နှလုံး တုန်လေ၊ ယုန် … ခုန်လေ။
Vol. 145 Ch. 2030
လင်းယွန်က စကား ပြောပြီး သည်နှင့် ခေါင်မိုး အပေါက်မှ နေ၍၊ ကောင်းကင်ပေါ် ခုန်တက် သွားသည်။
အဝေး၌ လျင်မြန်စွာ ရွေ့လျား နေသော ဝမ်မူယန် ပုံသဏ္ဍာန်ကို မှုန်ဝါးဝါး မြင်နေ ရ၏။ နိဗ္ဗာန်-စတုတ္ထ အသွင် ကူးပြောင်းမှုဖြင့်၊ လက်ရှိ သူမ၏ အဟုန်သည် လိုက်လျော ညီထွေ မရှိချေ။
လင်းယွန်ပင် သူမအား အမှီ လိုက်ရန် ခွန်အား အပြည့် အသုံးပြု နေရသည်။ ထို့ထက် အနည်းငယ် ထပ်မြန် ပါက၊ ရွှေတောင်ပံ များကို ဆင့်ခေါ် ရပေမည်။
“ မြို့ပြင်ကို မပြေး ဖူးလား။ ”
မြို့ပြင်သို့ ထွက်ပြေး ရမည့် အစား မြို့လယ်ကောင်သို့ ထွက်ပြေး နေသောကြောင့် လင်းယွန်မှ အံ့သြ သွားသည်။
ဆယ့်ငါး မိနစ် အကြာတွင်၊ ဝမ်မူယန်က ကျောက်တိုင်ကြီး ပေါ်သို့ ဆင်းသက် လိုက်၏။ သူ့ဘေးတွင် ယဇ်ပလ္လင် ရှိ၏။
မြေပြင်၌ ဖုန်မှုန့်များ ထူထပ်စွာ ရှိနေပြီး၊ အချိန်အတော် ကြာအောင် ဆိတ်သုဉ်း နေခဲ့ဖူး သည့် နေရာ တစ်ခု ဖြစ်မှန်း မြင်သာသည်။
“ ဝှစ် ... ။ ”
လင်းယွန်က ကျောက်တိုင်နှင့် မနီး မဝေးတွင် ဆင်းသက်ကာ၊ ဝမ်မူယန်ထံ သံသယ များဖြင့် ကြည့်လိုက်သည်။
ဝမ်မူယန်က ကျောက်တိုင်ပေါ် စိုက်ကြည့်ပြီး၊
“ ယဲ့ချင်းရှန် ... ဒီကျောက်တိုင်ကို သိလား။ ”
-ဟု မေးမြန်း လာသည်။
သူမ မေးခွန်းကြောင့် လင်းယွန်မှ ကြည့်လိုက်သည်။ ၎င်းအတွင်း၌ နတ်ဘုရား တံဆိပ် တစ်ခုကို ချိပ်ပိတ် ထား၏။
၎င်းနှင့် ပတ်သတ်သော အချင်း အရာ များကို၊ နတ်ဘုရား သင်္ချိုင်း တောင်တန်းသို့ မလာမီ၊ စာအုပ် အချို့မှ ဖတ်ခဲ့ ဖူးသည်။
ဤမြို့သည် နဂါး မြို့တော် ဖြစ်ပြီး၊ ရှေးခေတ်က ဖျက်ဆီး ခံခဲ့ ရ၏။ မြင့်မြတ်မြေ (၆) ပါးမှ ပြန်လည် ပြုပြင်ကာ၊ သိမ်းပိုက် ထားခြင်း ဖြစ်သည်။
“ ဒါက နတ်တံဆိပ် ခတ်ထားတဲ့ အထိမ်း အမှတ် ကျောက်တိုင်ပဲ၊ မြို့ပျက် သွားတုန်းက ကျမ်းစာတွေ ပျောက်သွားပြီး၊ နတ်ရူရ်တွေ ဆုံးရှုံး သွားတယ်၊ တောင်ပိုင်း ဧကရာဇ်က လွန်ခဲ့တဲ့၊ ...
