← Chapters

ရှောင်ကျို့က ငရဲမင်းဖြစ်လာမှာ

Vol. 53 Ch. 1048

ရှောင်ကျို့က ငရဲမင်းဖြစ်လာမှာ

Vol. 53 Ch. 1048

ပေထင်းဟွမ်နှင့်တခြားသူများထွက်သွားသော်လည်း ရင်ပြင်ထဲတွင် အတန်ကြသည်အထိ မငြိမ်ကြသေးပေ။ ရာချီသောကြေးစားတပ်စုများသည် အပြိုင်အဆိုင်စုဝေးပြီး အဓိကကိစ္စများကို ဆွေးနွေးကြလေသည်။ ဖေးကာကို ပေါ်ပေါ်ထင်ထင် သတ်လိုက်ခြင်းသည် သူမအား ယခုလိုရိုက်ခတ်လိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ သည်လိုနှင့် ၎င်းသည် ချူဖုန်းအတွက် နာကျင် စရာဖြစ်လာတော့မည်။ သူသည် ကြေးစားအဖွဲ့တစ်ခုချင်းစီ လာရောက်ခြင်းကို လက်ခံရကာ ယန်ချန်းရှိ အစည်းအဝေးကြီးနှင့် လွဲချော်နီးပါးဖြစ်သွားသည် အထိ အလုပ်များသွားလေသည်။

“အစ်ကိုကြီးချင်းယွိ ကျွန်တော် တန့်ကာမြို့ကို သွားရမှဖြစ်မယ် နောက် သုံးရက်နေရင် အဂ္ဂိရတ်အစည်းအဝေးရှိမယ်လို့ ပြောခဲ့တာမလား၊ ကျွန်တော် အခုထွက်မှဖြစ်မယ်” နှင်းဝံပုလွေကြေးစားဌာနချုပ်၏ ဝင်ပေါက်တွင် ပေထင်းဟွမ်သည် မုချင်းလင်၏လက်ကိုတွဲကာ ချင်းယွိအား နှုတ်ဆက်လေ သည်။

သူမ အလောတကြီးထွက်သွားမည်ကို ချင်းယွိ သိထားသည်မှာကြာပြီ ဖြစ်သော်လည်း ဤမျှအရေးတကြီးသွားမည်ဟုထင်မထားပေ။ ထို့ကောင့် သူ သည် သူမ၏နှာခေါင်းကိုသပ်လိုက်သည် “မင်း ဒီလိုမျိုး အမြန်သွားလိုက်ရင် အဂ္ဂိရတ်အစည်းအဝေးကိုတက်နိုင်မယ်လို့ထင်လား”

“မထင်ဘူးလေ” ပေထင်းဟွမ်သည် အမှုမထားသလိုပြောလေသည် “ကျွန်တော် စာရင်းပေးရမယ်ဆိုတာသိတယ် အဲဒါကြောင့် အလျင်လိုနေတာ၊ သုံးရက်ကျန်သေးတယ် စာရင်းပေးလို့ရသေးတယ်”

ထိုအချိန်တွင် မုချင်းလင်ပင် မရယ်ဘဲမနေနိုင်တော့ပေ။ သူမသည် ခေါင်းခါပြီး ပေထင်းဟွမ်၏လက်ကို လှုပ်ခါလေသည် “ရှောင်ကျို့ နင်က အဂ္ဂိရတ်ပညရှင်မှမဟုတ်တာ ပြိုင်ပွဲကိုဝင်ဖို့အရည်အချင်းပြည့်မှီလို့လား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒီတိုက်ကြီးမှာ အဆင့် ၆ ဆေးကို ဖော်စပ်နိုင် တဲ့သူ ဘယ်နယောက်ရှိလို့လဲ၊ အဲဒါအဆင့်ကောင်းတဲ့ဆေးနော်၊ ငါ့ကို အဂ္ဂိရတ်ပညာရှင်လို့ မခေါ်ထိုက်ရင် ဘယ်သူနဲ့တန်တာလဲ” ပေထင်းဟွမ်သည် လက်မြှောက်ကာ မုချင်းလင်၏မျက်နှာကို ဆိတ်ပြီး ပြောလေသည် “လင်အာ က ငါစပ်တဲ့ဆေးကို အထင်သေးတာလား”

မုချင်းလင်သည် ပေထင်းဟွမ်၏ အသွင်အပြင်ကို မရယ်ဘဲမနေနိုင်တော့ ပေ။ ပေထင်းဟွမ် တခြားသူများရှေ့တွင် သူမကို တစ်ခုခုလုပ်မည်ကို သူမ ကြောက်နေခြင်းပင်။ ဤနေရာသည် နှင်းဝံပုလွေကြေးစားတပ်၏ ပင်မတံခါး ပင်။ ဝင်ထွက်သွားလာနေသူများစွာရှိသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် သူမအား တီးတိုးပြောလာလိမ့်မည်ဟုထင်မထားသဖြင့် လက်ကိုအမြန်မြှောက် ကာ တောင်းပန်လေတော့သည် “မဖြစ်နိုင်တာ ရှောင်ကျို့ မလုပ်ပါနဲ့ အစ်ကိုကြီးချင်းယွိ ကယ်ပါဦး”

