားခဲ့၏။ ယဲ့ချင်းရှန် ထံမှ ရင်းနှီးသော အငွေ့ အသက် များ၊ ရရှိ နေပြီ ဖြစ်ရာ၊ တစ်စုံ တစ်ရာအား မျှော်လင့် မိသည်။
သို့သော် လွဲမှား ခဲ့ပါက၊ အလွန် ခံစား ရမည်ကို စိုးမိသဖြင့် ထုတ်မမေး ဝံ့ခေျ။ သို့သော် ယနေ့ ညတွင် ပြောစရာ ရှိသည်ဟု ဆိုကာ၊ သူမ အခန်းထဲ ရောက်ရှိ လာ သဖြင့်၊ အနည်းငယ် မျှော်လင့်မိ ခဲ့သည်။
“ ဒါဆို ... မင်းက ယင်-နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်နဲ့ ထူးခြားတဲ့ ဆက်ဆံ ရေး ရှိတယ်လို့ ငါကြားတာ၊ တကယ် မှန်နေ တာပေါ့။ ”
“ စီနီယာ အစ်မ ... ၊ ငါ သူ့ကို သံသယ ဝင်နေတာပါ၊ သူက သွေးလ ဂိုဏ်းနဲ့ ပတ်သတ် နေ သလိုပဲ၊ ကြည့်ရတာ ... သွေးလ ဂိုဏ်းရဲ့ သန့်ရှင်းသော သမီးတော် ဖြစ်ရင် ဖြစ် ... ၊ မဖြစ်ရင် နတ်သမီး ဖြစ်နိုင်တယ်။ ”
သန့်ရှင်းသော သမီးတော်များအား ယှဉ်ပြိုင်စေ ခြင်းဖြင့်၊ နတ်သမီး တစ်ပါးကို သွေးလ ဂိုဏ်းက၊ ရွေးချယ် ကြပေသည်။
ထိုနတ်သမီး ထွက်ပေါ် လာသော်၊ ကျန်ရှိ နေသည့် သန့်ရှင်းသော သမီးတော် များကို၊ ၎င်း အစေခံ အဖြစ်၊ ပြောင်းလဲ သတ်မှတ် ကြ၏။
“ ဒါက ကြီးမားတဲ့ ပြဿနာပဲ ... ၊ သက်သေ လိုတယ်။ ”
မြောင်ရင်မှ မှတ်ချက် ပေးလိုက်သည်။ ထိုစကားကြောင့် လင်းယွန်က သူ ကြုံသမျှကို ပြန် ပြောပြ မိ၏။
“ ဘယ်လို ... မင်းက ယဲ့ချင်းဟုန်၊ ကျန်းခွိုက်နဲ့ ... ရှောင်ချင်းယန်ကို သတ်လိုက် တာလား။ ”
လင်းယွန်က ခေါင်းညိတ် ပြပြီး မရဏ မြင့်မြတ်သူ အကြောင်း ကိုပင်၊ ဆက်ပြောပြ လိုက်သည်။
ရှောင်ချင်းယန်သည် ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင် ဖြစ်သည် ကိုမူ၊ ချန်လှပ် ထား မိ၏။ ဤအချက် အလက်သည် အန္တရာယ် များပြီး၊ မြောင်ရင်ကို ပြဿနာ များသာ ပေးစွမ်း ပေလိမ့်မည်။
“ မယုံနိုင် စရာပဲ ... ။ ”
မြောင်ရင် တစ်ယောက် မယုံနိုင် လောက်အောင် ဖြစ်သွားသည်။
“ စီနီယာ အစ်မ ... ငါပြောတာ မင်း မယုံဖူးလား။ ”
လင်းယွန်မှ မေးသည်။
“ ငါ မင်းကို ယုံပါတယ် ... ။ ”
“ ဒါဆို ... ။ ”
“ သက်သေ မရှိဘူး၊ မင်းက လူတိုင်းကို သတ်ခဲ့ တာပဲ၊ ဒီအချက် အလက် လောက်နဲ့ ... ဘာမှ လုပ်လို့ မရဘူး။ ”
လင်းယွန်မှ ခေါင်းညိတ်ကာ၊
“ ဒါကြောင့် ဆွေးနွေးဖို့ ... စီနီယာ အစ်မ ဆီကို လာခဲ့တာ ... ။ ”
“ တစ်ခု ခုတော့ မှားနေ သလိုပဲ ... ၊ ဘာလို့ ဒီလို လှုပ်ထွေးအောင် သူမက လုပ်နေ ရတာလဲ၊ ကျင်းရွှမ်ယီနဲ့ မင်းကို တိုက်ရိုက် သတ်ခိုင်းလို့ ရတာကို၊ အခုလို ကွင်းတစ်ခုလုံး ငှားပြီး ... ၊ လူတိုင်း သိအောင် လုပ်ဖို့ လိုလို့လား။ ”