... နှစ်ပေါင်း သုံးထောင်က ... ၊ ဒီကျောက်တိုင်ကို ကိုယ်တိုင် ပြုပြင်ပြီး၊ ကျမ်းစာတွေ ပြန်ရေး ခဲ့တယ်၊ နတ်ဘုရား သင်္ချိုင်း တောင်တန်းကြီးကို၊ ...
... လွှမ်းခြုံ ထားတဲ့ တံဆိပ်ဆိုတာ ဒီကျောက်တိုင်က လာတာ၊ အနှစ် သုံးထောင် ကျော်နေပြီ ... ၊ သူတော်စင် တွေတောင် မဝင်ရောက် နိုင်သေးဘူး။ ”
“ ဒီအကြောင်းတွေ ငါ့ကို ဘာကိစ္စ လာပြော နေရ တာလဲ။ ”
“ ဟုတ်ပါတယ် ... ၊ နင့်နေရာမှာ ငါ ဆိုရင်လည်း ... ၊ ဒီလို အခွင့် အရေး ကောင်းကို ဘယ်လက်လွှတ် ခံပါ့ မလဲ။ ”
ဝမ်မူယန်က ကျောက်တိုင်ပေါ်၊ ထိုင်ချ လိုက်ပြီး၊
“ ဒီတံဆိပ်ကြောင့် ငါ့အနားမှာ၊ ဘယ်သူမှ မရှိဖူး ဆိုပေမယ့် ... ကြယ်ဓား ရည်ရွယ်ချက် က ငါ့ကို သတ်ဖို့ မလုံလောက် သေးဘူး။ ”
“ မင်းကိုယ့်မင်း အရမ်း ယုံကြည် နေပုံရတယ် ... ။ ”
“ ယဲ့ချင်းရှန် ... ဒီကမ္ဘာ ပေါ်မှာ ... ၊ မိတ်ဆွေနဲ့ ရန်သူ ဆိုပြီး၊ နှစ်မျိုးထဲ ရှိတာမှ မဟုတ်တာ ... ၊ နင် အမြင် ကျယ်ကျယ် ထား သင့်ပြီ၊ ငါဒီကို လာရတဲ့ အကြောင်းရင်းက၊ ...
... နေ-လ ရူရ်ကို ... ၊ နင် ဘာလို့ ရှာနေ တာလဲ သိချင်လို့ပဲ၊ ဒီအကြောင်း နင် ငါ့ကို ပြော ပြရင်၊ ငါဘာလို့ ရှာနေ တာလဲ ဆိုတာလည်း၊ နင့်ကို ပြောပြ နိုင်တယ်။ ”
“ ငါ့မှာ မင်းပြောလာအောင် လုပ်နိုင်တဲ့၊ နည်းလမ်း ရှိတယ်။ ”
လင်းယွန်က ခန္ဓာ ကိုယ်ကို နိဗ္ဗာန် ရောင်ဝါဖြင့် ဖြည့်သွင်းပြီး၊ ဝမ်မူယန်အား အေးစက်စွာ ကြည့်သည်။
ဝမ်မူယန် မျက်ဝန်း များ၌ လျှို့ဝှက် ဆန်းကြယ်သော ကြက်သွေးရောင် လမင်း ပေါ်လာပြီး၊ ပြုံးနေ ခဲ့သည်။
“ ကြည့်ရတာ မင်းက သွေးလမင်း ဂိုဏ်းလောက်နဲ့ ဆက်နွယ် တာမျိုး မဟုတ်ဘူး ထင်တယ်။ ”
“ သိချင်ရင် စမ်းကြည့် နိုင်တယ်၊ နင် မမျှော်လင့် ထားတဲ့ လျှို့ဝှက်ချက်တွေ ... ငါ့မှာ အများကြီး ရှိတယ်။ ”
ဝမ်မူယန်မှ ခေါင်းညိမ့်ကာ ဖိတ်ခေါ် လိုက်၏။
“ ချွင် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို ဆွဲထုတ် လိုက်ပြီး၊ ဓား ရည်ရွယ်ချက်အား ထုတ်လွှတ် တော့သည်။
ကြယ်ရောင်စုံ ကောင်းကင်ကြီး တစ်စင်း သူ့နောက်၌ ဖျတ်ခနဲ ထင်လာကာ ဓားရောင်ဝါ များ၊ ဝမ်မူယန်ကို ဖုံးအုပ် သွား၏။
“ ဝှစ် ... ။ ”
