ထျန်လင်အသီးလိုချင်တာလား မဟာမိတ်အင်ပါယာ တွေအများကြီးပဲ
Vol. 53 Ch. 1043
“ဟုတ်ပြီလေ” ပေထင်းဟွမ်၏ခေါင်းသည် ဖြည်းဖြည်းချင်းလှည့်လာကာ ကောင်းကင်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ကြေးစားအစည်းအရုံးမှထွက်လာ သည့် တခြားသောဝိညာဉ်ဂိုဏ်းလေးယောက်သည် ထိုအချိန်တွင် ပေထင်းဟွမ် ၏ အကြည့်ကိုမြင်ပြီးနောက် မျက်နှာမှာဖြူဖျော့လာသည် “ဘာပြောလိုက်တာ လဲ စစ်ဖြစ်မှာလား အညံ့ခံမှာလား”
ပေထင်းဟွမ်၏ စကားလုံးများကိုနားထောင်ရသည်မှာ ဂီတသံတစ်ခုကို ကြားလိုက်ရသလိုပင်။ သူတို့လေးယောက်သည် ပေထင်းဟွမ်နှင့် ဖေးကာတို့ အကြားမှ တိုက်ပွဲကိုမြင်ခဲ့ပြီးဖြစ်လေသည်။ ထိပ်တိုက်တွေ့မှုနီးပါးတိုင်းတွင် ဤလူငယ်သည် အရှုံးဟူ၍မရှိခဲ့ပေ။ ဖေးကာသည် ရေဝိညာဉ်စုံတွဲရှိသည့် ဓား ၉ လက်ဝိညာဉ်ဂိုဏ်းဖြစ်သည်။ ဤလူငယ်၏လက်ထဲတွင် သူသည် တစ်ချီမှ မနိုင်လိုက်ရဘဲ နောက်ဆုံးတွင် အသက်ပင်ပေးလိုက်ရသည်။
သူတို့တွင် လေးယောက်ရှိသော်လည်း အဆင့်နိမ့်ဓားဝိညာဉ်ဂိုဏ်း လေး ဘောက်သည် ဤလူငယ်ကိုတွေ့ရန် မလုံလောက်သေးပေ။
တွေဝေခြင်းမရှိဘဲ သူတို့လေးယောက်သည် ညာဘက်လက်ကို ဘယ်ဘက်ရင်အုံသို့တင်ကာ ပေထင်းဟွမ်၏ရှေ့တွင် အရိုအသေပေးပြီးနောက် တညီတညွှတ်တည်းပြောလေသည် “မလုပ်ရဲပါဘး ငါတို့က ဒီမှာကြေးစားတွေ နဲ့အတူ အခြေချတဲ့ အကြီးအကဲတွေပါပဲ၊ ငါတို့တစ်ဖွဲ့လုံးက ဌာနခွဲဥက္ကဌရဲ့ အမိန့်ကိုနာခံရပြီး လူကြီးမင်းနဲ့ရန်သူလုပ်ရတာပါ၊ ငါတို့မလုပ်ရဲပါဘူး ဒီကိစ္စမှာ ကြေးစားအစည်းအရုံးကမှားပါတယ်၊ ကြေးစားအစည်းအရုံးအစား လူကြီးမင်း ကို တောင်းပန်ပါတယ်”
“မဟုတ်ဘူး ကျွန်တော့်ကို တောင်းပန်ဖို့မလိုဘူး” ပေထင်းဟွမ်သည် မေးစေ့ကို အသာမော့ပြီး သူတို့လေးယောက်အား အထင်သေးသည့်အကြည့် နှင့် ကြည့်လေသည်။ ၎င်းသည် သာမန်ကာလျှံကာအကြည့်ဖြစ်သော်လည်း သူတို့လေးယောက်ဆီသို့ ကြီးမားသောစွမ်းအင်ဖြင့် တဟုန်ထိုးသွားရာ သူတို့ ပင် ရှက်မိလေသည်။ သူတို့လေးယောက်၏ ခါးသည်ပို၍ပင် ကိုင်းသွားသည်။
ဝိညာဉ်ဂိုဏ်းကြီးလေးယောက်သည် ဖိအား၏အကြောက်တရားကို ခံစား မိပြီး ခြေထောက်များမှာလည်း တုန်ယင်နေပြီဖြစ်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်သာ သူတို့ကို ဒူးထောက်ရန် ဖိအားပေးပါက ခုခံရန်အခွင့်ရှိမည် မဟုတ်ပေ။ ၎င်းသည် တောင်းပန်နေခြင်းပင်။ သူတို့လေးယောက်သည် စိတ်ရင်းနှင့် ချင်းသွမ့်နှင့် ချင်းယွိတို့အား ဦးညွှတ်လေသည် “ကြေးစား အစည်းအရုံးအစား နှင်းဝံပုလွေကြေးစားအဖွဲ့ကို တောင်းပန်ပါတယ်၊ ခေါင်းဆောင်ချင်းနဲ့ သခင်လေးချင်းတို့ ခွင့်လွှတ်ပေးကြပါ”
