← Chapters

ရေဝိညာဉ်စုံတွဲကို ဖမ်းခြင်း

Vol. 53 Ch. 1041

ရေဝိညာဉ်စုံတွဲကို ဖမ်းခြင်း

Vol. 53 Ch. 1041

ဘုန်း

ရေခဲနှင့်မီးတို့အကြားမှ တိုက်ပွဲသည် ကြီးမားသောလေလှိုင်းကြီးကို ဖြစ် စေပြီး ကြီးမားသည့် ပေါက်ကွဲသံပေါ်ထွက်လာကာ ရေခဲအလွှာသည် တစ်လွှာ ချင်းကွာကျလေသည်။ ရေလှိုင်းအဖြစ် ပလုံစီကာ ငွေရောင်အလင်းတန်းသည် ရေလှိုင်းထဲတွင် ငွေရောင်မြွေကဲ့သို့ ကူးခတ်လေသည်။ ရေဝိညာဉ်စုံတွဲသည် လျှပ်စီးကို ဖေးကာဆီသို့ ညွှန်ပြကာ တိုက်ခိုက်လေသည်။

ဝှစ် ဝှစ်

ဖေးကာ၏ခန္ဓာကိုယ်သည် လေထဲတွင် အဆက်မပြတ်လှည့်နေကာ မချိမဆံ့ အော်လေသည်။ မိုးပေါ်ကိုကြည့်နေကြသည့်လူများ လက်များကို တင်းကြပ်စွာပိုက်ထားသည်မှာ အပူအအေးကြောင့်မဟုတ်ဘဲ ထိုစိတ်မချမ်း မြေ့ဖွယ်ရာမြင်ကွင်းကြောင့် ဝိညာဉ်များပါ တုန်ယင်သောကြောင့်ပင်ဖြစ်သည်။

သန်မာလွန်းသည်။

ဤကမ္ဘာပေါ်တွင် တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုတွင် လျှပ်စီး အရည်အချင်းရှိနေသည်။ ငွေရောင်မြွေကဲ့သို့ပင် လျှပ်စီးသည် ဖေးကာ၏ ခန္ဓာ ကိုယ်ထဲသို့ ရေဝိညာဉ်စုံတွဲတစ်လျှောက် စီးဝင်သွားလေသည်။ ဖေးကာသည် တစ်ကိုယ်လုံးမှ အကြောများ လောင်ကျွမ်းသွားကာ ကြီးမားသော လျှပ်စီးနှင့် ပြည့်နှက်သွားပြီး အကြောများမှတစ်ဆင့် သွေးကြောများဆိသို့ ပျံ့နှံ့သွားသလို ခံစားရလေသည်။

ကျန်သည့်ယွမ်စွမ်းအားတစ်ခုသာ ထွက်လာပြီး ထိုမိုးကြိုးနှင့် လျှပ်စီးကို ဖိအားပေးရန်ကြိုးစားလေသည်။ သို့သော် ထိုမိုးကြိုးနှင့်လျှပ်စီးများသည် ယွမ်စွမ်းအားထဲသို့ ကပ်ဆိုးကဲ့သို့ စီးဝင်သွားကာ နောက်ဆုံးတွင် သူ၏ အကြောထဲတွင် ပေါက်ကွဲလေသည်။

“အာ...”

နောက်ဆုံး ဝမ်းနည်းပက်လက်အော်သံသည် ကောင်းကင်ကို နှစ်ပိုင်း ပိုင်းလိုက်သည့်အလား ကောင်းကင်ကို လှုပ်ခါပြီး မြေကြီးကို အက်ကွဲစေသည့် အလား ကမ္ဘာတစ်ခုလုံးပင် မှောင်မိုက်သွားသည့်အတိုင်း အသားနှင့်အသွေးများ သည် အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။ ကောင်းကင်မှ သွေးမိုးများ စတင် ရွာသွန်းလာပြီး တစ်စက်ချင်းစီသည် လက်စွပ်ထဲသို့ စီးဝင်လေသည်။

ရင်ပြင်တစ်ခုလုံး... မဟုတ်သေးပေ တာဝမြို့တစ်မြို့လုံးသည် တိတ်ဆိတ်သွားကြကာ အားလုံးသည် ကောင်းကင်အား စိုက်ကြည့်ကြလေ သည်။ လူငယ်သည် လှပသော်လည်း ရက်စက်သည့် ဖန်းထျန်လှံတံကို ကိုင် ဆောင်ပြီး ရှေးခေတ်များဆီက စစ်နတ်ဘုရားအလားပင်။ သူမ၏မျက်လုံးများ သည် ရွှန်းလဲ့နေပြီး မျက်လုံးများထဲတွင် မီးတောက်များ ကခုန်နေကြသည်။ ထိုအချိန်တွင်ပင်လျှင် ဖေးကာပေါက်ကွဲသည့်တိုင်အောင် သူမခန္ဓာကိုယ်မှ လူသတ်မည့်ရောင်ဝါသည် သန်မာနေတုန်းပင်။

