← Chapters

သန့်စင်မယ်ဆိုရင်

Vol. 53 Ch. 1042

သန့်စင်မယ်ဆိုရင်

Vol. 53 Ch. 1042

၎င်းတို့ကို ကောင်းကင်မီးတောက်နှင့် ခွဲခြားလျှင်တောင် အားလုံးသည် မြင်နိုင်သည့်ပုံပေါက်သည်။ ထိုအချိန်တွင် မီးတောက်၏ တောက်လောင်သော လောင်ပိတ်မှုအောက်တွင် ရေခဲပြာအလင်းသည် သည်းမခံနိုင်တော့သည့်ပုံပင်။ ၎င်းသည် ပြေးချင်သော်လည်း မပြေးရဲသည့်အတိုင်းပင်။ နှစ်ကြိမ်မျှ လင်းလက် ပြီးသည့်နောက် ပေထင်းဟွမ်၏ခန္ဓာကိုယ်ဆီသို့ ပြေးဝင်တော့မည့်အချိန်တွင် ပေထင်းဟွမ်၏လက်ထဲမှ ဖန်ထျန်းလှံတ့သည် လှုပ်ခါသွားပြီး ကြောက်မက် ဖွယ်ကောင်းသော စွမ်းအင်အတက်အကျနှင့် ၎င်းကိုရစ်ပတ်လိုက်သည်နှင့် အေးချမ်းသွားလေသည်။

ကောင်းကင်ပေါ်တွင် မီးတောက်များသည် နောက်ဆုတ်သွားပြီဖြစ်ကာ ရေခဲပြာအလင်းအုပ်စုသည် လူငယ်၏လက်ထဲမှ စွမ်းအင်နှင့် ရောယှက်ကာ လင်းလက်စွာ တောက်ပလေသည်။ အစောက အရိုင်းဆန်စွာ ထွက်ပြေးချင်နေ သည့် ရေဝိညာဉ်စုံတွဲသည် ယခုအချိန်တွင် ပေထင်းဟွမ်၏ လက်ထဲတွင် အေးချမ်းစွာ ရောက်လေသည်။

“ငါ့ခန္ဓာကိုယ်ထဲမှာ ကပ်နေချင်တာလား၊ အရည်အချင်းမပြည့်မှီဘူး” ပေထင်းဟွမ်သည် ခပ်သဲ့သဲ့ပြုံးပြီး ရေဝိညာဉ်ကိုစိုက်ကြည့်ပြီးနောက် လေဟာ နယ်ထဲသို့ ထည့်လိုက်လေသည်။ လက်ပတ်လေဟာနယ်ထဲတွင် ၎င်းလှုပ်ရှား မည်ကို ပေထင်းဟွမ် စိုးရိမ်မှုမဖြစ်ပေ။

ဓား ၉ လက်ဝိညာဉ်းဂိုဏ်းတစ်ယောက်အနေနှင့် ဖေးကာသည် နှစ်ပေါင်း များစွာတွင် ၎င်းကိုနှိမ်နှင်းပြီး သန့်စင်နိုင်ခြင်းမရှိခဲ့ပေ။ ထိုကောင်လေး၏ စိတ် သည် အရွယ်ရောက်နေပြီဖြစ်သည်။ ၎င်းသည် ရေဝိညာဉ် သို့မဟုတ် နတ်ရေ ဝိညာဉ်ဖြစ်သည်။ ပေထင်းဟွမ်သည် ၎င်းကို နှိမ်နှင်းရန်စဉ်းစားမိသည်။ သို့သော် သူသည် နှစ်မျိုးနှစ်ခွဖြစ်ရန် အရည်အချင်းမပြည့်မှီပေ။

သူမသည် ဖေးကာအား အားထုတ်မှုမရှိ အောင်နိုင်ခဲ့သည်။ သူမသည် ထို ရေဝိညာဉ်ကို မျက်လုံးထဲမထည့်ရန် ဆုံးဖြတ်လိုက်သည်။

သူမ ပြောခဲ့သည့်စကားကို ကြားပြီးနောက် ကောင်းကင်နှင့်မြေကြီးမှ လူများသည် ထပ်မံထိတ်လန့်မိလေသည်။ ထိုလူငယ်သည် ရေဝိညာဉ်ကို အနိုင် ယူပြီး နှိမ်နှင်းချင်သည်ဟု မူလကထင်ထားကြသော်လည်း ရေဝိညာဉ်ကို အလေးအနက်မထားလိမ့်မည်ဟု အားလုံးထင်မထားကြပေ။

ဇာမဏီမြို့မှထွက်လာသည့် လူပီသပေသည်။

“ရှောင်ကျို့ ဒီဖေးကာက အစတုန်းက ဓား ၃ လက်ဝိညာဉ်ဂိုဏ်းပဲရှိတာ ဒီ ရေဝိညာဉ်ကြောင့်ပဲ ဓား ၉ လက်ဝိညာဉ်ဂိုဏ်းဖြစ်သွားတာ၊ အဲဒါကို မင်း သန့်စင်လိုက်ရင်...” ချင်းယွိသည် အသက်ပြင်းပြင်းရှူကာ လျှောက်သွားပြီး ပေထင်းဟွမ်ဘေးတွင်ရပ်လေသည်။