ချင်းယွိသည် ခေါင်းခါမိသည်။ ပေထင်းဟွမ်၏လက်ကိုယူကာ မျက်နှာ ချင်းဆိုင်တွင်ရှိသော အဂ္ဂိရတ်အစည်းအရုံးဆီသို့ လျှောက်သွားလေသည် “မင်း မင်းဘယ်ကလာလဲဆိုတာ ငါ တကယ်မသိတော့ဘူး၊ မင်း ဉာဏ်ကောင်းတယ် လို့သာပြောလိုက်တော့ မင်းက ဒီတိုက်ကြီးမှာ ဉာဏ်အကောင်းဆုံးပဲ၊ မင်းက အခြေခံကိုမသိဘူး၊ အဆင့် ၆ ဆေးကို မင်းဖော်စပ်နိုင်တာမှန်ပါတယ်၊ ဒါပေမဲ့ မင်းမှာ အဂ္ဂိရတ်ပညာရှင်အသိအမှတ်ပြု မှတ်တမ်းမရှိဘူး၊ ဒီဆေးအစည်းအဝေးက အဂ္ဂိရတ်ပညာရှင်အစည်းအရုံးကလုပ်တာပဲ”

ဤတိုက်ကြီးသည် ထုံးတမ်းကိုမပစ်ပယ်နိုင်ပေ။ ၂၁ ရာစုကဲ့သို့ပင် သုတေသနဆိုသည်မှာရှိရသည်။ တစ်ခုခုလုပ်မည်ဆိုလျှင် အရင်ဆုံး အသိအမှတ်ပြုလက်မှတ်ယူထားရသည်။ ဤတိုက်ကြီးသို့လာပြီးနောက် ပေထင်းဟွမ်သည် အစောပိုင်းက ကြေးစားဖြစ်လာရန် ဓားသခင်တံဆိပ် အတွက် စာမေးပွဲဖြေခဲ့ဖူးသည်။ ထိုအရာသည် များစွာအသုံးဝင်သည့်ပုံမပေါ် ပေ။

“ဒါဆို ကျွန်တော်တို့အခုဘာလုပ်ရမလဲ ယာယီစာမေးပွဲရှိသေးတာလား” ပေထင်းဟွမ်သည် ချင်းယွိနောက်လိုက်ကာ အဂ္ဂိရတ်အစည်းအရုံးသို့သွားလေ သည်။

၎င်းသည် တာဝမြို့မှ အဂ္ဂိရတ်အစည်းအရုံးခွဲတစ်ခုပင်။ သေးငယ်သော ခန်းမထဲတွင် တံခါးကိုမျက်နှာချင်းဆိုင်ထားသည့် ရုံးစားပွဲတစ်ခုသာရှိလေ၏။ လှပသောမိန်းကလေးသည် စားပွဲခုံအနေက်တွင်ထိုင်ပြီး အဂ္ဂိရတ်ပညာရှင် တစ်ဦးနှင့် စကားပြောနေရာမှ ချင်းယွိဝင်လာသည်ကိုမြင်သောအခါ မျက်လုံး များအရောင်လက်သွားလေသည်။ သူမသည် ချင်းယွိဘေးမှ ပေထင်းဟွမ်ကို မြင်သောအခါ လက်ကောက်ဝတ်များတုန်ယင်သွားလောက်သည်အထိ ထိတ်လန့်သွားလေသည်။

ပေထင်းဟွမ်သည် မျက်လုံးများကို လှိမ့်လိုက်သည်။ သူမက အဲလောက် တောင်ကြောက်ဖို့ကောင်းတာလား။ ဆန့်ကျင်ဘက်အနေနှင့် ထိုအရာကိုမြင် ပြိးနောက် သူမဘေးမှ မုချင်းလင်သည် ပါးစပ်အုပ်ပြီး ရယ်မောလေသည်။ ဤ တိုက်ပွဲအပြီးတွင် ရှောင်ကျို့သည် ငရဲမင်းဖြစ်သွားချေပြီ။

ကံကောင်းစွာပင် အလှလေးဘေးမှ ကြေးစားသည် ပေထင်းဟွမ်ကိုမြင် သည်နှင့်မျက်လုံးမှ အရောင်များလက်လာသည်။ သူသည် ပေထင်းဟွမ်အား လေးစားသောမျက်လုံးများဖြင့်ကြည့်ကာ အတန်ကြာသည်အထိ မျက်တောင် မခတ်ပေ။ ထင်ရှားစွာပင် ကြေးစားများအကြားတွင် ပေထင်းဟွမ်သည် သူရဲကောင်း၊ သန်မာသောယောက်ျားသားတစ်ယောက် စစ်နတ်ဘုရားတစ်ပါး ပင်ဖြစ်သည်။

All Chapters