Chapters

လေ့ကျင့်လို့မရ အဆင့်မတက်နိုင်

Vol. 53 Ch. 1049

လေ့ကျင့်လို့မရ အဆင့်မတက်နိုင်

Vol. 53 Ch. 1049

“ဥက္ကဌအိုက်လန်ရှိလား” ချင်းယွိသည် ဤနေရာ၏ လာနေကျဧည့်သည် ဖြစ်ရာ အလှလေးနှင့် စကားစမြည်မပြောတော့ဘဲ ဒဲ့တိုးသာမေးလိုက်လေ၏။

“အာ အာ ဥက္ကဌအိုက်လန် ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့...” အလှလေး၏ ခေါင်းသည် လစ်ဟာသွားသဖြင့် အပေါ်ထပ်ကို ပြေးတက်သွားမလိုဖြစ်လေ သည်။ နှစ်လှမ်းမှပြေးပြီးနောက် သူမသည် ပြန်ရပ်သွားပြန်သည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် သူမ၏မျက်နှာကို အုပ်လေသည် “ကျွန်မ ရှုပ်သွားလို့၊ ဥက္ကဌ အိုက်လန်က တံခါးပိတ်ကျင့်ကြံနေတယ်၊ သူ ဝိညာဉ်ခွဲဆေးမဖော်စပ်နိုင်ရင် ထွက်မလာဘူးလို့ပြောပါတယ်”

ထိုအချိန်တွင် ပေထင်းဟွမ်သည် ဤနေရာသို့လာရသည့် ချင်းယွိ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူသည် ဥက္ကဌအိုက်လန်ဆီသို့လာကာ အဂ္ဂိရတ်ပညာရှင်တံဆိပ်ပြားကို တောင်းရန်ဖြစ်သည်။ ထိုမှသာ အဂ္ဂိရတ် အစည်းအဝေးသို့ တက်ရောက်နိုင်မည်ဖြစ်သည်။

အိုက်လန် တံခါးပိတ်ကျင့်ကြံနေသည်ဟု ကြားသည်နှင့် ချင်းယွိသည် လက်မြှောက်ကာ နဖူးကိုအုပ်လိုက်သည်။ အဘိုးကြီးသာ တံခါးပိတ်နေလျှင် ခေါင်းကိုးလုံးနဂါးပင်လျှင် သူ့ကို ဆွဲထုတ်နိုင်မည်မဟုတ်ပေ။ သို့သော် သူ ထွက်သွားရန် အနည်းငယ်တုံ့ဆိုင်းနေသဖြင့် အလှလေးကို ပြောလိုက်သည် “သူ့ကိုသွားပြောလိုက်ပါ ကျွန်တော်လာရှာတယ်လို့”

အလှလေးသည် အစာကောက်သည့်ကြက်ကလေးကဲ့သို့ ခေါင်းဆတ်ကာ လျင်မြန်စွာပင် အပေါ်သို့တက်သွားလေသည်။ မည်သည့်ကိစ္စဖြစ်သည်ကို သူမ မသိသော်လည်း တံခါးပိတ်သံထွက်ပေါ်လာလေသည်။ ခဏအကြာတွင် အလှ လေးသည် နဖူးကိုကာပြီး ဆင်းလာသည်။ သူမ၏မျက်လုံးထဲမှ မျက်ရည်များ လှိမ့်ကျလာပြီး ချင်းယွိအား ဝမ်းနည်းစွာဖြင့်ပြောလေသည် “သခင်ချင်းယွိ ကျွန်မ ရှင့်ကိုမကူညီချင်တာမဟုတ်ပါဘူး ကျွန်မနဖူးကိုကြည့်ပါဦး”

သူမသည် လက်ကိုအနည်းငယ်လွှတ်လိုက်ရ လက်ချောင်းများအကြားမှ ကြည့်လိုက်ချိန်တွင် ပေထင်းဟွမ်ပါ သွားကြိမ်းမိလေသည်။ ကလေးလက်သီး တစ်ဆုပ်စာရှိသော အဖုသည် သူမနဖူးပေါ်တွင်ပေါက်နေသည်။ မိန်းကလေး တစ်ဦး၏နဖူးမှာ ဝမ်းနည်းဖွယ်ရာကောင်းလှသည်။

