သံမဏိသွေးရှိသရွေ့ သံမဏိသွေးက ခေါင်းဆောင်ပဲ
Vol. 53 Ch. 1044
အားလုံးသည် ကြက်သေသေသွားကြသည်။ သူမ ဘာပြောလိုက်တာလဲ။ ထျန်လင်အသီးက ရှားပါးပစ္စည်းမဟုတ်ဘူးလား။ အဲဒါမရှားရင် ဘယ်ဟာက ရှားတာလဲ။
အိုး ဒါနဲ့ မဟာမိတ်အင်ပါယာက ဒီလိုဝိညာဉ်အဆင့်ခွဲဆေးအများကြီးကို ထုတ်နိုင်တာနဲ့ယှဉ်ရင် ဒါကဘာမှမဟုတ်ဘူးပဲ။
ကြေးစားတပ်စုရာချီသည် ရင်ပြင်တွင်စုဝေးလာကာ ဤနေရာသို့ လာရောက်ကြည့်ရှုသများသည် ကြေးစားတပ်စုအသီးသီး၏ ထိပ်သီးများဖြစ် ကြကာ တချို့သည် ကြေးစားတပ်စု၏ခေါင်းဆောင်များ သို့မဟုတ် ကြေးစား တပ်စုများ၏ ကံတရားကိုပြောင်းနိုင်သည့် သော့ချက်များဖြစ်ကသည်။ ထို အချိန်တွင် လူများသည် ချင်းယွိအား အားကျသည့်မျက်လုံးများဖြင့်ကြည့်ပြိး လေသံဖြင့် အားကျကြောင်း တီးတိုးပြောကြလေသည်။
“မဟာမိတ်အင်ပါယာရဲ့ အကာအကွယ်ကိုရတာ နှင်းဝံပုလွေက တော်တော်ကံကောင်းတာပဲ”
“မိုးနတ်မင်းရေ တိုက်ကြီးမှာ နတ်ဘုရားအဆင့် ၇ ယောက်ရှိတဲ့ တစ်ခု တည်းသော စွမ်းအားပဲလေ၊ မဟာမိတ်အင်ပါယာက ဘယ်သူ့ကို ဖျက်ဆီးချင် ပါစေ လက်ချောင်းလေး လှုပ်လိုက်ရုံပဲ”
“နှင်းဝံပုလွေက မဟာမိတ်အင်ပါယာရဲ့ လက်အောက်ကမဟုတ်တော့ဘဲ မဟာမိတ်အင်ပါယာရဲ့ မိတ်ဆက်ဖြစ်သွားတဲ့ပုံပဲ၊ အဓိကက နှင်းဝံပုလွေနဲ့ မဟာမိတ်အင်ပါယာရဲ့ ခွန်အားက အရမ်းကွာတယ်မလား”
“အဲတော့ဘာဖြစ်လဲ နှင်းဝံပုလွေက မဟာမိတ်အင်ပါယာဆီကနေ မရေ မတွက်နိုင်တဲ့ အရင်းအမြစ်တွေရထားတာ ဒါပေမဲ့ မဟာမိတ်အင်ပါယာကို ဘာမှပြန်မပေးဖူးဘူး အဲဒါကလည်း အရမ်းမိုက်တဲ့အနေအထားပဲလေ”
ကံကောင်းလိုက်တာ။ အဲလိုအင်အားနဲ့ မိတ်ဖွဲ့နိုင်တယ်။
ဤတိုက်ပွဲတွင် မဟာမိတ်အင်ပါယာသည် နှင်းဝံပုလွေကြေးစားအဖွဲ့ကို ခိုင်မာစွာထောက်ပံ့ထားသည်မှာ ချဲ့ကားပြောရန်မလိုပေ။
“မိုးနတ်မင်းရေ ငါတို့ ဒီလူငယ်လေးရဲ့ ခွန်အားကိုမသိသေးဘူး” ကောင်းကင်အထက်တွင် လူငယ်လေးကို မျက်နှာချင်းဆိုင်ပြိး ဝိညာဉ်ဂိုဏ်း လေးယောက်သည် တုန်ယင်သောစိတ်နှင့် ဦးညွှတ်နေတုန်းပင်။ သူတို့ထဲမှ အားအကောင်းဆုံးလူသေသွားပြီဖြစ်သည်။ ကြေးစားအစည်းအရုံးသည် အရင် က ယခုလိုအရှက်မကွဲခဲ့ဖူးပေ။
