Chapters

ငါ မိုးပေါ်ကိုပျံပြီး မဟာမိတ်အင်ပါယာထဲကိုဝင်ချင် တယ်

Vol. 53 Ch. 1045

ငါ မိုးပေါ်ကိုပျံပြီး မဟာမိတ်အင်ပါယာထဲကိုဝင်ချင် တယ်

Vol. 53 Ch. 1045

နောက်ဆုံးတွင် ကြေးစားတပ်စုခေါင်းဆောင်သည် အောင့်အီးမနေနိုင် တော့ဘဲ ရင်ထဲမှအကြောက်တရားကို ဖိနှိပ်ကာ ချင်းယွိအား တိုးညင်းစွာ စကားပြောနေသော ပေထင်ဟွမ်အား အော်ပြောလိုက်သည် “ညီလေး မင်းရဲ့ အင်ပါယာက မဟာမိတ်ဆိုမှတော့ တခြားအင်အားစုတွေကိုလည်း စုလား၊ ငါက မိုးပျံကြေးစားအဖွဲ့ရဲ့ခေါင်းဆောင်ပါ မင်းရဲ့မဟာမိတ်အင်ပါယာကို ဝင်လို့ ရလား”

မိုးပျံကြေးစားအဖွဲ့ခေါင်းဆေင်သည် မုတ်ဆိတ်ရှိသည့် သက်လတ်ပိုင်း အရွယ်အမျိုးသားဖြစ်ကာ ကြမ်းတမ်းသည့် သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ကြည်လင်သောမျက်လုံးနှင့် ရိုးစင်းမှုကို ပြသလေသည်။ ပေထင်းဟွမ်နှင့် ချင်းယွိတို့ စကားစပြတ်သွားကာ ထိုမုတ်ဆိတ်လူကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မိုးပျံဟုတ်လား။ သူမသည် ထိုကြေးစားအဖွဲ့ကို မကြားဖူးပေ။

ချင်းယွိသည် ဘေးမှရှင်းပြလေသည် “အဲဒါက ဘီအဆင့်ကြေးစားအဖွဲ့ပဲ၊ အဲဒီအဘိုးကြီးကဟွမ်သွမ့်လို့ခေါ်တယ်၊ သူ့မျက်နှာကိုကြည့်ရင်သိမှာပါ တော်တော်သစ္စာရှိတဲ့လူပဲ၊ သူက သစ္စာရှိပေမဲ့ ဆက်ဆံရေးသိပ်မကောင်းဘူး၊ တာဝမြို့က အနိုင်ကျင့်တတ်ပေမဲ့ တစ်ခုတော့ရှိတယ် သူက တော်တော် ဒဏ်ခံ နိုင်တယ်၊ မဟုတ်ရင် လူအယောက် ၄၀ ကျော်ပါတဲ့ ကြေးစားအဖွဲ့က ဘီ အဆင့်ကိုရောက်မှာမဟုတ်ဘူး”

ပေထင်းဟွမ်သည် အနည်းငယ်အံ့ဩသွားသည်။ လူအယောက် ၄၀ ကျော်သာရှိသော ကြေးစားအဖွဲ့သည် ဘီအဆင့်သို့ရောက်နေရာ ဤလူသည် အပေါ်ယံတွင်မြင်ရသကဲ့သို့ သစ္စာရှိပြီး ရိုးသားသည်ကို ပြသရန်လုံလောက်၏။ သို့သော် သူမသည် သစ္စာစောင့်သိသည်ကို နှစ်သက်သည်။

ရင်ပြင်မှလူများသည် ဟွမ်သွမ့်အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်ကြလေသည်။ ဒီလူက စိတ်မရှည်တာလား။ ဒီသခင်ကို ဘယ်လိုလုပ် 'ညီလေး' လို့ခေါ်ရဲရတာလဲ။ ဒီသခင်ကို ညီလေးလို့ခေါ်ဖို့ သူ့မှာဘာအခွင့်ရှိလို့ လဲ။

ဒီသခင်ကြီးသာ ဒေါသထွက်ပြီး သူ့ကိုလှံတံနဲ့ခုတ်လိုက်ရင် အစအန တောင်ကျန်တော့မှာမဟုတ်ဘူး။ အဲလိုဆိုရင် ပျော်ဖို့ကောင်းမှာပဲ။