“ အဲဒါနဲ့ ပတ်သက်ပြီး ... ၊ သူမကို မေးဖို့ စီစဉ် ထားတယ်။ ”
“ ဘယ်လို မျိုးလဲ ... ။ ”
“ ဒီည သူ့ကို ဖမ်းပြီး မေးကြည့်မယ်၊ ဒီနေရာက အမည်ခံ သူတော်စင်တွေ ဝင်ခွင့် မရှိ တာကြောင့်၊ အကောင်းဆုံး အခွင့် အရေးပဲ။ ”
ဤအရပ်မှ ထွက်သွား ပြီးနောက်၊ ဝမ်မူယန်၏ ဘေးတွင်၊ အမည်ခံ သူတော်စင် ကိုယ်ရံတော်များ ရောက်ရှိ လာနိုင်သည်။
“ ငါ့ကို ဘာလုပ် စေချင် တာလဲ။ ”
မြောင်ရင်မှ မရှင်း သဖြင့် မေး၏။
“ သူ ကျွန်တော့်ကို စွပ်စွဲ လာခဲ့ရင် ... ၊ မျက်မြင် သက်သေ အနေနဲ့၊ နေပေးဖို့ လောက် ပါပဲ၊ တကယ်လို့ ထွက်ပြေး ခဲ့ရင်တော့ ... တားဆီး ပေးပါ။ ”
“ ကောင်းပြီ ... သူ့မှာ၊ တစ်ခုခု မှားနေ တာကို၊ ငါလည်း သတိ ထားမိ နေတာ ကြာပြီ၊ သစ်ပင် တည်းခိုခန်းမှာ တုန်းက၊ နတ်သွေးပန်း လက်လွှတ် ရအောင်၊ သူ လုပ်ခဲ့တယ်၊ ပြီးတာနဲ့ ထူးထူး ဆန်းဆန်း ... မင်းကို ရှာဖို့ ထွက်သွား ခဲ့တယ်။ ”
သို့သော် ဝမ်မူယန်သည် သန့်ရှင်းသော သမီးတော် ဖြစ်သည် သာမက၊ ဝမ်-မိသားစု၏ မင်းသမီးလည်း ဖြစ်သည်။
ထို့ကြောင့် သူမသည် သွေးလ ဂိုဏ်းနှင့် ပတ်သတ် နေသည်ဟု ပြောခဲ့လျှင်ပင်၊ မည်သူမျှ သံသယ ဝင်မည် မဟုတ်ချေ။
“ ငါတို့ ဘယ်တော့ စကြ မလဲ ... ။ ”
“ အခု ပဲ ... ။ ”
“ ကောင်းပြီ ... ။ ”
ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချ လိုက်ကြ ပြီးနောက်၊ နှစ်ယောက်သား ဝမ်မူယန် အခန်း ဆီသို့၊ ဦးတည် သွားလိုက် ကြသည်။
“ စီနီယာ အစ်မ ... ၊ ငါ ဝင်တော့မယ် အပြင်မှာ စောင့်နေပါ။ ”
ဝမ်မူယန်သည် စစ်မှန်သော ခွန်အားကို နက်နဲစွာ ဖုံးကွယ် ထားသည်ဟု ခံစား မိသည်။ နိဗ္ဗာန် စတုတ္ထ အဆင့် တွင်သာ ဖြစ် သော်လည်း ရိုးရှင်းပုံ မပေါ်ချေ။ ထို့ကြောင့် မြောင်ရင် ဒဏ်ရာ ရသွား မည်ကို စိုးရိမ်၏။
“ ကောင်းပြီ ... ၊ မင်း အကူအညီ လိုရင် ငါ့ကို လှမ်းခေါ်လိုက်။ ”
မြောင်ရင်က မဆိုင်းမတွ ခေါင်းညိတ် လိုက်သည်။ ယဲ့ချင်းရှန် ဟူသည် ဘုရင် အဆင့် ပထမ ဖြစ်ပြီး၊ အမည်ခံ သူတော်စင်ပင် သူ့ ပြိုင်ဘက် မဟုတ်ချေ။ ထို့ကြောင့် စိုးရိမ်စရာ မရှိဟု ယုံကြည်၏။
“ ယဲ့ချင်းရှန် ... မင်းမှာ အရင်က စီနီယာ အစ်မ တစ်ယောက် ရှိခဲ့တဲ့ အကြောင်း ... ငါ့ကို ထပ် ပြောပြ နိုင်မလား။ ”
“ စီနီယာ အစ်မ ... ၊ ဘာလို့ ရုတ်တရက်ကြီး မေးလာရ တာလဲ။ ”
လင်းယွန်မှ အခန်းထဲ ဝင်တော့မည့် ခြေလှမ်းအား ရပ်ကာ ပြန်လှည့် မေးမိသည်။