သို့သော် သူတို့သည် ထိုနေ့က ရှင်းလင်းနေပြိဖြစ်သည်။ ကြေးစား အစည်းအရုံးဥက္ကဌလာလျှင်တောင် ဤလူငယ်၏လက်ထဲတွင် ကျေနပ်အောင် လုပ်နိုင်မည်မဟုတ်ပေ။
ခဏအကြာတွင် ဖေးကာသေပြီး ဝိညာဉ်လွင့်သွားသော်လည်း သူတို့လေး ယောက်သည် ရင်ထဲမှ အမုန်းတရားများကိုမျိုသိပ်ပြီး အံကိုတင်းတင်းကြိတ် ထားရသည်။ ထိုမသာသေသွားသော်လည်း သူသည် ကြေးစားအစည်းအရုံး အတွက် ရန်သူကြီးကို ချန်ပေးသွားခဲ့သည်။ ယနေ့ပင်လျှင် သူတို့သည် ကြေးစားအစည်းအရုံးအတွက် ရှင်သန်ရေးအခွင့်အရေးရရန် ခယနေရသည်။ စစ်ရေးအရ လှုပ်ရှားတော့မည်လား။
“မဟုတ်ဘူး ငါတို့ ဒီကိစ္စကို ကုန်သွယ်ရေးအစည်းအရုံးကို သတင်းပို့ရ မယ်၊ နောက်ဆိုရင် ကြေးစားအစည်းအရုံးက ခေါင်းဆောင်မဟုတ်တော့ဘူး၊ သံမဏိသွေးရှိသရွေ့ သံမဏိသွေးက ခေါင်းဆောင်ပဲ” သူတို့လေးယောက်သည် ထိုကိစ္စကို စဉ်းစားနေကြသည်။
တိတ်ဆိတ်နေသောလူအုပ်သည် ထိုအချိန်တွင် ဆူညံလာသည်။ ဤ တိုက်ပွဲကြီးသည် လူအများကို များစွာနားလည်သွားစေသည်။ တိုက်ခိုက်ရေး စိတ်ဓာတ်အုံကြွခြင်းသည် လူအများ၏ရင်ကို ထိစေသည်။ တောက်လောင် သော မျက်လုံးများနှင့် သွေးဆူသောစိတ်ဓာတ်နှင့် တိုက်ပွဲတစ်ခုလုံးကို ကြည့် နေကြသော နှင်းဝံပုလွေသည် ခံစားချက်များကို မဖိနှိပ်နိုင်တော့ပေ။ အားပေး သံများညံလာပြီး ကွင်းတစ်ခုလုံးသည် အထိန်းအကွပ်မဲ့လာသည်။
“ဟား ဟား ဟား နှင်းဝံပုလွေနိုင်သွားပြီ နှင်းဝံပုလွေနိုင်သွားပြီ”
“ဟုတ်တယ် ငါတို့နိုင်သွားပြီ အခုကစပြီး နှင်းဝံပုလွေကို ဘယ်သူ တိုက်ခိုက်ရဲမလဲကြည့်တာပေါ့”
“ဟုတ်တယ် ဘယ်သူမှမကြောက်ဘူး၊ ငါ ဟွမ်ချန်းကိုသါားချင်တယ် ဟွမ်ချန်းကို တကယ်ကြည့်ချင်တယ် အဲဒါက ငါ့ရင်ထဲက သန့်စင်တဲ့နေရာပဲ”
“ငါလည်းသွားချင်တယ် မိုးနတ်မင်းရေ ငါ သံမဏိသွေးညီအစ်ကိုတွေကို အရမ်းလွမ်းတာပဲ”
နှင်းဝံပုလွေကြေးစားအဖွဲ့ထဲမှ လူအားလုံး၏ အားပေးသံကို ကြားရ ပြီးနောက် ရင်ပြင်ထဲမှ တခြားကြေးစားအဖွဲ့များသည် အားကျသလို မနာလိုကြ သည်။ သိုသိုသိပ်သိပ်နေလို့မရဘူးလား။ သူတို့စိတ်ထဲက အားကျစိတ်ကို မထိန်းနိုင်ရင် အဲလူတွေကို ဖမ်းပြီးသွားရိုက်ချင်တော့မယ်။