← Chapters

ဒါကကောင်းကင်ကိုသွားမယ့် စည်းချက်ပဲ

Vol. 53 Ch. 1047

ဒါကကောင်းကင်ကိုသွားမယ့် စည်းချက်ပဲ

Vol. 53 Ch. 1047

ထွက်သွားတော့မည်ပြုနေသည့် ကြေးစားများအပါအဝင် ရှိနေသည့်လူ များသည် ခေါင်းလှည့်ပြီးနောက် သူ့ကို ယုံရခက်သောမျက်လုံးများဖြင့် ကြည့် လိုက်သည်။ ဖြူဖျော့သောမျက်လုံးများနှင့် တပ်စုခေါင်းဆောင်သည် ခနဲ့သော အပြုံးပြုံးကာ လက်ကိုဝေ့ယမ်းလိုက်သည် “ငါ့ကို အဲလိုမကြည့်ကြနဲ့လေ၊ ငါ လည်းမလုပ်ချင်ပါဘူး ဒါပေမဲ့ စွမ်းအားကြီးတဲ့အောက်ကိုတော့ ငါဦးညွှတ်ရမှာ ပဲ၊ လက်ရှိကိစ္စတွေကို ငါ မသိရင် ဒီနေ့ အဆိပ်ပျားက ငါ့ရဲ့မနက်ဖြန်ဖြစ်လာမှာ ပဲ”

ပညာတတ်သူသည် လေးစားစရာကောင်းသည်။

၎င်းသည် စစ်မှန်သော ပြိုင်ဘက်ဖြစ်သည်။ သို့သော် ယနေ့မှစပြီး ချန်ယန်သည် မိုးပျံ၏ပြိုင်ဘက်မဟုတ်တော့ပေ။ ဟွမ်သွမ့်သည် ရှေ့တိုးပြီး ခေါင်းဆောင်ရှေ့တွင်ရပ်လိုက်သည် “ချန်ယန် ငါ့ကို အထင်သေးတာလား၊ ငါက မင်းနဲ့ရှင်းဖို့အတွက် သံမဏိသွေးကို ဝင်ချင်တယ်လို့ထင်နေတာလား၊ မင်းက ငါ့ကို အထင်သေးတာပဲ”

နှစ်ပေါင်းများစွာပြိုင်ဘက်ဖြစ်လာသည့် ချန်ယန်သည် ဟွမ်သွမ့်ကို ကောင်းစွာသိသည်။ သူသည် ထိုကဲ့သို့ဗီလိန်မျိုးမဟုတ်သည်ကို သိသည်။ သူသည် ဖေးထျန်အတွက် အကောင်းဆုံးအနာဂတ်ကို ရှာပေးချင်ရုံတင်ဖြစ် သည်။ ရှင်းလင်းလွန်းသည်။ မဟာမိတ်အင်ပါယာမှ ကိုယ်ပိုင်အင်အားစုသည် ဒေါသကို နည်းနည်းမှ ယူပေးမည်မဟုတ်ပေ။ “ဒီနေ့ ကြေးစားအစည်းအရုံးက လူတွေကို သတ်နိုင်တဲ့ အဲဒီလူငယ်က အဲလိုလူမျိုးဆိုပြီး ဘာလို့တွေးလိုက် တာလဲ”

ဟွမ်သွမ့်သည် ငေးကြောင်စွာကြည့်မိလေသည်။ သူသည် ထိုကိစ္စကို မတွေးမိပေ။ ထို့အပြင် ရင်ပြင်မှလူများလည်း ငေးငိုင်သွားကြသည်။ ကြေးစား အစည်းအရုံးတွင် နှစ်ပေါင်းများစွာပင် မသေသည့်လူမရှိဟု မပြောနိုင်ပေ။ သို့သော် မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းကမှ ဤကဲ့သို့ လူမြင်ကွင်း တွင် ဥက္ကဌကို သတ်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

၎င်းသည် ပြည်မကြီးတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ချန်ယန်သည် သက်ပြင်းချလေသည်။ သူသည်လက်မြှောက်ကာ ဖေးထျန်အားပုတ်လေသည် “ငါပြောရမယ် မင်းကံက ငါ့လောက်ကောင်းခဲ့တာ မဟုတ်ဘူး ဒါပေမဲ့ ဒီတစ်ခါတော့ ငါ မင်းလောက်ကံမကောင်းတော့ဘူး၊ မဟာမိတ်အင်ပါယာက သူ့လူတွေကို ကာကွယ်မှာ သူ့ပုံစံက ယန်ချန်းနဲ့တူ တယ် မဟာမိတ်အင်ပါယာက ဆက်နွယ်မှုရှိတယ်ဆိုတာကို ငါ ကြေညာချင် တယ်၊ ပြီးတော့ သူ့ရဲ့မဟာမိတ်က ဒီတိုက်ကြီးမှာ ထောင်လွှားလို့ရတယ်”

