မိုးပျံကြေးစားအဖွဲ့ ကံကောင်းခြင်း
Vol. 53 Ch. 1046
ပေထင်းဟွမ်သည် ထိုလူများကို အသိအမှတ်ပြုသည်။ ယနေ့ သူမ ဤတိုက်ကြီးတွင် အမြင့်ဆုံးထိတက်လှမ်းခဲ့စဉ်က ပခုံးပေါ်တွင် ခွန်အား နောက်သို့လိုက်သူများအားလုံးကို ထောက်ပံ့ရန်အတွက် အပိုတာဝန်များရှိခဲ့ သည်။ ထို့ကြောင့် သူတို့သည် သူမ၏ဦးဆောင်မှုနောက်သို့ လိုက်နိုင်ခဲ့သည်။ “ဒါပေမဲ့ ခေါင်းဆောင်ချူဖုန်းဆီသွားဖို့ ခွင့်ပြုပေးပါတယ်၊ သူ လက်ခံမလား လက်မခံဘူးလားဆိုတာတော့ ခင်ဗျားတို့ရဲ့ကံပါပဲ”
ပေထင်းဟွမ်၏အသံဆုံးသည်နှင့် ရင်ပြင်တစ်ခုလုံးတွင် မည်သည့်အသံမှ မကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ ထင်ရှားစွာပင် ကြားလိုက် ရသည့်စကားများကို မည်သူမှမယုံကြည်ကြပေ။
ခေါင်းဆောင်ချူဖုန်းသည် သံမဏိသွေး၏ စစ်မှန်သော အုပ်ချုပ်သူဖြစ် သည်။ မဟာမိတ်အင်ပါယာမှ ဤလူငယ်သည် ဟွမ်သွမ့်အား ချူဖုန်းဆီသွားရန် ခွင့်ပြုခဲ့သည်မှာ မဟာမိတ်အင်ပါယာသည် ဟွမ်သွမ့်အတွက် လမ်းဖွင့်ပေးကာ မိုးပျံကြေးစားအဖွဲ့ကို အခွင့်အရေးပေးလိုက်ခြင်းပင်။
ခေါင်းဆောင်ချူဖုန်းသည် အလွန်ဖြောင့်မတ်သူဖြစ်ကာ သဘောထားမှာ လည်း သမုဒ္ဒရာမျှကျယ်ဝန်းသည်ဟု သိရသည်။ သူသည် နတ်မိစ္ဆာသားရဲတော တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် ဂုဏ်သတင်းကောင်းများစွာရခဲ့ သည်။ မိုးပျံကြေးစားအဖွဲ့၏ခွန်အားသည် မသန်မာသော်လည်း ဟွမ်သွမ့်သည် လည်း ကြေးစားလောကတွင် ကျော်ကြားသူဖြစ်သည်။ သူသည် ရည်ရွယ်ချက် ကောင်းကောင်းရှိသည်။ ချူဖုန်းသည် ဤကဲ့သို့အားကောင်းသောအဖွဲ့ကို ငြင်းဆန်မည်မဟုတ်ပေ။
ထိုအချိန်တွင် အားလုံးသည် မိုးပျံကြေးစားအဖွဲ့ကို အားကျပြီး မဟာမိတ် အင်ပါယာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ချင်လာကြသည်။
ခွန်အားနောက်လိုက်နေကြသည့် တချို့သောကြေးစားတပ်စုများသည် ပါးစပ်အဟောင်းသားဖြစ်ရုံမှတစ်ပါးမရှိတော့ပေ။ မိုးပေါ်မှထိုလူငယ်၏ ပုံရိပ် သည် မည်သည့်နေရာရောက်သွားသနည်း။ သခင်လေးချင်းယွိပင် ပျောက်ကွယ်သွားခဲ့သည်။
ရင်ပြင်ပေါ်တွင် မိုးပျံကြေးစားအဖွဲ့ဝင်များသည် ထခုန်လုမတတ် ပျော်ရွှင်ကြလေသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ပြီး အောင်ပွဲခံကြသည်။ လေထုသည် အလွန်တက်ကြွနေပြီး အေအဆင့်တာဝန်ကို ပြီးမြောက်သွားသကဲ့သို့ပင်။