“ မင်း အမှား တစ်ခုခု ... ၊ လုပ်မိထား တယ်လို့ ထင်နေရင်၊ မင်းရဲ့ စီနီယာ အစ်မက ခွင့်လွှတ် ပါလိမ့်မယ်၊ သူ ... မင်းကို အရင်က အပြစ် တင်တာမျိုး ... ကြုံဖူး လို့လား။ ”
လင်းယွန် ခမျာ အံ့အားသင့် သွား သော်လည်း၊ ဤအရာကို ပြောနေ ရမည့် အချိန် မဟုတ်သေး သဖြင့် ခေါင်းညိမ့်ကာ၊ အခန်းထဲ လှည့်ဝင် လိုက်တော့သည် ။
“ ကျွီ ... ။ ”
ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်သော အခါ စားပွဲ တစ်လုံးတွင် ထိုင်လျက်၊ စာဖတ် နေသည့် ဝမ်မူယန်အား မြင်လိုက် ရ၏။
အခန်းကို လှည့်ပတ် စစ်ဆေး ကြည့်နေစဉ်၊
“ ယဲ့ချင်းရှန် ... ရောက်လာ ပြီလား။ ”
-ဟု မေးလျက်၊ ဝမ်မူယန်က ပြုံးပြီး လှည့်ကြည့် လာတော့သည်။
“ ငါတို့ စကားပြော သင့်ပြီ ထင်တယ်။ ”
လင်းယွန်က ဓား ရည်ရွယ်ချက်ဖြင့် အခန်းအား ကန့်သတ်ကာ၊ ပြောကြား လိုက် သည်။
“ ကြယ်ဓား ရည်ရွယ်ချက် လား ... ၊ တကယ့်ကို အံ့အားသင့် စရာ ပါပဲ၊ ငါ့ အစီ အစဉ် တွေ အားလုံးကို၊ ဖျက်ဆီး ပစ်နိုင်တယ်။ ”
ဝမ်မူယန်မှ သက်ပြင်းချ လိုက်သည်။
“ ဒါဆို မင်း တကယ်ပဲ ကိုး ... ။ ”
လင်းယွန်မှ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို၊ ဖုံးကွယ် မထား တော့ချေ။
“ ငါတို့မှာ လှပတဲ့ အတိတ်တွေ ရှိခဲ့တယ်၊ ဒါတောင် မင်းက ငါ့ကို သတ်ချင် နေတာလား ယဲ့ချင်းရှန်၊ လောကမှာ တကယ် ကောင်းတဲ့ ယောက်ျား ဆိုတာ မရှိတော့ ပါဘူး။ ”
“ မင်း ဘာတွေ ... စီစဉ် နေတာလဲ ဆိုတာ ပြောပါ၊ ငါ့ကို ရိုးသားရင် ... မင်းကို လွှတ်ပေးဖို့ စဉ်းစားမယ်။ ”
“ ဟား ဟား ဟား ... ၊ ငါ့ကို လွှတ်ပေး မှာလား၊ ဒါပေမယ့် ... ငါက နင့်ကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး၊ အခုတော့ ငါ့ကို အရင် ဖမ်းလိုက် ပါဦး ... ၊ ငါ့ကို မိမှ ကျန်တာ ဆက်ပြော ရအောင်။ ”
ဝမ်မူယန်က လက်ဝှေ့ ယမ်းလျက်၊ အနီရောင် အဝတ်စဖြင့် ပစ်ကာ၊ ကြယ်ဓား၏ ကန့်သတ်ချက်ကို ချိုးဖြတ် ပျံသန်း သွား တော့သည်။
“ ကျွီ ... ။ ”
ထိုအချိန်တွင် တံခါး ပွင့်လာပြီး မြောင်ရင် ဝင်လာ၏။ ခေါင်မိုးရှိ အပေါက်ထံ မော့ကြည့် ကာ၊
“ သူ သိနေတယ်။ ”
-ဟု အော်ဟစ် လိုက်သည်။
“ ဟုတ်တယ် ... ၊ စီနီယာ အစ်မ ... ဒီမှာပဲ စောင့်နေပါ၊ ငါ ... သွားကြည့် လိုက်မယ်။ ”
ဝမ်မူယန်သည် အန္တရာယ် များလွန်း သောကြောင့်၊ လင်းယွန် မျက်နှာ အေးစက် နေခဲ့ သည်။ သူမကို သတ်ရန်၊ ဤအရပ် တွင်သာ အခွင့်အရေး ရှိမှန်း၊ သေချာ သွားချေပြီ။
***