ဝင်လာသော ဓားရောင်ဝါ များကို တွန်းလှန်ရန်၊ ဝမ်မူယန်က အနီရောင် အထည်စ နှစ်ထည်ကို အေးအေး ဆေးဆေး လေထဲ ပစ်တင် လိုက်သည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
နိဗ္ဗာန်-စတုတ္ထ အသွင် ကူးပြောင်းမှု တွင်သာ၊ ရှိသော တစ်စုံ တစ်ယောက် မှသည် ကြယ်ဓားအား ပယ်ရှား နိုင်သည်မှာ၊ မယုံနိုင် စရာ ပေပင်။
“ လာ ... စလို့ ရပြီ။ ”
အထည် နှစ်စက လေထဲ ဝဲပျံလျက်၊ ခံတပ်ကြီး တစ်ခုလို သူမအား ကာကွယ် ပေး ထားသဖြင့် ဝမ်မူယန်မှ ဖိတ်ခေါ် လိုက်သည်။
လင်းယွန်က ဝမ်မူယန် နဖူးကို ချိန်ရွယ်လျက် ပြေးတက်၏။ လမ်းတစ်လျှောက် အနီရောင် အ၀တ်စများ ပြတ်ထွက် ကုန်သည်။
ဝမ်မူယန် ခမျာ အပြုံးများ ပျောက်ကွယ် သွားပြီး၊ လှိုင်းအသွင် ချက်ချင်း ရေွ့လျား ရှောင် တိမ်း တော့၏။ ဤသည်မှာ ထူးထူး ဆန်းဆန်း ရေွ့လျားမှု နည်းစနစ် ဖြစ်သည်။
သို့သော် ဓားနှလုံးသားဖြင့်၊ သူမအား ပြတ်ထင်စွာ ခံစား ရသော ကြောင့်၊ ဓားနှင့် လှမ်းထိုး လိုက်သည်။
“ ခရစ် ... ။ ”
အက်ကွဲ သံများ ကြားလိုက် ရကာ၊ လေဟာနယ် တစ်ခုလုံး မှန်ကဲ့သို့ အစိတ်စိတ် အမွှာမွှာ တွန့်ခေါက်လျက်၊ မူလ အခြေနေ ပြန်ရောက် သွား၏။
ဝမ်မူယန် ခမျာ ရေှာင်ရန်၊ အချိန် မမီ တော့သဖြင့်၊ လက်နှစ်ချောင်းနှင့် ပန်းသင်္ချိုင်း ဓားကို၊ ဖမ်းကိုင် လိုက်ရသည်။
တံဆိပ် ပွင့်လာပြီး၊ လက်ချောင်းများ ကျောက်စိမ်းရောင် ပြောင်းကာ၊ ပန်းသင်္ချိုင်း အား ပြုတ်တူနှင့် ညှပ်ထား သကဲ့သို့ ရပ်တန့် သွားစေသည်။
“ ဒါက နဂါး တံခါးရဲ့ ... လျှို့ဝှက်ချက် နည်းစနစ် တစ်ခု ဖြစ်တဲ့၊ ကျောက်စိမ်းရောင် လက်ချောင်းပဲ၊ ရှေးကျပြီး ဘယ်ဓားရေးမှ ဖြတ်ကျော်လို့ မရဘူး။ ”
ဝမ်မူယန်မှ ပြုံးပြီး ရှင်းပြ၏။ မည်သို့ပင် ကြိုးစား စေကာမူ၊ ၎င်းလက်မှ လွတ်မြောက်ရန် မဖြစ် နိုင်မှန်း၊ လင်းယွန် သိသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် ပန်းသင်္ချိုင်း ဓားကို လွှတ် လိုက်ပြီး၊ ဝမ်မူယန် နောက်သို့ တည်နေရာ ရွေ့ပြောင်း မိ၏။
တစ်ချိန်တည်း မှာပင် အဓိပတိ နဂါး တံဆိပ်ကို ဖွဲ့စည်း လိုက်ရာ၊ နဂါး ရောင်ဝါများ ရစ်သိုင်း လာတော့သည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လက်ဖဝါးပေါ်၌ အရောင် ခုနစ်ရောင် တောက်ပ လာခဲ့သည်။