“ကောင်းတယ် ငါတို့တွေ မဟာမိတ်အင်ပါယာရဲ့ အဖွဲ့ဝင်ဖြစ်လာတော့ မယ်”
“သံမဏိသွေးကြေးစားအဖွဲ့ဝင် တစ်ယောက်ချင်းစီမှာ အနည်းဆုံး နတ်သားရဲတစ်ကောင်စီရှိတယ်လို့ကြားတယ် တချို့က သန့်စင်တဲ့သားရဲ တစ် ကောင်စီတောင် အပိုရှိကြတာတဲ့၊ ငါ အဲဒီကိုသွားလိုက်ရင် ဝိညာဉ်သားရဲ တစ် ကောင်လောက်တော့ ရဖို့မျှော်လင့်ပါတယ်”
“မင်းမှားသွားပြီ သံမဏိသွေးအဖွဲ့ဝင်ဆိုရင် မှော်သားရဲအမျိုးမျိုးရှိတယ် လို့ကြားတယ်၊ ခွန်အားစာချုပ်ရှိသရွေ့ နတ်သားရဲရမှာပဲ”
“မိုးနတ်မင်းရေ ဒါက ခွန်အားကြီးတာပဲ သံမဏိသွေးအဖွဲ့ဝင်တွေ အားလုံးက ကောင်းကင်ခွန်အားရှိကြတယ်၊ ငါတို့သွားလိုက်ရင် ငါတို့ကို အထင်သေးသွားကြတော့မှာလား”
သူ၏ကြေးစားအဖွဲ့ဝင်များ၏ မျိုးစုံသောခံစားချက်များကို နားထောင် ပြီးနောက် ဟွမ်သွမ့်သည် ခနဲ့သည့်အပြုံးနှင့် ခေါင်းကိုယမ်းလေသည်။ ထို့နောက် ခေါင်းနှစ်ဟန့်ကာ အဖွဲ့ထဲမှလူများကို ငြိမ်သက်ခိုင်းလေသည် “သံမဏိသွေးက ငါတို့ကိုခေါ်မလား မခေါ်ဘူးလားဆိုတာ မသေချာသေးဘူး အဲအကြောင်းမပြောသေးနဲ့ဦး လူတွေကို ရယ်စရာဖြစ်အောင်မလုပ်နဲ့”
ထိုအခိုက်အတန့်တွင် မိုးပျံကြေးစားအဖွဲ့ဝင်များသည် ရှက်သွေးဖြာကာ လက်များဖြင့် မျက်နှာများကို အုပ်ကကြလေသည်။ သူတို့သည် အလွန် စိတ်လှုပ်ရှားမိနေကြသည်။ ဖြစ်တန်ရာသည်မှာ ထိုအချိန်တွင် တခြားကြေးစား အဖွဲ့မှလူများသည် သူတို့အား လှောင်ပြောင်နေလိမ့်မည်။
သို့သော် ထိုအချိန်တွင် မိုးပျံကြေးစားအဖွဲ့မှ အလွန်ရင်းနှီးသောအသံတစ် ခုထွက်လာလေသည်။ ထို့နောက် မေ့မရသည့်အသံနှင့်ပြောလေသည် “မင်းတို့ကို ဘယ်သူရယ်ရဲလဲ မင်းတို့ကို အားကျဖို့တောင် နောက်ကျနေပြီ၊ မဟာမိတ်အင်ပါယာနဲ့ ဆက်ဆံရေးကောင်းတစ်ခုရသွားတာလေ”
မိုးပျံအဖွဲ့သာ မယုံနိုင်ဖြစ်ရုံသာမကဘဲ ရာချီသောကြေးစားအဖွဲ့များပင် မယုံနိုင်ကြပေ။ ထိုစကားပြောသည်မှာ ချန်းယန်ကြေးစားအဖွဲ့ဖြစ်သည်။ ချန်းယန်ကြေးစားအဖွဲ့သည်လည်း ဘီအဆင့်ကြေးစားအဖွဲ့ဖြစ်ကာ မိုးပျံအဖွဲ့ အား အမျိုးမျိုးသောနည်းလမ်းများဖြင့် အထင်သေးခဲ့သူဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် ကြေးစားအဖွဲ့များအားလုံးသည် ထိုစကားကို စိတ်ရင်းနှင့် ပြောလာလိမ့်မည်ဟု ထင်မထားပေ။