ချင်းယွိသည် မျက်နှာတွင် အမူအရာမရှိဘဲ သူ၏မျက်လုံးများသည် အလွန်ပင် တည်ငြိမ်လျက်ရှိသည်။ သို့သော် ချင်းသွမ့်သည် အနည်းငယ်မတူ ပေ။ သူသည် အပေါ်သို့တက်တော့မည်ပြုသည်။ သူသည် ထိုလူလေးယောက် အား ရွှင်လန်းစွာကြည့်ပြီး အသံမှာလည်း ခေါင်းလောင်းကဲ့သို့ ကျယ်လောင်နေ ကာ ရာနှုန်းပြည့် ယုံကြည်ချက်လည်းရှိနေသည် “မင်းတို့ရဲ့ သဘောထားကို တော့ ငါတို့အဖွဲ့က ခဏလောက်လွှတ်ထားပေးဦးမယ် အရမ်းတော့ မစီးနဲ့၊ ထျန်လင်အသီးနဲ့ တခြားဝိညာဉ်အသီးတွေက သာမန်လူတွေ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး”
မထင်မှတ်စွာပင် အမြဲတမ်းချင့်ချိန်တတ်သော ခေါင်းဆောင်ချင်းသွမ့် သည် သူ၏တည်ငြိမ်မှုပင် ပျောက်လုနီးပါးဖြစ်သွားသဖြင့် အားလုံးမှင်တက်ကြ လေသည်။ သေချာသည်မှာ ခွန်အားသည် နောက်ဆုံးစကားလုံးပင်ဖြစ်သည်။ ယနေ့ ပေထင်းဟွမ်သာ ကြေးစားအစည်းအရုံးဥက္ကဌကို မသတ်နိုင်ခဲ့လျှင် သူ မောက်မာစွာ ထောင်လွှားနိုင်မည်လား။
ပေထင်းဟွမ်သည် ထိုကိစ္စကို ဂရုမစိုက်ပေ။ သူမသည် တိုက်ကြီးတစ်ခု လုံးမှ လူများကို သတိပေးရန် လှုပ်ရှားချင်ရုံသာဖြစ်သည်။ မဟာမိတ်အင်ပါယာ နှင့် စီရင်ချက်ဗိမာန်တို့ ရန်သူဖြစ်သွားလျှင်လည်း ဘာအရေးနည်း။ သန့်စင် သောမြို့သည် သူမ၏လက်ထဲတွင် ရှိသေးသည်မဟုတ်ပါလား။ သူမသာ မဟာ မိတ်အင်ပါယာနှင့် တွဲဖက်ဖြစ်နေသေးသရွေ့ သူမ၏အတောင်ပံအောက်တွင် လူတိုင်းကို ကာကွယ်နိုင်သည်။ သူမ ပေထင်းဟွမ်သည် ဤတိုက်ကြီးတွင် ထောင်လွှားခွင့်ရှိသည်။ သူမတွင် သူငယ်ချင်းများရှိသေးသည်။
ပေထင်းဟွမ်သည် ဝင်းလက်သော မျက်လုံးနက်နက်များဖြင့် ကြည့်ပြီး ကောင်းကင်နှင့်မြေကြီးအကြား အေးစိမ့်သောအသံနှင့်ပြောလေသည် “နှင်းဝံပုလွေကြေးစားအဖွဲ့ကို ကြေးစားအစည်းအရုံးက ပိုင်တာဟုတ်ပါတယ်၊ ဒါပေမဲ့ သူတို့က လူသတ်ပွဲလုပ်ဖို့မဟုတ်ဘူး ထျန်လင်အသီးက မဟာမိတ် အင်ပါယာက အစ်ကိုကြီးချင်းယွိကို ပေးတဲ့လက်ဆောင်ပါ၊ ခွေးတွေ ကြောင် တွေ ဝင်လုလို့ရတဲ့ဟာမဟုတ်ဘူး နောက်ဆိုရင် နှင်းဝံပုလွေကို ရန်သူလုပ်ရဲတဲ့ သူမှန်သမျှက ငါတို့ မဟာမိတ်အင်ပါယာရဲ့ ရန်သူပဲ”
သူမ၏အသံတိုင်းသည် အားကောင်းကောင်းနှင့် ရိုက်ခတ်ပြီး ဝိညာဉ် ဂိုဏ်းလေးယောက်၏ နှလုံးကို စကားလုံးတစ်လုံးချင်းစီ ရိုက်ခတ်ကာ ကောင်းကင်နှင့်မြေကြီးရှိ လူတိုင်း၏နားထဲသို့ ဝင်သွားလေသည်။ လူငယ်၏ လှောင်ပြောင်သောအသံတစ်ခုသာ ထွက်လာလေသည် “ထျန်လင်အသီးကို လိုချင်တာလား၊ မဟာမိတ်အင်ပါယာမှာ အများကြီးပဲ အဲဒါက ရှားပါးပစ္စည်း မဟုတ်ဘူး၊ မဟာမိတ်အင်ပါယာကို သွားတဲ့သူမှန်သမျှ အမြဲကြိုဆိုနေမှာပါ”