ထိုအချိန်တွင် ပေထင်းဟွမ်၏မျက်လုံးများသည် ထိုင်းမှိုင်းသောအကြည့် လက်သွားပြီး သူမအသက်နှင့်ရင်းပြီး စောင့်ကြပ်ခဲ့သည့် အပေါင်းအပါများကို ဆုံးရှုံးခဲ့ရသည့် အင်ပါယာတက္ကသိုလ်ရှိသည့်ဘက်သို့ ကြည့်လိုက်သည် “အစ်ကိုချင်းယွိ နတ်ဘုရားသုံးပါးက ဝိညာဉ်ကယ်ဆေးသန့်စင်နိုင်တယ်လို့ ကြားတယ်၊ ကျွန်တော့်မှာ ကျွန်တော့်အတွက် သေပေးတဲ့သူငယ်ချင်းတစ် ယောက်ရှိတယ်၊ သူမကို အသက်ပြန်ကယ်ပေးမယ်လို့ ကျွန်တော် သစ္စာဆိုထား တယ်၊ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ စမ်းကြည့်ချင်တယ်”

ရေဝိညာဉ်စုံတွဲသည် သူမ၏ခွန်အားကို နောက်တစ်လှမ်းတက်အောင် လုပ်နိုင်မည်ကို သူမ ကောင်းစွာသိသည်။ နတ်ဘုရားအဆင့်တက်ရန် အဟန့်အတားမရှိခြင်းလည်းဖြစ်နိုင်သည်။ သို့သော် သူမသည် ခွန်အားကို ဦးစားပေးမည်မဟုတ်ပေ။ ခွန်အားသည် အရေးကြီးကောင်းကြီးနိုင်သည်။ ၎င်း သည် ကိုယ့်ကိုချစ်သူနှင့် ကိုယ်ကချစ်သူများကို ကာကွယ်နိုင်လိမ့်မည်။ သို့သော် သူငယ်ချင်းတစ်ဦး၏ အသက်ကိုကယ်မည့်ကိစ္စနှင့်ယှဉ်လျှင် ပြောရန် ပင်မလိုတော့ပေ။

ပေထင်းဟွမ်သည် အနည်းငယ်ပြုံးလိုက်သည်။ သူမ၏မျက်လုံးထဲတွင် ယုံကြည်မှုများ ထပ်မံလင်းလက်လာသည် “ကျွန်တော်ပြောတာက ကျွန်တော် သန့်စင်လိုက်ရင် မတန်ဘူး၊ ကျွန်တော့်မီးတောက်ကိုတောင် မခံနိုင်တဲ့ ရေဝိညာဉ်လေ၊ ကျွန်တော်သန့်စင်ဖို့ကို ဘာအရည်အချင်းရှိလို့လဲ”

ချင်းယွိသည် သူမ၏ ဆိုလိုရင်းကို နားလည်သည်။ သို့သော် ရေဝိညာဉ် သည် အရည်အချင်းမပြည့်မှီပေ။ သို့သော် ပေထင်းဟွမ်သည် ဤရေမျိုးစိတ်ကို ပထမဆုံးရခြင်းဖြစ်သည်။ သူမ တွေးလိုက်သည်မှာ သူမ၏ ခွန်အား ပိုတိုးရန် အသုံးမပြုရန်ဖြစ်သည်။ သို့သော် သူမသူငယ်ချင်း၏အသက်ကို ကယ်တင်ရန် အတွက် ကောင်းကင်နှင့်မြေကြီးရတနာကို အသက်နှင့်အစွဲအလမ်းကြီးရမည် ဖြစ်သည်။ ခွန်အားကို တိုးတက်ရန်အခွင့်အရေးများစွာရှိသည်။ သို့သော် သူငယ်ချင်းကို ကယ်တင်ရန် အခွင့်အရေးတစ်ခုသာရှိသည်။

သူမသည် ဤရေဝိညာဉ်ကို အထင်မသေးပေ။ သို့သော် စွမ်းအင်ရရန် အတွက်နှင့် သန့်စင်ဖို့ကို မတွေးခဲ့ပေ။

ချင်းယွိကို ပေထင်းဟွမ်၏ ပခုံးကိုအသာပုတ်လိုက်သည် “ရှောင်ကျို့ အစ်ကိုကြီးက မင်းကို ထောက်ပံ့ပေးတယ်” သူ၏ မေးစေ့သည် ရှေ့သို့တိုးလာ လေသည် “နောက်သုံးရက်နေရင် တန့်ကာမြို့မှာ အဂ္ဂိရတ်ပညာရှင် အစည်းအဝေးရှိတယ်လို့ပြောတယ်၊ ပြိုင်ပွဲမှာ ဆုက ငရဲက မှော်ဆေးပေးမှာ ရှောင်ကျို့လည်း စမ်းကြည့်လေ”

ပေထင်းဟွမ်၏မျက်လုံးများသည် ရုတ်တရက် လင်းလက်လာသည်။ သူမ တွင် ရေဝိညာဉ်ရှိပြီး ဝိညာဉ်ကယ်ဆေးရှိထားလျှင် နောက်ရတနာတစ်မျိုးကို စုလိုက်သည်နှင့် နတ်အဆင့်ဆေး၊ ဝိညာဉ်ကယ်ဆေးကို သန့်စင်နိုင်မည်ဖြစ် သည်။

All Chapters