ဤအရာက ဝမ်မူယန်အား တုန်လှုပ် သွားစေပြီး၊ ပန်းသင်္ချိုင်းကို လွှတ်ကာ ချက်ချင်း ပြန်လှည့် ကြည့်မိ စေ၏။
အနီရောင် အထည်စ များကို၊ နောက်၌ လျင်မြန်စွာ စုစည်း စေလိုက်ရာ၊ အဓိပတိ နဂါး တံဆိပ်သည်၊ ၎င်းအပေါ် ထိမှန် သွားသည်။
“ ဝုန်း ... ။ ”
အထည်စများ စုတ်ပြဲလျက်၊ ဝမ်မူယန် တစ်ယောက် လွင့်စဉ် သွားသည်။ အခွင့် အရေး ရသည်နှင့် လင်းယွန်က ပန်းသင်္ချိုင်းကို ဖမ်းဆွဲကာ၊ အလင်း မူလအား ထုတ်လွှတ် လိုက်သည်။
“ အလင်း မူလ ... ။ ”
“ အနန္တ တန်ခိုးရှင် ကောင်းကင်ဘုံ ... ။ ”
ဝမ်မူယန်က ချက်ချင်း ပြင်ဆင်လိုက် တော့သည်။ နတ်ဘုရားမ တစ်ပါး အလား ရောင်ဝါများ မြင့်တက် လာ၏။
“ ဝုန်း ... ။ ”
ဓားအလင်းနှင့် အထည်စ ထိမိကာ၊ ပေါက်ကွဲမှု လှိုင်းများ ပျံ့ကားလျက်၊ နှစ်ဦးသား နောက်ပြန် ဆုတ်လိုက် ရသည်။
“ ဒီလှုပ်ရှားမှု ... တစ်ခုတည်း နဲ့တင်၊ ကျင်းရွှမ်ယီထက် မင်း ပိုသန်မာတယ် ဆိုတာ ငြင်းလို့ မရ တော့ဘူး၊ ဒါဆို မင်းမှာ နေ-လ နတ်ခန္ဓာ ရှိတယ် ဆိုတာ တကယ်ပေါ့။ ”
ဝမ်မူယန်က သူမကိုယ် သူမ လရောင် များဖြင့် ဝိုင်းရံရန်၊ တံဆိပ် တစ်ခုအား အမြန် ဖန်တီး လိုက်သည်။
ရှေးခေတ် ကြက်သွေးရောင် လမင်း တံဆိပ်ဖြစ်၏။ လရောင်ခြည်က သူမအား ကျက်သရေ ပေးဆောင် လေသည်။
“ နေ-လ နတ်ခန္ဓာရဲ့ ... တန်ခိုးကို၊ ငါ အပြည့် အသုံး မချနိုင် သေးပါဘူး၊ ကြယ်ဓားက ပြိုင်ဘက်ကင်း မဟုတ်ဖူး ဆိုတာကို၊ သက်သေ ပြနိုင်ရုံ လောက်ပါပဲ။ ”
ဝမ်မူယန်မှ ပြန်ပြောသည်။ သူမ စကား ကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွား၏။ ဝမ်မူယန်အား မလေးစားပဲ မနေ နိုင်ခေျ။
သူ့မအား မကြိုက် သော်လည်း လုံလောက်သည့် ခွန်အား ရှိနေ သဖြင့်၊ ရန်သူ ဖြစ်လျှင်ပင် လေးစား ရပေမည်။
“ မင်းရဲ့ ခွန်အားနဲ့ ရှောင်ကျင်းယန်၊ ကျင်းရွှမ်းယီ တို့ကို ... အားကိုး နေစရာ မလို ပါဘူး၊ ဘာလို့ ဒီလို လုပ်ရတာလဲ။ ”
ဤအချက်ကို မြောင်ရင် ကဲ့သို့ပင် သူသည်လည်း သတိထား မိသည်။
“ ငါက နင့်ကို သတ်ရ မှာလား၊ ဘာလို့ ... ဒီလို လုပ်ရ မှာလဲ၊ ယဲ့ချင်းရှန် တစ်ချိန် တုန်းက ငါတို့ ကြားမှာ ... ကောင်းမွန်တဲ့ အချိန်တွေ ရှိခဲ့ ဖူးတယ်၊ ...