ထိုအကြောင်းအားတွေးပြီးနောက် ဟွမ်သွမ့်၏ကြေးစားတပ်စုမှလူများမှ လွဲပြီး ဟွမ်သွမ့်အနားတွင်ရပ်နေသောလူများသည် တစ်ယောက်ချင်းစီ နောက်ဆုတ်ကာ ထိုလူ့အနားတွင် မကပ်ရဲကြတော့ပေ။

အရူး မိုးပျံကဘာလဲဆိုတာကို ကြည့်တောင်မကြည့်ဘူး။ နှင်းဝံပုလွေ ကြေးစားအဖွဲ့နဲ့ ယှဉ်လို့ရမလား။ နှင်းဝံပုလွေကြေးစားအဖွဲ့သည် အက်စ် အဆင့်ကြေးစားအဖွဲ့မဟုတ်သော်လည်း ပြည်မကြီးတွင် နံပါတ် တစ် ကြေးစား အဖွဲ့ဖြစ်သည်။ ပြောဖို့ရန်မလိုတော့ပေ။ မဟာမိတ်အင်ပါယာမှ တိုက်ရိုက် ပိုင်ဆိုင်ပြီး တစ်ယောက်ချင်းစီတွင် နတ်သားရဲများရှိသည့် သံမဏိသွေးသည် မိုးပျံအား အပိုင်းပိုင်းဖြစ်အောင်လုပ်နိုင်လောက်သည်။

ကရုဏာသက်မှု၊ အထင်သေးခြင်း၊ စက်ဆုတ်ခြင်း... အမူအရာအမျိုးမျိုး သည် ပိုက်ကွန်တစ်ခုအတွင်းသို့ ရောက်ပြိး ဟွမ်သွမ့်နှင့် သူ၏ကြေးစားအဖွဲ့ အား တင်းကြပ်စွာ ချည်နှောင်လေသည်။ ထိုစကားများကို စိတ်အားထက်သန် စွာ အော်လိုက်သောဟွမ်သိမ့်သည် ထိုအခိုက်အတန့်တွင် ရင်များခုန်လာသည်။

အထူးသဖြင့် ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး သန်းခေါင်ကဲ့သို့ မည်းနက်သော ပေထင်းဟွမ်၏မျက်လုံးများမှ သူမ၏အတွေးများကို ဖတ်မရဖြစ်နေသည်။ ဟွမ်သွမ့်သည် အနည်းငယ် နောင်တရလာသည်။ ဤလူငယ်သည် အသက် မည်မျှရှိသေးသနည်း။ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

သို့သော် ဆန္ဒပြင်းပြစွာတောင့်တမှုသည် ဟွမ်သွမ့်အား ရှောင်ရှားခွင့် မပေးပေ။ သူသည် ပေထင်းဟွမ်၏အကြည့်နှင့်သွားစုံချိန်တွင် ရင်ဘတ်ကို မတ်ပြီး ရှေ့တစ်လှမ်းတိုးကာ နောက်ဆုံးတွင် ဦးညွှတ်လေသည် “ငါတို့ မိုးပျံ ကြေးစားအဖွဲ့က မဟာမိတ်အင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ချင်ပါတယ်”

“မင်းတို့ ကြေးစားတပ်စုက အရည်အချင်းမပြည့်မှီဘူး” ပေထင်းဟွမ်၏ အသံသည် ဟွမ်သွမ့်၏ရင်ထဲသို့ ချွန်ထက်သောဓားသွားအလား ထိုးစိုက်ဝင် သွားသည်။ ၎င်းသည် အားနည်းသော်လည်း တစ်သက်လုံး အားနည်းသွား၍ မဖြစ်ပေ။

ထိုအချက်သည် နားလည်ထိုက်သည်။ စွမ်းအားကြီးသည့်လမ်းတွင် မပြတ်သားသူများအတွက် နေရာမရှိပေ။ ပေထင်းဟွမ်သည် အနည်းငယ် ခေါင်းညိတ်ကာ ထိုမုတ်ဆိတ်၏ တောက်လောင်သောမျက်လုံးများမှ မျှော်လင့် ချက်ကိုမြင်နေရသည်။ သူမသည် ခွန်အားနောက်လိုက်သည့် လူတစ်ယောက် ကို ဘယ်သောအခါမှ သတ်မည်မဟုတ်ပေ။

အကြောင်းမှာ သူမသည် တစ်လျှောက်လုံး ထိုလမ်းမှလာခဲ့ခြင်းဖြစ်ပြီး ခိုင်မာသောယုံကြည်ချက်နှင့် အရှုံးကို ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်ပေ။