“ဒါက.. တကယ်တောင်းပန်ပါတယ်” ဤအချိန်တွင် ချင်းယွိသည် မည်သို့ ပြောရမည်မသိတော့ပေ။ သူမသည် လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာ တစ်လုံးဖွင့်ပြီး အလှလေးအား ပေးလိုက်သည် “ဒါက အကောင်းဆုံးဆေးပဲ ဒဏ်လိမ်းဆေးပါ မင်းသုံးလို့ရတယ်”

မုချင်းလင်သည်လည်း ထိုမိန်းကလေးအတွက် စိတ်မကောင်းဖြစ်မိလေ သည်။ နဖူးကို လက်နှစ်ဖက်ဖြင့် ကာထားသည်ကိုကြည့်ပြီး သူမသည် ထိုမိန်းကလေးအား ဘေးသို့ဆွဲကာ ဆေးလိမ်းပြီး အနီရောင်ပိုးသားပုဝါဖြင့် နဖူးကို စည်းပေးလိုက်သည်။ “ဟုတ်ပြီ နှစ်ရက်နေရင် အဆင်ပြေသွားလိမ့်မယ်”

ထိုသို့ဖြစ်ချိန်တွင် ချင်းယွိသည် မသက်မသာဖြစ်လာသည်။ သူ စဉ်းစား လေလေ ဒေါသထွက်လေဖြစ်သည်။ သူသည် ပေထင်းဟွမ်၏လက်ကိုလွှတ် ကာ အပေါ်ထပ်သို့ အမြန်ပြေးသွားတော့မည်အပြုတွင် ပေထင်းဟွမ်သည် သူ့ကိုဆွဲထားလေသည်။ ထို့နောက် မိန်းမလှလေးဆီသို့ လှည့်ပြီးပြောလေသည် “အဘိုးကြီးအိုက်လန်ကို ကျွန်တော်ပြောတယ်လို့ပြောလိုက်ပါ၊ ဆင်းလာပြီး ကျွန်တော့်ကို မတွေ့ရင် သူ့ဘဝမှာ ဝိညာဉ်အဆင့်ခွဲဆေးကို တစ်သက်လုံး ဖော်လို့ရတော့မှာမဟုတ်ဘူးလို့”

“အာ...”

မိန်းမလှလေးသည် တအံ့တဩအော်မိလေသည်။ ပေထင်းဟွမ်အား ပါးစပ်အဟောင်းသားနှင့် အတန်ကြာအောင် စိုက်ကြည့်လေသည်။ ဤလူငယ် သည် သူတို့၏ဥက္ကဌကို အဘိုးကြီးဟုခေါ်ရဲသည်။ သူသာ သူမကိုထွက်မတွေ့ လျှင် ဝိညာဉ်အဆင့်ခွဲဆေးကို တစ်သက်လုံးဖော်စပ်မရစေရဟု စကားကြီး စကားကျယ်များပင်ပြောနေသည်။ လွန်ခဲ့သည့်တစ်ရက်ကသာဆိုလျှင် ဤပိန်ပိန်ပါးပါးလူငယ်သည် ရူးနေသည်ဟု ထင်ကြလိမ့်မည်။ သို့သော် ယခု အခါ မည်သူမှ ထိုသို့မပြောရဲကြပေ။

သူမသည် ဇာမဏီမြို့မှဖြစ်ပြီး ရေဝိညာဉ်စုံတွဲပိုင်ဆိုင်သည့် ဓား ၉ လက် ဝိညာဉ်ဂိုဏ်းကိုခေါင်းဖြတ်ခဲ့သည်။ သူမတွင် ယခုလိုပြောရန် ခွန်အားသေချာ ပေါက်ရှိသည်။

မိန်းမလှလေးတင်အံ့ဩသွားသည်မဟုတ် အဂ္ဂိရတ်အစည်းအရုံးတွင် အလုပ်လုပ်နေသည့် တခြားဝန်ထမ်းများသည်လည်း ထိတ်လန့်သွားကာ သူတို့ လုပ်လက်စအလုပ်များကိုပင်မေ့ပြီး ပေထင်းဟွမ်အား ငေးငိုင်စွာကြည့်ပြီး မိမိုက်လွန်းသည်ဟု တွေးနေကြသည်။

“ကျွန်မ.. ကျွန်မ သွားလိုက်ပါ့မယ်” နဖူးပေါ်တွင် ဆေးလိမ်းလိုက်၍ ကြောင့်လားမသိပေ မိန်းမလှလေးသည် အိုက်လန်နှင့်ပတ်သက်၍ စောဒက မတက်တော့ပေ။ ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် သူမသည် ထခုန်ပြီး အပေါ်ထပ်သို့ တက်သွားပြန်သည်။