... ဒါကြောင့် ... ငါက ဘယ်လို လုပ်ပြီး၊ နင့်ကို သတ်ပစ် ရက်မှာလဲ၊ နင့်ကို ငါ့အနား ပြန် လာစေ ရုံပါ။ ”
ဝမ်မူယန်မှ ပြုံးကာ ပြန်ဖြေ၏။
“ ငါ … ယဲ့ချင်းရှန် မဟုတ်ဘူး။ ”
“ နင် ဘယ်သူ ဖြစ်ဖြစ် ... အရေး မကြီး ပါဘူး၊ ငါ့အာရုံကို ဖမ်းစား နိုင်သရွေ့ အဆင်ပြေ ပါတယ်၊ နင် ... ပြန်လာချင်ရင်၊ ကောင်းကောင်း ဆက်ဆံ ပေးမယ်။ ”
“ မင်းရဲ့ ... စစ်တုရင်ရုပ် တစ်ရုပ် လိုလား၊ မင်းလို လူမှာ နှလုံးသား မရှိ ပါဘူး။ ”
“ ဘာလဲ မနာလို ဖြစ်နေ တာလား၊ တကယ်တော့ ရှောင်ချင်းယန်နဲ့ ကျင်းရွှမ်ယီက ယင်ကောင် တွေပါ၊ ဒါပေမယ့် ... နင် ကတော့ မတူဘူး၊ ငါ့ရဲ့ အချစ်တွေ ပေးနိုင်တယ်၊ ...
... ကြယ်ဓား ဆိုတာ ပြိုင်ဘက်ကင်း မဟုတ်ဘူး၊ ဓားဂိုဏ်း ဆုတ်ယုတ် လာချိန်မှာ၊ အရှေ့ဘက် ပျက်စီးမြေက ဓားသမားတွေ အားလုံး ကျဆင်း သွားပြီ၊ ဓားသမားတွေ အတွက်၊ ...
... လက်ရှိ မြင့်မြတ်မြေက အကြွင်းမဲ့ ကောင်းကင် မြို့တော်၊ လျှို့ဝှက် ဓားစံအိမ်နဲ့ နတ်နဂါး ဓားခန်းမပဲ ရှိတော့တယ်။ ”
“ မင်း ဘာပြောချင် တာလဲ။ ”
“ ငါ နင့်ကို ဘာမဆို ပေးနိုင်တယ်၊ ကောင်းကင် တာအို ဂိုဏ်းက နင့်ကို ပေးနိုင် တာထက် ပိုမယ်။ ”
“ မင်း အတွက် ... အချိန် အများကြီး မကျန်တော့ ပါဘူး။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်က ပန်းသင်္ချိုင်းအား ကိုင်ဆွဲကာ၊ တဟုန်ထိုး ပြေးဝင် လိုက်တော့သည်။
ဘုန်းဝိညာဉ်တော် နှစ်ပါး အသက် ဝင်လာပြီး၊ အနီရောင် ပိတ်စ များကို ခုတ်ဖြတ် သွား၏။
တစ်ချိန်တည်း မှာပင်၊ ဓားနှလုံးသားကို အသက်သွင်း လိုက်သည်။ လက်နှစ်ဖက်အား စက်ဝိုင်း ပုံစံ ဝှေ့ယမ်းလျက်၊ ငွေအလင်း များ ဖြင့်၊ ဝမ်မူယန်ကို သိုင်းခြုံ ပစ်၏။
ငွေအလင်းများ သိုင်းခြုံ ခံရသော အခါ၊ ဝမ်မူယန် မျက်ဝန်းရှိ ကြက်သွေးရောင် လမင်း သည်လည်း ပျောက်ကွယ် သွားတော့၏။
ရောင်ဝါ ချက်ချင်း ကျဆင်း သွားပြီးနောက်၊ မျက်နှာ တစ်ပြင်လုံး နီရဲကာ၊ ပါးစပ်မှ သွေးများ စီးကျ လာသည်။ ချက်ချင်း အသက်ရှူ ကြပ် သွား၏။
“ မင်း ငါ့ကို ဘာလို့ ... ၊ ဒီကို ခေါ်လာတာ လဲလို့ သိချင် နေတာ၊ အခု ငါ နားလည် သွားပြီ၊ နေ-လ နတ်ခန္ဓာကို၊ အသုံးမပြု နိုင်သေးတဲ့ အတွက်၊ ...