အားလုံးသည် မယုံနိုင်စွာဖြစ်လေသည်။ သို့သော် သူတို့သည် နှင်းဝံပုလွေ ကြေးစားအဖွဲ့ဝင်များကို ကြည့်လိုက်ကြသည်နှင့် သူတို့၏မျက်နှာပေါ်မှ တောက်ပမှုနှင့် အကြောက်အလန့်ကင်းမှုတို့ကိုမြင်လိုက်ရလေသည်။ ချန်ယန် ပြောသမျှကို မည်သူမှ သံသယမဝင်ကြပေ။

မဟာမိတ်အင်ပါယာသည် ဤတိုက်ကြီးကို သတိပေးရန် လွှတ်လိုက်ခြင်း ပင်။ ၎င်းကို အနိုင်ကျင့်ရဲသူသည် ငရဲသို့ရောက်မည်ဖြစ်သည်။

အလွန်ပင် ထောင်လွှားသော်လည်း အလွန်လည်း မနာလိုစရာကောင်း သည်။

“အမေရေ မိုက်လိုက်တာ ငါကျ ဘာလို့အဲလောက်ကံမကောင်းရတာလဲ”

“ဒါက ကောင်းကင်ကိုသွားတဲ့ စည်းချက်ပဲ ဒါပေမဲ့ ဘယ်သူ့မှာများ ဒီလို ခွန်အားရှိလို့လဲ”

“နတ်ဘုရား အဆင့် ၇ ယောက်ရှိတာ၊ နတ်ဘုရားအဆင့်ရှိတဲ့ အင်အးစု ဆိုရင် ကြောက်ကစရာကောင်းနေပြီ သူ့ဟာက ၇ ယောက်တောင်ရှိတာနော်”

“ဟုတ်တယ် ဟုတ်တယ် မဟာမိတ်အင်ပါယာက မီးတောက်မြို့ ညအရှင်အိမ်တော်နဲ့ အမှောင်နတ်မိစ္ဆာနန်းတော်လိုမျိုး အားကောင်းတဲ့ မဟာမိတ်တွေရှိနေတာ၊ မိုးနတ်မင်းရေ အဲလောက်တောင် ကြောက်စရာ ကောင်းဖို့လိုလို့လား”

ဟွမ်သွမ့်သည် ထိုအချိန်မှပင် မည်သည့်အရာကို ဖက်တွယ်ထားမိသည် ကို သတိထားမိသွားလေသည်။ ချန်ယန်ပြောသည်မှာမှန်သည်။ သူသည် သံမဏိသွေးကြေးစားအဖွဲ့ကို မဝင်နိုင်လျှင်တောင် ချူဖုန်း၏အကျင့်နှင့်ဆိုလျှင် အနာဂတ်တွင် ပြည်မကြီး၌ သံမဏိကြေးစားအဖွဲ့သည် သူ့ကိုစောင့်ရှောက် သွားမည်ဖြစ်သည်။ ဖေးထျန်တွင် စိုးရိမ်မှုမရှိပါဟု အာမမခံနိုင်သော်လည်း အနည်းဆုံးတော့ မတော်တဆဖြစ်စရာအကြောင်းမရှိပေ။

ချန်ယန်နှင့် တခြားသောကြေးစားအဖွဲ့များ အားကျနေသည်မှာ ထူးဆန်း ဖွယ်ရာမရှိတော့ပေ။

“မစိုးရိမ်ပါနဲ့ ခေါင်းဆောင်ချူဖုန်းက မင်းကိုခေါ်မှာပါ၊ မင်းရဲ့ခွန်အားက သံမဏိသွေးထက်တစ်ဆင့်နိမ့်ပေမဲ့ အခုသံမဏိသွေးက တပ်မကြီး တည်ထောင်နေတာ၊ သူတို့လည်း ခွန်အားချဲ့ဖို့ အရေးတကြီးလိုနေတာ” ချန်ယန်သည် ထူးဆန်းစွာပြုံးပြီးနောက် ထပ်ပြောလေသည် “ငါလည်း ငါ့အဖွဲ့ သားတွေကို ခေါ်ပြီး ကံသွားစမ်းဦးမယ်”

ချန်ယန်ပြောသည့်စကားကိုကြားပြီးနောက် တခြားကြေးစားအဖွဲ့များ လည်း လှုပ်ရှားလေသည်။ တပ်ဖွဲ့လား။ ဒဏ္ဍာရီဝင်သားရဲတပ်ဆိုလျှင် စဉ်းစား လိုက်သည်နှင့် သွေးများပွက်လာစေသည်။

ကြေးစားအစည်းအရုံးမှအဖွဲ့ဝင်များသည် ငိုမဲ့မဲ့ဖြစ်နေကြသည်။ ကြေးစားတပ်ဖွဲ့သာ မဟာမိတ်အင်ပါယာသို့မဝင်နိုင်လျှင် ကြေးစား အစည်းအရုံးသည် မည်သို့ဖြစ်မည်နည်း။ ဖေးကာ ထိုလူသည် ကြေးစား အစည်းအရုံးကို သတ်ခဲ့ချေပြီ။

All Chapters