သူမ မည်သည့်အချိန်ထိ စောင့်နေသည်ကို အားလုံးနားမလည်ကြပေ။ ရေခဲပြာအလင်းတန်းသည် မီးတောက်ကွင်းထဲမှထွက်ပေါ်လာပြီး သူမ၏ လက်ထဲမှ ဖန်းထျန်လှံတံသည် ရေခဲပြာအလင်းနေရာသို့ ချိန်ရွယ်နေပြီး သွေးဆာသည့်ရောင်ဝါ ထွက်ပေါ်နေလေသည်။ အသံသည် အေးစက်စွာနှင့် အေးခဲနေသောလူများ၏ အသိစိတ်ကို အေးခဲသွားစေသလိုပင် “ပြေးရဲသေးတာ လား၊ ပြေးရဲရင် မင်းက သေဖို့အသင့်ဖြစ်နေလို့ပဲ”

ရေခဲပြာအလင်းသည် စွမ်းအားအပြည့်နှင့် ပြေးလွှားပြီး လေထဲတွင် ပျံ့နှံ့ သွားလေသည်။ မီးတောက်များ သူ့ကိုစွဲလျှင် ငရဲကျမည့်အလားဖြစ်မည်ဖြစ် သဖြင့် တစ်လက်မပင်မလှုပ်ရဲပေ။

ဖေးကာ၏သေဆုံးမှုကြောင့် ထိတ်လန့်သွားသဖြင့် ကွင်းထဲတွင် တစ်လှမ်းချင်းစီ လှုပ်ရှားနေသည့် လူငယ်အား အကြည့်ပင်မလွှဲရဲကြပေ။ သူမ သည် ဖြည်းဖြည်းချင်းလျှောက်သွားလေသည်။ သို့သော် အားလုံး၏မျက်လုံးထဲ တွင် သူမ၏ ပုံရိပ်တံလျှပ်များသာ ကျန်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူမ၏ လက် ထဲမှ ဖန်းထျန်လှံတံသည် ရေခဲပြာအလင်းနေရာအထက်တွင် မြင့်မြင့်မြောက် သွားလေသည်။ လွတ်မြောက်ဖွယ်ရာလမ်းမရှိတော့ပေ။

“ရေဝိညာဉ်စုံတွဲပဲ သခင်သေသွားရင် ဖေးကာဆီက ထွက်ပြေးသွားတာပဲ”

“ဟုတ်တယ် ဖေးကာက သန့်စင်ထားတာမဟုတ်ဘူး သိမ်းရုံပဲသိမ်း ထားတာပဲ”

“မိုးနတ်မင်းရေ ဒီလိုဟာမျိုးကို သန့်စင်လိုက်ရင် ဘယ်လောက်တောင် အားကောင်းနေမလဲမသိတော့ဘူး”

ထိုအခိုက်အတန့်တွင် အားလုံးနားလည်လိုက်ကြသည်။ ထို့ကြောင့်ပင် ကောင်လေးသည် ဖေးကာကိုသတ်ပြီးသည့်နောက် မီးတောက်နယ်ပယ်ကို မရုတ်သိမ်းပေ။ သူမသည် ရေဝိညာဉ်စုံတွဲကို စောင့်ဆိုင်းနေခြင်းပင်ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ရတနာဖြစ်သည်။ ဖေးကာတွင်သာ ထို ရေဝိညာဉ်စုံတွဲမရှိလျှင် သူ့တွင် ဤမျှကြီးမားသောခွန်အားရှိမည်လား။

ရေခဲပြာအလင်းသည် တုန်ယင်လေသည်။ နတ်သူငယ်ဟုခေါ်သော မျိုးစိတ်တွင် အသိဉာဏ်ရှိနေပြီဖြစ်သည်။ အသိဉာဏ်ရင့်ကျက်သည်နှင့် အနာဂတ်တွင် လူသားအဖြစ် အသွင်မပြောင်းနိုင်စရာအကြောင်းမရှိပေ။ ဤကဲ့သို့ ရတနာမျိုးသည် ကောင်းကင်နှင့်မြေကြီးတွင် သန္ဓေတည်သည်။ အစပိုင်းတွင် ၎င်းသည် ရေတစ်စက်ဖြစ်ချင်ဖြစ်လိမ့်မည်။ ကစဥ့်ကလျား၏ အစပိုင်းမှစပြီး ကောင်းကင်နှင့်မြေကြီးအကြားမှ စွမ်းအင်ကို စတင်စုပ်ယူခဲ့၏။ နှစ်ပေါင်းထောင်ချီကြာပြီးနောက်တွင် စွမ်းအင်မည်မျှစုပ်ယူခဲ့သည်ကို မသိ တော့ပေ။ စွမ်းအင်သည် မတွေးနိုင်လောက်အောင်ပင်ဖြစ်သည်။

All Chapters