... ချိပ်ပိတ် ထားတဲ့၊ ဒီအထိမ်း အမှတ် ကျောက်တိုင်ရဲ့ စွမ်းအားကို ... မင်းက ငှားသုံး ချင်နေ တာပဲ။ ”
ဝမ်မူယန်ကို ကြည့်ပြီး လင်းယွန်က ပြောလိုက်သည်။ သူ မျှော်လင့် ထားသည့် အတိုင်း ဖြစ်လာ ခဲ့၏။
သူမကို ပြင်ပ ကမ္ဘာနှင့်၊ ခွဲပစ် လိုက်သော အခါတွင်၊ စွမ်းအားများ ချက်ချင်း ပျောက်ကွယ် သွားပြီး၊ နိဗ္ဗာန်-စတုတ္ထ အဆင့် အသွင် ကူးပြောင်းမှုသာ ကျန်ရစ် တော့သည်။
“ ငါ နင့်ကို လျှော့တွက် လိုက်မိတယ်။ ”
ဝမ်မူယန်က နှုတ်ခမ်းမှ သွေးများ သုတ်ကာ၊ ဝန်ခံ လိုက်သည်။
“ ဒီလောက်လည်း မဟုတ်သေး ပါဘူး၊ ကစားပွဲက အခုမှ စတာ၊ ငါ့လက်ထဲ အဖမ်း မခံ ရစေဖို့ ဆုတောင်း ထားပါ။ ”
ကောင်းကင် တာအို ဂိုဏ်းသို့ ရောက်ရှိစဉ် မှစကာ၊ သူမ သူ့အပေါ် လှည့်စားခဲ့ပုံ များကို ပြန်၍ သတိ ရလာ မိသည်။
ရှောင်ချင်းယန် ကဲ့သို့၊ ရက်စက် ကြမ်းကြုတ်သော ပြိုင်ဘက်မျိုး ကိုလည်း ပေးပို့ ခဲ့သေး၏။
ထို့ကြောင့် ကြွေးဟောင်းနှင့် ကြွေးသစ် များကို ဖြေရှင်းရန် အချိန် တန်ပြီ ဖြစ်သည်။ ရုတ်ချည်း လင်းယွန်မှ သူမ ပခုံးကို ဆုပ်ကိုင် လာသဖြင့် ဝမ်မူယန် တစ်ယောက် တုန်လှုပ် သွားသည်။
“ နင် ... နင် ဘာလုပ်ဖို့၊ ကြိုးစား နေတာလဲ။ ”
“ ဗြိ ... ၊ ဗြိ ... ၊ ဗြိ ... ။ ”
လင်းယွန်က ပြန်မဖြေဘဲ သူမ၏ အဝတ်များကို ဆုတ်ဖြဲ ပစ်လိုက်ပြီး၊ ယုန်လေး နှစ်ကောင်အား လှစ်ဟ ပစ်သည်။
“ ယဲ့ချင်းရှန် ... နင် ငါ့ကို ကြည့်ချင် နေတာလား၊ ဒါများ ဒီလောက် အထိ အားစိုက် နေစရာ မလို ပါဘူး၊ နင်ဆန္ဒရှိတဲ့ အချိန်တိုင်း ငါ ဖြည့်ဆည်း ပေးနိုင် ပါတယ်။ ”
ဝမ်မူယန်မှ အံအားသင့် တုန်လှုပ် သွား နေရာမှ ချက်ချင်း ပြုံးရယ်ကာ၊ ဂရုမစိုက်ဟန် ပြောကြား လာသည်။
သို့သော် လင်းယွန်က ပြုံးရုံသာ ပြုံးပြီး စကားမပြောဘဲ၊ လက်ကောက်ဝတ်ကို ဆုပ်ကိုင် လိုက်သည်။
ယင်းကြောင့် ယုန်ကလေး နှစ်ကောင်မှာ၊ အဖွေးသား တုန်ယင် နေ၏။ မြင်သူကို ချော့မြူ နှစ်သိမ့်ပေး လိုစိတ်များ ဖြစ်ပေါ် လာစေသည်။
သို့သော် ဝမ်မူယန် မျက်နှာမှာ၊ ချက်ချင်း နီရဲလာပြီး၊ ကျန်လက် တစ်ဖက်ဖြင့် ရင်ဘတ်ကို အလိုလို ကွယ်လိုက် မိသည်။
သူမ စကားနှင့် လုပ်ရပ်မှာ၊ ဆန့်ကျင်ဘက် ဖြစ်နေရာ၊ လင်းယွန်မှ ပြုံး၏။ ဝမ်မူယန်သည် အမှန်ပင် ကြောက်လန့် ချေပြီ။
“ နင် ... နင် တကယ် ဆန္ဒ ရှိနေ တာလား ယဲ့ချင်းရှန်။ ”
“ ဘာလို့လဲ ... မင်းပဲ စောစောက ပြောခဲ့ တယ်လေ၊ မင်းကို ဖမ်းနိုင်ရင်၊ ငါ လုပ်ချင်တာ မှန်သမျှ လုပ်နိုင် တယ်ဆို၊ ဘာလို့ အခုမှ နှမျောနေ ရတာလဲ။ ”
လင်းယွန်၏ လူယုတ်မာ အပြုံးကြောင့် ဝမ်မူယန်မှာ ဒေါသ ထွက်လာပြီး ရုန်းကန်လျက်
“ လွှတ် ... ငါ့ကို လွှတ်ပေး၊ နတ်သမီး တစ်ပါးရဲ့ ... သန့်စင်ခြင်းကို၊ ညစ်နွမ်း အောင် နင် လုပ်ချင် နေတာလား။ ”
ထိုစကားကို ကြားသော အခါ၊ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။ ယင်းသည် သူမ ဟူသည် သွေးလ ဂိုဏ်း၏ နတ်သမီး ဖြစ်ကြောင်း ဝန်ခံရာ ရောက်ချေ၏။
“ မင်း အသံကို ဘယ်သူမှ မကြားနိုင်ဘူး၊ မယုံရင် အော်ကြည့်လိုက်။ ”
လင်းယွန်က ဂရုမစိုက် ဟန်ဖြင့်၊ သူမ၏ လက် တစ်ဖက်ကို ရင်ဘတ်မှ ကြမ်းတမ်းစွာ ဆွဲခွာ လိုက်သည်။
ယုန်ဖြူလေး နှစ်ကောင်မှာ၊ တဆက်ဆက် တုန်ယင်လျက် လင်းယွန်အား ကြောက်ရွံ့ နေခဲ့ ၏။
ဤနေရာသည် လူသူ ကင်းမဲ့ နေသည် သာမက၊ ဓားနယ်မြေ အတွင်း ဖြစ်သဖြင့်၊ သူမ အော်သံကို မည်သူမျှ ကြားမည် မဟုတ်ချေ။
ဝမ်မူယန် မျက်နှာမှာ နီရဲ လာပြီး၊ ရှက် ဒေါသကြောင့် နှလုံးသားများ ပေါက်ထွက် မတတ် တိုး၍ ခုန်လာ တော့သည်။
နှလုံးခုန်လေ၊ ယုန်တုန်လေ ဖြစ်လာ၏။ ဤတစ်ကြိမ်၌ အမှန် တကယ် သူမ ထိတ်လန့် သွားပြီ ဖြစ်သည်။ ရန်သူသည် စစ်မှန်သော လူယုတ်မာ တစ်ယောက် ဖြစ်ချေပြီ။